စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

နအဖ အခြေခံဥပဒေ အခြေခံကောင်းမဟုတ်ဟု ဗြိတိန်၊ ပြင်သစ် ပြောကြား


နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 17:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော ဖြစ်စဉ် မဟုတ်သလို ဥပဒေ အသစ်ကလည်း မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး အတွက် ကောင်းမွန်သော အခြေခံမဟုတ်ဟု ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် ၂ ဦးက သဘောထား ထုတ်ပြန်သည်။ယမန်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်၍ ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတွင် ဗြိတိသျှ ဝန်ကြီးချုပ် ဂျော်ဒန်ဘရောင်းနှင့် ပြင်သစ်သမတ နီကိုလက် ဆာကိုဇီတို့က ကမ္ဘာ့နိုင်ငံကြီး ၂ နိုင်ငံ၏ သဘောထားကို ထင်ဟပ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံမှ အကြီးအကဲများ၏ ပူးတွဲစာတွင် “ကျင်းပ ပြီးစီးသွားသော ဆန္ဒခံယူပွဲသည် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကို ထင်ဟပ်ရန် မှတ်ကျောက်ထင်ခံနိုင်မှု ကင်းမဲ့သဖြင့် ဖွဲ့စည်းပုံ အသစ်သည် မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး တိုးတက်မှုတွင် ကောင်းမွန်သော အခြေခံတခု ဖြစ်လာမည်ဟု ကျွန်ုပ်တို့ မယုံကြည်” ဟု ဖော်ပြထားသည်။မြန်မာပြည်၏ လက်ရှိ အကျပ်အတည်းကို ပြေလည်နိုင်ရေးအတွက် စစ်အစိုးရေ ခါင်းဆောင်ပိုင်းနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်၏ အဆင်သင့်ဖြစ်မှုကို သူတို့က ကြိုဆိုသည်။ အကူအညီ အလုံအလောက် မရသော လေဘေး ဒုက္ခသည်များအတွက် အထူး စိုးရိမ်သည်ဟု ဖော်ပြသော စာတွင် အာဆီယံနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်တို့၏ မြန်မာပြည်တွင် ဝင်ရောက် လုပ်ဆောင်မှုများကို ၂ နိုင်ငံလုံးက ကူညီရန် ဆုံးဖြတ်ထားသည်ဟုလည်း ပါရှိသည်။ပြင်သစ်နှင့် ဗြိတိန်သည် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သော သဘောင်္များကို မြန်မာပြည် ဆိုင်ကလုန်း ဒုက္ခသည်များကို ဝင်ရောက် ကယ်ဆယ်ရန် မြန်မာ့ ရေပိုင်နက် အနီးတွင် ရက်သတ္တပတ် အတန်ကြာ စောင့်ဆိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့သော နိုင်ငံများ ဖြစ်သည်။လွန်ခဲ့သော တလအတွင်းက မုန်တိုင်း ဒုက္ခသည်များ အရေးကို အလေးထား အာရုံစိုက်ခဲ့သော အင်အားကြီး ၂ နိုင်ငံ၏ မြန်မာပြည်နိုင်ငံရေး ထုတ်ဖော် ပြောဆိုမှုသည် ဆိုင်ကလုန်း နောက်ပိုင်း ရှားပါးသော တရားဝင် ပြောဆိုမှု ဖြစ်သည်။ပြီးခဲ့သော ရက်သတ္တပတ် အတွင်းက ကုလ လူ့အခွင့်အရေး စုံစမ်းရေးမှူးသစ် Tomas Qjea Quintana က သူ၏ ပထမဆုံး အစီရင်ခံစာတွင် ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေ ဝေဝါးနေသည်ဟု ဖော်သားခဲ့သလို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် (Piero Fassino) က မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို မေ့ထားလို့မရဟု ထုတ်ပြောခဲ့သည်။အလားတူပင် အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Sean McCormack ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန် စစ်အစိုးရကို တိုက်တွန်းခဲ့သေးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ စစ်အစိုးရက ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြုထားသော ဖွဲ့စည်းပုံသည် ဥပဒေကြောင်းအရ တရားဝင်မှု မရှိ ဟုဆိုကာ ပယ်ချထားသည်။ လွန်ခဲ့သော ၂ ရက်က ထုတ်ပြန်သော အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်တွင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ခေါ်ရန် စစ်အစိုးရကို ထပ်မံ တောင်းဆိုထားသည်ကို တွေ့ရသည်။ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာအရေး လေ့လာသူ ဦးအောင်နိုင်ဦးက “ဒီအတိုင်းပဲ ဆက်သွားရင်တော့ ပြဿနာက မဆုံးဘူးပေါ့ဗျာ” ဟု ပြောသည်။၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာပြည် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ “နိုင်ငံတကာနဲ့ နောက်ထပ်လာမည့် အစိုးရ ဆက်ဆံရေး ဟာ လိပ်ခဲတည်းလည်း ဆက်ဖြစ်နေဦးမယ့် သဘောရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖွဲ့စည်းပုံကို လက်ခံဖို့ အနေအထားမရှိဘူး။ ဖွဲ့စည်းပုံကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးမယ့် ပုံစံတွေ အများကြီး ရှိနေတော့” ဟု သူက ပြောသည်။သို့သော် ၂ဝ၁ဝ မတိုင်ခင်တွင် “ဘာတွေ ဖြစ်လာမလဲတော့ မသိဘူးပေါ့” ဟု သူက ဖြည့်စွက်ပြောသည်။စစ်အစိုးရသည် စစ်တပ်က ဗီတိုအာဏာရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီးနောက် မေလအတွင်း ဆန္ဒခံယူပွဲ ကျင်းပကာ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။ဖွဲ့စည်းပုံကို အတည်ပြုမှုသည် စစ်အစိုးရအတွက် အရေးကြီးသော လမ်းပြမြေပုံ၏ အဆင့် ၄ ဖြစ်ပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်းပေးမည်ဟု ဆိုသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်း အပြတ်အသတ် အနိုင်ရခဲ့သော အတိုက်အခံ အန်အယ်ဒီကိုမူ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် စစ်အစိုးရအာဘော် သတင်းစာများက တိုက်တွန်း ရေးသားလျက် ရှိသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုအတွက် မွေးနေ့လက်ဆောင် ... ရွှေဝါရောင် လှိုင်းတပိုးများ


နေသန်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 05:33 - မြန်မာစံတော်ချိန်

မနှစ်က ဆောင်းဦးရာသီမှာ မဇ္ဈိမအတွက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ချိန်က အဲဒီ ဆောင်းပါးက ကျနော့်ဘ၀အတွက် မှတ်မှတ်ရရနဲ့ တန်ဖိုးအရှိဆုံး ဖြစ်ခဲ့မယ်လို့ မတွေးမိခဲ့ပါဘူး။ သတင်းစာလောကကနေ အနားယူလိုက်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ကျောင်းသားဘ၀နဲ့ နေထိုင်နေတဲ့ ကျနော့်ကို လွန်ခဲ့တဲ့ (၇) နှစ်ကျော်က ကမောဒီးယားမှာ စာနယ်ဇင်းသင်တန်း အတူတူ တက်ခဲ့ဖူးတဲ့ မိတ်ဆွေ မဇ္ဈိမ အယ်ဒီတာ ကိုစိန်ဝင်းက ဆောင်းပါးတပုဒ် ရေးပေးဖို့ ဖိအားပေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး သတင်းဌာနတွေအတွက် စာမရေးဖြစ်တာ (၃)နှစ်ကျော် ကြာနေတဲ့ ကျနော့်အတွက် ကိုစိန်ဝင်းက ထူးထူးခြားခြား အခွင့်အခါကောင်း တစ်ခုကို ဖန်တီးပေးခဲ့တာလို့ ဆိုရင် မမှားနိုင်ပါဘူး။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီအချိန်က ရန်ကုန်မြို့ပေါ်က လမ်းမတွေပေါ်မှာ ရဟန်းသံဃာတွေ ရာနဲ့ချီ ကြွချီပြီး မေတာသုတ်ကို မုန်သုန်ရဲ့ မိုးလေကြား နေရာအနှံ့ ရွတ်ဖတ်နေကြချိန်လည်း ဖြစ်ပါတယ်။ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ သင်္ကန်းတွေကို ရုံပြီး ပြည်သူ့ဆန္ဒ ပြည့်ဝစေဖို့၊ တစ်နိုင်ငံလုံး မေတာတရားတော်တွေ ပျံ့နှံ့စေဖို့အတွက် ပင်ပန်းဆင်းရဲ ခံနေကြတဲ့ သံဃာတော်တွေရဲ့ ဦးဆောင် လှုပ်ရှားမှုဟာ ကျနော့်ဘ၀အတွက်ရော၊ မြန်မာနိုင်ငံ သမိုင်းအတွက်ပါ အထူးခြားဆုံး၊ ကြက်သီးဖြန်းဖြန်း ထရလောက်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။နေ့စဉ် မေတာသုတ်ရွတ် သရဇယ်တဲ့ လှုပ်ရှားမှုကြီးကို ရင်ခုန် စောင့်ကြည့်နေရင်းက နေအိမ်မှာ နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာတော်တွေ သူမရဲ့ အိမ်ရှေ့ ဥပဇာမှာ မလွတ်လပ်တဲ့ ဘ၀ရဲ့ လှိုင်းတပိုးအောက် မေတာတရားနဲ့အတူ စတင် ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနေ့ဟာ စက်တင်ဘာ (၂၃)ရက်နေ့ပါ။ ကျနော်ဟာ ကျနော့် ဆောင်းပါးကို ရေးချဖို့ လုံလောက်တဲ့ ခွန်အားတွေ ရရှိသွားပြီလို့ ယုံကြည်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး အကြမ်းမဖက် လှုပ်ရှားမှုရဲ့ (၁၉)နှစ်တာ ရုန်းကန်မှု ကာလအတွင်း အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့တဲ့၊ မေတာတရားလွှမ်းတဲ့ ဒီလှုပ်ရှားမှုကြီးဟာ ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ကနဦး လှိုင်းချက်တွေလို့ မှတ်ယူစရာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံ (ယခင် ဆိုဗီယက် ယူနီယံ လက်အောက်နိုင်ငံများ) တွေရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေရဲ့ ပုံရိပ်တွေက ကျနော့် ခေါင်းထဲမှာ နေရာဝင်ယူလာခဲ့ပါတယ်။သီတင်းနှစ်ပတ်ခန့် မတိုင်ခင်က ပခုက္ကူမြို့မှာ သံဃာတော်တွေကို စစ်အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ သံဃာတော်တွေ ဦးဆောင်ပြီး အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင်ဖို့၊ ခေတ်သစ် မော်ကွန်းထိုးဖို့ စတဲ့ စတဲ့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေတဲ့ စက်တင်ဘာ လှုပ်ရှားမှုဟာ အုတ်တံတိုင်းကို မေတာတရားနဲ့ ၀င်ဆောင့်ကြတဲ့ ပွဲပါပဲ။ဂျော်ဂျီယာနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် နှင်းဆီနီ တော်လှန်ရေး၊ ယူကရိန်းနိုင်ငံရဲ့ ၂၀၀၄ခုနှစ် လိမော်ရောင် တော်လှန်ရေး၊ ကာဇက်စတန်နိုင်ငံရဲ့ ၂၀၀၅ခုနှစ် ကျူးလစ် တော်လှန်ရေးတွေဟာ နာမည်ကျော် ချက်သမတ နိုင်ငံရဲ့ ၁၉၈၉ “ကတ္တီပါ တော်လှန်ရေး” ရဲ့ နောက်ဆက်တွဲအဖြစ် ကွန်မြူနစ် အာဏာရှင် နိုင်ငံတွေကနေ ဒီမိုကရေစီ နိုင်ငံတော်တွေအဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ကျနော့် ဦးနှောက်ထဲမှာ စွဲထင်နေပါတယ်။ ပန်းပွင့်တွေ၊ အရောင်တွေရဲ့ သင်္ကေတတွေနဲ့ လူထုလှုပ်ရှားမှုကို ကင်ပွန်းတပ်ဖို့ မြန်မာပြည်မှာ လိုနေပြီ ဆိုတဲ့အသိ ခေါင်းထဲ ရောက်လာတာနဲ့အတူ ကျနော်ဟာ ကျနော်ရဲ့ ဆောင်းပါးကို စတင် ရေးသားခဲ့ပါတယ်။အဲဒီ ဆောင်းပါးမှာ ကျနော် အခုလို ရေးသားခဲ့ပါတယ်။အရောင်နဲ့ ပန်းပွင့်သင်္ကေတ တော်လှန်ရေးတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေ၊ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စနစ်တကျ အေးအေးချမ်းချမ်း နည်းလမ်းတွေ သုံးပြီး အာခံ တော်လှန်မှုတွေကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ချက်သမတနိုင်ငံရဲ့ အောင်မြင်သော ကတ္တီပါ တော်လှန်ရေး ဖြစ်ပွါးပြီး ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားမှုဟာ ကွန်မြူနစ် အာဏာရှင်လ က်အောက်က မလွတ်မြောက်သေးတဲ့ ယခင် ဆိုဗီယက် နိုင်ငံထဲက ခွဲထွက်ခဲ့ကြတဲ့ နိုင်ငံတွေအတွက် အင်အားပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဂျော်ဂျီယာနိုင်ငံက “နှင်းဆီနီ တော်လှန်ရေး” ကြောင့် လာဘ်စားပြီး တိုင်းပြည် စီးပွါးရေး ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့တဲ့ သမတ အီဒွတ် ရှီဗာနက်ဇီဟာ ရုရှအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရပြီး ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံအားပေးတဲ့ ပရိသတ်ကြီးဟာ လက်တွေထဲမှာ နှင်းဆီပန်းတွေကို ကိုင်ဆောင်ပြီး တည်ဆဲ သမတရဲ့ အာဏာကို အသိအမှတ် မပြုဘူးဆိုပြီး စတင်ခဲ့တဲ့ နှင်းဆီနီ တော်လှန်ရေးဟာ ငြိမ်းချမ်းစွာပဲ အောင်ပွဲခံခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ ယူကရိန်းနိုင်ငံမှာ ခြစားနေတဲ့ ရုရှလိုလားသူ သမတကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေရဲ့ လိမ္မော်ရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး လိမ္မော်ရောင် တော်လှန်ရေး စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲအရေအတွက်နဲ့ ပတ်သက်ပြီး အကျပ်အတည်း ဖြစ်ခဲ့ရာက အတိုက်အခံ ခေါင်းဆောင် ဗစ်တာ ယူရှင်ကို အပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ ကာဂျစ်စတန်နိုင်ငံ သမတ အက်စကာ အကာရက်ဗ်ကို ဖြုတ်ချတဲ့ ကျူးလစ်ပန်း တော်လှန်ရေး ဖြစ်ပွါးခဲ့ပါတယ်။ အခြားသော အရောင် (သို့) ပန်းပွင့် တော်လှန်ရေးတွေ နည်းတူ ကျူးလစ်ပန်း တော်လှန်ရေးကြောင့် အာဏာရှင်သမတနဲ့ သူ့မိသားစုဟာ တိုင်းပြည်ကနေ ရုရှကို ထွက်ပြေးသွားခဲ့ပြီး သမတအဖြစ်က ပြုတ်ကျသွားခဲ့ပါတယ်။ တော်လှန်ရေးရဲ့ ခရီးအစတွေမှာတော့ ကာဂျစ်စတန်ရဲ့ လှုပ်ရှားမှုကို မီဒီယာ သမားတွေက ပန်းရောင် တော်လှန်ရေး၊ လီမွန် (သံပုရိုသီး) တော်လှန်ရေး၊ ပိုးသား