ပီတာအောင်/ ၂၂ မေ ၂၀၀၈
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် (၁၁) ဦးတို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ယနေ့နံနက် အစောပိုင်းတွင် ၎င်းတို့နေအိမ်များမှ လိုက်လံဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောကြားသည်။
၎င်းတို့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားကြောင်းနှင့် မည်သည့်နေရာ၌ ထိန်းသိမ်း ထားကြောင်းကိုမူ မသိရသေးဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
၎င်းက “ကျနော်တို့ အတည်ပြုလို့ရတာ (၁၁) ဦးပါ။ နေအိမ်တွေကနေ ခေါ်သွားတာပါ။ ခေါ်သွား တာကတော့ သတင်းတပ်ဖွဲ့က ခေါ်သွားတာပဲ။ ဘယ်မှာထားထားလဲဆိုတာ ခုထက်ထိ အဆက် အသွယ်မရသေးဘူး။ ဘာကြောင့် ဖမ်းတာလဲဆိုတာ မသိရသေးဘူး။ (၂၄) ၇က်နေ့ ဆန္ဒမဲပေးပွဲ ကြောင့်ဖြစ်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ သူတို့အားလုံးဟာ တက်တက်ကြွကြွ အလုပ်လုပ် တတ်တဲ့လူတွေဆိုတော့ အဲဒီရက်အတွက်များ ဖြစ်လေမလားလို့ ကျနော်တော့ အဲသလို စဉ်းစား မိတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ အန်အယ်လ်ဒီ ဗဟိုလူငယ်အဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် ကိုခင်ထွန်း၊ ကြည့်မြင်တိုင်မြို့ နယ်မှ ကိုကျော်ကျော်မိုးနှင့် ကိုအောင်သိန်း၊ စမ်းချောင်းမြို့နယ်မှ ဦးသက်ဝေ (ခေါ်) ကိုပေါက်စ၊ ရွှေပြည်သာမြို့နယ်မှ ဒေါ်ရှမ်းမနှင့် ဒေါ်ထက်ထက်ဦးဝေ၊ ဒဂုံမြို့သစ် တောင်ပိုင်းမှ မချို၊ ကိုလေးလွင်နှင့် မဥမ္မာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ မ၀င်းပပတို့ဖြစ်ကြောင်း သိရသည်။
နအဖစစ်အစိုးရက အန်အယ်လ်ဒီပါတီဝင်များကို စက်တင်ဘာ အရေးအခင်း မတိုင်မီနှင့် အရေး အခင်းနောက်ပိုင်းတွင် တရားလက်လွတ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေကိုဖော်ပြသည့် အဖြစ် အပျက်တခု ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ ။
Thursday, May 22, 2008
အန်အယ်လ်ဒီ ပါတီဝင် (၁၁) ဦး ဖမ်းဆီးခံရ
Posted by
54freedom
at
7:51 PM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment