စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, January 22, 2008

ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒများ

အပြည်ပြည်ဆိုင်ရာသံဃာ့ဥသျှောင် အဖွဲ့၏ အထွေထွေအတွင်းရေးမှုး ဦးဥတ္တရ မှ စင်္ကာပူနိုင်ငံရှိ
သံဃာတော်များ၊ဒီမိုကရေစီအင်အားစုများ နှင့် တွေ့ဆုံဆွေးနွေးနေစဉ်.......

အပိုင်း(၁)







အပိုင်း(၂)





အပိုင်း(၃)




ဆရာတော်မှ ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် ပြီးတော့ပဲတိုက်တိုက် လက်နက်မကိုင်ပဲတိုက်တိုက်ဘုန်းကြီး

တို့က ဒီထဲက လုပ်ငန်းတစ်ခုပဲ ဟုမိန့်ကြားခဲ့ပါသည်။


အပြည့်အစုံဖတ်လိုလျှင်

Sunday, January 20, 2008

မလေးရှား ရှိ တော်လှန်ရေး ညီအကိုမောင်နှမ များဆီသို့ အလည်တစ်ခေါက်







၂၀.၁.၂၀၀၈၊ တနင်္ဂနွေနေ့ မနက်က မလေးရှားနိုင်ငံ၊ ဂျဟိုးဘာရူးမြို့ သို့ ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)မှ နေ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ၊ မလေးရှား)မှ ပြောရေးဆိုခွင့်ရှိသူများနှင့်

ရှေ့ဆက်လုပ်ကိုင်သွားမည့် အစီအစဉ်များ လုပ်ဆောင်ရာတွင် တညီတညွှတ်တည်း စည်းစည်းလုံးလုံး၊ တိုင်တိုင်ပင်ပင် ဖြင့် အောင်မြင်မှုရသည်အထိ လုပ်ဆောင်သွားနိုင်ရေး၊ စည်းရုံးရေး၊ ဆွေးနွေးငြိနှိုင်း အမြင်ဖလှယ် ရေး ကို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ အောင်အောင်မြင်မြင်ဖြင့် ပြုလုပ်ခဲ့ကြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

Thursday, January 17, 2008

ခွင့်ပြုတော့


ခွင့်ပြုတော့

ငါ့အသက်ကတော့ သိပ်မကြီးသေးပါဘူး
ဒါပေမယ့်.....

ကွေးသောလက် မဆန့်မှီ
ဆန့်သောလက် မကွေးမှီ
ဆိုတဲ့ စကားအတိုင်း....

ငါ မသေခင်လေး
ဟို..စစ်ခွေးတွေနဲ့
ဓါး၊ဓါးချင်း ယှဉ်ခုတ်ခွင့်လေး ရချင်တယ်
လှံ၊လှံချင်း ယှဉ်ထိုးခွင့်လေး ရချင်တယ်
သေနတ်၊သေနတ်ချင်း ယှဉ်ပစ်ခွင့်လေး ရချင်တယ်

သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးဖို့
ကျွန်ုပ်အား အခွင့်ပြုပါ
လောကကြီး ။ ။

54freedom

အပြည့်အစုံဖတ်လိုလျှင်

Tuesday, January 15, 2008

Beyond Rangoon Movie

၈၈၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို ကျောရိုးထား ရိုက်ကူးထားသော Beyond Rangoon ရှပ်ရှင်ကားကြီးကို ရှု့စားကြရအောင်…..


၈၈၈၈ တုန်းကလို ညီညွှတ်မှုမျိုးနဲ့ စစ်အစိုးရ ပြုတ်ကျအောင် တစ်ပေါင်းတစ်စည်းတည်း တိုက်ကြပါစို့……


Beyond Rangoon

From Wikipedia, the free encyclopedia

Jump to: navigation, search
Beyond Rangoon
Directed by John Boorman
Produced by Sean Ryerson (executive producer)
Written by Alex Lasker
Bill Rubenstein
Starring Patricia Arquette
Frances McDormand
U Aung Ko
Johnny Cheah
Adelle Lutz
Music by Richard Harvey
Hans Zimmer
Cinematography John Seale
Editing by Ron Davis
Distributed by Columbia Pictures
Release date(s) August 25, 1995 (USA)
Running time 100 min.
Language English
IMDb profile

Beyond Rangoon is a 1995 drama film by John Boorman about Laura Bowman (played by Patricia Arquette), an American tourist who vacations in Burma (Myanmar) in 1988, the year in which the 8888 Uprising takes place. The film was mostly filmed in Malaysia, and is based on a true story.

Bowman joins, albeit initially unintentionally, political rallies with university students protesting for democracy, and travels with the student leader U Aung Ko throughout Burma. There, they see the brutality of the military dictators of the State Law and Order Restoration Council (SLORC), and attempt to escape to Thailand. The film's tagline is "Truth has a witness".

[edit] Plot

Laura Bowman's son and husband were brutally murdered during a break-in. She is convinced by her sister to travel to Burma as a means of escape. There she discovers the brutal suppression of democracy under General Ne Win, and receives her first glimpse of Aung San Suu Kyi, the embodyment of hope for a peaceful future in Burma.

When she loses her passport during a rally she gets detained in Burma. While doing last minute sightseeing she becomes involved with a former professor and various pro-democracy students, monks, and others. This puts her on the military government's enemies list.

Much of the film involves evading soldiers while attempting to make their way out of the country, which they eventually do. Laura, who is a doctor, decides to remain in Thailand treating refugees fleeing oppression.

[edit] Soundtrack

Beyond Rangoon is also an original soundtrack music album that features in the film of Beyond Rangoon. The majority of the soundtrack was composed by the German composer Hans Zimmer and the album was released in 1999.








၈၈၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို ကျောရိုးထား ရိုက်ကူးထားသော Beyond Yangoon ရှပ်ရှင်ကားကြီးကို ရှု့စားကြရအောင်…..



အပိုင်း (၁)





အပိုင်း (၂)





အပိုင်း (၃)






အပိုင်း (၄)







အပိုင်း (၅)






အပိုင်း (၆)






အပိုင်း (၇)






အပိုင်း (၈)







အပိုင်း (၉)





အပိုင်း (၁၀)






အပိုင်း (၁၁)








အပိုင်း (၁၂)










အပိုင်း (၁၃)









အပိုင်း (၁၄) ` ဇာတ်သိမ်းပိုင်း

အပြည့်အစုံဖတ်လိုလျှင်

Sunday, January 13, 2008

ကိုဘိုဘိုကျော်ငြိမ်း ၏ ဆောင်းပါးကောင်းလေး တစ်ပုဒ်

ကိုဘိုဘိုကျော်ငြိမ်း ၏ ဆောင်းပါးကောင်းလေး တစ်ပုဒ် ကို

မဇ္ဈိမ အင်တာနက်သတင်း မှ ကူးယူ၍ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါသည်




လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကျနော်တို့ရဲ့ နိုင်ငံရေးတာဝန်

ဘိုဘိုကျော်ငြိမ်း
နယူးယောက် – ဇန်နဝါရီ ၂ဝဝ၈

လက်ရှိ ဗမာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တိုင်းပြည်ရဲ့ရာဇဝင်ကို ပြောင်းလဲနိုင်တဲ့ လမ်းခွကို ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဆွေးနွေးခြင်းနဲ့ တိုင်းပြည်အတွက် အဖြေရှာနိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးဘဲပေါ့။ ဒါပေမဲ့ အာဏာ လက်ကိုင်ထားသူတွေက နိုင်ငံရေး ကျားကစားပြီး အချိန်ဆွဲကစားမယ် ဆိုရင်တော့ ဒီတချီအနာခံပြီး အောင်မြင်အောင် တွန်းလှန်ကြဖို့ပဲ ရှိပါတော့တယ်။ ဒါကို ကျနော်က (PlanB) ဒုတိယအစီအစဉ် (သို့) နောက်ချန်အကွက်လို့ ခေါ်ဆိုခဲ့ပါတယ်။

ကျနော်တို့ရဲ့ (အင်အား)ဟာ လမ်းပေါ်မှာ ရှိရမယ့် လူထုအုံကြွမှု တော်လှန်မှုပဲ ဖြစ်တယ်။

စစ်တပ်က ကြောက်တာ၊ စိုးရိမ်တာ ဒီလူထုအင်အားပဲ ဖြစ်တယ်။ ပေးရင်ပေး၊ ပြောရင်ပြော။ မပြောရင်၊ မပေးရင် နောက်ဆုံး တိုက်ယူရမှာပဲဆိုတဲ့ (အသိ) ဒို့မှာရှိကြောင်း ဒင်းတို့သိမှ ဆွေးနွေးပွဲကို လေးလေးစာစား ဒင်းတို့ ပါလာမှာပါ။ ဒါဟာ ဒေါ်စုကို အားပေးခြင်းပဲ ဖြစ်တယ်။

ဒါကြောင့် (PlanB)(သို့) ဒီနောက်ချန်ကွက်ကို ဖေါ်ထုတ်နိုင်အောင် ကြိုးစား အကောင်အထည် ဖေါ်ရမှာက ကျနော်တို့ အားလုံးရဲ့ တာဝန် ဖြစ်တယ်။

ဒီ PlanB မရှိခဲ့လို့ နအဖဟာ အနှစ် (၂ဝ) နီးပါး ဗမာနိုင်ငံသားတွေကို နားရင်းတီးပြီး ကမ္ဘာကို လိမ်ညာခဲ့နိုင်တာပါ။ မေတ္တာနည်းနဲ့ မရရင် ဒင်းတို့ကိုလည်း ပါးရိုက်ပြီး ကိုယ့်အခွင့်အရေးကို ပြန်တိုက်ယူရမှာပါ။ အနာခံတိုက်ယူမှ ရမယ်ဆိုရင်လည်း အနာခံပြီး တိုက်ယူကြရမှာပဲပေါ့။

ဒေါ်စုကိုပဲ စောင့်နေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေလည်း အားကိုး မနေကြပါနဲ့။

ဒေါ်စုအပေါ် တာဝန်အားလုံး ပုံချပြီး ကမ္ဘာလှည့် တောင်းစားနေကြတဲ့ ခေါင်းဆောင်ကြီးတွေကိုလည်း နားယောင် မနေကြပါနဲ့တော့။

ဒေါ်စုဟာ သူ့တာဝန်သူ ကျေပွန်စွာ အနာခံ ဦးဆောင်လျက် ရှိတယ်။ ဒေါ်စုဟာ တိုင်းပြည် တာဝန်ကြီးကို သူ့ပခုံးမှာတင်ပြီး တဦးတည်း ရုန်းကန်လျက် ရှိတယ်။ အထိန်းသိမ်းခံ ဘဝက ရုန်းကန် ရရှာတာပါ။ အများက ကြည့်ကောင်းကောင်းနဲ့ ဒီမိုကရေစီကို ဒေါ်စုယူပေးလိမ့်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ လက်ပိုက်ကြည့် နေကြတယ်လို့ ခံစားမိတယ်။ စာတမ်းတွေထုတ်၊ သတင်း အရောင်းအဝယ်လုပ်၊ သံရုံးရှေ့ဆန္ဒပြ၊ အင်တာနက်ပေါ်တက်ကြည့် သတင်းဖလှယ်ကြ၊ အပြိုင်အဆိုင် အင်တာဗျူး ပေးကြတာကိုပဲ နိုင်ငံရေး လုပ်နေပြီ၊ တိုင်းပြည်အတွက် အကျိုး ဆောင်ရွက်နေပြီလို့ ထင်နေကြတာက များပါတယ်။

အဲ ---- ဒီမိုကရေစီကိုတော့ (ဒေါ်စု) ယူပေးလိမ့်မယ်ပေါ့။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ (၈၈) က ခေါင်းဆောင်တွေနဲ့ NLD လူငယ်တွေ၊ သံဃာတော် အရှင်မြတ်တွေ၊ မျိုးချစ် လူငယ်လေးတွေ ကိုယ်ကျိုးစွန့်၊ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြလို့ ရွှေဝါရောင် တော်လှန်ရေးဘဲ ခေါ်ခေါ်၊ Saffron-Revolution ဘဲခေါ်ခေါ် လူထုဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာက တောင်းဆို ကြွေးကြော်လာလို့သာ ဆွေးနွေးပွဲ အရောင် ပေါ်ခဲ့ရတာပါ။

ရွှေဝါရောင် တော်လှန်ရေး ပေါ်လာတော့မှပဲ အတွင်းနဲ့အပြင် (ခါးပြတ်) နေတာ ဘွင်းဘွင်းကြီး ပေါ်လာတော့တယ်။ ရွှေဝါရောင်တော်လှန်ရေး ပေါ်လာမှ အတွင်းမှာ နိုင်ငံရေး အဆောက်အဦ Plolitical Infrastructure (သို့) UG-Underground လို့ခေါ်တဲ့ မြေအောက် လှုပ်ရှားမှု မရှိဘဲ မဖြစ်ဘူးဆိုတာ သိသာ ထင်ရှားလာတော့တယ်။

လူထုတော်လှန်ရေး၊ လူထုအုံကြွမှုဆိုတာ ပြောတော့ အင်မတန် လွယ်ပေမယ့် ဖော်ဆောင်ရ အင်မတန် ခက်ခဲလှပါတယ်။ အထူးသဖြင့် ဓားမိုးအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ပိုခက်ခဲလှပါတယ်။ တယောက်ထဲ (အသိ) (သို့) တအုပ်စု (အသိ)၊ တအုပ်စု ကြိုးစားမှုနဲ့ မရနိုင်ပါဘူး။ အားလုံး (အသိ) ရှိပြီး အားလုံး ပြိုင်တူပါဝင် အနစ်နာခံ ပါဝင်အားပေးလာမှ အောင်မြင်နိုင်ပါတယ်။

ဒါကြောင့် ဒီဖော်ဆောင်မှုအတွက်(အားလုံး) တဦးချင်းစီမှာ တာဝန်ရှိတယ်လို့ ဆိုခဲ့တာပါ။ တဦးချင်း (အသိ) နဲ့ (တာဝန်) ယူ ဖော်ဆောင်ကြမှ ဖော်ထုတ်နိုင်ပါမယ်။

အားလုံးအတွက် (နေရာ) ရှိပါတယ်။ ကိုယ် (စွမ်းအား) ရှိသ၍ ကိုယ့်နေရာနဲ့ကိုယ် (ပါဝင်)၊ (တာဝန်) ယူနိုင်ကြပါတယ်။ (အသိ) နဲ့ (စ) ကြရအောင်။

ကျနော့်အတွေး ကျနော့်အမြင် မှားခဲ့ရင် ခွင့်လွှတ်ပါ။ ကျနော်တို့ အမှားဟာ ဒီမိုကရေစီကို ဒေါ်စု ယူပေးလိုက်မယ်၊ တို့တာဝန်က ဒေါ်စုကို ထောက်ခံကြရုံပဲ၊ ဒေါ်စုကို ထောက်ခံရင် တို့တာဝန်ကျေပြီလို့ ယူဆကျင့်ကြံ နေကြတယ်လို့ ခံစားမိတယ်။ ငါတို့ ဘာလုပ်နိုင်မှာလဲလို့ ထင်မိသူတွေလည်း ရှိမှာပါ။ ငါတို့ပဲ ဦးဆောင်မယ်၊ တို့က Legitimacy လို့ ခေါ်နိုင်တဲ့ တရားဝင်ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိသူတွေဆိုပြီး အထင်ရောက်နေသူတွေလည်း ရှိနိုင်ပါတယ်။

ရှေ့က ဦးဆောင်လုပ်ကြ၊ ငါတို့က တတ်အားသမျှ ဝိုင်းပံ့ပိုးမယ် ဆိုသူတွေလည်း ရှိမှာပါ။ စေတနာရှိပေမယ့် လမ်းပိတ်နေလို့ ရှေ့မတိုးနိုင်၊ ရှေ့မထွက်နိုင်သူတွေလည်း ရှိမှာပါ။ အရည်အချင်းလည်း ရှိတယ်၊ စေတနာလည်း ရှိပေမယ့် လုပ်စားနိုင်ငံရေးကို စိတ်ပျက်ပြီး ဘေးထွက် ထိုင်နေသူတွေလည်း ရှိမှာပါ။ ဒေါ်စုနဲ့ NLD နာမည်ပါရင် ပြီးရော၊ တို့လူကို မထိနဲ့ ဆိုသူတွေလည်း ရှိမှာပါ။ စေတနာမှန်တာမို့ ကိုယ့်နည်းနဲ့ကိုယ် ကြိတ်ကြိုးစားနေသူတွေလည်း ရှိမှာပါ။ ဘယ်သူမှန်တယ်၊ ဘယ်သူတော်တယ်တွေကို ဘေးဖယ်ပြီး ရလဒ်ကို ကြည့်ရင် ပြည်ပမှာ လှုပ်ရှားနေတဲ့သူတွေဟာ တယောက်တပေါက်နဲ့ အရပ်ရှစ်မျက်နှာဆီကို ဝိုင်းဆွဲနေကြတာကြောင့် ၁၈ နှစ် ကြာပြီးတာတောင် ရွှေ့လျားမှု မရှိခဲ့ကြပါဘူး။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေနဲ့ အခုထိ ရွာလည်နေကြတုန်းပါပဲ။

တနေ့နေ့ တချိန်ချိန် ဒီလို အုံကြွမှု ဖြစ်မယ်ဆိုတာ ဗေဒင်ကြည့်စရာ မလိုပေမယ့် ဘာမှ ကြိုတင် မပြင်ဆင်ခဲ့ကြဘူး။ ဖြစ်လာမှ လုပ်စားအဖွဲ့တချို့က ငွေထုပ်ပိုက်ပြီး လိုက်ဝေဖို့ ကြိုးစားကြပြန်တယ်။ ဒီရလဒ် ချို့ယွင်းချက်ဟာ ဘယ်က (စ) တာလဲ။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အားကိုယ်ကိုးရမယ် ဆိုတဲ့ (အသိ)၊ ငါလုပ်နိုင်တယ် ငါလုပ်ရမယ် ငါ့မှာ တာဝန် ရှိတယ်ဆိုတဲ့ (အသိ) က စတာပါ။ ဒီ (အသိ) ရှိမှ ငါ ဘာလုပ်နိုင်မလဲ။ ဆိုတာကို စဉ်းစားမိမယ်။ ဒီ (အသိ) ဝင်လာမှ (အင်အား) ကို ဘယ်က ရမှာလဲ။ ဆိုတာကို စဉ်းစားမိတယ်။

ဒီကမှတဆင့် (အင်အား) နဲ့ (ရလဒ်) ရှိဖို့ အတူတူ တွဲလုပ်ကြရမယ်ဆိုတဲ့ အသိဝင်လာပြီး နီးစပ်သူ အချင်းချင်း စိတ်ဝမ်းတူသူ အချင်းချင်း တွဲလုပ်လာကြလိမ့်မယ်။ ဒီရလဒ်ကမှတဆင့် (အရှိန်) Momentum ရလာရင် (အင်အား) ဖြည့်ဆီးပေးဖို့ (အလုပ်) နဲ့ (တွဲလုပ်) တာ ပေါ်ပေါက်လာမှာပါ။

ဗုဒ္ဓရဲ့ နည်းလမ်းမှာ တရားကို လိုချင်မှ လိုချင်စိတ်ပေါ်မှ တကယ် တရားထိုင်ဖြစ်ပြီး စိတ်ကိုထိန်းဖို့ သမာဓိရဖို့ ထွက်သက်ဝင်သက်ကို ရိုးရိုးလေး မှတ်ရတာပင် မလွယ်ပါ။ ဝေဒနာကျော်နိုင်မှ (ရုပ်)(နမ်)ကွဲတဲ့ အဆင့် ရောက်ပါတယ်။ အဆင့်တခု ရောက်ခဲ့ရင်လည်း တသက်မမေ့နိုင်သလို (အသိ) တရားတခု ဝင်လာပါတယ်။ ထိုနည်းတူ (လိုချင်) စိတ် ရှိမှ တရားကျင့်မိသလို၊ (လိုချင်) စိတ်ရှိမှ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာ (သိ)မှ (လုပ်)ချင်စိတ်ပေါ်ပြီး အလုပ်ကမှ (အသိ) တရားကို ရလာပါလိမ့်မယ်။ ဒါကြောင့် (အသိ)ဟာ အရေးကြီးလှပါတယ်။ ဒါလောက် အရေးပါတဲ့ (အသိ) ဟာ ဘာလဲ။

၁။ ဆွေးနွေးပွဲဖြစ်ခဲ့ရင် နအဖ လူလည်မကျနိုင်ဖို့ ထောက်ပို့ (အင်အား) (သို့) ဆွေးနွေးပွဲ ပျက်ခဲ့ရင်၊ ဖျက်ခဲ့ရင် ဖော်ထုတ်ရမယ့် Plan B (သို့) နောက်ချန် အစီအစဉ်ဟာ လူထုအုံကြွမှုပဲ ဖြစ်တယ်။
၂။ လူထုအုံကြွမှု ဖော်ထုတ်မှုဖြစ်ခဲ့ရင် အဆင့်ဆင့်တိုးတက်မှု၊ ကြီးထွားနိုင်မှုအတွက် ဦးဆောင်မှု Leadership နဲ့ စည်းရုံးရေး ရှိရပါမယ်။
၃။ ဒီ့အတွက် UG (Underground) Infrastructure မြေအောက် လှုပ်ရှားမှုအဖွဲ့ (သို့) အဆောက်အဦ လိုအပ်ပါတယ်။
၎။ UG ကို ဖော်ဆောင်ဖို့ ပံ့ပိုးဖို့ (လူ) နဲ့ (ငွေ) လိုပါတယ်။
၅။ (လူ) နဲ့ (ငွေ) ကို တကမ္ဘာလုံး ပြန့်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ (တခြား) ဌာနတွေက ရနိုင်ပါတယ်။

(မှတ်ချက် - ကိုယ့်နိုင်ငံအတွက် ကိုယ့်လူကိုမှ မစုနိုင်ရင် တခြား ဘယ်သူက လာကူချင်မှာလဲ။)

ဒီ (အသိ) ကို ရလာရင် ငါ (လုပ်) မှ ရမယ်ဆိုတာ (သိ) လာပြီး ဘာလုပ်ရမလဲ။ ဆိုတာကို ဆက်စဉ်းစားရတော့မယ်။ ဘာလုပ်ရမလဲ။ ဆိုတာကို မစဉ်းစားခင် ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးနဲ့ ခေတ်အဆက်ဆက်က လှုပ်ရှားမှုတွေကို သင်္ခန်းစာတွေယူပြီး ဘာတွေလိုသလဲ။ ဆိုတာတွေကို ချိန်ကြည့်ရအောင် -

စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ အချိန်ကစပြီး ဖြစ်ပေါ်လှုပ်ရှားခဲ့တဲ့ အရေးအခင်းတွေ အားလုံး ဂျူလိုင် (၇) ရက်၊ ဦးသန့်၊ မှိုင်း၊ (၈၈)၊ အားလုံးကို ကြည့်ရင် အကြောင်းတခု (သို့) ဖြစ်ရပ်တခုက ခံစားနေရတဲ့ အများပြည်သူကို လှုပ်ခါစေလိုက်တဲ့အတွက် အုံကြွမှု (စ) ဖြစ်ခဲ့ကြတာချည်းပါ။ တနည်းအားဖြင့် Spontaneous လို့ ခေါ်တဲ့ (ရုပ်တရက်) ပေါက်ကွဲမှု ဖြစ်တယ်။ ကြိုတင် ပြင်ဆင်ထားတဲ့ Planned event လုပ်ရပ်တွေ မဟုတ်ပါဘူး။

ဒါကြောင့် ပြောရဲ၊ ဆိုရဲ၊ ဦးဆောင်ရဲတဲ့ လူတွေဟာ ခေါင်းဆောင် ဖြစ်လာကြတယ်။ အင်မတန် ကြီးမားတဲ့ (၈၈၈၈) လူထု လှုပ်ရှားမှုကြီးက လွဲရင် ခေါင်းဆောင်ပိုင်း (သို့) ဦးစီးအဖွဲ့အစည်းကို ပိုင်ပိုင်နိုင်နိုင် မဖော်ထုတ်နိုင်ခဲ့ကြဘူး။ ခေါင်းဆောင်မှုကို ကျစ်ကျစ်လစ်လစ် မတည်ဆောက်နိုင်ခင်မှာဘဲ အဖြိုခွဲခံခဲ့ရတာ များပါတယ်။ (၈) လေးလုံး အရေးတော်ပုံကြီးမှာပဲ ဗကသတို့၊ မကသတို့ကို ပြန်အသက်သွင်းနိုင်ခဲ့ကြတာပါ။

ရလဒ်က ဘာလဲ။
၁ - မျိုးဆက်ပြတ်သွားတယ်
၂ - ခေါင်းဆောင်မှု အရည်အချင်းတွေ ဓါးသွေးစဉ်မှာ ရိုက်ချိုးခံရတယ်။
၃ - အရှိန်သေပြီး စိတ်ဓါတ်တွေ နှိပ်ကွပ်ခံရတယ်
၎ - ခေါင်းတွေဖြတ်၊ လက်တွေဖြတ်ခံရလို့ နိုင်ငံရေး ဖေါ်ဆောင်ဖို့ Process လို့ခေါ်တဲ့ ဖြစ်စဉ်တွေ အပြိုခံရတဲ့အတွက် နောက်နှစ်ပေါင်းကြာမှ အစကပြန် (စ) ကြရပြန်တယ်။

စစ်တပ်မှာတော့
၁ - ဖွဲ့စည်းမှုရှိတယ်
၂ - စနစ်ရှိတယ်
၃ - မှတ်တမ်းရှိတယ်
၎ - Institutional Knowledge လို့ခေါ်တဲ့ အဖွဲ့စည်းလိုက် အတွေ့အကြုံ၊ ဘာဖြစ်ရင် ဘယ်လို နှိမ်နင်းရမယ် ဆိုတဲ့ ဗဟုသုတ ရှိတယ်။

(မှတ်ချက် - ဗိုလ်ချုပ်ခင်ညွှန့် အဖယ်ခံရပြီး Institutional Knowledge လျော့သွားသဖြင့် ယနေ့ ကျနော်တို့အတွက် အခွင့်သာသည်ဟု ပြောနိုင်ပေမယ့် အခွင့်အရေး မယူနိုင်ကြသေးပါ)

အုံကြွမှုဖြစ်လိုက် ခေါင်းဆောင်တွေပေါ်လိုက်၊ ဖိနှိပ်ခံလိုက်ရ (အရှိန်) ဖျက်ခံလိုက်ရနဲ့ ပြည်သူ့အုံကြွမှုဟာ ပေါ်လိုက်၊ မြုပ်လိုက်ရသည်မှာ ယနေ့တိုင် ဖြစ်သည်။ အဓိက အားနည်းချက်မှာ ပြင်ဆင်မှု မရှိခြင်းနဲ့ တိုက်ပွဲ Plan မရှိခြင်း၊ အနိုင်မယူရဲခြင်း ဖြစ်သည်ဟု ရိုးသားစွာ ထင်မြင်မိပါသည်။ လူထုအုံကြွမှုဟာ စစ်ပွဲတပွဲလိုပဲ အဆင့်ဆင့် ရှိပါတယ်။ သေနတ်အစား (လူထုအင်အား) ကို လက်နက်အဖြစ် သုံးခြင်းသာကွာပါတယ်။

လွန်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကို ဖော်ထုတ်သွားတာ (၈၈) ခေါင်းဆောင်တွေ ဖြစ်ပေမယ့် နောက်က ပံ့ပိုးသွားတာ NLD လူငယ်တွေနဲ့ မျိုးချစ် လူငယ်လေးတွေ ဖြစ်တယ်။ ပြဿနာက အုံကြွမှုဖြစ်ပြီး (၈၈) ခေါင်းဆောင်တွေ အထိန်းသိမ်းခံရတော့ ခေါင်းပြတ်သွားတယ်။ အုံကြွမှုရဲ့ ဦးတည်ချက်နဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဒုတိယအဆင့်ကို ရောက်ဖို့ အုံကြွမှု အရှိန်တက်လာဖို့မှာ (အရှိန်) လျော့သွားတယ်။ လူငယ်လေးတွေခမျာ တတ်အားသရွေ့ အသက်စွန့် လုပ်ကြရပေမယ့် လမ်းကြောင်း ပျောက်သွားတယ်။ အပြင်ရောက်နေတဲ့ လူကြီးအများက မိုက်ခွက်ကိုင်ပြီး အသံကောင်းဟစ်ဖို့သာ အားသန်နေကြတယ်။ အထဲက လူငယ်ကလေးတွေ ရုန်းကန်နေရတာ၊ အသက်ပေး လှုပ်ရှားနေကြတာကို (သတိ) မပြုမိကြဘူး။

ဒီနေရာမှာ သံဃာတော် အရှင်မြတ်တို့ကို ဦးဆောင်ခဲ့တဲ့ အရှင်ဂန္ဘီရတို့လို မျိုးချစ်ဆရာတော်တွေကို ဦးညွှတ်ဂါရဝ ပြုပါရစေ။ သတ္တိနဲ့ အရည်အချင်းပြည့်တဲ့ မျိုးချစ်ဆရာတော်တွေ ဦးဆောင်ခဲ့လို့ သံဃာ အရှင်မြတ်တွေရဲ့ တိုက်ပွဲ ပုံသဏ္ဍာန်က တည်ငြိမ် အောင်မြင်ခဲ့တယ်။ ရေဒီယို အင်တာဗျူးတွေက တဆင့် ရှေ့လုပ်ငန်းကို ရှင်းပြနိုင်သလို ပြည်သူလူထုကို (message) နဲ့ (စိတ်ဓာတ်) မြှင့်တင်နိုင်ခဲ့တယ်။

ပြည်သူ့အုံကြွမှုမှာ ဖော်ထုတ်ပြီးတာနဲ့ ပါဝင်တဲ့သူ အင်အား များလာဖို့ လိုအပ်ပါတယ်။ (အင်အား) များလာဖို့ ပါဝင်မှုအား များလာဖို့ ရေဒီယို လက်နက်က အထိရောက်ဆုံးပါပဲ။ ရေဒီယိုကတဆင့် ဘယ်မှာတော့ ဆန္ဒပြနေပြီ။ လူအင်အား ဘယ်လောက်ရှိတယ်။ ဘယ်မှာတော့ မတရား ရိုက်နှက်နေပြီ ဆိုတာတွေကို ကြားရတော့ စိတ်ခံစားမှု ပြင်းလာတယ်။ Emotion ပါလာတယ်။ တခါ Internet website တွေနဲ့ ဘလော့ဂါ (Bloggers) တွေကတဆင့် ဓာတ်ပုံတွေ မြင်ရတော့ ခံစားမှု ပြင်းထန်လာတော့ ပါဝင်လာကြတယ်။ ပါဝင်သူများလာတော့ (အား) ရှိလာတယ်။ ယုံကြည်မှု (Confidence) ပိုလာတယ်။ ဒီအဆင့်မှာ ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့သလို လူထုနဲ့ ငမိုက်သားတွေ ထိပ်တိုက် တွေ့လာကြရတယ်။ ဒီမှာ နအဖ က လက်ရဲဇက်ရဲ ပစ်မိန့် ပေးခဲ့ကြတာချည်းပဲ။ ဒီအဆင့်မှာ ဖြိုခွဲခံကြရတာ များတာပဲ။ (၈၈ ကလွဲလို့ပေါ့)

ဒီမှာ ကျနော့် ထင်မြင်ချက်ကို ရဲရဲ တင်ပြမှဖြစ်မယ်။ ဒီနေရာမှာ ခွင့်လွှတ်တာတို့၊ မေတ္တာတို့၊ Non-Violence နည်းတွေကို စဉ်းစားလို့ မရတော့ပါ။ ဒီအဆင့်ဟာ သူနိုင်ကိုယ်နိုင် Confrontational အဆင့်ပဲ။ ဒီအဆင့်မှာ ပြည်သူက လက်နက်မရှိဘူး။ ဒင်းတို့က ဒို့ကို မကျော်နိုင်ဘူး၊ ဒို့ကို မထိနိုင်ဘူး (အင်္ဂလိပ်လို Invincible ပေါ့) ဆိုပြီး လက်ရဲဇက်ရဲ ရှိလာနိုင်တယ်။ သူတို့က ပစ်ရင်လည်းကောင်း၊ ကိုယ်က အပစ်ခံရရင်လည်းကောင်း၊ သူတို့ မပစ်ခင်လည်းကောင်း စစ်သား နှစ်ယောက်၊ သုံးယောက်ကို ပစ်ချနိုင်ခဲ့ရင် ရင်ဆိုင်နေရတဲ့ လူအုပ်ဟာ သွေးကြွလာပြီး (ကျား) ဆိုပြီး ရှေ့တက်ထိုးခဲ့ရင် ရှေ့စစ်သားတတန်းကို ကျော်နိုင်ရင် လူအင်အားနဲ့ အနိုင်ယူနိုင်ပါတယ်။

ဒီအဆင့်ရောက်ရင် (၈၈) တုန်းကလိုပဲ စစ်တပ်ကို အရပ်သားက ကြောက်စိတ် မရှိတော့ပါ။ ဒီအဆင့်ကို ရောက်ခဲ့ရင် ရောက်ရောက်ချင်း ရေဒီယို အင်တာနက် သတင်းတွေက တဆင့် မြန်မာတပြည်လုံးနဲ့ တကမ္ဘာလုံးက သိအောင် အသံ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ဖြန့်ကာ မြန်မာတပြည်လုံး (အုံကြွမှု) ပြန့်အောင် နှိုးဆော် ဖော်ဆောင်ရပါမယ်။ အရေးပါတဲ့ မြို့ကြီး ၄-၅ မြို့နဲ့ ရာဇဝင်ပြောင်ခဲ့တဲ့ မြို့တွေမှာ ဖော်ထုတ်နိုင်ခဲ့ရင် တဆင့်တက်နိုင်ပြီ။

