စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 22, 2008

အမေရိကန် စစ်သင်္ဘောတွေ ၀င်ရောက်ကူညီခွင့်ပြုရေး သမ္မတကတော် လော်ဒါဘုရှ် တောင်းဆို


22 May 2008


မြန်မာနိုင်ငံက ဆိုင်ကလုံး ဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး ခွင့်ပြုဖို့အတွက် အမေရိကန် သမ္မတကတော် လော်ဒါဘုရှ်က မြန်မာ စစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီ အထောက်အပံ့တွေကို ပေးဖို့အတွက် ဘာမှ ချွင်းချက်ထား ကန့်သတ်တာတွေ မထားဘူးလို့လည်း သမ္မတ ကတော် လော်ဒါဘုရှ်က IBB အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အသံလွှင့်ဌာနကို ပြောပါတယ်။

မြန်မာ အစိုးရအနေနဲ့ ဒီအကူအညီ လေယာဉ်တွေကို ဆင်းသက် ခွင့်ပြုတယ်ဆိုတဲ့ အတွက်လည်း ကျမအနေနဲ့ ၀မ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ရေတပ် သင်္ဘောတွေကိုလည်း အလားတူ ကမ်းဆိုက်ခွင့် ပေးဖို့ လော်ဒါဘုရှ်က မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ ပါတယ်။ လေယာဉ်နဲ့ သယ်လို့မရတဲ့ အထောက်အပံ့ ပစ္စည်းတွေကို သင်္ဘောတွေနဲ့ပဲ သယ်ဆောင် နိုင်တာကြောင့်ပဲ ဖြစ်တယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောပါတယ်။

သင်္ဘောထဲမှာ ပင်လယ် ဆားငန်ရေကနေ သောက်ရေသန့် အဖြစ် စစ်ထုတ်လို့ရတဲ့ ပစ္စည်း ကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေကြီးတဲ့ နေရာတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ထောက်ပံ့ ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်တွေလည်း ဒီသင်္ဘော ပေါ်မှာလည်း ပါရှိတယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ အမေရိကန်ဘက်က အထောက်အပံ့ လေယာဉ်တွေ အစီးပေါင်း (၄၀)စာ မြန်မာ နိုင်ငံကို မုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေအတွက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာအစိုးရ သတင်းစာမှာတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေပါ အနောက်ကနေပြီး နှောင်ကြိုး ပါတယ်လို့ ဝေဖန်ဆောင်းပါးရေးထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များကို နမူနာပြ ဖမ်းဆီး


ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဖယ်ရှားရှင်းလင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ဘက်မှ ပြန်လာသူများက ပြောသည်။

ယခုလ (၁၉) တွင် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သူတဦးက “ကျနော်တို့ ကွမ်းခြံကုန်းမြို့နယ် က ပြန်လာတော့ လမ်းမှာ စစ်သားတွေ၊ ရဲတွေက ဒုက္ခသည်တွေကို လမ်းဘေးမှာ မနေဖို့ အော်လံတွေနဲ့ တားနေတာ တွေ့ရတယ်။ အမိန့်ကို မနာခံရင် ဖမ်းမယ်၊ တချို့နေရာတွေမှာတော့ တယောက်ကို ဒဏ်ငွေ ကျပ် (၃,၀၀၀) ရိုက်မယ်ဆိုပြီး ကြေညာတာ ကြားရတယ်” ဟု ပြောသည်။

ဒုက္ခသည်များက စစ်ကားနှင့် ရဲများ ချထားသည့် နေရာများတွင်မနေဘဲ အခြားနေရာများ၌ သွား စုရုံးကြကာ စစ်ကားများ ရောက်လာပါက လမ်းဘေးသို့ ဆင်းပြေးကြပြီး စစ်ကားများ လွန်သွား ပြီးနောက် လမ်းပေါ်သို့ ပြန်တက်လာကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်နားရှိ ကျေးရွာတရွာ၌ လူ (၂၃) ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပညာပေး ပြန်လွှတ်လိုက်သော်လည်း နောက်နေ့များတွင် ထပ်ဖမ်းမိပါက ပြန်လွှတ်မည်မဟုတ်ဟု ပြောသည့် အတွက် ဒုက္ခသည်များ မကျေမနပ်ဖြစ်နေကြကြောင်း ပစ္စည်းသွားရောက်လှူဒါန်းသူတဦးက ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်အတွင်း ကျေးရွာများ၌ ပြည်သူအများအပြား အိုးအိမ်ကျွဲနွားများ ဆုံးရှုံးကြပြီး အများစုမှာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည်။

အချို့ရွာသားများမှာ ၎င်းတို့၏ ရွာများတွင် ဖြစ်သလို ပြန်နေကြရပြီး အစိုးရနှင့် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများ မရရှိသေးပေ။