တော်လှန်ရေး၊ နွေဦးပန်းပွင့် တော်လှန်ရေး အစရှိသဖြင့် အမည်နာမ တပ်ခဲ့ကြပေမယ့်လည်း ရာထူးက ဖြုတ်ချခံခဲ့ရသူ သမတကိုယ်တိုင်က သူ့ကို ဖယ်ရှားမယ့် အရေးအခင်းကို ကျူးလစ်ပန်း တော်လှန်ရေးလို့ ခေါ်ဝေါ်သမုတ်ခဲ့ပြီး အရောင်တော်လှန်ရေး မဆင်နွှဲဖို့ သတိပေးခဲ့ပါတယ်။ဒီမိုကရေစီကို အာသာပြင်းပြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ဖိနှိပ်မှု တော်လှန်ရေးကို ရွှေဝါရောင်လို့ တင်စားရတဲ့ အဓိက အကြောင်းကတော့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဘာသာ သာသနာ၊ နုပျိုရဲဝံ့တဲ့ ရွှေဝါရောင် ခွပ်ဒေါင်း၊ ဆန်ရေစပါးပေါများ ကြွယ်ဝပြီး အကျပ်အတည်းက လွတ်မြောက်စေမယ့် နိုင်ငံအနှံ့က ရွှေဝါရောင် စပါးခင်းတွေ ပိုင်ဆိုင်ကြမယ့် သတိရှိတဲ့ နိုင်ငံသားတွေအဖြစ် ရောက်ရှိစေဖို့ တင်စား ခေါ်ဝေါ်ရခြင်းပါပဲ။ဒီဆောင်းပါးကို မဇ္ဈိမ သတင်းဌာနမှာ စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ချက်ချင်းပဲ ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့တော့ (Yellow Revolution) ခေါင်းစဉ်နဲ့ ဧရာဝတီ သတင်းဌာနနဲ့ မဇ္ဈိမမှာပဲ ဆက်တိုက် ရေးသားခဲ့ပါတယ်။ နောက်နှစ်ရက် အကြာမှာ လန်ဒန်က တိုင်းမ်သတင်းစာက ရွှေဝါရောင် တော်လှန်ရေးကို အင်္ဂလိပ်လို (Saffron)လို့ စပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ စက်တင်ဘာ (၂၅)ရက်နေ့ ဗီအိုအေ မြန်မာပိုင်းနဲ့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံရုံး ယာယီတာဝန်ခံ ဖြစ်ခဲ့ဖူးသူ မစက် ကလပ်က ရွှေဝါရောင် တော်လှန်ရေးကို (Yellow Revolution) အဖြစ် သုံးနှုံးပါတယ်။အဲဒီ သတင်းပတ်ဟာ မြန်မာပြည်က သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို လူထုနဲ့ ကျောင်းသားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေဟာ နေ့စဉ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့ ဘော်စတွန် ဂလုပ်၊ ယူနိုက်တက် ပရပ်စ် အင်တာနေရှင်နယ်၊ ၀ါရှင်တန်ပို့စ် စတဲ့ သတင်းစာတွေအပြင် မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်နဲ့ အီကော်နော်မစ် မဂ္ဂဇင်းတွေက အင်္ဂလိပ် (Saffron) ရွှေဝါရောင် တော်လှန်ရေးလို့ စတင် သုံးစွဲခဲ့ကြပါတယ်။မြန်မာရေဒီယို အသံလွှင့် ဌာနတွေကတော့ ရွှေဝါရောင်ကို မသုံးကြသေးပါဘူး။ မဇ္ဈိမမှာ “ရွှေဝါရောင် တော်လှန်ရေး စပြီ” လို့ စက်တင်ဘာ (၂၄) မှာ ပထမဦးဆုံး ဖော်ပြပြီးနောက် အောက်တိုဘာ(၁) ရက်နေ့မှာ ခေတ်ပြိုင်၊ (၂) ရက်နေ့မှာ ဆရာ မောင်စွမ်းရည်က မိုးမခမှာနဲ့ အောက်တိုဘာ (၄) ရက်နေ့မှာ ဘီဘီစီ မြန်မာပိုင်းက “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စလို့ စက်တင်ဘာ လှုပ်ရှားမှုဟာ ရွှေဝါရောင် အရေးတော်ပုံအဖြစ် မြန်မာပြည်သူတွေက လက်ခံခဲ့ကြပါတယ်။ အင်္ဂလိပ်လို (Yellow) နဲ့ (Saffron) အမည်ကွဲပေမယ့် အဓိပ္ပယ်အားဖြင့်တော့ အ၀ါရောင်နဲ့ အ၀ါရောင် ရင့်ရင့်တွေပဲဖြစ်လို့ မြန်မာလို ရွှေဝါရောင်က အင်မတန် သင့်တော်တဲ့ စကားလုံး ဖြစ်ခဲ့ပါတယ်။ထိုင်းက မိတ်ဆွေတစ်ယောက်က ဒီအသုံးအနှုံးနဲ့ ပတ်သက်ပြီး ... တရုတ်အစိုးရက မြန်မာတွေ ရွှေဝါရောင် တော်လှန်ရေးလို့ ကင်ပွန်းတပ်တဲ့အပေါ် အတော့်ကို စိုးရိမ်မကင်း ရှိတယ်လို့ ဆိုပါတယ်။ မဟာ ယဉ်ကျေးမှု တော်လှန်းရေး ဒါဏ်ရဲ့ အနာတရတွေ၊ အိပ်မက်ဆိုးတွေ ကင်းကင်း မပျောက်သေးတဲ့ အချိန်မှာ သူတို့ရဲ့ နောက်ဖေးပေါက်က ဒီမိုကရေစီရေး တော်လှန်မှုအပေါ် တရုတ်တို့ စိုးရိမ်မှုက အံ့သြစရာ မရှိပါဘူး။ အရောင်နဲ့ ပန်းပွင့် သင်္ကေတတို့ရဲ့ တော်လှန်ရေးတွေဟာ သူနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့ပြီး ကွန်မြူနစ် အစိုးရတွေ ဖယ်ရှားခံရတဲ့ သာဓကတွေကြောင့် တရုတ်တို့ စိုးရိမ်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် တရုတ် အစိုးရဟာ မြန်မာပြည်ရဲ့ သဘောသဘာဝ အပေါ် ရှင်းရှင်း မမြင်နိုင်သေးတာက အတော်ဆိုးရွားတဲ့ ကိစ္စတရပ်ပါပဲ။ဒီအချိန်ဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ မအောင်မြင်သေးတဲ့ ရည်မှန်းချက်တွေအတွက် ခရီးဆက်နေရသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို မလှမ်းနိုင်ဘဲ အစမှာတင် အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်သွားတာမို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ရဲရဲ မခေါ်ချင်ကြသူတွေလည်း ရှိပါတယ်။ တော်လှန်ရေးဆိုတာ အောင်ပွဲရမှ ခေါ်ကြတဲ့အမျိုး ဆိုတော့ မသုံးချင်ကြတာလည်း ပါပါတယ်။ ဒီနေရာမှာ သေသေချာချာ နားလည် သဘောပေါက်သင့်တဲ့ အချက်က မြန်မာပြည်မှာ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တန်းတူ ညီမျှရေးတွေနဲ့ ခေတ်သစ်တည်ဖို့အတွက် လူတိုင်းဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့၊ ကိုယ်နဲ့ သဘောထားမတူတဲ့ သူတွေအပေါ် ရန်သူလို့ မမြင်ဘဲ မေတာတရားနဲ့ အောင်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကြီးကို အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့ပြီ ဆိုတာပါပဲ။ရှင်းရှင်းပြောရရင် မန်ဒဲလားလမ်းစဉ်၊ ဂန္ဒီကြီး လမ်းစဉ်တွေလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဆိုင်ရာ အပြောင်းအလဲများ ငြိမ်းချမ်းသော နည်းနဲ့ ဖြစ်ထွန်းရေးဆိုတဲ့ အတွေးအခေါ်ကို နိုင်ငံရေး လှုပ်ရှားသူတွေ ကြားထဲမှာသာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ နှလုံးသားတဲ့၊ အသိတရားထဲကို မှတ်ကျောက်တင်ခဲ့တဲ့ ဖြစ်ရပ်မို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ရတာ ကျနော်တို့တွေ အားလုံးအတွက် မဟာ အောင်မြင်မှုကြီး တစ်ရပ်ပါပဲ။ကျနော်တို့တွေဟာ ဒီမိုကရေစီရေး ရုန်းကန်မှု ခရီးရှည်ကြီးအတွက် အနှစ်(၂၀) ကြာ ဖြတ်သန်း ခဲ့ကြပြီးပါပြီ။ ကျနော်တို့ ခရီးပေါက်ခဲ့ကြပါပြီ။ အဲဒီ အနှစ်(၂၀)အတွင်းမှာ ကျနော်တို့တွေဟာ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေ အဖုံဖုံနဲ့ အတွေ့အကြုံတွေ များစွာကို သင်ယူရင်း ပန်းတိုင်ဆီကို လှမ်းလျှောက်နေကြဆဲပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို ကျနော်တို့ မျက်ရည်တွေ၊ ချွေးတွေနဲ့ အရင်းခံပြီး မေတာတရားနဲ့ အသိပညာနဲ့ တည်ဆောက်မယ် ဆိုတဲ့ ယုံကြည်မှုဟာ တစ်နေ့တစ်ခြား ခိုင်မာလာခဲ့ပါတယ်။ဒါဟာ မြန်မာပြည်သူတွေ ပြည်သားတွေအားလုံး ကျနော်တို့ လေးစားချစ်ခင်တဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်အတွက် ပြန်ပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့ လက်ဆောင်ပါပဲ။ ဒေါ်စုအတွက် ကျနော်တို့ အားလုံး ထွန်းညှိပေးနိုင်ကြတဲ့ တစ်ခုတည်းသော မွေးနေ့ ဖယောင်းတိုင်ဟာ ကျနော်တို့ အားလုံးရဲ့ သစ္စာတရားပါပဲ။ သူမဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ ပြယုဂ်ဆိုရင် ကျနော်တို့တွေဟာ ရွှေဝါရောင် မီးတောက်တွေ ဖြစ်ရပါမယ်။ ဒါမှာ အနာဂတ်ဟာ ထိန်ထိန်ညီးနေမှာ မဟုတ်ပါလား။

နေသန်မောင်
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် အစည်းအဝေးလုပ်စဉ် အာဏာပိုင်များ အင်အားပြ စောင့်ကြည့်


ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 17:23 - မြန်မာစံတော်ချိန်

ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။ စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်


နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 15:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိပ်တိုက်တွေ့မှု ဖြစ်မည် စိုးရိမ်သဖြင့် အဖွဲ့ချုပ်ရုံးဝင်းကိုမူ ခေတ္တ ပိတ်ခဲ့ရသေးသည်။ရန်ကုန်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော မြို့တော်ခမ်းမ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ လှည်းတန်းဘက်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်ဟု မြို့ခံတဦးက ပြောသည်။“လူတွေက သုံးယောက်တွဲနေပြီး စောင့်ကြည့်ကြတယ်။ ရဲကားတန်းရှည်လည်း ကင်းပတ်နေတယ်။ လူထုကို ခြောက်ပြတဲ့ သဘောပါ။ ဒေါ်စု အိမ်ရှေ့လမ်းကိုလည်း