စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 30, 2008

စစ်တွေတွင် မကျေနပ်သူတဦးက လက်ကိုင် လော်စပီကာကို အသုံးပြုပြီး အစိုးရကို ဝေဖန် ဆဲဆို


6/30/2008

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ တဦးက လွန်ခဲ့သော သောကြာနေ့က လက်ကိုင် အငယ်စား စပီကာကို အသုံးပြု ပြီး စစ်အစိုးရကို
ဝေဖန် ဆဲဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မျက်မြင် တဦးက “သူက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့ကနေ ဆဲဆိုသွားတာပါ။ ကျွန်တော် ကြားရသလောက်ကို ပြောရမယ်ဆိုရင်တော့ --- ထမင်းငတ်၍ ရခိုင်ပြည်မှာ လူတွေ သေနေပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရခိုင် လူမျိုးတွေ တိုက်ဆောက်ပြီး ၀မ်းသာ မနေကြနဲ့။ ရခိုင်တွေ ထမင်းငတ် သေနေကြပြီ။ --- စသဖြင့် သူက ပြောဆိုသွားတာပါ။ ” ဟု ပြောသည်။

သို့သော်လည်း ဝေဖန် ဆဲဆိုသွားသူကို စစ်တွေရဲမှ တစုံတရာ အရေးယူခြင်း စစ်ဆေး မေးမြန်းခြင်း မရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ဝေဖန် ဆဲဆိုမှုမှာ များမကြာမှီက စစ်တွေမြို့ မင်းဂံရပ်ကွက်မှ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးသွားသဖြင့် စစ်တွေလူထု အတွင်းအထူး မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်ဈေးနုန်း ကြီးမြှင့်ခြင်းကြောင့် ဆင်းရဲသူ လက်လုပ်လက်စား အများအပြားမှာ ထမင်းငတ် နေကြရကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်း အများအပြားတွင် ဖေါ်ပြသည်။


No comments: