စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, May 17, 2008

အမေရိကန်စစ်သင်္ဘော(၃) စီးနှင့် ပြင်သစ်သင်္ဘော မြစ်ဝကျွန်းပေါ်အနီး ရောက်ပြီ

အမေရိကန်စစ်သင်္ဘော(၃) စီးနှင့် ပြင်သစ်သင်္ဘော မြစ်ဝကျွန်းပေါ်အနီး ရောက်ပြီ

NEJ/ ၁၇ မေ ၂၀၀၈

မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှ မုန်တိုင်းဒုက္ခသည်များ ကူညီရန်အတွက် စစ်အစိုးရခွင့်ပြုချက်မယူဘဲ မြန်မာနိုင်ငံတွင်း အမေရိကန် ၀င်ရောက်ရေးကိစ္စ အမြန်စဉ်းစားရန် အမေရိကန် အောက်လွှတ် တော် အမတ်များက အမေရိကန်သမ္မတထံ သောကြာနေ့က တောင်းဆိုလိုက်သည်။
ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်နှင့် အခြားးနိုင်ငံများ၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီအခြေခံပြီး အမေရိကန် ၀င်ရောက်ရေးကိစ္စ စဉ်းစားရန် အမေရိကန်သမ္မတဘုရှ် ထံ အမေရိကန်အောက်လွှတ်တော်အမတ် (၄၀) ကျော်က စုပေါင်းစာရေး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်းမရှိတော့လျှင် လူမှုရေးကိစ္စ အခြေ ခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးပြောပြီး မကြာခင် အမေရိကန်အောက်လွှတ်တော်အမတ်များက ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။
လောလောဆယ် မြန်မာကမ်းခြေနှင့် မိုင် (၆၀) ကျော် ကပ္ပလီပင်လယ်ပြင်တွင် USS Essex, USS Juneau နှင့် USS Harpers အမေရိကန် ရေတပ်သင်္ဘော (၃) စီးရောက်နေပြီး ဧရာဝတီတိုင်း ဒုက္ခသည်များအား ကူညီရန်အသင့် ရှိနေသည်။ မြန်မာစစ်အစိုးရဘက်မှ မီးစိမ်းပြသည်နှင့် ဧရာဝတီတိုင်းသို့ တိုက်ရိုက်မောင်းတက်နိုင်မည့် ကမ်းတက်ရေယာဉ်များ၊ ခေတ်မီခွဲစိတ်ခန်းများကို နာရီပိုင်းအတွင်း မြန်မာကမ်းခြေရောက်အောင် လုပ်နိုင်သည်ဟု အမေရိကန်စစ်ဖက်အရာရှိများက ပြောသည်။
ကပ္ပလီပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်တွင် အသင့်ရှိနေသည့် အမေရိကန် စစ်သင်္ဘောများတွင် ရဟတ်ယာဉ် (၂၃) စီး၊ ကမ်းတက်ရေယာဉ် (၃) စီးနှင့် မရိန်းစစ်သား (၁,၈၀၀) ကျော် ပါဝင်သည်။
မြန်မာစစ်အစိုးရဘက်ကမူ အမေရိကန်စစ်သင်္ဘောများ ကူညီမည့်ကိစ္စကို စဉ်းစားနေပါသည်ဟုသာ အကြောင်းပြန်ထားဆဲဖြစ်သည်။
ထိုအတောအတွင်း မြန်မာရေပိုင်နက်အနီးသို့ ပြင်သစ်မှ စစ်သင်္ဘော(၁) စီး စေလွှတ်ထားသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စွပ်စွဲသည်။ သို့သော် ထိုသင်္ဘောမှာ မြန်မာဒုက္ခသည်များ ကူညီရန် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောသာဖြစ်ပြီး စစ်သင်္ဘော မဟုတ်ကြောင်း၊ စနေနေ့တွင် ဧရာဝတီတိုင်းနှင့် မလှမ်းမကမ်း နိုင်ငံတကာရေပြင်တွင် ပြင်သစ် သင်္ဘောရောက်မည်ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jean-Maurice Ripert က ချေပပြောဆိုသည်။
အဆိုပါ ပြင်သစ်သင်္ဘောတွင် အစားအစာ ဆေးဝါး စသည့်ကယ်ဆယ်ရေးပစ္စည်း တန်ချိန် (၁,၅၀၀)၊ မြစ်ဝကျွန်းပေါ်တလျှောက် အသွားအလာ ခက်သည့် နေရာများထိ တောက်လျှောက် ခုတ်မောင်းနိုင်သည့် စက်လှေငယ်များ၊ လေကြောင်းမှ အစားအစာ ချပေးရန် ရဟတ်ယာဉ် အငယ်စားများ၊ ဆရာဝန်များ ပါဝင်သည်ဟု ပြင်သစ်သံအမတ်ကြီး မစ္စတာ Ripert က ပြောသည်။
လောလောဆယ်တွင် မြန်မာစစ်အစိုးရဘက်မှ မြန်မာရေပိုင်နက်သို့ ပြင်သစ်ကယ်ဆယ်ရေး သင်္ဘော ၀င်ရောက်ခွင့် ငြင်းဆန်ထားဆဲဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းနှင့် ရန်ကုန်သို့ပို့ရန်သာ အကြောင်းပြန်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရေယာဉ်စွန့်ခွာသူများ ရေတပ်ဌာနချုပ်တွင် ချုပ်နှောင်ထား

