စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 27, 2008

နိုင်ငံခြားအကူအညီ ပိုမိုလက်ခံရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ဖိအားပေး

Reuters/ ၂၇ ဇွန် ၂၀၀၈

မေလ၌ ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ထိခိုက်ရာဒေသများသို့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများအား ပိုမိုဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရကို ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံ အုပ်စုက ဖိအားပေးလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကြောင့် သေပျောက်သူ စုစုပေါင်း (၁၃၈,၀၀၀) ရှိခဲ့ပြီးနောက် ထိုဒေသများတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆက်လက်ထောက်ပံ့သွားရန် တိုကျိုမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက သဘော တူလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံခြားအကူအညီများအတွက် အချိန်ဆွဲနေခဲ့သောကြောင့် မုန်တိုင်းကာလ အတွင်း သေဆုံးမှုများ ပိုမိုဆိုးဝါးစေသည်ဟု အင်အားကြီးနိုင်ငံ ခေါင်းဆောင်များက စွပ်စွဲထားပြီး နိုင်ငံတကာ အကူအညီကိစ္စတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါဝင်ရန် တွန်းအား ပေးခဲ့ကြသည်။

“နိုင်ငံတကာအသိုင်းအ၀န်းက လှူဒါန်းတဲ့ငွေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိအောင် ဘန်ကီမွန်းအနေနဲ့ တိုက်တွန်းပေးဖို့ ကျနော်တို့ ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံက ကုလသမဂ္ဂကို တရားဝင်လျှောက်ထားတဲ့အထဲမှာ အဆိုပြုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အားထားရမယ့် အနေအထားတခုနဲ့ ပါဝင်နိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်တယ်” ဟု ကမ္ဘာ့စက်မှုထိပ်သီး
(၈) နိုင်ငံ အစည်းအဝေးပြီးနောက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရက်တီနီက သတင်း ထောက်များကို ပြောသည်။

နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပိုမိုဝင်ခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေး သွားရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ သဘောတူညီမှု ရရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြောရေးဆိုခွင့်ရှိသူ ကဇူအိုကိုဒမ ကလည်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးအတွက် မည်သို့လုပ်ရမည်နှင့် ပတ်သက် ၍လည်း ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာက တောင်းဆိုနေ သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို ယခင်လတွင် စစ်အစိုးရက
(၁) နှစ် ထပ်တိုးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်၌ အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ကျင်းပနေစဉ် စစ်အစိုးရလက်ကိုင်တုတ် စွမ်းအားရှင်များမှ ၀င်ရောက်ရိုက်နှက် လူစုခွဲခဲ့သည်။

ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖြစ်ထွန်းရေး အတွက် အားပေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း သိရသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အန်အယ်ဒီ လူငယ် ကျန်းမာရေးဆိုးရွား၊ ဆေးကုသခွင့်မရ

ဖနိဒါ
သောကြာနေ့၊ ဇွန်လ 27 2008 19:29 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ၁ဝ လကြာ ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသန့်ဇင်မျိုးအား ကျန်းမာရေး ဆိုးရွားနေသော်လည်း အာဏာပိုင်များက ဆေးဝါးကုသခွင့် မပေးပေ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ နေစဉ် အခြား ဆန္ဒပြသူ ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် လှိုင်သာယာမှ ကိုသန့်ဇင်မျိုးတွင် အစာအိမ်နှင့် အခြားရောဂါ ဝေဒနာများ ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များက ဆေးကုခွင့် မပေးကြောင်း ဇနီးဖြစ်သူ ဒေါ်လှလှမော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ထောင်ဝင်စာ သွားတွေ့တဲ့အချိန် သူ့ကို မေးတော့ အဆစ်အမြစ်တွေလည်း ကိုက်တယ်၊ အစာအိမ် နာတယ်တဲ့။ မျက်နှာလည်း အမ်းနေတယ်။ ဆရာဝန် လာကုမပေးဘူးလားလို့ မေးတော့ သူတို့က အစာအိမ်ကြောင့်လို့ပဲ ပြောတယ်တဲ့။ အစာအိမ်ဆေးပဲ တိုက်တယ်။ လေးဘက်နာ ရောဂါဖြစ်လို့ သွေးစစ်ပေးခြင်းလည်း မရှိဘူးလို့ ပြောတယ်လေ” ဟု သူက ပြောသည်။

