Monday, February 4, 2008
Remembering Myanmar protests with film screening
Posted by
54freedom
at
10:01 PM
0
comments
Labels: 2008, TODAY. Monday.February 4
Thursday, January 31, 2008
ဘင်လာဒင် (-) အဖျက်လုပ်ငန်း = သာသနာမောဠိ

“ချစ်သားတို့ စိမ်းညို့ မို့မောက်နေသည့်တောအုပ်ကို ကြည့် လိုက်ကြ။
ထိုတောအုပ်ကို ပုဇင်းရင်ကွဲတို့၏ တေးဟစ်ဆိုသံ တွေဖြင့်စိုးအုပ်ထားတန်ရာ၏ ။
ထိုအခိုက် အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်တပ်ချီလာ၏ ။ ထိုအခိုက် စစ်တပ်၏ ဆင်သံ ၊ မြင်းသံ ၊ တံပိုးခရာသံတို့ကြောင့် ပုဇင်းရင်ကွဲ တို့ အသံသည် တဒင်္ဂတိတ်ဆိတ် ငြိမ်သက် သွားတန်ရာ၏ ။ သို့သော် ထိုစစ်တပ်တို့ အသံများ တိတ်ဆိတ်ငြိမ်သက် သွားရာ၌ ထိုတောအုပ်သည် ပုဇင်းရင်ကွဲတို့ အသံဖြင့် တဖန် မင်းမူစိုးအုပ် လေရာ၏ ။
အကြောင်းမူ စစ်တပ်၏ အသံသည် တောအုပ် ၏ ထာဝရအရှိတရား မဟုတ်ပဲ ပုဇင်းရင်ကွဲတို့၏အသံသည်သာ တောအုပ်၏ထာဝရ အရှိတရားများ ဖြစ်ကြသောကြောင့်ပင်တည်း ။ ”
(ဗုဒ္ဓ ၊ အင်္ဂုတ္တရနိကာယ)
ငါတို့နိုင်ငံ၌ လွတ်လပ်၍ တရားမျှတသော
ပုဇင်းရင်ကွဲတို့အသံသည်စိုးအုပ် လွှမ်းမိုး ထားရာ၏ ။
ထိုအခိုက် မဆလ ၊ န၀တ ၊ နအဖ ဟူသောစစ်တပ်ချီလာပြီး ငါတို့တောအုပ်ကို ခွေးအူသံ ၊ လူအူသံ ၊ သေနတ်သံ တို့ဖြင့်စိုးအုပ်ထား လေပြန်ရာ၏ ။
သို့သော် ထိုအူသံအမျိုးမျိုး ဆိတ်သုန်းပြီးလွတ်လပ်၍ တရားမျှတမှု ဆိုသောငါတို့ပုဇင်းရင်ကွဲကြွေးေ
အကြောင်းမူ ထိုအူသံတို့သည် တို့တောအုပ်၏ ထာဝရအရှိတရား များမဟုတ်ပဲ ငါတို့၏ လွတ်လပ်၍ တရားမျှတသော ပုဇင်းရင်ကွဲ တို့အသံသည်သာ တို့တောအုပ်၏ ထာဝရအရှိတရား များဖြစ်ကြသောကြောင့် ပင်တည်း ။
တောအုပ်တစ်ခု၏ နှလုံးသားသည် လွပ်လပ်မျှတမှုတည်း ။
“ ဘင်လာဒင် (-) အဖျက်လုပ်ငန်း = သာသနာမောဠိ ” ဆိုတာကျနော်တို့ မက်ယူထားတဲ့အိပ်မက် တစ်ခုဆိုတာ ရှင်းပြဖို့လိုမယ် မထင်ပါဘူး ။ ကဲပြောကြပါ ၊ အဖျက်လုပ်ငန်း တွေကိုဖယ်ထားလိုက်ရင် ဘင်လာဒင်ထက် အောင်မြင်တဲ့ ဘာသာရေးခေါင်း ဆောင်ဘယ်သူလဲ ။ ဒီနေ့ကျနော်တို့ မျှော်လင့်ထားတဲ့ သာသနာ့မောဠိ ဆိုတာ Twin Tower ကိုလေယာဉ်နဲ့ဝင်တိုက်မဲ့ ဘင်လာဒင်ရဲ့ မဟာဗျူဟာ မဟုတ်ပါဘူး ။ အဆိပ်နဲ့ မဲပုပ်၊ပွရောင်းနေတဲ့ နအဖ ရဲ့ ဗိုက်ခေါက်ထူထူဆီကို သစ္စာလူးတဲ့ မြှားဦးလည့်ပေးလိုက်ဖို့ပါ ။ ဒီနေ့ သာသနာမောဠိ ရဲ့ သစ္စာမြှားဦးဟာ နအဖ ရဲ့ရင်ညွန့်ဦးဆီကို တည့်တည့်ကြီးချိန် ထားပြီးပါပြီ ။
ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေလိုတယ် ။
ခင်ဗျားတို့ လက်ဖျံရိုးနဲ့ ၊ လက်မောင်းကြွက်သား တွေလိုတယ် ။
ခင်ဗျားတို့ချွေးနဲ့ ၊ ချွေးနဲစာတွေလိုမယ် ။
ဒီတောအုပ်ကို ပုဇင်းရင်ကွဲသံတွေနဲ့ စိုးအုပ်စေချင်ရင် ခင်ဗျားတတ်နိုင်တဲ့ တစ်ခုခုကိုတော့ ပေးဆပ်ထားခဲ့ပါ ။ စစ်တပ်ကိုလွှမ်းအုပ်ဖို့ ပုဇင်းရင်ကွဲတို့ တေးသီချင်းစဆိုနေပါပြီ ။
ပန်းသီတဲ့ကြိုး