ရေယာဉ်စွန့်ခွာသူများ ရေတပ်ဌာနချုပ်တွင်

ချုပ်နှောင်ထား


ဗထူး။ မေ ၁၇၊ ၂၀၀၈
မုန်တိုင်းတိုက်ခတ်စဉ် မိမိတို့ရေယာဉ်များမှ စွန်ခွာသွားသည့် အရာရှိနှင့် (ရေ)တပ်သားများအား ချုပ်နှောင်ထားသည်။
သီလ၀ါဆိပ်ကမ်းတွင်ထားသည့် စစ်ရေယာဉ်မှ အရာရှိနှင့် ရေတပ်သားများက ပြင်းထန်သည့် မုန်တိုင်းကျရောက်စဉ် ကုန်းပေါ်သို့တက်ကာ ရေယာဉ်အား စွန့်ခွာခဲ့ခြင်းဖြစ်သည်။
တိကျသည့်မိုးလေ၀သခန့်မှန်းချက် ပေးပို့ခြင်းမရှိသည့်အတွက် စစ်အစိုးရရေတပ်မှ စက်ဘက် ရေယာဉ် ၈ စင်း နစ်မြုပ်ခဲ့ပြီး အဆိုပါသတင်းအား စစ်အစိုးရမှ အတိအလင်း ကြေညာခဲ့ခြင်း မရှိသည့်အတွက် တပ်မတော်(ရေ)အတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ် နေသည်။
“သီလ၀ါမှာတာဝန်ကျတဲ့ ရေယာဉ်က အရာရှိအပါအ၀င် ၁၃ ယောက်ကို ဧရာဝတီရေတပ်စခန်း ဌာချုပ်မှာ ချုပ်ထားတယ်၊ ရေယာဉ်စွန့်ခွာမှုနဲ့ အရေးယူမဲ့သဘောပဲ၊ တချို့တပ်သားတွေကို အကျယ်ချုပ်သဘောမျိုးထားတယ်လို့ သိရတယ်၊ မုန်တိုင်းကပြင်းတော့ တချို့တွေက ကမ်းကပ် ပြီး ကုန်းပေါ်တက်ကြတာ၊ ပျောက်တာတွေလည်းရှိနေတယ်၊ ရေထဲမှာပျောက်တာလား၊ စွန့်ခွာ ပြီး ပြန်သတင်းမပို့တော့တာလားဆိုတာ မသိရဘူး”ဟု အမည်မဖော်လိုသည့် တပ်မတော်(ရေ) အရာရှိတဦးက ဆိုသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းနှင့်၊ ဧရာဝတီတိုင်းအတွင်းရှိ တပ်များနှင့် မိသားစုဝင် များ၏ နေအိမ်များ ပျက်စီးခဲ့ရပြီး ရေတပ်မှ မိးသားစုများအပါအ၀င် ၃၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မုန်တိုင်းကျရောက်စဉ် ရေပြင်၌ တာဝန်ယူနေရသည့် စစ်ရေယာဉ်များ ထိခိုက်ဆုံးရှုံးမှုများကို အတိအကျ မဖော်ပြသော်လည်း ဧရာဝတီ၊ ဖျာပုံ၊ ဘိုကလေးနှင့် အခြားဒေသများရှိ စစ်ရေယာဉ် အုပ်စုမှ ရေယာဉ်များလည်း ပါဝင်သည်ဟုဆိုသည်။
“ကမ်းကိုကပ်ပြီးမှ စွန့်ခွာကြတာ များတယ်၊ အခု အဲ့ဒီ ၈ စင်းလုံးတော့ ပြန်ဆယ်ပြီးပြီ၊ အပျက် အစီးကတော့ ရေထဲမြုပ်သွားတဲ့ နာရီလိုပဲဖြစ်မှာပေါ့”ဟု ရေတပ်သားတဦးက ပြောသည်။
မုန်တိုင်းဒဏ်ခံရပြီးနောက် ပျက်စီသွားသည့် အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးနေ သော်လည်း အရာရှိများသာ ဦးစားပေးစနစ်ဖြင့် ပြုပြင်လုပ်ဆောင်နေသည့်အတွက် စိတ်ပျက်မိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