ကိုသန့်ဇင်မျိုးတွင် ယခင်ကတည်းက နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ ဝေဒနာများ ခံစားနေရသဖြင့် မိသားစုဆရာဝန် ဒေါက်တာ မျိုးဝင်းနှင့် ပုံမှန် ဆေးကုသခံခဲ့ရသည်။

ယခုလ ၁၇ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် တွေ့မြင်ခဲ့ရသည့် ကိုသန့်ဇင်မျိုး၏ ကျန်းမာရေး အခြေအနေကိုလည်း သူက ယခုလို ဆက်ပြောပြသည်။

“ကျမလေ သူ့ကို ထောင်ဝင်စာ သွားတွေ့တဲ့နေ့ကပေါ့နော်၊ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတဲ့ အခါကျတော့ မိသားစုအတွက် စိတ်မကောင်း ဘူး၊ စိတ်ပူတယ်။ ထောင်ထဲမှာ ဒီလိုပဲ ဆေးဝါး လုံလောက်အောင် ကုမပေးဘူးဆိုရင် ကျမယောက်ျား သက်ဆိုးရှည်မှာ မဟုတ်ဘူး။ သူတို့က ကျမတို့ တောင်းဆိုတာကိုလည်း အခုထိ လုံးဝ ဘာမှ မပြောသေးဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ လကျော်ကတည်းက ထိရောက်စွာ ဆေးကုသပေးရေးအတွက် အဖမ်းဆီးခံ ၄ ဦး၏ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ မေတ္တာရပ်ခံစာ တင်ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားချက် မရရှိသေးပေ။

ကိုသန့်ဇင်မျိုးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်းနှင့် ကိုသန့်ဇော်မြင့်တို့ အားလုံးကိုလည်း ပြည်သူလူထု ဆူပူစေရန် လှုံ့ဆော် မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝဝ်မှု ပုဒ်မ ၁၄၃ ဖြင့် တရားစွဲဆိုထားသည်။

ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သလို၊ ပုဒ်မ ၁၄၃ အရဖြစ်ပါက ၆ လ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်နိုင်သည်ဟု အဖွဲ့ချုပ်လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းက ပြောသည်။

တရားရုံးထုတ်မှုနှင့် ပတ်သက်ပြီး ရှေ့နေ ကိုဖိုးဖြူက ယခုရက်ပိုင်းအတွင်း တရားရုံးများတွင် စက်တင်ဘာ အရေးအခင်းတွင် ဖမ်းဆီးခဲ့သူများကို ရုံးထုတ် စစ်ဆေးခြင်း မပြုဘဲ အခြားပြစ်မှုများဖြင့် စွဲချက် တင်ထားသူများကိုသာ ရုံးထုတ်စစ်ဆေးနေကြောင်း ပြောသည်။

“ငွေကြာယံက ကိုယ်တော်တွေ၊ စက်တင်ဘာနဲ့ ပတ်သက်ပြီး ၇ ယောက်၊ ၈ ယောက်လောက်ပဲ ထုတ်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၉၆ မျိုးဆက် ကျောင်းသားတွေ၊ တခြားသူတွေဆိုတာက NO ကိစ္စနဲ့ ပတ်သက်တဲ့ ကင်ပိန်းလုပ်သူတွေ၊ ရမ်ဘိုခွေကြောင့် ဖမ်းခံရသူတွေ၊ အိုင်အယ်အို (နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်) နဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရသူတွေကိုပဲ ထုတ်နေတယ်” ဟု သူက ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်း။