“ ချစ်သားတို့ ၊ ဖြူ ၊ နီ ၊ ပြာ ၊ ၀ါ သောပန်းတို့သည် မြေပြင်၌ ကစဉ့်ကလျား အိပ်စက်လဲလျောင်းနေရာ၏ ။
ထိုအခါ ကျွမ်းကျင်လှစွာသော ပန်းကုံးသမားသည် ခိုင်မာသော ပန်းသီတံဖြင့် တစ်ပွင့်စီပြန့်ကျဲ နေသောပန်းရောင်စုံ တို့ကိုအနုပညာမြောက်မြောက် သီကုံးလေရာ၏ ။
ထို့ကြောင့် ထိုအကြွေပန်းတို့သည် တော်ဝင်သောပန်းကုံး တစ်ကုံးဖြစ်သွားလေရာ၏ ။ ”
( ဗုဒ္ဓ ၊ ဓမ္မပဒ ၊ ပုပ္ဖ၀ဂ် )
ပြည်တွင်းပြည်ပ မြန်မာတွေကွဲပြဲနေကြသလား ၊ ဟင့်အင်း ကွဲပြဲမနေကြပါဘူး ။ ဒါဆိုစည်းလုံး ညီညွတ်နေကြပါသလား ၊ ဒီလိုလဲစည်းလုံး ညီညွတ်မနေကြပါဘူး ။ ဒါဆို ဘာလဲ ၊ ဘာမှမဟုတ်ပါဘူး ဒီရောင်စုံပန်းပွင့်တွေကို သီကုံးဖို့ ကြိုးတစ်ချောင်းနဲ့ ပန်းသီမယ့်လက်ဖ၀ါး တစ်စုံ အလိုရှိနေတာပါ ။ သာသနာ့မောဠိဆိုတာ ပန်းသီိတဲ့ကြိုး ပန်းသီိတဲ့လက်ဖ၀ါးပါပဲ။ ကြိုးကမလှပသလို ပန်းသီမယ့်လက်ကလည်း ပန်းလောက်မလှပါဘူး ။ ဒါပေမဲ့ အဲဒီကြိုးနဲ့ လက်ဖ၀ါးတစ်စုံဟာ ရောင်စုံလှပတဲ့ ပန်းတစ်ကုံးဖြစ်ဖို့တော့ ရာနှုန်းပြည့်တာဝန်ယူပါလိမ့်မယ်။
ကျေးဇူးပြုပြီး ခင်ဗျားတို့နှလုံးသား ကိုပန်းတစ်ပွင့် အဖြစ်ဖန်ဆင်းလိုက်ပါ ။ ခင်ဗျားဟာ ၊ ကျူပ်ဟာ ၊ ဦးဂမ္ဘီရဟာ ၊ မင်းကိုနိုင်ဟာ ၊ ဖြူဖြူသင်းဟာ ၊ စုစုနွေးဟာ ၊ ကိုကိုကြီးဟာ ပန်းတွေဖြစ်ပါတယ် ။
ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေလိုတယ် ။
ခင်ဗျားတို့ လက်ဖျံရိုးနဲ့ ၊ လက်မောင်းကြွက်သား တွေလိုတယ် ။
ခင်ဗျားတို့ချွေးနဲ့ ၊ ချွေးနဲစာတွေလိုမယ် ။ ( လိုတယ်လို့မပြောပါ ) ။
“ အစည်းပြေနေတဲ့ မြန်မာတွေအားလုံးကို ချီဖို့ကြိုးတစ်ချောင်းလိုတယ် ၊ အဲဒီကြိုးဟာ ဘာသာရေးဆိုတဲ့ကြိုးပါပဲ ၊ဒါကိုဆရာတော်ကြီးနှစ်ပါးစလုံး( ဆရာတော်ဦးကောဝိဒါဘိဝံသ နဲ့ ဆရာတော်ဦးပညာဝံသ ) ကယုံကြည်ကြပါတယ်။ ”
( ဆရာတော်ဦးဥတ္တရ ၊ မောဠိအဖွဲ့ချုပ် ၊ အတွင်းရေးမှုးဆရာတော် ) ။
ဟုတ်ပါတယ်။ ကျနော်တို့ယုံကြည်တဲ့ပန်းသီတဲ
လာပြီ။ သစ္စာရဲ့ မြှားဦး ၊ န.အ.ဖ ရဲ့ ဗိုက်ခေါက်ထူထူ ကိုချိန်လို့ ၊ ဂန္ထ၀င်မြောက်ပန်း တစ်ပွင့်လို့ရင်ဖွင့်ကြိုဆိုကြပါ ။
မောဠိဆိုတဲ့ ပါဠိစကားကိုသုံးပြီး ဗုဒ္ဓဘာသာဘုန်းကြီး တွေကစတင်ဖွဲ့စည်း ၊ သီကုံးခဲ့ပေမဲ့ မောဠိအောက်မှာ မြန်မာနဲ့သွေးသားတော် စပ်တဲ့အသိရှိတဲ့လူသားတိုင်း ၊ သစ္စာတရားကို ကိုးကွယ်တဲ့ ဘာသာတရားတိုင်း ပါဝင်တယ် ၊ Jesus cries တပည့်တွေပါတယ် ၊ တမန်တော် မိုဟာမက်စကားနားထောင်သူ တွေပါတယ် ၊ ဗုဒ္ဓရဲ့ သားတပည့်တွေပါတယ် ၊ ဒါကြောင့် မောဠိသီကုံးတဲ့ပန်းဟာ အရောင်စုံတယ် ။
ဒါဆိုမောဠိကဘာလုပ်မှာလဲ ။
အသက် ( ၈၀ ) ကျော်ဆရာတော်ကြီးနှစ်ပါးက နှစ်ဖက်ဓားသွား တစ်လက်စီကိုကိုင် ပြီးသန်းရွှေ နဲ့မောင်အေးရဲ့ ရင်ဘတ်ကို စိတ်ရှိလက်ရှိ မွှေနေမှာ မဟုတ်သလို သန်းရွှေရဲ့ သံရုံး တွေရှေ့သွားပြီးလည်း ဆဲ ၊ ဆို ၊ ခဲနဲ့ပေါက်နေမှာ တော့မဟုတ်ပါဘူး ။
( ပီနန်ဆရာတော်ရဲ့ ရဲရဲတောက်မိန့်ခွန်း )