အမှန်ကို ဝန်ခံရဲကြရင် မြန်မာတပြည်လုံးဟာ ဒုက္ခဆင်းရဲ ခံစားနေကြရတာပါ။ ဘောင်းဘီဝတ် စစ်သား လူတန်းစားက လွဲရင် အားလုံး ခံစားနေရတဲ့အတွက် အခွင့်ရရင် ဒီငမိုက်သားတွေကို အစိမ်းလိုက် ဝါးစားချင်ကြတာပါ။ အားမတန်လို့ မာန်လျှော့ပြီး အလျှိုလျှို ဝပ်အောင်း နေကြရတာပါ။

ဒီနေရာမှာ စိတ်ဓာတ်ရေးရာအရ အဓိက ကျတာက ငါတို့နိုင်တယ်ဟေ့! … ဆိုတဲ့ စိတ်ဓာတ်ဝင်လာဖို့ပဲ။ (နိုင်ပြီ)ဟေ!့ ---- လို့ အရိပ်ရောင်ရှိလာတာနဲ့-မျှော်လင့်ချက် ဝင်လာတာနဲ့ (၈၈) တုန်းကလို-အစိုးရဝန်တမ်းတွေ၊ အလွှာအသီးသီးက လူထုတွေ ---- စစ်ဗိုလ်စစ်သားတွေ၊ ပါလါပါလိမ့်မယ်။

ဒီအဆင့်ရောက်ရင် စစ်တပ်ဟာ ၈၈ တုန်းကလို အုပ်ချုပ်မှု ယန္တရား (Governance) ကို စွန့်လွှတ်ပြီး စစ်တန်းလျားကို ပြန်ပြီး လူစုပါလိမ့်မယ်။ ဒီအဆင့်ကို ရောက်ရင် ပြည်သူ့အားကို ရင်ဆိုင်နိုင်ဖို့ ရန်ကုန်ကနေ ပျဉ်းမနားကို ရွှေ့သွားကြတာပါ။ ဗိုလ်ချုပ်တွေအားလုံး တနေရာထဲမှာ စုဝေးပြီး Command & Control မပျက်ဖို့ ငွေကုန်ကြေးကျခံပြီး ကြိုတင် စီစဉ်ထားတဲ့ စီစဉ်မှုပါ။ ရုတ်တရက်ကြည့်ရင် ဒင်းတို့ အစီအစဉ်က (အားသာမှု) ရှိသယောင် ထင်ရပေမယ့် အသေအချာ စစ်ရေးဗျူဟာ (Military Strategy) နဲ့ ကြည့်ရင် အားနဲချက်တွေ ရှိပါတယ်။ မလိုအပ်သေးလို့ ဆက်မဆွေးနွေးလိုပါ။

ဒီအဆင့်ရောက်ရင် သတိပြုရမယ့် အချက်တွေ ရှိပါတယ်။
၁။ အနိုင် ယူရဲရပါမယ်။
၂။ မေတ္တာတွေ၊ စေတနာတွေ ပွားလို့မရပါ။
၃။ ခွင့်လွှတ်ခြင်း၊ ပညာတတ်ဉာဉ်နဲ့ တွေ့ဆုံရေးတွေ၊ Non Violence နည်းတွေနဲ့ တွေဝေနေလို့ မရပါ။
၎။ အဆုံးရောက် စွန့်လွှတ်ခြင်း Ultimate Sacrifice နဲ့ ရင်ဆိုင် အနိုင်ယူခြင်းကို ရှောင်လို့ မရတော့ပါ။
၅။ အချိန်တို အတိုင်းအတာတခုအထိ ဖရိုဖရဲ Chaos ဖြစ်နိုင်တာကို နားလည် လက်ခံရပါမယ်။
၆။ နောက်ဆုံး (အာဏာ) ကို (ဆွဲယူ) ယူလို့ အစိုးရ ဖွဲ့နိုင်ရပါမယ်။ အာဏာကို အရယူနိုင်ရပါမယ်။

ဒီအဆင့်ရောက်ရင် Chaos ကို ကြောက်စရာမလိုပါ။ ဒီအဆင့်ကျော်ဖို့ နောက်ဆုံး ခရီး (မိုင်) ကို (ဒေါ်စု) တယောက်သာ လျှောက်နိုင်ပါတယ်။ ဒေါ်စုရဲ့ တန်ဖိုးဟာ ဒီနေရာမှာ တန်ဖိုးကြီးလှပါတယ်။ Chaos ကနေ တည်ငြိမ်မှု Stability ရဖို့အတွက် ဒေါ်စုရှိနေလို့ ကျနော် မကြောက်ပါ။ (ဒေါ်စု) ဦးဆောင်မှုရှိခဲ့ရင် မြန်မာပြည်သူတွေနဲ့ ကမ္ဘာက လေးစားလိုက်နာ ထောက်ခံကြပါလိမ့်မယ်။ ကျနော်တို့ အားလုံးက ဒေါ်စုကို ပုခုံးပေါ် ထမ်းတင်ပြီး ဒေါ်စုကို ဝိုင်းပံ့ပိုးပေးဖို့ လိုပါတယ်။

ယခု ကျနော် တင်ပြတာဟာ ယေဘုယျ ရည်မှန်းချက် (သို့) ပန်းတိုင်ကို မြင်နိုင်ရန် တင်ပြချက်ပင် ရှိပါသေးတယ်။ အင်္ဂလိပ်လို Devil-is-in-the-Details ဆိုသလို အဆင့်တဆင့်က နောက်တဆင့် ရောက်ဖို့ အသေးစိပ် ပြင်ဆင်ချက်များက အရေးကြီးပြီး အကွက်စေ့ဖို့ လိုပါတယ်။ ရည်မှန်းချက် ရောက်ဖို့ (၁ဝ) ဆင့် လိုတယ်ဆိုရင် အဆင့်တိုင်းမှာ ထပ်စိပ် အဆင့်ပေါင်း များစွာကို ပြင်ဆင် ဖြတ်သန်းရပါဦးမယ်။ တကယ်ဖေါ်ထုတ်ရင် Logistic လို့ခေါ်တဲ့ ပြင်ဆင် ထောက်ပံ့မှုတွေ မရှိဘဲ မဖေါ်ထုတ်၊ မအောင်မြင်နိုင်ပါ။

ကျနော်တို့ရဲ့ လက်ရှိအခြေအနေက လူပေါင်းများစွာ ဆုံးရှုံးပြီးမှ ပထမဆင့်ရောက်ဖို့ လူစုကြရအောင်ဟု နှိုးဆော်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ရွှေဝါရောင် တော်လှန်ရေးလို လူထုက ပါလာတော့ ပြင်ဆင်မှု မရှိကြ၍ မအောင်မြင်နိုင်ကြပါ။ ဖြစ်ရမည်ကို မြင်တွေးတတ်ပြီး ချို့ယွင်းချက်၊ ဟာကွက်တွေကို တွေ့ကြရ၍ ပြည်ပမှာ ခေါင်းဆောင်နေရာ ယူထားပြီး တာဝန်မယူတတ်သည့် လုပ်စားနိုင်ငံရေး အဖွဲ့ကို ခံပြင်းဒေါသ ဖြစ်မိခြင်း ဖြစ်သည်။

ကျနော်တို့ ဗမာနိုင်ငံသားတွေ (Citizens of Burma) အများမှာ အားနည်းချက်ကြီး တခုရှိတယ်။ ကျနော်တို့ဟာ စိတ်လှုပ်ရှားမှု Emotional အဖြစ်မြန်ပြီး ကောက်ရိုးမီးလို ဝုန်းဆို ပေါက်ကွဲပြီး ဗြုန်းဆို ပြုတ်ကျ သွားတတ်ကြပြန်တယ်။ သွေးပူတုန်း ချဟ၊ တိုက်ဟဆိုပြီး သွေးအေးသွားရင် သူများ လုပ်လိမ့်မယ်ဆိုပြီး ကိုယ့်ဘဝကိုယ် လျှောက် မေ့သွားကြပြန်ရော။ ဗုဒ္ဓဘာသာကို အကြောင်းပြပြီး ကံ၊ ကံ၏အကျိုးဆိုပြီး ခွင့်လွှတ်ချင်ကြပြန်ရော။

ကျနော်တို့ဆီမှာ နာကြည်းချက် မပြင်းထန်ဘူး၊ ယုံကြည်မှု မလေးနက်ကြဘူး။ Commitment နည်းကြတယ်။ နာကြည်းမှုပြင်းစွာ၊ ယုံကြည်ချက်ပြင်းစွာနဲ့ ခေါင်းအေးအေးနဲ့ အချက်ကျကျ စဉ်းစားပြီး ဒါ ငါလုပ်မယ်၊ မင်း ဟိုဟာလုပ်၊ ဒါ ငါတာဝန်ယူမယ်၊ မင်း ဘာကိုတာဝန်ယူမယ်ဆိုတာ မရှိကြဘူး။

ဖင်ကြီးတို့အုပ်စုလို အချိန်ကြာရင် ကြာပါစေ၊ ယုံကြည်ချက် မပျောက်ဘူးဆိုတာ မရှိကြဘူး။
ဒါကြောင့် ညီညွတ်ရေး Unity ဆိုတာကို လူတိုင်းပြောကြပေမယ့် ဘယ်လိုညီညွတ်အောင် လုပ်ကြမယ် ဆိုတာကို မစဉ်းစားကြဘူး။

ဒါဟာ ကျနော်တို့ရဲ့ ပကတိ လက်တွေ့ အခြေအနေပဲ။ ငြင်းလို့ မရဘူး။ ဒါကြောင့် စိတ်ကူးယဉ်ပြီး လေနဲ့ ညီညွတ်ရေး မတည်ဆောက်နိုင်ပါဘူး။ ညီညွတ်ရေးဆိုတာ အလုပ်မရှိဘဲ၊ ထိတွေ့မှုမရှိဘဲ၊ တယောက်ကိုတယောက် နားမလည်ဘဲ ညီညွတ်ရေး မတည်ဆောက်နိုင်ပါ။ ဒါကြောင့် ညီညွတ်တဲ့အဖွဲ့ကြီး ဖွဲ့ပြီးမှ တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်ပါ။ စိတ်ပါတဲ့သူ၊ စိတ်ဓါတ်ရှိသူတွေ အချင်းချင်း အလုပ်ရှာပြီး အလုပ်လုပ်ရင်း ညီညွတ်ရေး တည်ဆောက်ရပါမယ်။ Top Down အစား Botton Up နည်းကို ရှာကြရပါမယ်။

ဘာလုပ်ကြမလဲဆိုတာ မပြောခင် ဒီရွှေဝါရောင် တော်လှန်ရေးနဲ့ ရလဒ်တခုကို ဆွေးနွေးချင်ပါတယ်။

အတွင်းကြေအကြေခံရသော နအဖ။

တခါတရံ ကျနော်တို့ ခြေချော်လဲကျသွားတယ်။ အားယူရုန်းကန်ထပြီး အများရှေ့မှာမို့ ဘာမှ မဖြစ်ပါဘူးဆိုပြီး ဟန်လုပ်ထပြီး လမ်းလျှောက် ပြလိုက်သေးတယ်။ အဝေးကကြည့်ရင် အကောင်းကြီးပုံပေမယ့် ဓါတ်မှန် (X Ray) ရိုက်ကြည့်မှာ အတွင်းကြေ ကြေသွားပြီး အရိုးအက်သွားတာကြောင့် သေလောက်အောင် ပြီးမှ ခံစားရတယ်။ အပြင်ပန်းက အမြင်အရတော့ နအဖက ရဟန်းသံဃာတွေကို ရိုက်နှက်သတ်ဖြတ် နှိမ်နင်းလိုက်တဲ့အတွက် လူထုလည်း ငြိမ်သွားပြီး ရဟန်းတွေလည်း တိတ်ကုန်ပြီလို့ ယူဆစရာရှိပေမယ့် အနီးကပ် နိုင်ငံရေးအမြင်နဲ့ ကြည့်ရင် နအဖနဲ့ စစ်တပ်အတွင်းမှာ အတွင်းကြေ ကြေသွားတယ်။ အရိုးအက်သွားတယ်လို့ အတတ်ပြောနိုင်ပါတယ်။

ဘာ့ကြောင့် ပြောနိုင်လာလဲ၊ ရှင်းပြပါရစေ။

နအဖစစ်တပ်မှာ အားယူထားတဲ့ စိတ်ဓါတ်အင်အား ၂ ခု ရှိပါတယ်။

ပြည်ထောင်စုကြီး ပြိုကွဲလုနီးနီးမှာ စစ်တပ်က ဝင်ရောက် ကယ်တင်ခဲ့ရသည်။ ပြည်ထောင်စုကြီး မပြိုကွဲရန် စစ်တပ်ရှိမှ ဖြစ်မည်။ စစ်တပ်ကသာလျှင် ကယ်တင်နိုင်မည်ဆိုတဲ့ အသိကို ရိုက်သွင်းထားတဲ့ စစ်ဗိုလ်စစ်သား အများစုဟာ ဒီအသိကို နှလုံးသွင်းပြီး ကိုယ့်ဟာကိုယ် စိတ်ဖြေကြတာ ထင်ရှားပါတယ်။ စစ်တပ်ကိုယုံကြည်သူ၊ အားပေးသူတွေကို နားထောင်ကြည့်ပါ၊ တသံတည်း ထွက်ကြပါလိမ့်မယ်။

ဒုတိယ - စစ်ဗိုလ်စစ်သားတွေ အားထားရာကတော့ ဘာသာရေး ပဲလို့ မြင်မိတယ်။ စစ်ဗိုလ်စစ်သားတွေရဲ့ ရေးသားချက် (ကိုယ်တွေ့မှတ်တမ်း) ပြုစုမှတ်တမ်းတွေကို လေ့လာကြည့်ရင် စစ်ဗိုလ်အများစုဟာ ရှေ့တန်း တာဝန်ကျရာကို မသွားခင် ရွှေတိဂုံ (သို့) တန်ခိုးကြီးဘုရားတွေကို ဝတ်ပြုလေ့ရှိတယ်။ ကျရာဌာနေမှာ ဘုရား ပူဇော်ကြတယ်။ ရာဇပလ္လင်နဲ့ နီးစပ်သူတွေ၊ ဘုရင်ရူးသူတွေကတော့ ကိုယ်ပိုင်ဘုရားတွေတည်၊ ဘုရားထီးတော်တင်နဲ့ သာသနာကို အားပေးသယောင် ကိုယ်ဟန်ပြကြတယ်။

ဒါ ဘာကြောင့်လဲ။

တိုက်ပွဲမဝင်ခင် အန္တရာယ်နဲ့ မတွေ့ခင် ဘုရားဆုတောင်း ဝတ်ပြုကြတာ လူ့သဘာဝပဲ။ ဒါ့အပြင် လူထုနဲ့ တိုင်းသူပြည်သားတွေကို တဖက်က တိုင်းပြည်မပြိုကွဲဖို့ နှိပ်စက်နေရသော်လည်း တဖက်က သာသနာကို အကျိုးပြုနေပါသည်ဟု ကိုယ့်ကိုယ်ကို ကိုယ်ညာနိုင်အောင် ကျင့်ကြံနေကြခြင်း ဖြစ်သည်ဟု သုံးသပ်မိသည်။

ဒီအကျင့်ကြောင့် စစ်ဗိုလ်တချို့ဟာ ဘာသာရေးကို အကာကွယ်ယူရင်း ဘာသာရေးဘက် နီးစပ်သူတွေ ရှိတယ်လို့ သုံးသပ်မိတယ်။ ဒါ့ကြောင့် ဘဝရှင်မင်းတရားကြီးရဲ့ အမိန့်နဲ့ ဘုရားသားတော်တွေကို စော်ကား သတ်ဖြတ်ကြရတော့ မပြောရဲပေမယ့် ဘာသာကို စော်ကားရတာ စိတ်မဖြောင့်သူတွေ၊ မကျေနပ်သူတွေ၊ အစာမကြေသူတွေ၊ ခံစားရသူတွေ စစ်တပ်အတွင်းမှာ ရှိတယ်။

ဒါဟာ အတွင်းကြေ ကြေခြင်းပဲ။

ကျနော့်မှာ မိတ်ဆွေတဦး ရှိတယ်။ စိတ်ကောင်းရှိပြီး ဘုရားတရား အင်မတန် ကြည်ညိုတယ်။ ဒါပေမဲ့ ၁၈ နှစ်လုံးလုံး ပြော၍မရပါ။ တိုင်းပြည်မပြိုကွဲရန် စစ်တပ်ကပဲ ဦးဆောင်ရမည်ဟု ယုံကြည်နေခဲ့တယ်။ ဒါပေမဲ့ ဒီ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်က ဘီလူးရုပ်ကို ဖုံးမရတော့ပဲ ဘုရားသားတော်များကို ရက်ရက်စက်စက် စော်ကားတာ မြင်ရတော့ စိတ်ပြောင်းသွားပါတယ်၊ ကြိတ်ခံစားနေရရှာတယ်။

ထိုနည်းတူ စစ်တပ်အတွင်းမှာ ခံစားရသူများ ရှိပါတယ်။ ပြတ်ပြတ်ပြောရရင် ဘာသာရေးနဲ့ ဒင်းတို့ရဲ့ စိတ်ဓါတ်ကို ကျားကန်ထားတာ ဒီတပွဲမှာ အချိုးခံလိုက်ရတယ်။ ဒင်းတို့ရဲ့ Psyche ထိသွားတယ်။

ဒီအတွင်းအက်ကြောင်းကို ရဲရဲ နာနာ နင်းပေးရမယ်။

နောက်တချက်က ဗမာနိုင်ငံမှာ Civil Society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေ မရှိတော့ပါ။ Institution လို့ခေါ်နိုင်တဲ့ အဖွဲ့အစည်း (သို့) အင်အားဟာ ၂ ဖွဲ့ပဲ ကျန်ပါတော့တယ်။ အဲဒါက စစ်တပ်နဲ့ ရဟန်းတွေပဲ ဖြစ်တယ်။ စစ်တပ်ကလည်း ၄-၅ သိန်း ရှိတယ်၊ ရဟန်းဦးရေကလည်း ၄ သိန်းခန့် ရှိပါတယ်။

စစ်တပ်က သေနတ်နဲ့ ခြိမ်းခြောက်ပြီး ရိုသေမှုကို တောင်းဆိုပါတယ်။ ရဟန်းတော်တွေကို သီလကြောင့် ပြည်သူတွေက ရိုသေကြည်ညိုကြပါတယ်။

စစ်တပ်နဲ့သံဃာ ဒီတချီ လယ်ပြင်မှာ တွေ့ကြတာပါပဲ။
ရဟန်းတော်တွေကို ပြည်သူက စေတနာကြောင့် ကျွေးမွေးလှူဒါန်းကြတာပါ။
ပြည်သူဆင်းရဲရင် ရဟန်းတော်တွေလည်း ဆင်းရဲတာပဲ။
ပြည်သူဒုက္ခ ခံစားရရင် ရဟန်းသံဃာတော်တွေလည်း ပြည်သူနဲ့ထပ်တူ ခံစားရတာပါပဲ။
ဒါ့ကြောင့် ရဟန်းသံဃာတွေဟာ ပြည်သူတွေဘက်က ရပ်ခဲ့ကြတာပါ။
ဒါ့ကြောင့် ကျနော်တို့ အပြင်မှာရှိနေတဲ့ သူတွေက ရဟန်းတော်တွေကို ဝိုင်းပံ့ပိုးကြရအောင်။
ညီညွတ်မှုကို အလုပ်နဲ့ ရယူကြရအောင်။
အခုတလော လူတိုင်းလူတိုင်း ညီညွတ်ရေးကို ခပ်ကျယ်ကျယ် အော်လာကြတယ်။
တချို့ကလည်း အစည်းအဝေးတွေ ထိုင်ကြတာ သနားစရာတောင် ကောင်းလာတယ်။
ကျနော့်အမြင်အရ ရဲရဲပြောရရင် အများက (လေ)နဲ့ ညီညွတ်ရေး အော်နေကြတာ များပါတယ်။
နောက်တခုက တယောက်အကြောင်း တယောက်မသိဘဲ ညီညွတ်မှု တည်ဆောက်ရ အလွန်ခက်ပါတယ်။
ကျနော်တို့ ဗမာနိုင်ငံရေးက မသိခင် အရင် သံသယနဲ့ ကြည့်တတ်ကြတယ်။
ဒီအားနည်းချက်တွေကို ကျော်ဖို့ Common-Objective လို့ ခေါ်ရမယ့် တူညီတဲ့ ဦးတည်ချက်၊ ဦးတည်ချက် တူညီသော အလုပ်တို့နဲ့ ကျော်ဖြတ်ရမယ်။

ကျနော့်ရဲ့ အတွေ့အကြုံနဲ့ ဥပမာလေး ပေးပါရစေ။

ကျနော် ကိုမိုးသီးကို မတွေ့ရခင် ကိုမိုးသီးကို ကွန်မြူနစ်လို့ပဲ နားလည်ထားတယ်။

တကယ် အတူတွဲလုပ်ကြမှ ကိုမိုးသီးဟာ ဒီိမိုကရေစီရဲ့ အခြေခံ သဘောတရားတွေကို လေ့လာထားရုံမက သက်ဝင် ယုံကြည်သူမှန်း သိလာရတယ်။ ဒီရင်းနှီးမှုကမှတဆင့် ယုံကြည်မှု ရှိလာကြတယ်၊ ပြောမနာ ဆိုမနာ ဝေဖန်လာနိုင်ကြတယ်။ NCUB ခေါင်းဆောင် ကိုမောင်မောင်နဲ့ ငယ်စဉ်က တွေ့ဖူးကြပေမယ့် နိုင်ငံရေး လောကမှာ မဆုံခဲ့ကြရဘူး။ ၂ ယောက် ထိုင်ဆွေးနွေးမှ သူ့ရဲ့ တိုင်းပြည်အပေါ် စေတနာ၊ တိုင်းပြည်ကို တိုးတက်ချင်တဲ့ အရင်းခံစိတ်ကို သိခွင့်ရတော့ ကူညီဖို့၊ လုပ်နိုင်တာချင်း လက်တွဲလုပ်ဖို့ ဝန်မလေးတော့ဘူး။ NLD က ကိုညိုအုန်းမြင့်တို့ (NLD လူငယ် ခေါင်းဆောင်တွေ)၊ ဦးထင်အောင်တို့နဲ့လဲ အတူတူ တွဲလုပ်ကြရင်း ယုံကြည် ခင်မင်ခဲ့ကြရတာဘဲပေါ့။

