သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားခဲ့ပါသည်။
သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။
နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။
Sunday, May 25, 2008
သီတဂူဆရာတော် တရားပွဲလာ ပရိတ်သတ်များ
Posted by
54freedom
at
11:45 PM
0
comments
နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ မြန်မာပြည်ဝင်ခွင့် ရရေး မရှင်းသေး

မြန်မာနိုင်ငံက လေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်များ ထားရှိဖို့ အခြေစိုက် စခန်းတစ်ခု ထိုင်းမြို့တော် လေဆိပ်မှာ မနေ့က ကုလသမဂ္ဂက ဖွင့်လှစ်လိုက်ပါတယ်။ နေပြည်တော်မှာ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံပြီး နောက်တနေ့ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဲဒီလို နေရာသတ်မှတ် စခန်းဖွင့်ပေးလိုက်တာပါ။
ကျွမ်းကျင်သူ နိုင်ငံခြားသား ကယ်ဆယ်ရေး အလုပ်သမားများ အားလုံး မြန်မာနိုင်ငံတွင်း ၀င်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောတူလိုက်ကြောင်း သောကြာနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။ အဲဒီအချိန်အထိ နိုင်ငံခြား ကယ်ဆယ် ထောက်ပံ့ရေး ၀န်ထမ်းများ မြန်မာနိုင်ငံတွင်း လေဘေးသင့် ဒေသများ သွားရောက်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်ခွင့် စစ်အစိုးရက ကန့်သတ်ချုပ်ချယ် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ စနေနေ့မှာပဲ မြန်မာနိုင်ငံအတွင်း လေဘေးသင့်တဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း နယ်တချို့မှာ ရွှေ့ဆိုင်းခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပ ပြုလုပ်ပါတယ်။
ဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျလို့ သေကျေပျက်ဆီး များလွန်းနေတဲ့အချိန်မှာ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ စစ်အစိုးရက မြန်မာနိုင်ငံကျန်ဒေသများက မေလ ၁၀ ရက်နေ့က ဖွဲ့စည်းပုံ မူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆီ ဦးတည်သွားစေမယ့် အဲဒီဖွဲ့စည်းပုံမူကြမ်းကို မဲဆန္ဒရှင်များက တခဲနက် ထောက်ခံခဲ့ကြတယ်လို့ စစ်အစိုးရက ကြေညာခဲ့ပြီး အတိုက်အခံများ၊ လူအခွင့်အရေး အဖွဲ့အစည်းများကတော့ စစ်တပ် အာဏာမြဲရေးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မူကြမ်းဖြစ်တယ်လို့ ဝေဖန် နေကြပါတယ်။
မနက်ဖြန် ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပူးတွဲ ကမကထ ပြုလုပ်မယ့် အလှူရှင်များ စည်ဝေးပွဲသို့ ဘန်ကီမွန်း တက်ရောက်မှာဖြစ်ပြီး စစ်အစိုးရက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တောင်းဆိုထားပါတယ်။
နာဂစ် ဆိုင်ကလုန်းလေမုန်တိုင်းကြောင့် လူ ၁၈,၀၀၀ လောက်နီးပါး သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။
Posted by
54freedom
at
6:15 PM
0
comments
Labels: ပြည်တွင်း သတင်းများ
Cyclone aid conference in Burma
Cyclone aid conference in Burma
The conference is being sponsored jointly by the United Nations and the South-East Asian regional organisation, ASEAN.
But correspondents say many countries are reluctant to pledge more aid without clear-cut assurances.
Cyclone Nargis is estimated to have left more than 130,000 people dead or missing.