အဆိုပါ ကျေးရွာများမှ ဒုက္ခသည်များသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပုဂ္ဂလိက အလှူရှင် များ မလာရောက်သည့်အတွက် ရန်ကုန်မြို့မှ အလှူရှင်အများအပြား လာရောက်သည့် ကော့မှူး၊ ကွမ်းခြံကုန်း ကားလမ်းများပေါ်သို့ တက်ပြီး အလှူခံကြခြင်းဖြစ်သည်။

နအဖ အာဏာပိုင်များက ကွမ်းခြံကုန်းမြို့အ၀င် ဘောလုံးကွင်း၌ ယာယီတဲ အလုံး (၂၀) ကျော် ထိုးပြီး ဒုက္ခသည်များကို စောင့်ရှောက်ထားသော်လည်း လုံလောက်မှုမရှိပေ။

လတ်တလောတွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လေဘေးဒဏ်ခံ ဒေသများသို့ လှည့်လည်ကြည့်ရှုနေခြင်း၊ ယနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာ နိုင်ငံလာရောက်ပြီး ဒုက္ခသည်များကို လိုက်လံကြည့်ရှုရန် ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့
လမ်းပေါ်ရှိ သောင်းနှင့်ချီသည့် ဒုက္ခသည်များကို ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်ကြသည်။

ဖျာပုံ-ဘိုကလေး ကားလမ်းတလျှောက်၌လည်း ဒုက္ခသည် သောင်းနှင့်ချီ ရှိနေပြီး နအဖ အာဏာပိုင်များက စစ်တပ်နှင့် ရဲများကို အသုံးပြုကာ အဓမ္မ ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များအတွက် ဆန် ပြည်တွင်းဈေးကွက်မှာ WFP ကို ၀ယ်ခွင့်ပေး

NEJ/ ၂၂ မေ ၂၀၀၈

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကျွေးရမည့်ဆန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်အဖွဲ့ (WFP) အား ပြည်တွင်းဈေးကွက်တွင် ဆန်ဝယ်ရန် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။
မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို (၃) လစာ ကျွေးရမည့် ဆန်ပမာဏထဲမှ ပဏာမ ဆန်တန်ချိန် (၁) သောင်းကို ယခုကဲ့သို့ ပြည်တွင်း၌ ၀ယ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က သတင်းထုတ်ပြန်သည်။
သို့သော် မုန်တိုင်းဒုက္ခသည်များအတွက် လိုသည့်ဆန်ပမာဏ အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် WFP ကို ရောင်းချမည့် ဆန်ကုန်သည်များမှာ WFP ကို ရောင်းချနေကြ ဆန်ကုန်သည် များသာ ဖြစ်ရမည်ဟု ခွင့်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း သားသမီးများပိုင်သည့် ကုမ္ပဏီများသာ ဆန်ရောင်းခွင့်ရမည်ဖြစ်ပြီး သာမန်ဆန်ကုန်သည်များမှာ WFP ကို ဆန်ရောင်းခွင့်မရနိုင်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။
မုန်တိုင်းဒုက္ခသည် (၇) သိန်းခွဲကို (၃) လစာကျွေးရန်အတွက် ဆန်တန်ချိန် (၅) သောင်းခွဲ လိုမည်ဟု WFP က မှန်းထားသည့်အနက် ဆန်လိုအပ်ချက်၏ (၅၀) ရာနှုန်းကို ပြည်တွင်း၌
ဝယ်ရန်များသည်ဟု UNOCHA အဖွဲ့က ပြောသည်။
ပြည်ပဆန်တင်ပို့ခွင့်ရှိသည့် ကုမ္ပဏီများအနေဖြင့် မုန်တိုင်းမတိုင်မီက ဆန်ဝယ်ခွင့်ပြုထားသည့် နှုန်းမှာ ဧရာဝတီတိုင်းက ဆန်တန်ချိန် (၅) သိန်း၊ ပဲခူးတိုင်းက ဆန်တန်ချိန် (၁) သိန်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်တန်ချိန် (၁) သောင်းတို့ဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ စပါးအပျက်နှုန်းမှာ သိုလှောင်ထားသည့် စပါးတန်ချိန် (၆) သိန်းအပါအ၀င် တန်ချိန် (၇) သိန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။ မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့နှုန်းက လွန်ခဲ့သည့် နှစ် (၄၀) အတွင်း တနှစ်တန်ချိန် (၄) သန်းမှ တနှစ်တန်ချိန် (၄) သောင်းထိ ကျသွားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အန်အယ်လ်ဒီ ပါတီဝင် (၁၁) ဦး ဖမ်းဆီးခံရ