Friday, May 16, 2008

သောကြာနေ့ (၁၆.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

သောကြာနေ့ (၁၆.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း



လေဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ ၁၆.၅.၂၀၀၈ (သောကြာနေ့) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်းမှာ S$ ၂၂၁၃.၀၀ တိတိဖြစ်ပါ သည်။

ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

ကြဿပတေးနေ့ (၁၅.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

ကြဿပတေးနေ့ (၁၅.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ

အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

လေဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ ၁၅.၅.၂၀၀၈ (ကြဿပတေးနေ့) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်းမှာ S$ ၂၂၈၀.၀၀ တိတိ
ဖြစ်ပါ သည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော်

လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော်ဧရာဝတီ

မေ ၁၅၊ ၂၀၀၈

ပြည်ပရောက် မြန်မာအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးက မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေး ဒုက္ခသည်များကို အမြန်ဆုံး ကယ်ဆယ်ခြင်း ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များ ဖြစ်ကြသော အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံတို့အား တောင်းဆိုလိုက်သည်။
မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကူညီရေး အဖွဲ့များကို လက်ခံသည့်တိုင်အောင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းများက ထပ်မံ တောင်းဆို လိုက်ရခြင်း ဖြစ်သည်။
“အခုအချိန်က အလုပ်လုပ်ရမယ့်အချိန်ပါ။ ခင်ဗျားတို့မှာ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ အဆင်သင့်ရှိတယ်။ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်တဲ့ အလုပ် ရပ်လိုက် ပါတော့။ ချက်ချင်း အကူအညီတွေ ပို့လွှတ်ပေးကြပါ” ဟု အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (USCB) ၏ ဒါရိုက်တာ ဦးအောင်ဒင်က အမေရိကန်နိုင်ငံ့ ခေါင်းဆောင်များသို့ လိပ်မူပေးပို့သည့် စာတွင် ရေးသားထားသည်။
အလားတူ အခြားသော အဓိက မြန်မာအတိုက်အခံအဖွဲ့အစည်း တခုဖြစ်သည့် အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (UKCB) သည်လည်း လာမည့် စနေနေ့တွင် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနှင့် အင်္ဂလန်နိုင်ငံခြားရေးရုံးများ ရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။
UKCB ၏ ဒါရိုက်တာ မာ့ခ်ဖာမနာကလည်း “ကျနော်တို့ အဖြစ်မှန်ကို ရင်ဆိုင်မှဖြစ်မယ်။ ခုလို အချိန်ဆွဲနေရင် တနေ့ထက် တနေ့ လူတွေရဲ့ အသက်တွေ ဆုံးရှုံးကုန်တော့မယ်။ အင်္ဂလန်၊ အမေရိကန်နဲ့ ပြင်သစ် နိုင်ငံရဲ့ ကယ်ဆယ်ရေး သင်္ဘော တွေက ပင်လယ်ဝထိ ရောက်နေပြီ။ အစာငတ်၊ ဆေးမရှိလို့ ဘယ်လောက်မှ မဝေးတော့တဲ့ နေရာက ထောင်ပေါင်းများ စွာသော လူတွေ သေကုန်တာကို ဒီတိုင်းထိုင်ကြည့်နေတော့ မှာလား” ဟု ပြောသည်။
ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်း အသီးသီးက တောင်းဆိုစာများကို အမေရိကန်၊ နှင့် ပြင်သစ်နိုင်ငံ သမ္မတ များနှင့် အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ပေးပို့ နေချိန်တွင် ယနေ့မှစ၍ သုံးရက်တိုင်တိုင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် သံဃာအဖွဲ့တဖွဲ့က ဒုက္ခသည်များ အတွက် အစာငတ်ခံ ဆန္ဒပြမည်ဖြစ်သည်။
ယမန်နေ့ကလည်း မြန်မာပြည်မှ သံဃာများကို ကိုယ်စားပြုသည့် သံဃာတပါးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးကို မြန်မာနိုင်ငံသို့ အမြန်ဆုံး သွားရောက်ကူညီပါရန် မေတ္တာရပ်ခံ ရေးသားထားသည့် စာများကို အမေရိကန် နိုင်ငံတွင် ဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။“ကျုပ်တို့ နိုင်ငံသားတွေ ငတ်နေတဲ့အချိန်မှာ ကျုပ်တို့လည်း မစားတော့ဘူး။ UN က လူတွေငတ်နေတာကို ထိုင်ကြည့်နေ တယ်။ ကမ္ဘာကြီးတခုလုံးက ဘယ်လိုကူရမလဲ လို့ စောင့်နေတဲ့ အချိန်မှာ စစ်အစိုးရကတော့ လှူတဲ့ပစ္စည်းတွေကို ခိုးနေ တယ်” ဟု ကိုလံဘီယာ တက္ကသိုလ်သို့ ဧည့်ပါမောက္ခအဖြစ် ရောက်ရှိနေသူ မြန်မာဘုန်းတော်ကြီး တပါးက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