ဗိုလ်ချုပ်ကျော်ဇောရဲ့ သမီး ဒေါက်တာ လှကျော်ဇောဟာ ကွန်မြူနစ်စစ်စစ်ပဲ။ ကျနော်က ကွန်မြူနစ်တို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဦးကျော်ငြိမ်းရဲ့သား ကွန်မြူနစ်စနစ်ကို လက်မခံသူ ဖြစ်တယ်။ ယုံကြည်မှုခြင်း ကွာခြားပေမယ့် တိုင်းပြည်ကို ချစ်တဲ့စိတ်မှာ တထပ်တည်း ခံစားရတယ်။ ကျနော် လေးစားတယ်။ ဦးကျော်ငြိမ်းရဲ့ သားက ဗိုလ်ချုပ်ကျော်ဇောကို ထိုင်ကန်တော့ခဲ့တယ်ဆိုရင် ယုံစရာ မရှိပါ။ ကျနော် ဗိုလ်ချုပ်ကျော်ဇောကို ကွန်မြူနစ်လို့ချည်း မမြင်တော့ပါ။ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ မျိုးချစ်အနေနဲ့ လေးစားပါတယ်။ ဒီအချိန်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်လို့ အမြင် မကျဉ်းနိုင်ပါ။ တိုင်းပြည်ကို ချစ်သော မျိုးချစ်များဟုသာ မြင်မိပါသည်။ ထိုနည်းတူ ဦးအောင်ကျော်ဇောကိုလည်း လေးစားမိပါသည်။ ခုလို တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ (လေ) နဲ့ ညီညွတ်ရေး တည်ဆောက်လို့ မရပါဘူး။ ထိတွေ့မှု ရှိမှ၊ တူညီတဲ့ ရည်မှန်းချက်နဲ့ အတူတူ အလုပ်လုပ်ကြမှ၊ အလုပ်ရှိမှ ထိတွေ့မှုရပြီး နားလည်မှုဖေါ်ဆောင်ကာ ရင်းနှီးမှုကတဆင့် ယုံကြည်မှု (Trust) ကို တည်ဆောက်နိုင်မှ၊ ညီညွတ်မှု (Unity) ကို ဖေါ်ဆောင်နိုင်ပါမည်။

ကဲ ဘယ်လို အလုပ်နဲ့ ညီညွတ်ရေး ဖေါ်ဆောင်နိုင်မှာလဲ။

လက်ရှိ အခြေအနေအရ ကျနော်တို့ရဲ့ ပထမအဆင့် ရည်မှန်းချက်က ဘာလဲ။ ပစ်မှတ်အဖြစ် ခံနေရတဲ့ ရဟန်းသံဃာတော်တွေကို စောင့်ရှောက်ရမယ်၊ ပံ့ပိုးရမယ်၊ ပျိုးထောင်ပေးရမယ်။ နေ့စဉ် ဆွမ်းနဲ့ အခြားကိစ္စတွေအတွက် စိတ်အနှောင့်အယှက် မဖြစ်ရအောင် ပံ့ပိုးရမယ်။ ဒီလို ပံ့ပိုးဖို့ ငွေလိုတယ်။ ဒီငွေကို အဝေးရောက် ဗမာနိုင်ငံသားတွေဆီက စုရမယ်။ နီးစပ်ရာ အချင်းချင်း မိတ်ဆွေဖြစ်စေ၊ ဆွေမျိုးဖြစ်စေ စုပါ။ ၁ဝ ယောက်အဖွဲ့က ၂ဝ အဖွဲ့၊ ၄ဝ အဖွဲ့ဖြစ်အောင် စုကြပါ။ ကျနော်တို့အားလုံး နီးစပ်ရာ မိသားစု ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတွေ ရှိကြပါတယ်။ နီးစပ်ရာစု၊ နီးစပ်ရာ ပို့ကြပါ။ ဒါဟာ (အလုပ်) ပဲ။ ရလဒ်က သာသနာကို ပံ့ပိုးတာ၊ စေတနာမှန်ရင် ကုသိုလ်ရပါတယ်။ နောက်တဆင့်က (စံနစ်) ပေါ်လာဖို့ပါ။ စာရင်းနိုင်သူက စာရင်း၊ စည်းရုံးရေး အားကောင်းသူက စည်းရုံးနဲ့ အင်အားရလာဖို့ ကြိုးစားရပါမယ်။ ဘုန်းကြီးကျောင်းတွေ ပြည့်စုံတဲ့ အဆင့်ကနေ ပိုလျှံတဲ့ အဆင့်အထိ ကြိုးစားရပါမယ်။ ကျနော်တို့ ဘုန်းကြီးကျောင်းတွေမှာ ဆီ၊ ဆန်၊ ဆား၊ ငါးခြောက်တွေ သိုလှောင်နိုင်တဲ့အဆင့် ရောက်လာပါမယ်။ အရေးပေါ်လာရင် ဘုန်းကြီးကျောင်းတွေဟာ (စုရပ်) ဖြစ်လာရင် ကျွေးမွေးနိုင်တဲ့အဆင့် ဖြစ်လာရပါမယ်။

အဝေးရောက် ဗမာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာပြည်မှာ ပြဿနာပေါ်ရင် ဝိုင်းလှူကြ၊ ဝိုင်းထည့်ကြပြီး ဘာမှ တိုးတက်မှုနဲ့ ရလဒ်ကို မပြနိုင်တော့ ပေးရတဲ့သူတွေက စိတ်ပျက်လာတယ်။ ကောက်ခံတဲ့သူတွေကိုလည်း ယုံကြည်မှု ပျက်လာတယ်။ နောက်တခါ လာတောင်းတော့ (စေတနာ) လျော့လာတယ်။ စိတ်ထားတူသူချင်း သော်၎င်း၊ ခင်မင်ရင်းနှီးသူချင်း သော်၎င်း ဝိုင်းလုပ်ကြရင် ပိုအလုပ်ဖြစ်နိုင်တယ်။ မိမိတို့ပို့တဲ့ ပစ္စည်း၊ (ငွေ) ကြောင့် ဘုန်းဘုန်းတွေ ဆင်းရဲဒဏ်က သက်သာလာတာ မြင်ရရင် စေတနာ ပိုပေါက်လာကြလိမ့်မယ်။

နောက်တဆင့်ကရပ်ကွက်အလိုက်၊ ပြည်နယ်အလိုက် ပေါင်းလုပ်ကြရင် အင်အားဖြစ်လာမယ်။ ဒီအစီစဉ်သာ အောင်မြင်အောင် ဖေါ်ထုတ်နိုင်ရင် အကျိုးနဲ့ရလဒ် ၂ ခု ပေါ်လာလိ့မ်မယ်။

စေတနာမှန်ပြီး တကယ် လုပ်တဲ့သူနဲ့ လေပေးပြီး ခေါင်းဆောင်ဖြစ်ချင်သူတွေ ကွဲထွက်လာပြီး အလုပ်ကတဆင့် တကယ် ခေါင်းဆောင်နိုင်တဲ့သူတွေ ပေါ်လာမယ်။

ခေါင်းဆောင် ဖြစ်ချင်သူတွေကို လေ့လာကြည့်ကြပါ။ ခေါင်းဆောင်ဖြစ်ပြီး ရှေ့ဘာဆက်လုပ်ရမှန်း မသိကြတော့ပါ။ ဦးဆောင်နိုင်သူဆိုတာ - အရေးပေါ်လာရင် ဘာလုပ်ရမယ် ဆိုတာကို သိပါတယ်။ အမြင်မတူသူတွေကို ဘယ်လို စုစည်းရမယ် ဆိုတာ ချိန်ဆပြီး တွဲခေါ်သွားပါလိမ့်မယ်။ ဘယ်သူ့ကိုတော့ မယုံပါနဲ့၊ မင်းနီသလား မဲသလားဆိုပြီး ပုဂ္ဂိုရ်ရေး တိုက်ခိုက်လာသူတွေကို (အလုပ်) ရှိနေရင် အချိန်ပေးစရာ အကြောင်းမရှိတော့ပါ။

ဒီအဆင့်ရောက်ရင် သာသနာရေးကိုပဲ လုပ်ချင်သူတွေနဲ့ နိုင်ငံရေးပါ ပါဝင်ချင်သူတွေ ဖြစ်လာမယ်။ ဒီကမှ အပြင်က Cell တွေ ပေါ်လာပါမယ်။
(မှတ်ချက်-ဒီနေရာမှာ အတွင်းဆဲလ် (Cell ) ကို အပြင်ဆဲလ် အကူအညီနဲ့ ဘယ်လိုဖေါ်ဆောင်ရ မယ်ဆိုတာကို တမင်ချန်ခဲ့တာပါ။ သတ်သတ် ဖေါ်ဆောင်သူတွေကို ဖြန့်ဝေပါ့မယ်။)

စစ်အစိုးရက ကြံ့ဖွတ်တွေ၊ စွမ်းအားရှင် (လူမိုက်) တွေသုံးပြီး ရဟန်းတော်တွေကို တိုက်ခိုက်လာမှာကို မျှော်လင့်ထားရမယ်။ ရဟန်းတော်တွေကို ဖိနှိပ်လာရင် နွံနစ်သလို လှုပ်လေ နစ်လေဖြစ်မှာပဲ။ ကျနော်တို့က ဘာသာရေးအတွက် ဘုန်းကြီး သံဃာတော်တွေကို ထောက်ပံ့တာ ဒင်းတို့ နှောင့်ယှက်လာရင် မီဒီယာသမားတွေက ဖေါ်ထုတ်ပြီး ဗမာပြည်နဲ့ ကမ္ဘာကသိအောင် ဖေါ်ဆောင်ရပါမယ်။ ဒီလို ဖေါ်ထုတ်နိုင်ရင် နအဖနဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်လူမိုက်တွေ စော်ကားလေလေ စစ်တပ်အတွင်းက သာသနာကို အလေးထား ကိုးကွယ်သူတွေ ခံစားရလေပဲ။

ဒီအက်ကြောင်းကို နာနာ နင်းပေးရမယ်။

၈၈၈၈ လူထုအုံကြွမှုကြီး အပြီးမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေကို တကျောင်းထဲမှာ မစုနိုင်အောင် ခွဲဖြစ်ခဲ့တယ်။ ဒီတခါလည်း သံဃာ့ စာသင်ကျောင်းတွေကို ခွဲဖို့ ကြိုးစားလာနိုင်စရာ ရှိတယ်။ မဂ္ဂင်ကျောင်းကို အတင်းသိမ်းပြီး ခွဲသလို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ခွဲလာဦးမှာပါ။ ဘုန်းကြီးကျောင်းဆိုတာ အစိုးရက ဆောက်ပေးပြီး အစိုးရ ထောက်ပံ့ငွေ သက်သက်နဲ့ ရပ်တည်တာ မဟုတ်ဘူး။ ဒါကြောင့် ခွဲရ ခက်ပါတယ်။ အပြင်က ငွေထောက်ပံ့ပြီး အစိုးရက နှိပ်စက်လာရင် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားကြရပါမယ်၊ အပြင်က ငွေစု၊ အထဲကို ဟွန်ဒီနဲ့ ငွေပို့။ လူတွေက ခွဲလှူရင် ဒင်းတို့ ဖျက်လို့မရပါဖူး။ ဘုန်းကြီးကျောင်းတွေကို (မလှူရ)လို့ ပိတ်ပင်လို့ မရပါဘူး။ ပိတ်ပင်လာရင် သာသနာကို စော်ကားတာပဲ၊ ဆူပူစရာအကွက် ပေါ်လာနိုင်တယ်။

ဒီလို သာသနာကို ကာကွယ်ရင်း အလုပ်ရလာကြပြီး ရလဒ်ပေါ်လာရင် အရှိန်တက်လာပြီး လှုပ်ရှားမှု ပိုကြီးထွားလာမယ်။ ဒီကမှ ထိတွေ့မှုတွေ ရလာကြပြီး ယုံကြည်မှုကတဆင့် ညီညွတ်ရေး (Unity) တည်ဆောက် နိုင်လာပါမယ်။ ဒီလို အပြင်ရောက် ဗမာနိုင်ငံသားတွေ စုစည်းလာနိုင်ရင် အင်အားဖြစ်လာပါမယ်။