ပီတာအောင်/ ၂၂ မေ ၂၀၀၈


ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် (၁၁) ဦးတို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ယနေ့နံနက် အစောပိုင်းတွင် ၎င်းတို့နေအိမ်များမှ လိုက်လံဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောကြားသည်။

၎င်းတို့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားကြောင်းနှင့် မည်သည့်နေရာ၌ ထိန်းသိမ်း ထားကြောင်းကိုမူ မသိရသေးဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ အတည်ပြုလို့ရတာ (၁၁) ဦးပါ။ နေအိမ်တွေကနေ ခေါ်သွားတာပါ။ ခေါ်သွား တာကတော့ သတင်းတပ်ဖွဲ့က ခေါ်သွားတာပဲ။ ဘယ်မှာထားထားလဲဆိုတာ ခုထက်ထိ အဆက် အသွယ်မရသေးဘူး။ ဘာကြောင့် ဖမ်းတာလဲဆိုတာ မသိရသေးဘူး။ (၂၄) ၇က်နေ့ ဆန္ဒမဲပေးပွဲ ကြောင့်ဖြစ်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ သူတို့အားလုံးဟာ တက်တက်ကြွကြွ အလုပ်လုပ် တတ်တဲ့လူတွေဆိုတော့ အဲဒီရက်အတွက်များ ဖြစ်လေမလားလို့ ကျနော်တော့ အဲသလို စဉ်းစား မိတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အန်အယ်လ်ဒီ ဗဟိုလူငယ်အဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် ကိုခင်ထွန်း၊ ကြည့်မြင်တိုင်မြို့ နယ်မှ ကိုကျော်ကျော်မိုးနှင့် ကိုအောင်သိန်း၊ စမ်းချောင်းမြို့နယ်မှ ဦးသက်ဝေ (ခေါ်) ကိုပေါက်စ၊ ရွှေပြည်သာမြို့နယ်မှ ဒေါ်ရှမ်းမနှင့် ဒေါ်ထက်ထက်ဦးဝေ၊ ဒဂုံမြို့သစ် တောင်ပိုင်းမှ မချို၊ ကိုလေးလွင်နှင့် မဥမ္မာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ မ၀င်းပပတို့ဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရက အန်အယ်လ်ဒီပါတီဝင်များကို စက်တင်ဘာ အရေးအခင်း မတိုင်မီနှင့် အရေး အခင်းနောက်ပိုင်းတွင် တရားလက်လွတ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေကိုဖော်ပြသည့် အဖြစ် အပျက်တခု ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဗိုက်ပြည့်ရေး တာဝန်

ဗိုက်ပြည့်ရေး တာဝန်

မခံကြနဲ့  အငတ် ၊
ပြန်ချဟဲ့အပြတ် ၊
သံသယနဲ့ရပ်မနေနဲ့ ..။

စစ်တပ်ဆိုတာ သတ်ယုံသတ်ရဲတဲ့ကောင်တွေ
ငဒို့ မှာဆုံးရှုံးစရာ
ဘ၀ဆိုးကြီးကလွဲလို့
ငရဲမရှိ....။

ကိုမွှေး

အပြည့်အစုံဖတ်လိုလျှင်

စောက်သုံးမကျတဲ့ ခွေးစိတ်ပေါက်နေတဲ့ စစ်အစိုးရကြောင့်

ဒါဟာ မုန်တိုင်းကြောင့် မဟုတ်ဘူး၊ စောက်သုံးမကျတဲ့ ခွေးစိတ်ပေါက်နေတဲ့ စစ်အစိုးရကြောင့် တချိန်က မြေကြီးမှာ ရွှေသီးပါတယ် ဆိုတဲ့ ငါတို့ မြန်မာလူမျိုးတွေ၊ အခုတော့ သူတောင်းစားဘ၀ရောက်ရပြီ။ ရင်နာလိုက်တာကွာ….တောက်!!!

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ် သတင်း

ဘန်ကီမွန်းနှင့်လုံခြုံရေးလိုက်လာသည့် ကုလသမဂ္ဂ နိုင်ငံတကာတပ်ဖွဲ့ ဟု ယူဆရသော
တပ်ဖွဲ့ တစ်ဖွဲ့ သည် ရန်ကုန်မြို့တွင်းတွင်ပင်ရှိနေသော်လည်း နအဖသည် လက်ရဲဇက်ရဲဖြင့် ငတ်နေသော ပြည်သူကို ရိုက်နှက်ကာ
အလှူရှင်များအား ဖမ်းဆီးသော လူဖမ်းပွဲကြီးအား ကျင်းပနေပါသည်။


Posted by Moethee Zun at 05:27

အပြည့်အစုံဖတ်လိုလျှင်