27 June 2008

ဦးသားညွန့်ဦး


မြန်မာနိုင်ငံအတွင်းက ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေးကိစ္စနဲ့ မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေး ကိစ္စတွေအပေါ်မှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စိုးရိမ်ပူပန်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အဲဒီစိုးရိမ်မှုတွေအပေါ်မှာကိုင်တွယ်နိုင်ရေး ကုလသမဂ္ဂဘက်ကတော့
မြန်မာအာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦးက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန်
အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေက
တော့ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မုန်တိုင်းကပ်ဘေး ကျရောက်ပြီးနောက်
လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စတွေ ပေါ်လာပြီး လူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရ
တဲ့ ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာအာဏာပိုင်တွေဘက်က အကန့်
အသတ်တွေ လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာလည်း စိုးရိမ်ချက်တခု
ထပ်တိုးလာတယ်လို့ ဆိုရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကမကထလုပ်
ဆောင်ရွက်ချက်တွေဟာ အတော်လေး ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မနေ့ကလုပ်တဲ့ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလည်း ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ စိုးရိမ်ချက်နှစ်ခုမှာ တခုကိုတော့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်း
ဆောင်ရွက်မှု ရှိခဲ့တယ်လို့ အသိအမှတ်ပြုပြီး အခုလိုပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွက် ကျနော်တို့မှာ စိုးရိမ်စရာ အခြေအနေနှစ်ခု ရှိပါတယ်။ တခုက
တော့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စပါ။ ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့ နိုင်ငံ
တကာက ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီ
မှု အထောက်အပံ့တွေ ပေးနိုင်ဖို့ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ လမ်းကြောင်းမှန်ကို
ဦးတည်နေတယ်လို့ ကျနော်ထင်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရဟတ်ယာဉ် ၁၀ စင်းဟာ လိုအပ်တဲ့ အကူ
အညီ အထောက်အပံ့တွေပေးရာမှာ အတော်လေးကို ဆောင်ရွက်ပေးနေပါတယ်။
ဒီအခြေအနေကို ကျနော်တို့အနေနဲ့ ဆက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလို မြန်မာ
အာဏာပိုင်တွေအနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့
မြန်မာနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့လည်း အတော်လေးကို လုပ်ငန်းတွေ
ဆောင်ရွက်နေပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ ပြန်လည်ထူထောင်ရေးနဲ့
အရေးပေါ် လူသားချင်းစာနာကူညီမှု အထောက်အပံ့ တင်ပြချက်တွေကို ပြန်ပြီး
စိစစ်ဖို့ ရှိပါတယ်။”

ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊
အာဆီယံက တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့
ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆောင်ရွက်နေသလိုပဲ လာမယ့်
ဇူလိုင်လထဲမှာ ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စ ဒုတိယအကြိမ်
နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့်လည်း ဒီကပ်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ကမကထပြုပြီး
ဆောင်ရွက်နေတာတွေမှာ တစုံတရာ အတိုင်းအတာတော့ အောင်အောင်မြင်မြင်
ရှိတယ်လို့ အများကလည်း အသိအမှတ် ပြုထားပါတယ်။

ဒါပေမယ့် ဟိုတုန်းကတည်းက အရှည်သဖြင့်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကတော့
ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်သေးခြင်း မရှိဘူးလို့ နိုင်ငံရေး
လေ့လာသူတွေက ယူဆနေပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ပြီးခဲ့တဲ့လ
က မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ကိုရောက်တုန်းကလည်း နိုင်ငံရေး
ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးပြဿနာကိုလည်း အလေးထားပြီး ညှိနှိုင်း
ဆောင်ရွက်နေတယ်လို့ မစ္စတာဘန်ကီမွန်းက မနေ့က ပြောခဲ့ပါတယ်။

“နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်နေရတဲ့ အချက်ကတော့
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းကိစ္စတွေပါပဲ။ ဒီအထဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာလည်း
ပါဝင်ပါတယ်။