| အရူးချေးပန်း ဗေဒင်ဆရာရဲ့ ယတြာချေထုံးနဲ့ ကျောက်ပတ်တီး စီးထားသလို လက်ကောက်တွေဝတ်တက်တဲ့ ကြိုင်ကြိုင်ရဲ့စကားကလွဲရင် နားအပိုမရှိတဲ့ စာပို့သမားကလည်း ဆရာတော်ကြီး ရဲ့ ပြုပြင် ပြောင်းလဲရေး စည်းလုံးတိုးတက်ရေး စကားတွေကို နားထောင် ချင်မှာ ၊ နားထောင်နိုင်မှာ မဟုတ်ဘူးဆိုတာက လည်းပက်ပက်စက်စက် သေချာလှပါရဲ့ ။ ဒါပေမဲ့ ရွှေရောင်နဲ့ချီခဲ့တဲ့ တော်လှန်ရေးဟာ လှပတဲ့ ရွှေရောင်အနာဂတ်အတွက်ရွှေရောင် တွေက အဆုံးသတ်ဖို့ကြိုးစားရမယ် ၊ ဒါကိုဥသျှောင်ဆရာတော် တွေယုံကြည်ကြတယ် ။ သူတို့လုပ်နိုင်တဲ့ အလုပ်ဆိုတာကိုလည်း အရှင်မြတ် တွေကယုံကြည်ထားကြတယ် ။ “ ဦးဇင်းတို့ Target က ၂၀၀၈ ဖြစ်တယ် ၊ ၂၀၀၈ အတွင်းမှာ ပြီးဆုံးရမယ် ၊ ဒီအတွက်အားကောင်း မောင်းသန် အကူအညီတွေကမ္ဘာက ပေးကြလိမ့်မယ် ၊ ဦးဇင်းတို့ကိုယ်တိုင်လည်း( ၁၀ )ဆ တိုးပြီးအလုပ်လုပ်ရမယ် ” ( ဆရာတော် ဦးဥတ္တရ ) ဒီစကားအတွက် သံသယရှိတဲ့ သတင်းထောက်က ပီနန်ဆရာတော်ကြီးကိုမေးတယ် ၊ ဒီတော့ဆရာတော်ကြီးက “ ဦးဆောင်နေတဲ့ လူတွေကိုကြည့် ” လို့ဖြေတော်မူလိုက်တယ် ။ ဟုတ်တယ် ၊ ကြာရင်တိုင်းပြည်နာတယ် ။ ရမ်ဘို ရဲ့ ရုပ်ရှင်ကြော်ငြာသလိုပါပဲ ၊ Live For Nothing Or Die For Something. ကျနော်တို့ဖောင်တွေကို ဖျက်ထားခဲ့ပြီး မောဠိနဲ့အတူ တိုက်ပွဲဝင်ကြပါစို့ ။ “၂၀၀၈ မှာပြီးဆုံးရမယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ ဆိုရင်တော့ ပြောနိုင်လောက်တဲ့ အကြောင်းတရားရှိလို့ပေါ့ ၊ တံခါးပိတ် စည်းဝေးခဲ့တဲ့ ဂျကာတာ ၊ မဲဆောက် အစည်းအဝေးတွေကနေ မယုံနိုင်လောက်တဲ့ အဖြေတွေရခဲ့ကြတယ် ၊ ဒါတွေကိုပြောပြလို့ မဖြစ်ပေမဲ့ အီးယူသမဂ္ဂ ၊ အမေရိက နဲ့ လုံခြုံရေးကောင်စီက မြန်မာ့တော်လှန်ရေး ဟာ၂၀၀၈ မှာအောင်မြင်ရမယ်လို့ ယုံကြည်ထားကြပြီးပါပြီ ။ အစိုးရအဖွဲ့ အစီးတွေနဲ့ အတူ N.G.O အဖွဲ့တွေက လည်းရာနှုန်းပြည့် ပံ့ ပိုးပေးကြပါလိမ့်မယ် ၊ ဒါကြောင့်ဦးဇင်း တို့ Target ဟာ၂၀၀၈ လို့ပြောရဲတာဖြစ်ပါတယ် ။” ( ဦးဥတ္တရ ) န.အ.ဖ ကိုလမ်းကြောင်းပေးသလို ဖြစ်နေမှာမို့ တံခါးပိတ်စည်းဝေးပွဲတွေရဲ့ ရလာဒ်ကို ပြောမပြဖြစ်ခဲ့ ပေမဲ့ ကမ္ဘာက န.အ.ဖ ကိုဝိုင်းထုဖို့ သဘောတူ နေကြပြီးပြီ ဆိုတာကိုတော့ ကျနော်တို့ သိလိုက်ရပါတယ် ။ “လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ခ ဒါကတော့ ဆရာတော်ဦးဥတ္တရဆီက အတွင်းကျကျ သတင်းတစ်ခု ပွင့်အံ လာတာပဲဖြစ်ပါတယ် ။ Gambari နဲ့ န.အ.ဖ တို့ရှေ့ ခြေလှမ်း ဘယ်လောက်ရောက် နေပြီလဲ ၊ Mr.Gambari ရဲ့စကားကို နားထောင်ဖို့ ဟိုကောင်တွေမှာ နားရှိရဲ့လား ၊ ဒါကိုလုံခြုံရေး ကောင်စီကသိနေပြီ ။ Gambari ကိုလွတ်မဲ့အစား မြန်မာသံဃာတချို့ကို တရားဝင်စကားပြောခိုင်းရင် ပိုထိရောက်လိမ့်မယ် ဆိုတာကတော့ သေချာပါတယ် ။ “ မဲဆောက်မှာ လက်နက်ကိုင်အဖွဲ့ တွေရော ၊ လက်နက်မကိုင်တဲ့ အဖွဲ့တွေရော ၊ ဗုဒ္ဓဘာသာတွေရော ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေရော အားလုံးနဲ့တွေ့ ခဲ့ပါတယ် ၊ တံခါးပိတ် ဆွေးနွေးခဲ့ကြတယ် ၊ အားလုံးဆီက ညီညွတ်မှုလည်းရခဲ့ပါတယ် ။ ” ဒါကဆရာတော် ဦးဥတ္တရ ရဲ့ မဲဆောက် ၊ ဂျကာတာ ဆွေးနွေးပွဲတွေ အပြီးမှာ ပြောပြခဲ့တဲ့ စကားတွေဖြစ်ပါတယ် ။ ကျနော်တို့လိုချင်တဲ့ အား ဟာလည်းဒါပါပဲ ။ |
| မောဠိက လိုကောလိုအပ်လို့ လား
အသေအချာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ သံဃာမဟာနာယက အဖွဲ့ ဆိုတာ ရှိပေမဲ့ ဒီအဖွဲ့ အစည်းဟာ ရာထူး ဌာ န န္တ ရမက်မောခြင်း ၊ ကမ္ဘာအခြေအနေကို မသိခြင်း န-အ-ဖ ကို ဘာမှ ပြန်မပြောရဲအောင် ကြောက် ရွံခြင်း ဆိုတဲ့ အဂတိတရား သုံးပါးအောက်မှာ နလံ မထူု နိုင်တော့ပါဘူး၊၊ သာသနာကိုကာကွယ်ဖို့ ထက် ဘာမှလုပ်မရတဲ့ ရာထူးပြုတ်မှာကိုကာကွယ် နေကြပါတယ်၊၊ ဒီအချိန်မှာ လာဘ်လာဘ မမက်မောတဲ့ ကမ္ဘာ့ရေစီးကြောင်းကို သိတဲ့ အမှန်တရားအတွက် ဘယ် ပုဂ္ဂိုလ်ကိုမှ မကြောက်တဲ့ သံဃာ အဖွဲ့ အစည်း သေချာပေါက်လိုအပ်တယ်။ သံဃာမဟာနာယက ဆိုတာ ရှိတယ်ဆိုစေဦးတော့ ပြည်ပသာသနာ ပြုတော်မူကြတဲ့ သံဃာတွေကို ဘာဆိုဘာမှ အကူအညီ အထောက်အပံ့ မပေးနိုင်ကြပါဘူး၊၊ ယုတ်စွအဆုံး အကြံဥာဏ်လေးတောင် မပေးနိုင်ကြပါဘူး၊၊ ဒီအချိန်မှာ ပြည်ပသာသနာပြု အတွေ့ အကြုံ အနှစ်ငါးဆယ်ကျော်ရှိတဲ့ ပီနန်ဆရာတော်ကြီးက လမ်းညွှန်ပေး ဦးဆောင်မှုပေးလိုက်ပါတယ်၊၊ဒီအဖ နောက်ပြီး ကမ္ဘာထိပ်သီး အစည်းအဝေးကြီးတွေမှာလည်း ကမ္ဘာ့ အသိအမှတ်ပြုဘာသာရေး အဖွဲ့  အစည်းကြီး အနေနဲ့  တူတူတန်တန် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖိတ်ကြားတာခံရတယ် ဆိုတာ ဒီလို စည်းလုံးမှု့ ရဲ့ အကျိုးရလာဒ်ပါပဲ ။ ဒါကြောင့် သာသနာ မောဠိရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးဆိုတာထက် အဆမတန် ကျယ်ပြန့်  ပါတယ်၊၊ ပြည်ပ သာသနာပြု ရဟန်းတော် အချင်းချင်း ထိတွေ့  ဆက်ဆံခွင့်သလို တစ်ပါးရဲ့ အခက်အခဲကို တစ်ပါးက နားလည်ပြီး အတူအကွ ကူညီဖြေရှင်း သာသနာပြု လုပ်ငန်းတွေကို ဒီထက်မက အလုပ်လုပ်နိုင်သွားပါလိမ့်မယ်။ ဒါဟာ မောဠိ က လိုကောလိုအပ်လို့ လား ဆိုတဲ့မေးခွန်းရဲ့ အဖြေအကျဉ်းပဲ ဖြစ်ပါတယ်၊၊ အခုတင်ပြမဲ့ ကိစ္စကတော့ ကျနော်တို့ ဗုဒ္ဓ၀ါဒီ အဖွဲ့ ရဲ့ မောဠိ အပေါ်မှာထားတဲ့ အိမ်မက်တွေပါ။ ၁။ ကမ္ဘာ သာသနာပြု စာသင်သားရဟန်းတော်များ အားလုံးစုဝေးပြီး သာသနာ့ ညီလာခံ ကျင်းပနိုင်ရေး ၂။ သာသနာမောဠိကို ဌာနချုပ်အနေနဲ့  အမေရိက မှာထားပြီး အခြား ဥရောပ မောဠိ အာရှမောဠိ အမေရိက မောဠိ ဆိုပြီး မောဠိ အဖွဲ့ ခွဲများ အဆင့်ဆင့် ဖွဲ့ စည်းထားနိုင်ရေး ၃။ မောဠိ နဲ့ ပတ်သက်တဲ့ မူဝါဒ လုပ်ငန်းလုပ်ဆောင်တာများကို E-0ffice မှတဆင့် ညွန်းကြား စီမံခန့် ခွဲနိုင်ရေး ၄။ သတင်းနဲ့ မီဒီယာကို ဒီထက် မြန်မြန်ဆန်ဆန် ဆောက်ရွက်နိုင်ရေး…..ဆိုပြီး “Moli in our dream” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့ ကမ္ဘာအမြင် ကျနော်တို့  ထက် များစွာသာလွန်တဲ့  ဆရာတော်ကြီးများဟာ သတင်းနဲ့  မီဒီယာ ကိစ္စကလွဲရင် အာလုံး စနစ်တကျ စီစဉ်ထားတော်မူကြပြီးဖြစ်ကြပါတယ မောဠိ အလုပ်ဖြစ်ပါ့မလား ( ? ) ဖြစ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေဟာ အစဉ်အလာအရကိုပဲ သံဃာတော်တွေကို ရိုသေကိုင်းရှိုင်းမှု နဲ့အတူ ဦးထိပ်တင်ထားကြပြီးသားပါ။ ဥက္ကဌ ဆယ်ခွန်း ဘုန်းကြီးတစ်ခွန်းပါ၊၊ မောဠိ ဟာ နိုင်ငံရေးပါတီ တစ်ခုမဟုတ်တဲ့ အတွက် နိုင်ငံရေးမူဝါဒ ကွဲလွဲစရာမလိုပါဘူး။ မောဠိရဲ့ ဥသျှောင် ဆရာတော်ကြီးများဟာ အကျင့်ပျက် ၀န်ထမ်းတွေ မဟုတ်တဲ့အတွက် လာဘ်ပေး လာဘ်ယူ ကင်းရှင်းပြီး လူထုရဲ့ ယုံကြည်အားကိုး မှု့ ကို ရပါလိမ့် မယ်။ မောဠိရဲ့ ဦးဆောင်မှု့အောက်မှာနိုင်ငံရေး တက်ကြွသူတွေရော ဘာသာရေး တက်ကြွသူတွေပါ ပါဝင်ခိုလှုံ လာကြပါလိမ့်မယ်။ မောဠိဟာ ဗုဒ္ဓဘာသာဆိုတဲ့  နယ်နမိတ်ထဲမှာတင် မဟုတ်ပဲ လူမျိုးရေးပါ ပါဝင်နေတဲ့  အတွက် ဗုဒ္ဓဘာသာ မဟုတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်များ ပါဝင်လာပါလိမ့်မယ်။ မောဠိဟာ ပုဂ္ဂိုလ်သာကြည့် ပေးသမျှ အကြံအကုန်ယူ ပြောသမျှစကားကို နာခံမှာမဟုတ်တဲ့ အတွက် ဒေါ်လာစား နိုင်ငံရေးစားဖားကြီးတွေရဲ့ ရုပ်သေးရုပ်မဖြစ်နိုင်ပါဘူး။ ဒါတွေကို ထောက်ဆရင် မောဠိ (၆)လသား အရွယ်လောက် ရောက်ပြီဆိုရင်ပဲ န-အ-ဖ ရင်တုန် ပန်းတုန် ဖြစ်လာပါလိမ့်မယ်။ ကဲ…ဒါတွေဟာ မောဠိရဲ့ ပန်းကြိုးဖြစ်ပါတယ်။ |

| မောဠိရဲ့ “ အား ” “ မင်းရဲ့ လွတ်လပ်ခွင့်တွေ အားလုံးဟာ ငါ့လက်ထဲမှာ ရှိပါတယ်ကွာ” ဟု ပြေးမထွက်ခင် မြှားတန်လေးကို လေးညို့ကပြော၏ ။ “ အေး….ဟုတ်ပါတယ် ဒါပေမဲ့ ပစ်မှတ်ကို ထိုးခိုက်ရမှာကတော့ ငါ့ရဲ့ ခေါင်းချွန်ချွန်ပဲ ဖြစ်ပါတယ်” ဟု မြှားလေးက လေးညို့ ကို ပြန်ပြောလိုက်၏ ။ ( ရာဘင်ဒြာနသ် တဂိုး)
မောဠိ ဟာ မြှားဦးဖြစ်တယ်။ မောဠိဟာ န-အ-ဖရဲ့ ရင်ညွန့် ကို ချိန်ထားတဲ့  သစ္စာမြှားဦးဖြစ်တယ်၊ ဒီမြှားဦးရဲ့ ဦးတည်ရာဟာ တည့်မတ်လွန်းလှတယ် ။ အဲ..အဲဒီမြှားရဲ့ ထိုးစိုက်နှုန်းဟာ ဘယ်လောက်ရှိမလဲ ။ အဲဒီမြှားရဲ့ထိုးစိုက်နှုန်းဟာ ဘယ်လောက်နက်ရှိုင်းမလဲ ။ အဲဒီ လေးညျိ့ ကို ခင်ဗျားတို့ ကျုပ်တို့  ၀ိုင်းတင်ရမယ်။ ၊ ၀ိုင်းဆွဲရမယ်။ ပြီ……ပစ်လွှတ်ကြမယ်။ မောဠိရဲ့ အားဟာ ခင်ဗျားတို့  ကျုပ်တို့ ဖြစ်ပြီး ကျုပ်တို့  ခင်ဗျားတို့ ရဲ့ “ အား ” ဟာ မောဠိ ဖြစ်ပါတယ်။ ဘယ်လိုလဲခင်ဗျားဘေးထွက်နေခဲ့ဦ မောဠိအောင်မြင်ပါစေ ၊ ငါတို့  လွတ်လပ်ပါစေ။ န-အ--ဖ ၀ါဒ ကျဆုံးပါစေ။ ဇင်ဝေသော် ( အေ၊ အို၊ အေ၊ ဘီ ) |
Posted by
54freedom
at
11:16 PM
0
comments
Wednesday, January 30, 2008
တရုတ်နှင့်အတူ စစ်အစိုးရတို့က ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်
တရုတ်နှင့်အတူ စစ်အစိုးရတို့က ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်
ဒေလီထက်
ဇန်န၀ါရီလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။
တရုတ်အကူအညီဖြင့် မြန်မာစစ်အစိုးရတို့က ကရင်နီပြည်တွင် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ်(၃)ကို ထပ်မံတိုးချဲ့၍ တည်ဆောက်မည် ဖြစ်သည်။