လပွတ္တာက ပြန်ခဲ့တယ်

လပွတ္တာက ပြန်ခဲ့တယ်ဧရာဝတီ မေ ၁၅၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီရုံးမှ အယ်ဒီတာတဦးနှင့် မုန်တိုင်းဒဏ် ခံခဲ့ရသော လပွတ္တာမြို့နယ်မှ ရန်ကုန်သို့
ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီ
သတင်းထောက်တဦးတို့ မေလ ၁၅ ရက်နေ့က
အင်တာနက်ပေါ်တွင် ချက်တင် လုပ်ခဲ့သည်များကို တိုက်ရိုက် တင်ပြပေးလိုက်ပါသည်။
သတင်းထောက်။ ။ မင်္ဂလာပါအကို။ ကျနော်ပြန်လာပါပြီ။
အယ်ဒီတာ။ ။ ကြိုဆိုပါတယ်ဗျာ။ ခရီးစဉ် ဘယ်လိုလဲ။
သတင်းထောက်။ ။ အသက်မသေလို့ ပြန်တွေ့ရတာပါ။ အရမ်းကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါပေမယ့်လိုချင်တာတွေ ရခဲ့တယ်။
အယ်ဒီတာ။ ။ တွေ့ခဲ့တာတွေပြန်ရေးပေါ့။
သတင်းထောက်။ ။ ရွာတွေဘက် သွားမယ်ပြင်တော့ မုန်တိုင်းမိတယ်။ မြစ်လယ်မှာလေ။ တော်သေးတယ် မုန်တိုင်းက မိုးပဲရွာလို့။ မနေ့က ပြန်လာတော့ ကားမှောက်မလိုဖြစ်တယ်။ ကျနော့် တသက်တော့ ဒီလောက်ကြမ်းတဲ့ ခရီး မသွားဖူး သေးဘူး။
အယ်ဒီတာ။ ။ ဂုဏ်ယူပါတယ်ကွာ။
သတင်းထောက်။ ။ ကျနော်တော့ ဂုဏ်ယူတဲ့စိတ်ထက် ပြန်တွေးပြီး ကြောက်နေတယ်။ မြစ်လယ်မှာသာ သေရင်တော့ ငါလည်း ငါးတွတ်ခံရပြီလို့ ထင်နေတာ။ ပြီးတော့ ဆယ်သူမဲ့ ပေါလောပေါ်နေမယ် ဆိုရင်… ဆိုပြီး လန့်နေတာ။ အခုတော့ လည်း အဲဒီစိတ်ကို ရယ်ချင်နေပါတယ်။ ရှက်လည်း ရှက်မိပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျားရဲ့ ခံစားမှုကို ကျနော်နားလည်ပါတယ်ဗျာ။
သတင်းထောက်။ ။ အကိုရေ လပွတ္တာက ဘိုကလေးထက် ပိုဆိုးတယ်တဲ့ဗျ။ လပွတ္တာက တာဝန်ရှိသူ တယောက်ပြောဖူး တာက သေတဲ့သူ ၂၀၀၀၀ တဲ့။ ဒါပေမယ့် ခုကျတော့ လပွတ္တာ ကြက်ခြေနီ အသင်းကနေ ရထားတဲ့ စာရင်းအရ လပွတ္တာ တမြို့တည်းတင် ၁၂၀၀၀၀ သေတယ်လို့ အတိအကျ ရထားတယ်။ တော်တော်ကို ဆိုးတာ။
အယ်ဒီတာ။ ။ ကယ်ဆယ်ရေးတွေ အကြောင်းကော ပြောပါဦး။
သတင်းထောက်။ ။ ပြောရရင်တော့ သြချရတော့မယ်။ မလုံလောက်ဘူး ... ။
အယ်ဒီတာ။ ။ ပြောပါဦး။
သတင်းထောက်။ ။ နမိုးနီးယားနဲ့ ဝမ်းရောဂါတွေ ဖြစ်နေတယ်။ ကာလဝမ်းရောဂါ အဆင့်တော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့် ဒီပုံစံအတိုင်း ဆက်သွားရင် သေချာပေါက် ဖြစ်တော့မှာ။
အယ်ဒီတာ။ ။ မိုးရွာတာရယ်။ အမိုးအကာ မလုံလောက်တာရယ်ကြောင့် အဖျားဝင်ကြတာ ဖြစ်မယ်ထင်တယ်။
