စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 30, 2008

"ဆန့်ထွက်လာမည့် လက်သည်းများ"

စိုးနေလင်း
တနင်္လာနေ့၊ ဇွန်လ 30 2008 03:13 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါး တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရ ဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့ အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေး အဆောက်အဦ၊ မှားယွင်းတဲ့ အခြေခံ စီးပွားရေး အဆောက်အဦ ကြောင့်ပဲ ဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံး ဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ် အလုပ်ခံရလို့ သူတို့မှာ ရှိနေတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစားရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကိုယ်တိုင် မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့ သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။

ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ ရသလို နယ်ချဲ့အောက်က လွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသား စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်းအတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။

ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဒေါက်ထောက် ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက် ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့အနေနဲ့ ကိုယ့်စိတ်ကို ပြန်ပြီး အားဖြည့် သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက်မိတဲ့ မဟာမြိုင် တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်း မပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်း ကျနော်တို့ တိုင်းပြည် လို့ ခံစားလိုက်ရပါတယ်။

ဆရာတော်ကြီးက

"…မတရားတာ၊ မမျှတတာတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲ။

မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှု ဘယ်လိုလုပ် ရနိုင်တော့မလဲ။

လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာ ကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…" လို့ မိန်းကြားဟောပြောခဲ့ ပါတယ်။

ကျနော်တို့တွေ တရားမျှတမှု မခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကို မခံစားခဲ့ရသေးဘူး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူး ဆိုတာကတော့ အသေအချာပါပဲ။

ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အားလုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင် သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကို သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့် တိုးတက်လာတဲ့ အချိန်မှာတော့ ပိုပြီး ထိရောက် အစွမ်းထက်တဲ့ နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် နိုင်လာကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေ မကြာတော့မယ့် အချိန်မှာ ကျဆုံး၊ အာဏာရှင်စနစ် နိဂုံး ချုပ်ရပါလိမ့်မယ်။ ဓမ္မဟာ အမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။ ။

အပြည့်အစုံဖတ်လိုလျှင်

ပျက်စီးသွားသော မူလတန်းကျောင်း ပြုပြင်မပေးသဖြင့် ကလေးများ အခက်အခဲတွေ့





အပြည့်အစုံဖတ်လိုလျှင်

ဝါးလုံးတောင်ဝယ်မရ ဆိုပါလား...




ဒီစာကို Select ပေးပြီးရေးပါ...
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်ခေါင်းဆောင်တွေနဲ့မြန်မာ့အရေးဆွေးနွေးမယ်



အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း

30 June 2008

ဒေါ်ညိုညိုလွင်

မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက် ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။

"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"

ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။

ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့ မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ဝေ က ပြောဆိုပါတယ်။

"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"

EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်ရှင်။

အပြည့်အစုံဖတ်လိုလျှင်

ဝန်ကြီးရိုက်စ် တရုတ်ငလျင်ကယ်ဆယ်ရေး ချီးကျူးရင်း မြန်မာစစ်အစိုးရကို ဝေဖန်

29 June 2008

ဒေါ်သင်းသီရိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက ပြင်းပြင်းထန်ထန် ငလျင်လှုတ်ခတ်သွားပြီးတဲ့ နောက်ပိုင်း ပြဿနာတွေ အပေါ်မှာ တရုတ်အစိုးရက ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ်က ချီးကျူးသွားပါတယ်။ တရုတ်နိုင်ငံရဲ့ ငလျင်သင့်ဒေသတွေကို သွားရောက်တဲ့အခါ မစ္စရိုက်စ်က အခုလို ပြောကြားခဲ့တာပါ။ ဒီအကြောင်း တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ဗွီအိုအေ စတက်ဖနီဟိုးက သတင်း ပေးပို့ထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေလ ၁၂ရက်နေ့တုန်းက ငလျင်လှုပ်ခတ်ခဲ့တဲ့မြို့နားက ဒုက္ခသည်တွေ ခတ္တနေထိုင်ခဲ့ရတဲ့ ဒူရမ်ကျန်းမြို့နယ်နားက ဒုက္ခသည်စခန်းကို သွားရောက်ပြီး အသက်ရှင်သူတွေကို မစ္စရိုက်စ်က သွားရောက်တွေ့ဆုံခဲ့တာပါ။

"တရုတ်လူမျိုးတို့ရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်နဲ့ အခုလို ပြန်ပြီး နလန်ထူနိုင်ခဲ့ကြတာကို ကျမ အတော့ကို အံအားလည်းသင့် ချီးလည်း ချီးကျူးမိပါတယ်ရှင်။"

မစ္စရိုက်စ်ရဲ့ ခရီးစဉ်အတွင်းမှာ သူမဟာ မြေငလျင်ကြောင့် ပြိုပျက်မှုတွေကြားမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြတဲ့ လူငယ်တဦးနဲ့ လည်း စကားပြောဆိုခဲ့ပါတယ်။ လူပေါင်း ၇၀၀၀၀ကျော် အသက် ဆုံးရှုံးခဲ့ပြီး အခုချိန်ထိ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦကြားမှာ လူတွေ ရှိနိုင်သေးတယ်လို့ ယူဆနေကြပါတယ်။