၎င်းစက်ရုံ တည်ဆောက်ရန်အတွက် လွိုင်ကောက်မြို့နယ် အတွင်းရှိ ဒေါမူကလရွာတွင် လယ်ယာ၊ ခြံမြေ ဧက ၆၀၀ ခန့်ကို ယခုလ ၂၂ ရက်နေ့မှ စတင်ရှင်းလင်း၍ ကွန်ကရစ်များ (အင်းဂဒေ) များဖြင့် လောင်းထားပြီး ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
ယခုဆောက်လုပ်မည့်စက်ရုံကို တရုတ်ကုမ္ပဏီတခုမှ လာရောက် ဆောက်လုပ်မှာ ဖြစ်ပြီး စစ်အစိုးရနှင့်အတူ ဖက်စပ်၍ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ထိုဒေသများ၌ ပြည်တွင်းကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်လျှက်ရှိသော အဖွဲ့က ပြောသည်။
“ဆောက်မဲ့နေရာ ပတ်ဝန်းကျင် ဥပမာဆိုလို့ရှိရင် ဒီပွန်ချောင်း အရှေ့ဖက်နဲ့၊ ပွန်ချောင်းအောက်မှာရှိတဲ့ နေရာထိကို သူတို့က မသွားလာရတော့ဘူးတဲ့ အမိန့်ထုတ်ထားတယ်။” ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့မှ သတင်းတာဝန်ခံ ကိုဝင်းမင်းက ပြောပြသည်။
စက်ရုံတည်ဆောက်မည့် အနီးတ၀ိုက်တွင် မြန်မာစစ်အစိုးရတပ်များက လုံခြုံရေးအရ မြေမြှုပ်မိုင်းများ ထောင်ထားကာ ဒေသခံရွာသူ/သားများကို မသွားလာရဟု အမိန့်များ ထုတ်ပြန်ထားပါသည်။
ယခုရှိရင်းဆဲ အမှတ်(၁)နှင့် အမှတ်(၂)စက်ရုံကို ဂျပန်နိုင်ငံမှ ပြီးခဲ့သည့် ၁၉၈၆ခုနှစ်က ဆောက်လုပ်ပေးခဲ့ပြီး မီဂါဝပ်(၁၆၈)ဖြင့် မြန်မာပြည်တပြည်လုံးအတွက် လျှပ်စစ်ထုပ်လုပ် ပေးလျှက်ရှိသည်။ သို့သော် ကရင်နီပြည်ရှိ ပြည်သူလူထု အတော်များများမှာမူ ၎င်းတို့ပြည်နယ်မှ ထွက်သည့် လျှပ်စစ်များကို ယနေ့များအထိ မသုံးစွဲနိုင်ဘဲ ကျန်ရစ်နေသေးသည်။
ယခုတရုတ်မှ လာရောက်ဆောက်လုပ်မည့် အမှတ်(၃)စက်ရုံကို မည်မျှ မီဂါဝပ်ဖြင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပြီးစီးမည်ကို သတင်းအတိအကျ မသိရှိရသေးပေ။
Posted by
54freedom
at
10:40 PM
0
comments
စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ
စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ
ဇန္န၀ါရီလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်၊
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဗွီယိုပြသသည့် ရုံသုံးရုံအား အာဏာပိုင်များက များမကြာမှီက ပြသခွင့်အား ရုတ်သိမ်းလိုက်ကြောင်းနှင့် ပိုင်ရှင် တချို့အားလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
ပြသခွင့် ရုတ်သိမ်းခံလိုက်ရသော ဗွီဒီယို ပြသသည့် ရုံသုံးရုံမှာ ဆန်းထူး၊ ထိပ်တန်းနှင့် ပြည့်ဖြိုး တို့ဖြစ်ကြောင်း သိရှိရသည်။
အမည်မဖေါ်လိုသူ ဦးဇင်းတပါးက ဆန်းထူးရုံ ပိုင်ရှင်၊ သူ့၏သားနှင့် ဗွီဒီယို ပြသသည့် စက်ဆရာအား ဖမ်းဆီးပြီး စစ်တွေထောင်တွင် ချုပ်နှောင်ထားကြောင်း ပြောဆိုသည်။
ဗွီဒီယို ပြသသည့် ရုံသုံးရုံကို ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဦးဇင်းက အောက်ပါ အတိုင်းပြောသည်။