“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီးကနေ တာဝန်ပေးထားတဲ့ မစ္စတာ
ဂမ်ဘာရီ (Gambari) ကတဆင့် မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်သွား
မှာပါ။ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်လုပ်သွားမှာ
ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်မှာတော့ မစ္စတာဂမ်ဘာရီ အပါအ၀င် အခြား သက်ဆိုင်ရာနိုင်ငံတွေ
က သံတမန် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမှုတရပ် လုပ်ဖို့
ရှိပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်ခ်စံချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်
ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မြန်မာနိုင်ငံကိစ္စကို တံခါးပိတ်ဆွေးနွေး
မှုတခု လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးခြားမှုကိုတော့ ကုလသမဂ္ဂဘက်ကရော
အခြား သက်ဆိုင်ရာနိုင်ငံတွေဘက်ကရော ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမယ့် အတိ
အကျ ရက်သတ်မှတ်တာတော့ မလုပ်ရသေးဘူးလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူက
ဆိုပါတယ်။ တဆက်တည်းမှာ မနေ့ကလုပ်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး
မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်တွေနဲ့ မုန်တိုင်း
ကယ်ဆယ်ကူညီရေး ကိစ္စတွေမှာ မြန်မာအာဏာပိုင်တွေဘက်က တိုးတက်မှုရှိလာ
အောင် လုပ်ဖို့လိုတယ်လို့ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်
လို့ ဂျပန်တာဝန်ရှိသူတဦးက ကျိုဒိုသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ်သတင်း


အပြည့်အစုံဖတ်လိုလျှင်

မြန်မာပြည်ဟာ မူးယစ်ဆေးဝါး အထွက်တိုးတိုင်းပြည် ဖြစ်နေဆဲ


27 June 2008

UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနက ကမ္ဘာတ၀ှမ်း
မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာအသစ်တစောင်
မနေ့ကပဲ ထွက်လာပါတယ်။ အဲဒီအထဲမှာ အာဖဂန်နစ္စတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံ
တွေမှာရှိတဲ့ လက်နက်ကိုင်သူပုန်တွေ ထိန်းချုပ်တဲ့ ဒေသတွေကနေထွက်တဲ့ ဘိန်းတွေ
ဟာ ဆက်ပြီး အထွက်တိုးနေတုန်းပဲလို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး UNODC အဖွဲ့က အစီရင်ခံစာကိုရေးသားဖို့ သုတေသန
လုပ်ခဲ့တဲ့ သောမတ်စ် ပစ်ချန်မင်က …

“ပြီးခဲ့တဲ့၂ နှစ်အတွင်း ဘိန်းထုတ်လုပ်ဖြန့်ချိရေးတွေ သိသိသာသာ တိုးတက်လာပါ
တယ်။ တကမ္ဘာလုံး အတိုင်းအတာအရ ဘိန်းထုတ်လုပ်မှုဟာ ၂ ဆ တိုးလာတာပါ။
ဒီအခြေအနေတွေဟာ တကယ့်ကို သတိထားစရာပါ။ အများဆုံးထုတ်လုပ်နေတာတွေ
က အာဖဂန်နစ္စတန်နဲ့ မြန်မာပြည်ကပါ။ မြန်မာပြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တိုးတက်
မှုတွေနဲ့စာရင် လျော့သွားရမယ့်အစား တိုးပြီးထုတ်လုပ်မှုရော စိုက်ပျိုးမှုရော မြင့်လာခဲ့
တာပါ။

၂၀၀၇ ခုနှစ် တနှစ်ထဲမှာကိုပဲ ၃၄% အထိ တိုးလာခဲ့တာပါ။ လောလောဆယ်မှာတော့
ဆက်ပြီး ဘိန်းထုတ်လုပ်ဖြန့်ချိမှုတွေ တိုးမြင့်လာတာ မတွေ့ရသေးပါဘူး။ ကျနော်တို့
ထင်တာက ဘိန်းတွေက ဈေးကွက်ထဲကို ရောက်မလာသေးဘဲ လှောင်ထားတယ်လို့
ယူဆရပါတယ်။ ဒီအခြေအနေတွေကိုလည်း သတိပေးထားပါတယ်။ မကြာခင်ကာလ
အတွင်း ဈေးကွက်ထဲကို ရောက်လာမယ်လို့ ထင်ရပါတယ်”။ လို့ ပြောသွားပါတယ်။

UNODC ရဲ့ အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၂၉% တိုးလာပြီး
ရှမ်းပြည်နယ်က ၂၄% တိုးစိုက်လာတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်အတွင်းမှာပဲ
မြန်မာပြည်က ဘိန်းထုတ်လုပ်မှုဟာ ဒေါ်လာ သန်း ၁၂၀ အထိ မြင့်တက်လာခဲ့တယ်
လို့လည်း ဆိုပါတယ်။

မြန်မာပြည်က ထပ်ပြီးအထွက်တိုးနေတဲ့ မူးယစ်ဆေးဝါးတခုကတော့ မက်သ် အမ်ဖက်
တမင်း ဆေးပြားတွေပါပဲ။ ၀တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း
ဒေသတွေကနေ အမ်ဖက်တမင်းဆေးပြားတွေ ထွက်နေတာလို့ဆိုပါတယ်။


အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်ရောက် မြန်မာများ၏ မြန်မ့ာအရေး စုဘူး


မြန်မ့ာအရေး စုဘူးကောက်အစီအစဉ်ကို
ပါဝင်ဆော်သြနေသည့် ဖို့ဒ်ဝိန်းမြို့ရောက် မခင်အေးမြင့်


ဇွန် ၂၆။ HT

စုစည်းထားသော မြန်မာ့ဒီမိုကရေစီ အင်အားစု အဖွဲ့မှ မြန်မာမိသားစု များကို ဈေးပြန်လာချိန်တိုင်း ပိုလျှံသည့် အကြွေစေ့များကို စုဆောင်း၍ မြန်မာပြည်အရေးအတွက် ငွေစုကြသည့် လှုပ်ရှားမှု ဆောင်ရွက်လျက် ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အမျိုးဘာသာ သာသနာကို ကာကွယ်ကြ”ဟု စာတန်းရိုက်ထားသော စတစ်ကာများ ထိုးထားသည့် စုဗူးများကို ပြီးခဲ့သည့် မေ ၃၀ ဒီပဲယင်း ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့မှ စတင်၍ မြန်မာမိသားစုများအား လိုက်လံ ဝေငှပေးခဲ့ခြင်း ဖြစ်သည်။

မြန်မ့ာအရေး စုဘူးကောက်အစီအစဉ်ကို ပါဝင်ဆော်သြနေသည့် ဖို့ဒ်ဝိန်းမြို့ရောက် မခင်အေးမြင့်

“စုဘူးတွေကို ဗီယက်နမ်ဆိုင်တို့ ဘာတို့မှာ လိုက်ဝယ်တယ်။ လိုက်ဖြန့်တယ်။ စဖြန့်တာကတော့ ဒီပဲယင်း နှစ်ပတ်လည်မှာ ဘုန်းကြီးကျောင်းမှာ လာတဲ့ လူတွေကို လိုက်ဖြန့်တယ်။ ပြီတော့ စုဘူးတွေကို အိမ်တွေမှာ ဝေတယ်။ စာရင်းဇယားနဲ့ လိုက်ဖြန့်တယ်။ တလကြာတဲ့အခါမှာ ပြန်သိမ်းတယ်။ ပြီးရင် ပြန်ပို့ပေါ့။ တလတခါ ပြန်ကောက်မယ်”ဟု ဒီပဲယင်း အရေးအခင်း မျက်မြင်သက်သေတဦးဖြစ်သူ မခင်အေးမြင့်က ပြောပြသည်။ စုဆောင်းရရှိငွေများကို

“ကျမတို့ ဖို့ဒ်ဝိန်းက ဧပြီတုန်းက ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့တဲ့ ဆရာတော်နှစ်ပါးကို ပင့်၊ ကဗျာဆရာ ကိုအောင်ဝေးကိုလဲဖိတ်ပြီး အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်တယ်။ ပြည်တွင်းမှာ ဘာဖြစ်ဖြစ် အဆင်သင့်ရှိအောင် ဘာလုပ်ကြမလဲဆိုတဲ့ အဖြေကို အဲဒီ ဆွေးနွေးပွဲမှာ ရှာတယ်။ “အမျိုးဘာသာသာသနာကို ကာကွယ်ကြ“ဆိုတဲ့ စာသားကို ဒီက ဇေတ၀န်ကျောင်း ဆရာတော် ဦးကောသလနဲ့ တိုင်ပင်ပြီး သတ်မှတ်တာ”ဟု မခင်အေးမြင့်က ဆက်လက် ပြောပြသည်။