သတင်းထောက်။ ။ ကုလသမဂ္ဂကလည်း ဆန်ပဲပေးနိုင်တယ်။ ကျန်တာ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ကျန်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။
အယ်ဒီတာ။ ။ ဒါဆို ဒုက္ခသည်တွေ ဘယ်လို ရပ်တည်နေကြလဲ။ ဘယ်သူက သူတို့ကို တိုက်ရိုက် ကူညီလဲ။
သတင်းထောက်။ ။ ဓာတ်ပုံတွေ မြင်ရင် သိလိမ့်မယ်။ ဘယ်လောက် ဆိုးလဲဆိုတာ။ ရွာတွေမှာလည်း တော်တော်ဆိုးတယ်။ ဒုက္ခသည်အားလုံး မြို့ပေါ်က ကယ်ဆယ်ရေး စခန်းတွေဆီ မရောက်နိုင်သေးဘူး။ ကယ်ဆယ်ရေးက အသက်ရှင်တဲ့သူတွေ ရှာဖွေတာ သိပ်မလုပ်တော့ဘူး။ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်း မသိတော့ပါဘူး။ အလှူရှင်တွေက တိုက်ရိုက်လှူနိုင် တယ်။ လှူလည်း လှူကြပါတယ်။ ရန်ကုန်နဲ့ နယ်ပေါင်းစုံက လှူကြတာ။ ဒါပေမယ့် မလုံလောက်ဘူး။
အယ်ဒီတာ။ ။ တချို့သတင်းတွေမှာ UN ကဆန်ကို အာဏာပိုင်တွေက ရောင်းတယ်လို့ သိရတယ်။ အဲဒါကကော … ။
သတင်းထောက်။ ။ အဲလိုတော့လည်း မတွေ့ရပါဘူး။ လောလောဆယ် ခက်နေတာက ဒုက္ခသည်တွေကို အာဟာရဖြစ် အောင် ကျွေးဖို့လိုတယ်။ ရိက္ခာကဆန်ပဲ ပေးတာ။ ဆန်ပေးရုံနဲ့တင် မလုံလောက်ဘူး။ ဆန်ဆိုတာ အဓိက အစားအစာပေမယ့် ဆန်တခုတည်းပေးရုံနဲ့ အာဟာရမဖြစ်နိုင်ဘူးလေ။ လူတွေ အရမ်း ဒုက္ခရောက်နေတယ်။ အဝတ်အထည်လည်း မရကြဘူး။
အယ်ဒီတာ။ ။ အမိုးအကာကော လုံလောက်ရဲ့လား..။
သတင်းထောက်။ ။ မိုးတွေရွာတော့ အမိုးအကာမရှိတဲ့ နေရာတွေမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြတဲ့ မြင်ကွင်းက ကျနော့်ကို ဆို့နင့်ကြေကွဲစေတယ်။ တော်တော် သနားဖို့ကောင်းတယ်။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်ဖို့လိုပြီ။ ဘာတွေ လုပ်နေလဲ။ ဘယ်မှာလဲ အကူအညီဆိုတာ။
အယ်ဒီတာ။ ။ အစိုးရဆီမှာ အကူအညီပေးခွင့်ရဖို့ သူတို့ တောင်းဆိုနေတာပဲလေ။
သတင်းထောက်။ ။ ဆန်လေးပေးတာနဲ့ ဆေးလေး တခွက်နှစ်ခွက် ပေးတာကို အကူအညီလို့ ပြောနေတာလား။ ဘယ်လို နားလည် ရမလဲ။ ကုလသမဂ္ဂမရောက်ခင်က လူတွေ ဆန်ပြုတ် သောက်ရတယ်။ ရောက်လာတော့ အခုလူတွေ ဆန်ကြမ်း စားရတယ်။ ကလိုရင်းခတ်ထားတဲ့ ရေသောက်ရတယ်။ ဘီစကစ် တချပ် နှစ်ချပ် စားရတယ်။ အကူအညီဆိုတာ ဒါလား ခင်ဗျား။ စားရတဲ့ ဆန်ကြမ်းက မီးဒုံး ဆိုတဲ့ ဆန်ကြမ်းပါ။
အယ်ဒီတာ။ ။ မင်္ဂလာဒုံလေဆိပ်မှာ US က အထောက်အပံ့ တွေ လေယဉ် ၆ စင်းနဲ့ ရောက်နေပြီလေ။ အားလုံးက နိုင်ငံတကာ အဆင့်မီ ပစ္စည်းကိရိယာတွေချည်းပဲ။