“ ဦးဇင်းတော့ ကြားတာက အေးဒီရုံတွေမှာ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေ ဆန္ဒပြတဲ့ စီဒီခွေတွေကို ပြသတဲ့အတွက် အပိတ်ခံရတာ ဖြစ်တယ်လို့သိရှိရပါတယ်။ တချို့ပြောတာကလည်း အေးသလို ဆန္ဒပြခွေတွေကို ထပ်ဆင့် ကူးယူပြီး ဖြန့်ဝေတဲ့အတွက် အပိတ်ခံရတာလို့လည်း ကြားရပါတယ်။” ဟုပြောသည်။
မြန်မာနိုင်ငံအ၀န်းတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်းက နအဖ စစ်အစိုးရမှရဟန်းသံဃာတော်များနှင့် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် နှိမ်နှင်းသတ်ဖြတ်နေသည်ကို မှတ်တမ်းတင် ရိုက်ယူထားသော စီဒီခွေများ ပျံ့နှံ့နေရာ မြို့တိုင်း နယ်တိုင်း ကျေးရွာတိုင်းတွင် လူအများအပြား စိတ်ဝင်တစား ကြည့်ရှုနေကြပြီ လက်ရှိ နာမည်ကြီး ဗွီဒီယိုခွေများထက် လူကြိုက်များပြီး ရောင်းရ တွင်ကျယ်လျက် ရှိနေကြောင်း သတင်းရရှိသည်။
Posted by
54freedom
at
10:38 PM
0
comments
ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ
ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ
မျိုးကြီး
ဇန္န၀ါရီလ ၂၈ ရက်၊ ၂၀၀၈ ခုနှစ်၊
နမ့်ခမ်းမြို့အနီးရှိ ရွှေလီမြစ်ကို ဖြတ်ကူးသည့် ကြိုးတံတားသစ် ဖွင့်ပွဲသို့ နေပြည်တော်မှ နအဖ အကြီးအကဲများ လာရောက်သည့်အခါ ကြိုဆိုရန်အတွက် အာဏာပိုင်များက ဒေသခံများထံမှ တအိမ်လျှင် ကျပ် ၂ဝဝဝ စီ ထည့်ဝင်ခိုင်းနေသည်။
ရှမ်းပြည် (မြောက်ပိုင်း)ရှိ ရွေလီမြစ်ကူး ကြိုးတံတားသစ်အား လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်ခန့်တွင် ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ရာ ကြပ်ပြေးမှ စစ်အစိုးရ အကြီးအကဲတဦး လာရောက်ဖွင့်လှစ်မည် ဖြစ်သည်။
“မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ဥက္ကဋ္ဌက အစည်းအဝေးမှာ တအိမ်ကို ၂ဝဝဝ စီ ထည့်ရမယ်လို့ ပြောတယ်။ သူတို့ပြောတာတော့ ဝန်ကြီးချုပ် တံတားဖွင့်ပွဲကို လာမယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေက သွားကြိုရမယ်ပေါ့။ အဲဒါ ဝတ်စုံဖိုး ငွေထည့်ရမယ်ဆိုပြီး ကောက်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ကြိုဆိုရမည့်သူများတွင် တရပ်ကွက်လျှင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ၅ဝ ယောက်၊ အမျိုးသမီးရေးရာ အဖွဲ့ဝင် ၃ဝ ယောက်၊ မီးသတ် ၃ဝ အပြင် ရှမ်းနှင့် လီရှော တိုင်းရင်းသားအဖွဲ့များ ပါဝင်ရမည် ဖြစ်သည်။
ရွှေလီ မြစ်ကူးတံတားသည် အရှည် ၆ဝဝ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၃၅ ပေ ရှိသည့် ကြိုးတံတားဖြစ်ပြီး နမ့်ခမ်းမြို့မှ ဗန်းမော်မြို့သို့ သွားရောက်သည့် လမ်းအပိုင်းပေါ်တွင် တည်ရှိကာ နမ့်ခမ်းမှ ၃ မိုင်ခန့်ဝေးသည့် မန်ဝိန်းကြီးကျေးရွာ အနီးတွင် ၂ဝဝ၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Posted by
54freedom
at
10:34 PM
0
comments
ဂမ်ဘာရီ မြန်မာ့အရေး ထောက်ခံရန် နယူးဒေလီသို့ နောက်တကြိမ် လာမည်
ဂမ်ဘာရီ မြန်မာ့အရေး ထောက်ခံရန် နယူးဒေလီသို့ နောက်တကြိမ် လာမည်