In the aftermath of the cyclone, many people are less interested in the voting, say local peopole
Posted by
54freedom
at
6:00 PM
0
comments
Labels: Inside Burma News in English
ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်
မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။
နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့ ပြောတော့ တပိဿာကို လူ ၂၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။
“ဆန်က တအိတ် ၂သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်ပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”
“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ် သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”
“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”
“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”
ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း “သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်“တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမေရိကားက ကက်တရီးနား မုန်တိုင်းဘေး ဒုက္ခသည်မျိုးတွေအတွက် လိုအပ်မယ့် အကြံပေးစကားတွေ ဟာ ငါတို့ မြန်မာပြည်နဲ့ ဘာမှ မဆိုင်သေးမှန်း သိလိုက်ပြီ။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေး ဘူးခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။
ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ သူတို့နဲ့ ပြောင်းပြန် တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။
ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။
“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။
မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။
ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။
ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။
နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။
“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”
“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”
“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”
“...................................... ဆို”
“...............................ဆို”
သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။
ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။
၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။
အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။
လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”
တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။
“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”
အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။
ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူ ချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။
Posted by
54freedom
at
5:55 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၁ နှစ်တိုးပြီး ချုပ်နှောင်
၂၀၀၃ မေလ စစ်အစိုးရ၏ အလိုတော်ရိများ၏ မအောင်မြင်သော ဒီပဲယင်းလုပ်ကြံမှုကြီးနောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ၁ နှစ်တိုးလိုက်ကြောင်း စစ်အစိုးရက ကြေညာသည်။ ပြည်တွင်းရှိ တည်ဆဲဥပဒေအရ ၅ ကြိမ်ထက် ပိုပြီး နေအိမ်အကျယ်ချုပ်ပြုခွင့်မရှိကြောင်း အတိုက်အခံပါတီနှင့် နိုင်ငံတကာက ဥပဒေပညာရှင်များက ကန့်ကွက် ပြောဆိုကြသည်။
Posted by
54freedom
at
5:23 PM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေးဒုက္ခသည်များမှ တပ်မတော်အား လှူဒါန်းသည်။
လေဘေးဒုက္ခသည်များမှ နိုင်ငံတကာမှ ပေးပို့လိုက်သော အကူအညီများကို မရရှိသဖြင့်၊ စစ်တပ်မှ ဒုက္ခသည်စခန်းများတွင် ဟန်ပြချထားသည့် ပါကင်ပုံး အထုပ်များပေါ်တွင် “လေဘေးဒုက္ခသည်များမှ တပ်မတော်အား လှူဒါန်းသည်။” ဟူသော စာများရေးခြစ်၊ကပ်ထား သည်ကို
တွေ့ခဲ့ရသည်ဟု မြန်မာပြည်သို့ ကိုယ်တိုင်ဆင်းပြီး ဒုက္ခသည်ကယ်ဆယ်ရေး လှူပ်ရှားခဲ့သည့် OBP member တဦး ပြောကြား သည်ကို သိရှိရပါသည်။
မတရားလုပ်စားသူများ မျိုနိုင်၊ဆို့နိုင်၊ အံဖတ်ဆို့၍ သေနိုင်ကြပါစေ သောဝ်…..
Posted by
54freedom
at
10:46 AM
0
comments
ပြည်ပရောက်မျိုးချစ်မြန်မာများမှ မုန်တိုင်းဒုက္ခသည်ပြည်သူများသို့ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းခြင်း
ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ၊ နာဂစ်မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တလျှောက် ရောက်ရှိခဲ့သော လေဘေးသင့် တောရွာဒေသများရှိ ကြမ္မာဆိုးကြောင့် အတိဒုက္ခရောက်ရရှာသော အပြစ်မဲ့ကလေးငယ်များ နှင့် ပြည်သူပြည်သားများအား ရေသန့်၊ဆန်ဆီဆား၊ပဲ..စသည်နှင့် အ၀တ်အထည်၊ဆေးဝါး စသည်တို့ ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြပါသည်။
Posted by
54freedom
at
9:30 AM
0
comments
Labels: ပြည်ပရောက်မျိုးချစ်မြန်မာများ၏ မုန်တိုင်းဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်း