" ဒီလောက်ကြီးကျယ်တဲ့ အတိုင်းအတာအထိ ဒီသဘာဝဘေးဒဏ်ကို ခံစားခဲ့ကြရတာဆိုတော့ ကူညီကယ်ဆယ်ရေးမှာ တကယ်တော့ တနိုင်ငံထဲနဲ့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ တရုတ်အစိုးရနဲ့ ပြည်သူလူထုကလည်း နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကူညီခွင့်ရလို့ ကျမတို့ သိပ်ဝမ်းသာမိပါတယ်ရှင်။"

တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း မေလတုန်းက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အပေါ် မစ္စရိုက်စ်က နှစ်နိုင်ငံအစိုးရအကြား တာဝန်ရှိမှုတွေအပေါ်မှာ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာက အကူအညီပေးလာတဲ့ လေဘေး အကူအညီတွေအပေါ်မှာ ကန့်သတ်တိုင်းတာမှုတွေ ပြုလုပ်ခဲ့တဲ့ အစိုးရလို့ ဆိုပါတယ်။

"မြန်မာမုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီခွင့်ရဖို့ မြန်မာစစ်အစိုးရကို ကျမတို့ အဘက်ဘက်ကနေကြိုးစားပြီး တိုက်တွန်းခဲ့ကြတာပါ။ တကယ်လို့သာ ကျမတို့ ကူညီခွင့်ရခဲ့မယ်ဆိုရင် အသက်တွေ အများကြီးကို ကယ်တင်ခွင့် ရခဲ့မှာပါ။ အခုအချိန်မှာလည်း ကူညီခွင့်ရဦးမယ်ဆိုရင် လူ့အသက်တွေ အများကြီးကို ထပ်ပြီးတော့ ကယ်တင်ကောင်း ကယ်တင်နိုင်ဦးမှာပါ။ မြန်မာနိုင်ငံအပေါ်မှာ သြဇာညောင်းတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေကို ကျမတို့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ။ "

တရုတ်မြို့တော် ဘေဂျင်းကနေ ဇီချွမ်ပြည်နယ်ကို မစ္စရိုက်စ်သွားရောက်ခဲ့တာဖြစ်ပြီး အခုလာမယ့် တနင်္လာနေ့ကျရင်တော့ တရုတ်သမ္မတ ဟူချင်တောင်နဲ့ အတူ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။ သူတို့တွေ့ဆုံတဲ့အခါမှာ မြောက်ကိုရီးယားက နယူးကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်ကြမယ်ဆိုတာတွေကို အဓိက ဆွေးနွေး မှာပါ။ မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ ရွန်ပြောင်း နယူးကလီးယား အအေးခံ ဓာတ်ပေါင်းဖိုကြီးကို သောကြာနေ့ကပဲ ဖျက်ဆီးခဲ့တာမို့ သူတို့ရဲ့ နယူးကလီးယား အစီအစဉ် ဖြတ်သိမ်းရေး ပထမအဆင့် ပြီးဆုံး သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မစ္စရိုက်စ်ဟာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိဗက်အရေး၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုနေကြပါတယ်။ တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ပြဿနာရှိတယ်။ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်တဲ့သူတွေကို ဖမ်းဆီးတာတွေ ကို တရုတ်အစိုးရက လုပ်ပါတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ြ့ပ ပြောဆိုခဲ့ရတာပါ။ အခုတော့ လာဆာမှာ မတ်လတုန်းက ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရက တိဗက် အသိုင်းအ၀ိုင်း ပေါ် နှိမ်နင်းတာကြောင့် တိဗက်ကိစ္စကို နိုင်ငံတကာက အရေးစိုက်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီပဲယင်းရာဇ၀င်ကဗျာ ဖော်ပြတဲ့ ချယ်ရီမဂ္ဂဇင်း သတိပေးခံရ

29 June 2008

ဒေါ်သင်းသီရိ

ဇွန်လထုတ် ချယ်ရီ မဂ္ဂဇင်းက ဒီပရင်္ဂဆိုတဲ့ ကဗျာဟာ လူကြိုက်များခဲ့သလို အရောင်းသွက်ခဲ့ရတဲ့ ချယ်ရီဟာ အခုတော့ စာပေစိစစ်ရေးက သူတို့ရဲ့ မူဝါဒတွေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့ ချယ်ရီမဂ္ဂဇင်းတိုက်က တာဝန်ရှိအယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခဲ့သလို ချယ်ရီက အမှုဆောင် အယ်ဒီတာတဦး အလုပ်က နှုတ်ထွက်ခဲ့ရပါတယ်။ ဒေါ်သင်းသီရိက တင်ပြပေးပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီပရင်္ဂဆိုတဲ့ ပါဠိစကားဟာ အများသိကြတဲ့ ဒီပဲယင်းမြို့ရဲ့ ရှေးသမိုင်းဝင် နာမည်ပါ။ ကဗျာဆရာက ဒီပဲယင်းအစား ဒီပရင်္ဂရယ်လို့ အမည်ပေးရင်း ဒီကဗျာကို စပ်ဆိုခဲ့တာပါ။ ကဗျာထဲမှာ မုံရွာရေဦးလမ်းပေါ်က သမိုင်းဝင် ဒီမြို့ကလေးက မဟာဗန္ဓုလလို သူရဲကောင်းတွေ၊ မုံတိုင်ပင် ဆရာတော် အရှင်ဝံဿ၊ မြသိန်းတန်ဆရာတော် အရှင်ဇိနတို့လို အကျော် အမော် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေ မွေးဖွားရာ ရှေးသမိုင်းဝင် မြို့ဟောင်းလေးလို့ စပ်ဆိုထားပါတယ်။ အခုတော့ ဒီမြို့မှာ သစ္စာဖောက်တွေ ရှိသလို အမျိုးသမီးတယောက် သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရပြီး လူငယ်လေး တစ်ယောက်သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတဲ့ မြို့ဖြစ်ပြီလို့ ကဗျာထဲမှာ စပ်ဆိုထားပါတယ်။ တကယ်တော့ ဒီကဗျာပါတဲ့ ချယ်ရီမဂ္ဂဇင်းဟာ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးရဲ့ မူဝါဒ အတိုင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးခွင့်ကျပြီးခါမှ အခုလို ချယ်ရီမဂ္ဂဇင်းက ခေါ်ယူ အပြစ်ပေးခံရတာပါ။ ထုတ်ဝေပြီး နှစ်ပတ်အကြာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့မှာ ချယ်ရီက တာဝန်ရှိတဲ့ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူပြီး ဒီကဗျာရွေးချယ်ခဲ့တဲ့ အယ်ဒီတာကိုဌေးအောင်ကို အလုပ်က ထုတ်ပယ်ပေးလိုက်ရတဲ့အထိ အပြစ်ပေးတာခံခဲ့ရတဲ့အကြောင်း ရန်ကုန်စာပေသမားတစ်ဦးက အခုလို ပြောပြပါတယ်။


"သူ့ကို ရုံးကခေါ်ပြီးတော့ သတိပေးတယ်။ စိစစ်ရေး ရုံးမှာ တော်တော် ဂယက်ရိုက်နေတယ် စာပေလောကမှာတော့၊ ဒီကဗျာကို တော်တော်ကြိုက်ကြပါတယ်။ ထိတယ်ပေါ့နော် သူတို့၊ ခေါ်ပြီးတွေ့ခံရတယ်။ မြန်မာစာပေလောကထဲမှာ အခုနောက်ပိုင်း ပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်မှုတွေကြောင့် စာပေအနုပညာရှင်တွေ အခက်အခဲဖြစ်ရတဲ့အကြောင်း ကိုလည်း သူက ဆက်ပြောပြပါတယ်။

"ဖြုတ်ပယ်တွေ တော်တော်များတယ်။ စာမူတွေ ဖြုတ်တာပယ်တာတွေက တအားလုပ်တယ်။ သူတို့ မဂ္ဂဇင်းဆိုလည်း ရှိသမျှ ကဗျာ ၁၄၊ ၅ ပုဒ်လောက်တင်တာ ၃၊ ၄ပုဒ်ပဲ ကျတယ်။ အရမ်း အဖြုတ်ခံရတယ်။ တခြား မဂ္ဂဇင်းတွေ စာကောင်းပေကောင်းတွေ အဖြတ်အတောက်ခံရတယ်။ စာပေသမားတွေက လွယ်အိတ်လေးလွယ်ပြီး အငတ်ငတ် အပြတ်ပြတ်နဲ့။ ဒီအတိုင်းပါပဲ။ အခုတော့ အရင်ကထက် ပိုဆိုးတာပေါ့။"


အခုချယ်ရီ မဂ္ဂဇင်းကို စာပေစိစစ်ရေးက အယ်ဒီတာ အသစ် ပြန်လည် ဖွဲ့စည်းခိုင်းထားပြီး ထုတ်ဝေခွင့်ကို ပိတ်ပင်တဲ့အထိတော့ အရေးမယူဘူးလို့ သိရပါတယ်။ အခုချယ်ရီမဂ္ဂဇင်းကို စာပေစီစစ်ရေးက အယ်တီတာ အဖွဲ့သစ်ပြန်လည်ဖွဲ့ခိုင်းထားပြီး ထုတ်ဝေခွင့်ပိတ်ပင်တဲ့အထိတော့ အရေးယူတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်၊
Rest of your post

အပြည့်အစုံဖတ်လိုလျှင်