မုံပီး
ဇန္န၀ါရီလ ၂၈ ရက်၊ ၂၀၀၈ ခုနှစ်၊
နယူးဒေလီ။ ။ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် ဒေသတွင်း ထောက်ခံမှုများ ရှာဖွေ စုဆောင်းနိုင်ရန် နယူးဒေလီသို့ လာမည့် အင်္ဂါနေ့တွင် မစ္စတာ ဂမ်ဘာရီသည် လာရောက်ရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောကြားလိုက်သည်။
ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် တွေ့ဆုံနေသော မစ္စတာ ဂမ်ဘာရီသည် အိန္ဒိယအစိုးရ အရာရှိများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်သည်။
မြန်မာအစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်များအကြား ထိရောက်သည့် တွေ့ဆုံ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် အိန္ဒိယ ခေါင်းဆောင်များ၏ ထောက်ခံမှုများ နောက်ထပ်ရရှိရန် အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း နယူးဒေလီ ကုလသမဂ္ဂရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
အဆိုပါ နိုင်ဂျီးယီးယား သံတမန်၏ ခရီးစဉ် အသေးစိတ်နှင့် စပ်လျဉ်း၍ အတည်ပြုချက် ရယူရန် လိုအပ်သေးသော်လည်း နယူးဒေလီ ကုလသမဂ္ဂ ပြန်ကြားရေးရုံး အရာရှိ ရာဂျစ်ချန်ဒရန်က မစ္စတာ ဂမ်ဘာရီသည် ယခုခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး ကြိုးပမ်းချက်များအပေါ် အိန္ဒိယအစိုးရ၏ ထောက်ခံမှု ရရှိရေးကို အဓိက အာရုံစိုက်ကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
မစ္စတာ ဂမ်ဘာရီသည် ၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် နယူးဒေလီသို့ လာရောက်ခဲ့ပြီး ထိုခရီးစဉ်အပေါ် အိန္ဒိယ၏ တုံ့ပြန်ချက်နှင့် စပ်လျဉ်း၍ အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဆောင်ရွက်ရေးအတွက် မြန်မာစစ်အစိုးရအပေါ် မိမိ၏ အရှိန်သြဇာကို နောက်ထပ်အသုံးပြုရန် တိုက်တွန်းခဲ့သည်။
ကုလသံတမန်သည် အိန္ဒိယခရီးစဉ်အပြီးတွင် ပီကင်းသို့ ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ယခုလအတွင်း ထပ်မံ သွားရောက်ခွင့်ရရန် ခွင့်တောင်းခဲ့သော်လည်း မြန်မာ စစ်အစိုးရကမူ သူ့ကို လာမည့် ဧပြီလလယ်မှသာ လက်ခံ တွေ့ဆုံနိုင်မည် ဖြစ်ကြောင်း အစဉ်တစိုက် ပြန်ကြားခဲ့သည်။
စက်တင်ဘာလ နှောင်းပိုင်းတွင် ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် စတင်ခဲ့ချိန်မှစပြီး စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးကလည်း မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
သို့သော် အဆိုပါ ဆွေးနွေးပွဲများမှ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်အတွက် အကျိုးရလဒ် တစုံတရာ ထွက်ပေါ်လာသည့်လက္ခဏာ တစုံတရာ မတွေ့ရသေးကြောင်း မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခင် အင်တာဗျူးများတွင် မဇ္ဈိမကို ပြောကြားခဲ့သည်။
Posted by
54freedom
at
10:04 PM
0
comments
Labels: ဂမ်ဘာရီနောက်တကြိမ် လာမည်