ကျနော် အပြင်မှာရောက်နေတဲ့ ဗမာနိုင်ငံသားတွေ သိန်းနဲ့ သန်းနဲ့ချီပြီး ရှိပါတယ်။ ကျနော်တို့ လူ ၁ဝဝဝ မစုနိုင်ဘူးလား။ တယောက်ကို တလ အမေရိကန်ဒေါ်လာ ၁ဝ (သို့) ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းကို တိုင်းပြည်အတွက် မလှူနိုင်ကြဘူးလား။ လူတထောင်ကို တလ ဒေါ်လာတဆယ်ဆိုရင် တလ ဒေါ်လာ တသောင်းရမယ်။ အမေရိကန် တဒေါ်လာကို ဗမာကျပ် တထောင်နဲ့တွက်ရင် တကုဋေ (၁ဝ,ဝဝဝ,ဝဝဝ) စုနိုင်ပါမယ်။ ဒါနဲ့စရင်ပဲ ကျနော်တို့ အများကြီး စလှုပ်ရှားနိုင်ပါတယ်။ ပြဿနာက မလှူနိုင်ကြတာ မဟုတ်ပါဘူး။ လူစုရအောင် (စံနစ်) ကို မတည်ဆောက်နိုင်ကြပါ။ ခေါင်းဆောင်နေရာ ယူထားသူတွေ တာဝန် မသိတတ်တာရယ်နဲ့ အရည်အချင်း မရှိကြလို့ပါ။ ကျနော်ဝေဖန်တာ လွန်သလား အရပ်ကတို့ရေ။

ဝေဖန်ရုံနဲ့ အလုပ် မဖြစ်နိုင်တာကြောင့် ကိုယ်ထူကိုယ်ထ စနစ်နဲ့ တည်ဆောက်ရပါမယ်။ ရဟန်း သံဃာတော်တွေကို ကာကွယ်ရန် လှူဒါန်းရင်း အဖွဲ့တစုကလေးတွေ ဖြစ်လာမယ်။ ဒီကမှတဆင့် အဖွဲ့တွေ ပေါင်းလာမိရင် အင်အားရလာမှာပါ။
(မှတ်ချက် - စုစည်းလာသူတွေကို နောက်က ကူညီဖို့ Coordinate လုပ်ဖို့ အတွေ့အကြုံ ရှိသူတွေက ကူညီရပါမယ်။)

ငွေရှိရုံနဲ့ မပြီးပါ။

လိုအပ်တဲ့ ငွေကို စုနိုင်ပါပြီတဲ့။ ဒီငွေနဲ့ ဘယ်လို အထဲမှာ UG တည်ဆောက်နိုင်မှာလဲ။ ဒါက ခေါင်းခဲရတဲ့ ပြဿနာပဲ။ ဒီအတွက်ကတော့ ခေါင်းဆောင်မှု အရေးကြီးလာတယ်။ တကိုယ်ကောင်း မဆန်ဖို့၊ လောဘမကြီးဖို့ လိုပါတယ်။ ဗျူဟာ (Strategy) ကို ခေါင်းအေးအေးနဲ့ စဉ်းစားနိုင်တဲ့လူတွေ၊ အတွေ့အကြုံ ရင့်ကျက်သူတွေ၊ လက်တွေ့ စည်းရုံးရေး ကောင်းသူတွေ၊ ကိုယ့်အသိနဲ့ကိုယ် ပေါင်းလာကြဖို့ လိုလာပါတယ်။

၁၈ နှစ် အတူတူ ရုန်းကန်လာကြရတော့ ဘယ်သူ ဘယ်လောက် အရည်အချင်းရှိတယ်၊ ဘယ်သူ အစွမ်းထက်တယ် ဆိုတာ သိလောက်ပါပြီ။ ကျနော် အတွေးကတော့ နေရာထက် လူငယ်တွေမွေးဖို့၊ လက်ဆင့်ကမ်းဖို့ ပိုအားသန်ပါတယ်။ အရည်အချင်းထက်တဲ့ လူငယ်တွေ မွေးနိုင်လေ၊ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိလေလို့ မြင်မိတယ်။ နေရာထက် (စနစ်) ကို တည်ထောင်နိုင်ဖို့ အားသန်တယ်။ ကျနော် မသေခင် ဗမာနိုင်ငံ ဒီိမိုကရေစီရရှိဖို့က ကျနော့်အတွက် အရေးအကြီးဆုံး ရည်မှန်းချက်ပဲ။ ဒီကမှတဆင့် တိုင်းပြည် ထူထောင်ဖို့ အများကြီး ရှိသေးတယ်။

ခေါင်းဆောင်မှု အရေးကြီးသည်။

ပြီးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကို သုံးသပ်ရင် အားနည်းချက်က ခေါင်းဆောင်မှုပဲ။ တော်လှန်ရေးကို ဖေါ်ထုတ်ပြီး အဆင့်ဆင့် အင်အားတက်လာဖို့ လိုအပ်ပါတယ်။ အင်အားတက်လာရင် အစိုးရ ဖိနှိပ်တော့မယ်။ ဖိနှိပ်ရင် ဘယ်လို တန်ပြန် ရင်ဆိုင်မယ်ဆိုတာ သိဖို့လိုတယ်။ ၈၈ တုန်းက လူစုလူဝေး ဖြစ်လာတဲ့အခါ လူစု (လူထု) ကို လှုံ့ဆော်ဟောပြော ဦးဆောင်နိုင်တဲ့ ကိုမိုးသီးတို့လို တရားဟောကောင်းတဲ့ ခေါင်းဆောင်မျိုး လိုသလို၊ နောက်ကွယ်က အကွက်ချပြီး နိုင်ငံရေးကစားနိုင်တဲ့ ဗျူဟာ (Strategy) ကောင်းတဲ့သူတွေ လိုတယ်။

တချိန်တည်းမှာ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် စည်းရုံးနိုင်မယ့်၊ ဦးဆောင်နိုင်မယ့် စည်းရုံးရေးမှူး ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ ဒီလို ခေါင်းဆောင်နိုင်မယ့် လူငယ် ခေါင်းဆောင်လေးတွေကို မွေးထုတ်ပေးဖို့ လိုအပ်လာပါတယ်။ ဒီလို မွေးထုတ်နိုင်ဖို့ (စနစ်) နဲ့ နိုင်ငံရေး အဆောက်အဦ (Political Infrastructure) လိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ လှုပ်ရှားဖို့ မြေအောက် (UG) လိုအပ်လာပါတယ်။ စိတ်ဓါတ်ရှိတဲ့၊ အရည်အချင်းရှိတဲ့ လူငယ်တွေကို ဘယ်လို ရွေးမလဲ၊ ဘယ်လို မွေးမလဲ၊ ဘယ်လို သင်တန်းပေးမလဲ၊ ဘယ်လို စုစည်းပေးမလဲ၊ ဘယ်လို နေရာပြန်ချမလဲ၊ တဦးနဲ့တဦး ဆက်သွယ်ဖို့စနစ်က ဘယ်လိုလဲ၊ ဆက်သွယ်ရေး ကိရိယာတွေက ဘာလဲ စသဖြင့် လုပ်စရာတွေ အများကြီး ရှိပါတယ်။

အပြင်မှာ လုပ်သူတွေ မရှိဘူးလား။

အပြင်က လုပ်နေသူတွေ ရှိပါတယ်။ နအဖရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပုံကြီးချဲ့ပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက သိပ်နဲပါသေးတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ ခေါင်းဆောင်ပိုင်းမှာ အနဲဆုံး ၃ ဆင့်၊ ၄ ဆင့် ရှိရပါတယ်။ ၂ အဆင့်လောက်သာ တည်ဆောက်နိုင်ရင် သိမ်းကြုံးဖမ်းတာနဲ့ ခေါင်းဆောင်ပိုင်း ပြိုကွဲသွားပါတယ်။

အပြင်က လုပ်နိုင်သူတွေကို ခွင် (ဂွင်) ကျဉ်းစေတာက ညီညွတ်မှု အားနဲခြင်းနဲ့ နိုင်ငံခြား(ငွေ)ကို အားကိုး မှီခိုရခြင်းကြောင့် ဖြစ်ပါတယ်။ နိုင်ငံခြား(ငွေ)ကို အားကိုးကြရတော့ တကယ်ဖြစ်တာထက် (ပို)ပြောပြီး လက်ဖြန့်တောင်းရတော့ မခံနိုင်တဲ့သူတွေလည်း ပေါ်လာသလို နအဖ က ချဲ့ကားပြီး အပြစ်ပုံချတဲ့ (အကွက်)ထဲ ဝင်သွားသလို ဖြစ်ရတာပေါ့။ လက်တွေ့မှာ ကြိုးစားပြီး လုပ်တာပဲဗျာလို့ ပြောနိုင်တဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကို ကယ်တင်နိုင်ဖို့ အတိုင်းအတာနဲ့ကြည့်ရင် မလုံလောက်ရုံမက Professional မဆန်ပါ။ ကွန်မြူနစ်တွေ ဖော်ထုတ်နိုင်ခဲ့တဲ့ UG အဆင့်တောင် မရှိပါ။ ဒါဟာ အရင်းစစ်ရင် ပါဝင်သူ (နဲ)တာရယ်၊ နိုင်ငံခြားက ထောက်ပံ့တဲ့ငွေကြေး ၂ ပြား တပဲနဲ့ ဖော်ဆောင်နေရလို့ မြင်ပါတယ်။

ဒါကြောင့် ကျနော့် အမြင်ကတော့ တိုင်းပြည်ကို တကယ်ချစ်ရင် (လေ)နဲ့တင် ချစ်လို့ မရပါ။ ဝိုင်း (လုပ်)၊ ဝိုင်း ကြိုးစားကြရင် (အမာခံ) အင်အားကနေ (အခြေခံ) အင်အားကို ဖော်ဆောင်၊ အဲဒီကနေ (အရှိန်) ကို ယူပြီး (တကယ့်) အင်အားကို ဖော်ဆောင်ကြရပါမယ်။

မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ (အင်အား) ကို ဖော်ဆောင်နိုင်ရင် ကူညီချင်တဲ့ နိုင်ငံတွေ၊ ကူညီနေတဲ့ နိုင်ငံတွေက ပိုကူချင် ကူညီလာမှာပေါ့။ အားရင် အင်တာနက်ပေါ်က စိတ်နဲ့ လေနဲ့ပဲ ကူညီကြပြီး ကိုယ်ထိလက်ရောက် မကူညီကြရင်၊ ကိုယ်ကျိုး မစွန့်နိုင်ကြရင် Dialogue တွေ Compromise တွေနဲ့ပဲ စခန်းသွားရင် တိုင်းပြည်ဟာ စစ်အာဏာရှင်တွေရဲ့ ဂုတ်သွေးစုပ်မှုကြောင့် အဖတ်ဆယ်ရတော့မှာ မဟုတ်ဘူးပေါ့။ တရက်နောက်ကျလေ ကျနော်တို့ နိုင်ငံဟာ ကမ္ဘာကြီးမှာ တရက်စာ နောက်ကျ ကျန်ခဲ့မှာပါ။
(မှတ်ချက် - အပြင်မှာ ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ Dialogue နဲ့ အချိန်မဖြုန်းစေချင်ပါ။ Dialogue ကိုဒေါ်စု ဦးဆောင်ပါလိမ့်မည်။)