သတင်းထောက်။ ။ အဲဒီဆန်တွေက အနီးအနားပတ်ဝန်းကျင်.. မြောင်းမြတို့ ဘာတို့က ဝယ်ခဲ့တဲ့ ဆန်ကြမ်းတွေ။ ကျနော်တော့ စိတ်တိုလွန်းလို့ အကုန်လုံးကို ထိုင်ဆဲနေခဲ့တာ။
အယ်ဒီတာ။ ။ ဥပမာအားဖြင့် စွမ်းအင်မြင့် ဘီစကစ်တွေဆို ဒုက္ခသည်တွေဆီ မရောက်ဘူးလို့ ကြားတယ်။ ကောလာဟလ သတင်းတွေ အရတော့ အာဏာပိုင်တွေက အလှူပစ္စည်းတွေကို အရင်ယူတယ်တဲ့…။
သတင်းထောက်။ ။ မုန်တိုင်းတိုက်ပြီးတာ ၁၃ ရက်ကျော်ကြာပြီဗျာ..။ သူတို့တွေ ကံဆိုးကြတယ်။
အယ်ဒီတာ။ ။ သူတို့တွေ နိုင်ငံခြားက လာတဲ့ ယာယီတဲ အပြာရောင်လေးတွေ ရတယ် မဟုတ်လား။ လှိုင်သာယာက ဓာတ်ပုံမှာ မြင်ရတယ်။
သတင်းထောက်။ ။ မြင်ခဲ့ရပါတယ်။ အလုံး ၁၀၀ လောက်။ လပွတ္တာမှာ။ အဲဒါက ဟန်ပြပါ။ တကယ်ဘယ်လိုနေရတယ် ဆိုတာ။ သေချာလေ့လာမှ သိရတာ။
အယ်ဒီတာ။ ။ ဟာ..တကယ်..။
သတင်းထောက်။ ။ သာမန်လာကြည့်ရုံနဲ့ မသိနိုင်ဘူး။ လူတွေနဲ့ စကားပြောကြည့်မှ သိလာရတာ။ ကျနော်လေ သူတို့ကို ဘယ်လိုများ ကူညီနိုင်ပါ့မလဲလို့ စဉ်းစားမိတယ်။ ပြောရင်းနဲ့ စိတ်ထိခိုက်တယ် အကိုရေ။
အယ်ဒီတာ။ ။ သိပ်တော့မမျှော်လင့်နဲ့ဗျာ။ ကျနော်တို့ ဂျာနယ်လစ်တွေဆိုတာ အမှန်ကို အမှန်အတိုင်း တင်ပြနိုင်ဖို့က ပိုအရေးကြီးတယ်။ ဒီခရီးနဲ့ ပတ်သက်လို့ အကောင်းဆုံးရေးနိုင်ရင် လုံလောက်ပါပြီ။
သတင်းထောက်။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တခုတော့ ဝန်ခံမယ်။ ကျနော့်အရေးအသားတွေမှာ ဒုက္ခသည်တွေ ဘက်က ဘက်လိုက်ရေးတာလေးတွေ ပါကောင်းပါလိမ့်မယ်ဗျာ။ ဒါဟာ ကျင့်ဝတ်ကို ချိုးဖောက်တယ် ဆိုရင်တော့ ကျနော် ဖောက်မယ်။ အခုရေးတာတွေ ဖတ်ကြည့်တာနဲ့တင် ဘယ်လောက် ဆိုးတယ်ဆိုတာ အကိုနားလည်လိမ့်မယ် ထင်ပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျား လွတ်လွတ်လပ်လပ်သာ ရေးပါ။
သတင်းထောက်။ ။ ကျနော် စကားပြောခဲ့တဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက ဒုက္ခသည်တွေကို အပြစ်တင်တယ်ဗျ။ ဒီဒုက္ခ သည်တွေက ဘယ်လောက်ပဲ ဆန်ပေးပေး။ လာတဲ့ သူတိုင်းကို မရဘူးပဲ ဖြေကြတယ်။ေ—ာက်ကျင့် မကောင်းတဲ့ သူတွေလို့ ပြောတယ်ဗျ။ အဲဒါ မြန်မာ ဝန်ထမ်းပါ။
အယ်ဒီတာ။ ။ တကယ်ပဲလားဗျာ။ ဆိုးလှချည်လား။