အင်အား ဖြည့်ထားတယ်” ဟု အဆိုပါ မျက်မြင်တဦးက ပြောသည်။ မြို့အနှံ့တွင် ဒိုင်း၊ ဒုတ် ကိုင်ထားသော ရဲသား ၃ဝ ခန့်ပါသော ကားများလည်း လှည့်နေပြီး ကုန်သည်ကြီးများ ဟိုတယ် တဝိုက်တွင် အရပ်ဝတ်များ စောင့်ကြည့်နေသည်ဟု အဆိုပါ မြို့ခံက ဆိုသည်။ယနေ့ နံနက်ပိုင်းက အဖွဲ့ရုံးဝင်း အတွင်းသို့ စွမ်းအားရှင်များ ဝင်ရောက်ကာ ရုံးလုံခြုံရေး ယူထားသော လူငယ်များကို ဖမ်းဆီးခဲ့သေးသည်။မနက်က အဖွဲ့ချုပ်ရုံးအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မျက်မြင်သက်သေ တဦးက “ဝင်ဆွဲသွားတယ်။ ရုံးရှေ့မှာ၊ ကားတွေ အတင်းထိုးရပ်ပြီးတော့ ဒိုင်နာကားတွေ၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုမွန်ကောင်း တောင်းတဲ့ လူတွေကို အတင်းဆွဲသွားတာ၊ တချို့ မြို့နယ်က လူတွေက ကြောက်အားလန့်အားနဲ့ ရုံးထဲ ဝင်ပြေးကြတာပေါ့။ ရုံးမှာ အမြဲတမ်း လုပ်နေတဲ့ လူငယ်တွေက လုံခြုံရေးတာဝန် ယူထားတော့ သူတို့ကို ဆွဲတင်သွားတယ်” ဟု ပြောသည်။ပရိသတ် ၇ဝဝ ခန့် တက်ရောက်သော အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများမှ ကလေးငယ်များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ကျောင်းသားအရွယ် ကလေးငယ် ၇၄ ဦးကို တဦးလျှင် ငွေကျပ် ၃ သောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သည်။မွေးနေ့ ဆွမ်းကပ်လှူမည့် ပန္နိတရာမ ကျောင်းတိုက် (ရွှေတောင်ကုန်း သာသနာ့ရိပ်သာ) မှ သံဃာ ၅ ပါးကို ဆွမ်းကပ်လှူမည့် အစီအစဉ်မှာ ဆွမ်းချိန် နှောင်းသွားသဖြင့် အထမမြောက်တော့ပါ။ သံဃာတော်များကို ဆွမ်းစား မကြွရောက်ရန် အာဏာပိုင်များက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အဖြစ် အန်န်အယ်လ်ဒီရုံးချုပ်ရှေ့တွင် သံဃာတော်များအား ဆွမ်းလောင်းလှူနေစဉ်။ဇွန် ၁၉၊ ၂၀၀၈။

19 June 2008
ဒီကနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၆၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်အန်န်အယ်လ်ဒီရုံးရှေ့မှာအန်န်အယ်လ်ဒီအဖွဲ့ဝင်တချို့ ငှက်လွှတ်ပြီး ဆုတောင်းခဲ့ကြတဲ့အချိန် အရပ်ဝတ်နဲ့လူတွေ ကားတွေနဲ့ရောက်လာပြီး အတင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့အတွက် အန်န်အယ်လ်ဒီအဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပါတယ်။ ဒီနေ့အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဆွမ်းကပ်လှူဖို့ သံဃာတော်တွေကို စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေက သံဃာတော်တွေ မကြွရဘူးလို့လည်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့ကို အခမ်းအနားကြီးတခုအနေနဲ့ လုပ်တာမဟုတ်ဘဲ ကုသိုလ်ကောင်းမှု တခုအနေနဲ့သာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ဒီကုသိုလ်ကောင်းမှုပြုတာကိုပဲ ဟန့်တားခဲ့တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က အခမ်းအနားမဟုတ်ဘူး။ မွေးနေ့ကို အလှူဒါနပြုတယ်၊ ကုသိုလ်ကောင်းမှု ပြုပေးတာပါ။ မနက်ပိုင်းက ကျနော်တို့ တန်းဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ သီလရှင်တွေရော ကြွရောက်တာတွေကို ရုံးရှေ့မှာလောင်းပါတယ်။ နေ့ခင်းကတော့ သံဃာငါးပါးပင့်ပြီး ဆွမ်းကြွေးဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ကို သက်ဆိုင်ရာတွေက သံဃာတော်တွေ မကြွနိုင်အောင် တားထားတဲ့အတွက် ရုံးမှာ ဆွမ်းကြွေးတာကိုတော့ မလုပ်ဖြစ်ပါဘူး။”
ဒါ့အပြင် အန်န်အယ်လ်ဒီရုံးချုပ် တည်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံတိုင်လမ်း ပတ်ဝန်းကျင်တလျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။
“ရုံးပတ်ဝန်းကျင်မှာလည်း အကြီးအကျယ် လုံခြုံရေးချထားတယ်။ လုံထိန်းက လက်နက်အပြည့်အစုံနဲ့ အများကြီးပဲ။ အရပ်ဝတ်တွေနဲ့လည်း အများကြီးပဲ။ အဖွဲ့ချုပ်က ကုသိုလ်ကောင်းမှုပြုတာကို အဲဒီလိုလုပ်နေတဲ့အတွက် ဒါလေး ပြောချင်တာပါ။”