ဒါကြောင့် ဘယ်သူ့ရဲ့ ခေါင်းဆောင်မှုကိုမှ စောင့်မနေကြပါနဲ့တော့။ နီးစပ်ရာ လူစုပြီး ဘုရားသားတော် ရဟန်း သံဃာတော်တွေကို ထောက်ပံ့ကြပါ။

ဒီကတဆင့် တဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့စုပြီး အင်အား တည်ဆောက်ကြပါ။ အောက်ခြေက အင်အားတည်ရင်း အရည်အချင်းရှိသူတွေ စေတနာမှန်သူတွေ ပေါ်လာပါလိမ့်မယ်။ ဒီလို အင်အားရှိလာရင် အခြေခံအင်အားကို အောက်ခြေက တည်ဆောက်သူတွေနဲ့ လက်ရှိလှုပ်ရှားနေတဲ့ အရည်အချင်း ရှိသူတွေနဲ့ ပေါင်းစပ်မိလာရင် အင်အားဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒီ အဝေးရောက်အင် အားကမှ ပြည်တွင်းမှာ အင်အားတည်ဆောက်ဖို့ ကူညီပံ့ပိုး နိုင်ပါလိမ့်မယ်။

ဒါဟာ ကျနော်တို့ အားလုံး ပါဝင်တည်ဆောက်ရမယ့် ကျနော်တို့ အားလုံး၏ နိုင်ငံရေး တာဝန်ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က တိုင်းပြည်အတွက် အသက်စွန့်ရန် ဝန်မလေးခဲ့တဲ့ မျိုးချစ်လူငယ်တွေ စုစည်းမိကြပြီး သခင်မြတို့ကဲ့သို့ သဘာရင့် နိုင်ငံရေး မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်းစည်းမိကြပြီး ဖဆပလကြီး ဖွဲ့စည်းနိုင်ကာ အင်အားရခဲ့ကြပေသည်။ ကျွန်ုပ်တို့ခေတ်တွင်လည်း ကိုယ်စွမ်းသမျှ ပါဝင်ကူညီကြရင်း လူကြီးလူငယ် ပေါင်းစပ်ကာ အင်အား တည်ဆောက်ကာ ခေတ်သစ် ဖက်ဆစ်တွေကို တော်လှန် တိုက်ထုတ်ရန်မှာ ကျနော်တို့ အားလုံး၏ သမိုင်းပေးတာဝန် ဖြစ်ပါသည်။

နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ

ဗမာနိုင်ငံလွတ်မြောက်ပါစေ။

ဘိုဘိုကျော်ငြိမ်း

အပြည့်အစုံဖတ်လိုလျှင်

Friday, January 11, 2008

ကျပ်ပြေး နေပြည်တော် ဗုံးကွဲမှု

အောက်ဆုံးက သတင်းက မနက်က TODAY NEWS Paperမှာ ဖတ်လိုက်ရတဲ့ ပါကစ္စတန်က သတင်း........သိပ်မကြာပါဘူး....ညနေပိုင်း အလုပ်အားတုန်း ဟစ်တိုင်မှာ တက်ကြည့် လိုက်တော့....


Small bomb blast kills one in Myanmar: official

YANGON - A WOMAN was killed early on Friday when a small bomb exploded near the railway station serving Myanmar's remote new capital of Naypyidaw, an official told reporters.

The woman died when the bomb went off around 4am on Friday near the station in Pyinmana, a logging town just outside the capital, the Myanmar official said by telephone. The official could provide no other details on the blast.

Since moving the capital two years ago from the country's main city of Yangon to Naypyidaw, about 400 km to the north, a handful of small blasts have rattled the surrounding region, usually causing only minor damage.

The military has tried to establish a security cordon around the capital, which critics say has led to the forced removal of ethnic minority villagers from their homes and sparked clashes with ethnic Karen rebels. -- AFP


ကျပ်ပြေး နေပြည်တော် ဗုံးကွဲမှု

ဇန်န၀ါရီ ၁၁။ HT,

ပျဉ်းမနား ကြပ်ပြေး ဘူတာရုံတွင် ယနေ့ညနေ ၄း ၃၀ နာရီတွင် ရထားမဆိုက်မီ ဘူတာရုံအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမျိုးသမီးတဦး ကွယ်လွန်ကြောင်း သိရသည်။

လေးဦး ဒဏ်ရာရသွားသည်ဟု သတင်းရသော်လည်း အတည်မပြုနိုင်သေးပါ။ ပေါက်ကွဲမှုနှင့် ပတ်သက်၍ လူအချို့ကို ဖမ်းဆီးထားကြောင်း နောက်ဆက်တွဲ သတင်းရရှိသည်။ သေဆုံးသူမှာ ကရင်အမျိုးသမီးတဦးဖြစ်ကြောင်း ပြောဆိုနေသော်လည်း အတည်မပြုနိုင်သေးပါ။ သေဆုံးသူ အမျိုးသမီးသည် အသေခံ ဗုံးခွဲခြင်း ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ဘူတာရုံတွင် စစ်သားများ ပြည့်နှက်နေပြီး နေပြည်တော် ကြပ်ပြေးသို့ အစုန်အဆန် ရထားအားလုံး ပိတ်ဆို့လိုက်သည်။

“သောကြာညနေဆိုတာ ရုံးပိတ်ရက် ရန်ကုန်ပြန်မယ့် ၀န်ထမ်းမိသားစုတွေ ဘူတာဆင်းတဲ့အချိန်။ အကုန် လန့်ကုန်တာပေါ့။ ဒါမျိုးကြီးတော့ လာလုပ်ဖို့ မကောင်းဘူး။ လုပ်ချင်ရင် စစ်ရုံးတွေ သူတို့ စခန်းတွေ သွားလုပ်ပါလား။ ခုလဲ မယုံရင် အကုန်လိုက်မေးကြည့်။ ဒါမျိုး ထောက်ခံတဲ့လူ ရန်ကုန်မှာ တယောက်မှ မရှိဘူး“ဟု ကွန်ပျူတာဒီဇိုင်းဆရာ တဦးက ပြောဆိုသည်။

ဘူတာရုံတွင် စစ်သားများ အပြည့်ချထား တပ်စွဲထားခြင်းနှင့် နောက်ထပ် ဗုံးပေါက်ကွဲမည်ကို စိတ်ပူခြင်းတို့ကြောင့် အစားအသောက် လာရောက်ရောင်းချသည့် ဈေးသည်များပါ ပြန်သွားကြသည်။ ပျဉ်းမနား မြို့တွင်းတွင်မူ စတိုးဆိုင်များနှင့် ဈေးများ ဖွင့်လှစ်လည်ပတ်နေသော်လည်း လူထုမှာ ဗုံးသတင်းကို အထူးအာရုံစိုက်လျက် ရှိသည်။












22 police killed in Pakistan suicide bombing: officers


Posted: 10 January 2008 1907 hrs



LAHORE, Pakistan : At least 22 Pakistani riot police were killed in a suicide bomb attack outside the high court in the commercial heart of Lahore

The bomber set off a device packed with ball bearings when police stopped him outside the court, two weeks to the day after the assassination of opposition leader Benazir Bhutto in a gun and suicide bomb attack.

Up to 60 people, many of them police officers, were rushed to hospital after the explosion in the city's main commercial district, the latest in a wave of suicide attacks that have killed hundreds across Pakistan

The bodies of at least 11 dead police officers, dressed in full riot gear with protective vests and helmets, were seen lying side-by-side where they had fallen. A dead horse, still attached to a vendor's cart, lay nearby.

"Twenty-two policemen died in the attack, six are critically wounded," Lahore police chief Malik Iqbal told AFP. on Thursday, officers said. over the past year.

အပြည့်အစုံဖတ်လိုလျှင်

Rambo2008

ရုံတင်ရင်တော့ ရှေ့ဆုံးကနေ သွားကိုကြည့်ဦးမယ်…..


မကြာမှီ ရုံတင်ပြသတော့မည့် HE IS BACK ရမ်ဘိုဇာတ်ကားသည် မြန်မာနိုင်ငံအကြောင့်နှင့် မြန်မာစစ်တပ်နှင့် ရမ်းဘို တိုက်ခိုက်ခဲ့ပုံအကြောင်းကို ရမ်ဘိုကိုယ်တိုင် သရုပ်ဆောင်ဒါရိုက်တာလုပ်၍ ရိုက်ကူထားခြင်းဖြစ်သည်။

Rambo ရုပ်ရှင် ပြသ သည်နှင့် တပြိုင်နက်တည်း နိုင်ငံတကာတွင်ရောက်ရှီသော တိုင်းပြည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းသာယာရေးလိုလားသည့် တိုင်းချစ်ပြည်ချစ်မြန်မာလူမျိုးများအနေဖြင့် ရုပ်ရှင်ရုံတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံ ပါသော တီရှပ် သို့ မဟုတ် မည်သည့်မြင်သာထင်သာသည့် အင်္ကျီ လက်ပတ် အလံ ဖြင့်မဆို သွားရောက်ကာ ရုပ်ရှင်လာပရိသတ်များအားမိမိတို့ မြန်မာလူမျိုးများဖြစ်ကြောင်း မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား န.အ.ဖ စစ်အာဏာရှင်မှ ဓါတု အဆိပ်ဖြင့် တဖြေးဖြေး ဘ၀ဆုံးစေရန်လုပ်ကြံကြောင်းနှင့် မိမိတို့ မြန်မာပြည် ဒီမိုကရေစီရေးအတွက်လူသားချင်းစာနာမှုဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံစာများ လက်ကမ်းစာစောင်များဝေငှကြပါ။.


Overview

Writers:
Sylvester Stallone (written by)
David Morrell (characters)
Release Date:
24 January 2008 (Singapore) more view trailer
Tagline:
Heroes never die.... They just reload.
Plot Outline:
In Thailand, John Rambo (Stallone) assembles a group of mercenaries and leads them up the Salween River to a Burmese village where a group of Christian aid workers allegedly went missing.














Plot summary for
Rambo (2008)


Vietnam veteran John Rambo has survived many harrowing ordeals in his lifetime and has since withdrawn into a simple and secluded existence in Bangkok, where he spends his time salvaging old PT boats and tanks for scrap metal. Even though he is looking to avoid trouble, trouble has a way of finding him. A group of Christian human rights missionaries, led by Michael Burnett and Sarah Miller, approach Rambo with the desire to rent his boat to travel up the river to Burma. For over fifty years, Burma has been like a war zone. The Karen people of the region, who consist of peasants and farmers, have endured brutally oppressive rule from the murderous Burmese military and have been struggling for survival every single day. This is the time when medical assistance and general support from the Christian missionaries is needed most. After some consideration, and due to insistence from his mentor, former military man Ed Baumgartner, Rambo accepts the offer and takes Michael, Sarah, and the rest of the missionaries up the river. When the missionaries finally arrive at the Karen village, they are ambushed by the sadistic Major Pa Tee Tint and a slew of Burmese army men. A portion of the villagers and missionaries are tortured and viciously murdered, while Tint and his men hold the remainder captive. News soon reaches the minister in charge of the mission and with the help of Ed Baumgartner he employs Rambo to lead a rescue effort. With five young and highly diverse mercenaries at his disposal, Rambo has to travel back up the river and liberate the survivors from the clutches of Major Tint in what may be one of his deadliest missions ever Written by stallonezone.com

The next chapter finds Rambo recruited by a group of Christian human rights missionaries to protect them against pirates, during a humanitarian aid deliver to the persecuted Karen people of Burma. After some of the missionaries are taken prisoner by sadistic Burmese soldiers, Rambo gets a second impossible job: to assemble a team of mercenaries to rescue the surviving relief workers. Written by aintitcool.com

အပြည့်အစုံဖတ်လိုလျှင်