ဝါရှင်တန်ဒီစီရောက် မြန်မာများကလည်း တနေ့ တဒေါ်လာ ကောက်ခံမည့် လှုပ်ရှားမှုကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် စတင် လှုပ်ရှားသွားရန် စီစဉ်နေကြောင်း သိရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အကူအညီ အညံ့များနှင့် ဒုက္ခသည်လယ်သမားများ

ဆူးသစ် / ကွမ်းခြံကုန်း ဇွန် ၂၆၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်ရှိ လေဘေး ဒုက္ခသည်လယ်သမားများ လယ်ယာ ထွန်ယက် စိုက်ပျိုးရန်အတွက် အစိုးရက အကြွေးစနစ်ဖြင့် ရောင်းချပေးသည့် မျိုးစပါးမှာ အညံ့များဖြစ်နေကာ စက်သုံး ဆီမှာလည်း အဆင်ပြေစွာမရရှိသောကြောင့် စပါးစိုက်ပျိုးရန်အခက်အခဲဖြစ်နေပြီး စပါးအထွက်နှုန်းလည်း မကောင်းနိုင် ကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကွမ်းခြံကုန်းမြို့နယ်ရှိ ရွာတချို့တွင် အာဏာပိုင်များက စတင်ပေးနေသော မျိုးစပါးများမှာ လူတိုင်းစေ့ မရကြသော်လည်း အညံ့အဖျင်းများဖြစ်နေပြီး အချိန်အတွယ်လည်း လျော့ကျသွားကြောင်း ဒေသခံ လယ်သမား ကိုဌေးကျော်က ပြောသည်။

“ကျနော်ပိုင်တဲ့ လယ် ၁၅ ဧက အတွက် မယက က ပေးတဲ့ မျိုးစပါး ၂ တင်းကို ပြာလိုက်တော့ ၁ တင်း ခွဲ ပဲ ကျန်တော့ တယ်၊ စပါးတွေက အဖျင်းတွေ၊ ပေးတဲ့မျိုးတွေကလည်းမျိုးအတွက် သီသန့်ဖယ်ထားတဲ့စပါးတွေမဟုတ်ဘဲ ရိုးရိုးစပါး တွေ၊ အထွက်နှုန်း မကောင်းနိုင်ဘူး၊ မျိုးစပါးတွေက စပါးပေါ်ရင်ပြန်ပေးရမယ်၊ လယ်သမားတချို့ကတော့ စိုက်ဖို့ ထွန် ယက်ပြင်ဆင်နေကြပါတယ်”ဟု ၎င်း ကပြောပြသည်။

ကိုဌေးကျော်သည် ကွမ်းခြံကုန်းမြို့နှင့် ၃ မိုင်အကွာရှိ ရွာတရွာမှ လယ်သမား တဦး ဖြစ်သည်။

မျိုးစပါးနှင့် ပတ်သက်ပြီး ကွမ်းခြံကုန်း မြို့နယ် ဆူးကလပ်ရွာသားတဦးကလည်း“မျိုးဆိုတာ အရင်းသားတွေချည်းပဲ အခြောက်ခံထားတာ။ ပင်တိုပင်ရှည် ညီအောင်ညှိထားတာ။ အခင်းညီမှမျိုးကောင်းတာ။ မျိုးကညီမှ သန့်မှ စပါး အထွက် ကောင်းမှာ။ အခုဟာက စားဖို့ထဲကပေးနေတာ။ အဖျင်းတွေပဲထွက်လာမှာပဲ”ဟု ရှင်းပြသည်။

မုန်တိုင်းသင့်ဒေသများကို မျိုးစပါးများပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက တခြားဒေသရှိ လယ်သမားများဆီမှ တောင်းခံခြင်းများရှိသည်ဟုလည်း ပဲခူးတိုင်း ဘုရားကြီးကျေးရွာအုပ်စုမှ လယ်သမား ကိုမင်းထွန်း ကပြောဆိုသည်။

“လယ်သမားတဦးကို စပါးတတင်းပေးရတယ်။ ရွာတရွာကို နွား ငါးရှဉ်း ပေးရတယ်”ဟု ၎င်းက ပြောသည်။

စိုက်ပျိုးထွန်ယက်ရန် လယ်ယာသုံးစက်ကိရိယာနှင့်စက်သုံးဆီများကို သက်ဆိုင်ရာကထောက်ပံ့ပေးမည်ဟု ဆို သော်လည်း ယနေ့အချိန်ထိ အဆင်ပြေစွာမရရှိကြသေးကြောင်းလည်း ကွမ်းခြံကုန်းမှ လယ်သမားများကပြောသည်။

“စက်တွေကလည်း အလကားပေးမှာမဟုတ်ဘူး အကြွေးနဲ့ရောင်းတာ။ လယ်ထွန်စက်တစီးကို ကျပ် ၁၅ သိန်းခွဲကို သုံးနှစ် သုံးရစ် စနစ်နဲ့ရောင်းပေးတာပါ။ ထွန်ယက်ဖို့အတွက် စက်သုံးဆီ တဂါလန်ကို၂၅၀၀ ကျပ်နဲ့ရောင်းပေးပေမယ့် ရွာလူကြီး တွေကရောင်းတဲ့အချိန်မှာ ရွာသားတွေကိုအသိမပေးတာကြောင့် နီးစပ်တဲ့လူတွေပဲ ရကြတယ်၊ ရှိတဲ့လယ် ဧက ထက်ပိုပြော ပြီးထုတ်သွားကြတာကြောင့်လည်း နောက်လူ တွေ မရကြဘူး”ဟု ကိုဌေးကျော်က ပြောသည်။

စိုက်ပျိုးစရိတ် ချေးငွေကိုမူ လယ်တဧက လျှင် ယခင် ကျပ် ၇၀၀၀ နှုန်း ပေးရာမှ ယခုနှစ် ကျပ် ၈၀၀၀ ပေးကြောင်း၊ သို့သော် ၅ ဧက အောက်မပေးကြောင်း၊ ၁၀ ဧက အထက်ဆိုလျှင်လည်း ၁၀ ဧက အတွက်သာပေးကြောင်းနှင့် ရွာတိုင်းကို ပေးခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

နေထိုင်ရာရွာနှင့် လုပ်ကိုင်သောလယ်ရှိသည့်ရွာ တနေရာစီဖြစ်နေသော လယ်သမားများမှာ မည်သည့် ဘက်က အကူအညီ ပေးမည်ကို မသိရှိရကြောင်းနှင့် ယခုအချိန်အထိ အကူအညီမရရှိသေးသည့် အတွက် လယ်ယာ စိုက်ပျိုး ရေးပြန်လည် လုပ်ကိုင်ရန် မလွယ်ကူဟု ကွမ်းခြံကုန်းမြို့နယ် ကျောင်းစုကျေးရွာရှိ လယ် ၁၁ ဧက ကို လုပ်ကိုင်နေပြီး တောကျောင်း ကျေးရွာတွင် နေထိုင်သူ လယ်သမား တဦးကပြောသည်။

သဘာဝဘေးဒဏ်သင့် ဒေသ ၅ ခုကမှ လယ်ဧက ၃.၂ သန်း (၁.၃ ဟက်တာ) အနက် မုန်တိုင်းကြောင့် ၆၀ ရာခိုင်နှုန်း ထိခိုက်မှုရှိခဲ့ပြီး ၁၆ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း၊ လယ်ယာသုံးကိရိယာများ အချိန်မီထောက်ပံ့မပေးနိုင်ပါက ငတ်မွတ် ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုများ ရေရှည်တွင် ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ပြောကြောင်း ရိုက်တာ သတင်း တပုဒ်တွင် ဖော်ပြထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်