သတင်းထောက်။ ။ ပင်လယ်နား နီးလာလေ..ေ—-ာက်ကျင့် မကောင်းလေလို့ အဲဒီ ဝန်ထမ်းက ပြောတယ်ဗျ။ ကျနော်လေ လက်ကိုယားနေတာပဲ။ ထထိုးလိုက်ရင် ကောင်းမလား..။ ဒါမှမဟုတ် ဖက်ကိုက်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားသေး တယ်။ေ—ာက်သုံးမကျတဲ့ ကောင်..။
သတင်းထောက်။ ။ အဲဒီကောင်က လပွတ္တာမြို့နယ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ကွပ်ကဲ ရေးမှူးပေါ့ဗျာ။ လူတွေ ဒုက္ခရောက်နေတဲ့အချိန် သူတို့တတွေက ကားကြီးတွေနဲ့ မြို့ကိုလှည့်မှာ ကြားကြတာပေါ့ဗျာ..။
အယ်ဒီတာ။ ။ ခင်ဗျားဆောင်းပါးထဲမှာ အဲဒီအကြောင်းတွေပါ ထည့်ရေးဗျာ။
သတင်းထောက်။ ။ သူတင်မဟုတ်ဘူးဗျ။ တခြား လူတွေလည်း တသံတည်းပဲ။ ဒုက္ခသည်တွေကေ—ာက်ကျင့်မကောင်း ဘူးပေါ့။ လာတဲ့ သူတိုင်းကို ဒုက္ခသည်တွေကို ပေးမယ့် ကမ်းမယ့် သူပဲလို့ထင်လို့ အဲလိုပြောတယ် ပေါ့ဗျာ။ မိသားစုတွေ အသက်ဆုံးရှုံးပြီး အိုးအိမ်တွေ စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေ စကားကို ကျနော် ယုံကြည်ခဲ့တယ်။ သူတို့ မညာလောက်ဘူး။ သူတို့ မျက်နှာမှာ မျက်ရည်တွေ ပူဆွေးမှုတွေ ကြေကွဲထိခိုက်မှုတွေနဲ့…။
အယ်ဒီတာ။ ။ ခင်ဗျား ခံစားရတာကို ကျနော်လည်း ဝေမျှ ခံစားကြည့်လို့ ရပါတယ်ဗျာ..။
သတင်းထောက်။ ။ အဲဒီလို ခံစားနေရတဲ့ သူတွေမှာ ညာဖို့ အင်အားမရှိကြပါဘူး။ သူတို့မှာ ဆုံးရှုံးမှုတွေကို နှစ်သိမ့်ဖို့ လူတွေလိုနေပါတယ်။ ဆန်ပေးရုံ၊ သောက်ရေပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာ မြင့်မြတ်တဲ့ အဖွဲ့အစည်းပါဆိုတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ နားမလည်ကြဘူးလားဗျာ။ အကို နေ့လယ်စာ စားတော့မလား။
အယ်ဒီတာ။ ။ ရတယ်။ မစားသေးပါဘူး။
သတင်းထောက်။ ။ ကြုံလို့ ထပ်ပြောရဦးမယ်။ နောက် တခြား အဖွဲ့အစည်းကလူတွေက ပြောသေးတယ်ဗျ။ လှူတာတွေ ချည်းပဲ စားနေရင် ဒီလူတွေ ကြာရင် ပျင်းသွားလိမ့်မယ်တဲ့။ အဲဒီ ခွေးမသားက ကျနော့်ကို ပြောတယ်ဗျ..။ အဖွဲ့အစည်း နာမည်တော့ မမှတ်မိတော့ဘူး..။
အယ်ဒီတာ။ ။ UN ကပဲလား။
သတင်းထောက်။ ။ မဟုတ်ဘူး။ ဒေါသထွက်လွန်းလို့ မမှတ်မိတော့ဘူး။ ပြန်ကြည့်ရမယ်။ မှတ်တော့ မှတ်ထားတယ်။ အဲဒါကို ကျနော် သေသေချာချာ ရေးဦးမယ်။ ခုလောလောဆယ်တော့ ကျနော် ဖျားနေတယ်။မှတ်ချက်။ ။ ၎င်း သတင်းထောက် ရေးသားပေးပို့မည့် လပွတ္တာမှ အပြန် ဆောင်းပါးကို ဓာတ်ပုံများဖြင့် ဆက်လက်ဖော်ပြ သွားပါမည်။