သံဃာတော်တွေက ရုံးချုပ်ကို ကြွမလာနိုင်ကြတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေဆီကိုပဲ လှူဘွယ်ဆွမ်းဟင်းတွေ ပေးပို့ကပ်လှူခဲ့ရတယ်လို့ အန်န်အယ်လ်ဒီ ဗဟို သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အဲဒီနောက် ရုံးရှေ့မှာဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ပြီးခါစအချိန်လေးမှာပဲ ဒေါက်တာဝင်းနိုင်က ပြောပြခဲ့ပါတယ်။
“ရှေ့မှာ ကျနော်တို့ အခမ်းအနားပေါ့၊ ငှက်တွေဘာတွေလွှတ်တယ်။ လွှတ်တဲ့အချိန်မှာ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ဒိုင်နာကား ဆယ်စီးလောက်နဲ့ ကျနော်တို့ရုံး ပလက်ဖောင်းပေါ်ကို တက်ပြီးတော့ ၀င်ဆွဲလို့ နှစ်ယောက်ပါသွားတယ်။ ကျနော်တို့ဘက်ကတော့ ရုံးအ၀မှာပဲ လုံခြုံရေးချထားတယ်။ အဲဒီအထဲကကို ကင်မရာမင်း ကိုထွန်းမြင့်၊ ဗဟန်းမြို့နယ် အတွင်းရေးမှူးကို ဘေးနားက ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ဆင်းလာပြီး အုပ်စုနဲ့ ၀ိုင်းဆွဲတင်သွားတယ်။ ဒီမှာတော့ အခု ရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့။”
အဲဒီအဖြစ်အပျက်အတွင်း ကိုယ်တိုင်ရှိနေခဲ့တဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင် လူငယ်တဦးကလည်း အခုလိုပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ တောင်းဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းပွဲတွေလုပ်တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရုံးရှေ့ကို ဒိုင်နာကားငါးစီးနဲ့ စွမ်းအားရှင်တွေ ရောက်လာတယ်။ ကားတစီးမှာ လူအနည်းဆုံး ၆၀၊ ၇၀ လောက်ပါတယ်။ စုစုပေါင်း ၃၀၀ လောက်ရှိတာပေါ့။ ကျနော်တို့ ဗဟန်းမြို့နယ်က ကိုထွန်းမြင့်ကို ဖမ်းသွားတယ်။ နောက် အင်းစိန်မြို့နယ်က ကိုဟန်ရှိန်ကို ဖမ်းသွားတယ်။ကျနော်တို့ဆီက ရဟန်းတပါးကို ကားပေါ်တင်ပြီး ဖမ်းသွားတယ်။ နောက် အမျိုးသမီးတဦးနဲ့ အားလုံး လေးဦးဖမ်းသွားတယ်။”
ဗွီအိုအေက ထပ်ပြီး ဆက်သွယ်မေးမြန်းတာတွေအရ အဖမ်းခံရသူပေါင်းဟာ လေးဦးထက်မနည်း ရှိပါတယ်။ အဲဒီထဲမှာ လှိုင်သာယာမြို့နယ် အန်န်အယ်လ်ဒီဥက္ကဋ္ဌ ဦးလှအေး၊ ဓာတ်ပုံမှတ်တမ်းတင်နေသူ ဗဟန်းမြို့နယ် အန်န်အယ်လ်ဒီ အတွင်းရေးမှူး ကိုထွန်းမြင့်၊မင်္ဂလာဒုံမြို့နယ် အန်န်အယ်လ်ဒီအဖွဲ့ဝင် ကိုမောင်မောင်ရှိန်နဲ့ အမည်မသိ သံဃာတော်တပါးလည်း ပါဝင်တယ်လို့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောပြခဲ့ပါတယ်။
အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေက ဆူဆူပူပူ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဘာမှလုပ်ဆောင်တာ မရှိဘဲနဲ့ကို အခုလို အရပ်ဝတ်နဲ့လူတွေက ၀င်ဖမ်းခဲ့ကြတာပါလို့ ဒေါက်တာဝင်းနိုင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ ကျနော်တို့လူတွေကို ရုန်းရင်းဆန်ခတ်မဖြစ်အောင် ထိန်းသိမ်းတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးချင်တဲ့အခါကျတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကြီးက သေးသိမ် မှေးမှိန်ပြီးတော့ ကျနော်တို့ဘက်မှာလည်း အများကြီး ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့လူတွေကို ထိန်းသိမ်းတယ်။ ဘာမှ မပြောဘူး၊ မဆိုဘူး၊ လုံခြုံရေးတွေ ကျနော်တို့ရှေ့မှာလူငယ်တွေ ချထားတယ်။”
အခုလို သက်ဆိုင်ရာ တာဝန်ရှိသူ အာဏာပိုင်တွေက ဖမ်းဆီးတာမျိုးမဟုတ်ဘဲ အရပ်ဝတ် ၀တ်ထားတဲ့ အရပ်သားတွေက ဖမ်းဆီးတာမျိုးဟာ ဥပဒေကြောင်းအရ ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေါက်တာဝင်းနိုင်က ရှုတ်ချလိုက်ပါတယ်။ ဒါပေမယ့် အန်န်အယ်လ်ဒီဘက်ကတော့ ဥပဒေကြောင်းအရပဲ ဆက်လုပ်သွားပါမယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ဥပဒေကြောင်းအရပဲ သက်ဆိုင်ရာကို မေးရမြန်းရမှာပေါ့။ သူတို့ကို ဘယ်ခေါ်သွားတယ်။ ဘယ်သူတွေ ခေါ်သွားတယ်၊ စသဖြင့်ပေါ့။ ဒါလည်း ဒီလိုစွမ်းအားရှင်တွေက ၀င်ရောက် ဖမ်းပိုင် ဆီးပိုင်ခွင့်ဆိုတာ ဥပဒေအရ မရှိဘူး။ ဒါဟာ တမင်တကာ ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်တယ်။လက်ရှိအားဖြင့် လုံခြုံရေးအဖွဲ့အစည်းတွေမှ မဟုတ်တာ။ စစ်တပ်တို့၊ ရဲတို့၊ လုံထိန်းတို့၊ အက်စ်ဘီတို့ ဒီလိုအဖွဲ့အစည်းတွေမှ မဟုတ်တာ။ သူတို့က အရပ်ဖက်အဖွဲ့အစည်းတွေပဲ။သူတို့အနေနဲ့ အရပ်ဖက် ဖွဲ့ထားတဲ့ လူမှုရေးအဖွဲ့တွေလို့ နာမည်ခံထားတဲ့ အဖွဲ့တွေပဲ။ ဒီကိစ္စမှာ သူတို့အနေနဲ့ လူတွေကိုဝင်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်ဖို့ ဘာမှအကြောင်းမရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။”အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်၊ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးကတည်းက နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတာကြောင့် အခုကာလအတွင်း မွေးနေ့ပေါင်း ၆ ခုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီးပါပြီ။ သူ့ကိုလွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ၀ိုင်းဝန်းတောင်းဆိုတာတွေ ဆက်လက်ထွက်ပေါ်နေဆဲပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့ ဒီတောင်းဆိုမှုတွေအားလုံးကို မျက်ကွယ်ပြုပြီးပြီးခဲ့တဲ့လကုန်ကပဲ နောက်ထပ် အကျယ်ချုပ်သက်တမ်းတနှစ် ထပ်တိုးခဲ့ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ

ပြင်သစ်သမ္မတ နစ်ကိုလပ်စ်ဆာကိုဇီ (၀ဲ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း။

19 June 2008

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) နဲ့ ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ မြန်မာပြည်သူတွေအတွက် အနစ်နာခံ စွန့်လွှတ်မှုတွေအတွက် ချီးကျူးတဲ့အကြောင်း အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ ပေးပို့ခဲ့ကြပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ချစ်ခင်လေးစားရသော အောင်ဆန်းစုကြည်လို့ နွေးနွေးထွေးထွေး ခေါ်ဝေါ်သုံးနှုန်းထားတဲ့ ဒီအိတ်ဖွင့်ပေးစာထဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားတောက်ပြောင်တဲ့ သူရသတ္တိနဲ့ လူထုအတွက် အနစ်နာခံမှုတွေကို ချီးကျူးထားကြတဲ့အပြင် သူ့ကိုလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း စစ်အစိုးရကို တောင်းဆိုထားကြပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲဟာ ယုံကြည်ကိုးစားဖွယ် လုံးဝမရှိဘူးလို့ ဆိုထားပါတယ်။
အရပ်သားအတိုက်အခံတွေ၊ တိုင်းရင်းသားအုပ်စုတွေရဲ့ ဘက်ပေါင်းစုံ ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တရပ်ကို အချိန်မဆွဲဘဲ စတင်ပြုလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအနေအထားဟာ ကျေနပ်စရာလည်း မရှိသလို တာရှည်တည်တံ့နိုင်မှာလည်း မဟုတ်တဲ့အတွက် သတ္တိရှိရှိ စတင်ဆောင်ရွက်ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်လို့လည်း ဆက်ပြောထားပါတယ်။
လေဘေးကိစ္စမှာလည်း လေဘေးသင့်ဒေသတွေဆီ အကူအညီပေးပို့ရေးကို စစ်အာဏာပိုင်တွေက အဆောတလျင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ ဖော်ပြထားပါတယ်။ ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ကြိုးပမ်းမှုဟာ အားတက်စရာကောင်းပြီး လတ်တလော ကယ်ဆယ်ရေးနဲ့ ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကူညီသွားမယ်လို့လည်း ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင် နှစ်ဦးတို့က တာဝန်ယူ ပြောကြားထားကြပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး


နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 13:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာတပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ဖမ်းဆီးသွားသည်။ ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။ ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။ ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။ အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။ မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်