အပြည့်အစုံဖတ်လိုလျှင်

Un Chief Calls Emergency Meeting on Burma

Un Chief Calls Emergency Meeting on Burma

By LALIT K JHA
Thursday, May 15, 2008


United Nations Secretary-General Ban Ki-moon on Wednesday held an emergency meeting on Burma with a select group of countries at the UN headquarters in New York in an effort to tackle the humanitarian crisis unfolding in the Irrawaddy delta.

In particular, Ban directed attention toward the rescue and relief operations in Burma in the aftermath of Cyclone Nargis and the Burmese military junta’s refusal to allow foreign aid workers into affected areas.

Besides the 10 members of the Association of Southeast Asian Nations (Asean) and the five permanent members of the Security Council (the US, Britain, France, China and Russia), major donors such as Japan and South Korea attended the meeting, as did Burma’s neighbors India and Bangladesh. The Burmese ambassador to the UN, Kyaw Tint Swe, also addressed the group.

The meeting lasted more than 90 minutes and saw as many as 16 countries speaking on the proposals put forward by the secretary-general. Prominent proposals included a high-level meeting on Burma, better UN-Asean coordination and pressuring Asean to become more involved.

However, little progress was made in terms of consolidating emergency relief for the 1.5 million people stranded in devastated areas of the Irrawaddy delta. The group could not find a solution to the burning issue of effective distribution of relief material and the Burmese authorities opening up their borders to foreign aid workers.

As ambassador after ambassador came out of the meeting and spoke to the eagerly awaiting media outside the meeting hall at the UN headquarters, it became increasingly evident that sharp differences persisted among the member nations—primarily between the US, France and Britain, and Burma's immediate neighbors, including India and China—on how to proceed with the relief operations.

However, both camps insisted that this is a humanitarian crisis and should not be politicized.
"There were expressions of concern that this should not be the subject of politicization,” Ban said, adding: “This is purely, genuinely, a humanitarian crisis. I have assured the delegations that I'll try to lead this humanitarian work in a purely, genuinely humanitarian way."

The secretary-general also noted that he appreciated the "flexibility shown" by the Burmese government in last few days in receiving aid, but insisted that this is not enough.

Among proposals made by the secretary-general were designating a UN/Asean joint humanitarian coordinator, establishing a logistical hub outside Burma and holding a high-level pledging conference.

"We agreed that all the humanitarian assistance should be made now in a more systematic, organized and coherent manner, looking at more mid-term construction issues," he said.
Ban informed the media that he was considering sending Under-Secretary-General for Humanitarian Affairs John Holmes to Burma with a World Food Programme airplane carrying relief supplies.

The Asean foreign ministers are meeting on May 19. Ban is also likely to address a special meeting of the General Assembly on Friday.

Having high expectations from the coming meeting of the Asean foreign ministers in Singapore, Ban said: "I am sure the Asean foreign ministers' meeting will reflect on these specific proposals which I have put forward. Many delegations have expressed their support and on the merit of this issue, but this needs to be discussed with the Myanmarese [Burmese] government, as well as Asean countries."

However, earlier in the day the under-secretary-general of humanitarian affairs expressed his disappointment over the slow response of the Burmese military junta in receiving international aid workers and experts in handling the humanitarian crisis. Holmes said there is "huge frustration" at the UN.

Quoting Burmese officials, Holmes said the official death toll was now 38,491 with 27,838 missing. But the figures could turn out to be significantly higher, he feared. Current estimates pointed to between 1.6 million and 2.5 million people severely affected by the consequences of the cyclone, and there was more heavy rain forecasted, he said.

Holmes added that the UN is in touch with Burma's immediate neighbors and fellow Asean members to encourage them to use their contacts and influences on the junta.

The Burmese ambassador to the UN earlier had insisted that although this was a humanitarian disaster of huge proportions, politicization would further complicate the situation and make challenging situations even more difficult.

The British and US ambassadors, however, said the onus for this was purely on the Burmese regime as it was not doing enough.

"No one is politicizing this issue—certainly not us. But if that aid is held up then it is the Burmese government, which would make it a political issue—no one else," the British envoy, Sir John Sawers, said.

"We feel that there is a sense of real urgency. The overwhelming need, which every speaker endorsed, is getting in aid for the people of Burma, which is desperately needed," he said.
Sawers said he hoped the initiative taken by Ban could be respected and followed by countries of the region, and the international community as a whole, and that the distribution of aid would be managed professionally.

Stating that one of the big issues now is how to get the Burmese authorities to be more open to removing the conditions and restrictions on the supply of humanitarian aid, US Ambassador to the UN Zalmay Khalilzad said, "A clear message was sent by many speakers to the Myanmar authorities that they need to remove those conditions."

Khalilzad added: "We all emphasized that this is a humanitarian situation to which we are all responding and everyone wants to avoid politicizing it. But it will get politicized if the needed assistance is not allowed to arrive in a timely manner to save lives."

အပြည့်အစုံဖတ်လိုလျှင်