စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label Comming Event. Show all posts
Showing posts with label Comming Event. Show all posts

Thursday, November 29, 2007

Lets show our feeling at the Hopping Tree on DEC 8 to DEC 10

To enlarge the below poster just click here



နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်

ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့် မျှော်လင့်ခြင်းခန်းမ၌

စာပေ အနုပညာ ပြပွဲ နှင့် ပြိုင်ပွဲ

အခမ်းအနား

၂၀၀၇ ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀၇ ဒီဇင်ဘာ ၈ရက် (စနေနေ့) မှ ၁၀ရက်(တနင်္လာနေ့) ထိ ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့် မျှော်လင့်ခြင်းခန်းမ၌ စာပေ အနုပညာ ပြပွဲ နှင့် ပြိုင်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။

ထိုရှင်သန်ခြင်းသစ်ပင်၌် မိမိတို့၏ ရင်တွင်း ခံစားမှုများ၊ ဆုတောင်းမှုများ နှင့် တောင်းဆိုချက်များ ရေးသားထားသော စာတို၊ ပေစများ လွတ်လပ်စွာ လာရောက် ချိတ်ဆွဲနိုင်ပါသည်။

ထို့ပြင် စင်္ကာပူနိုင်ငံရှိ စာပေပညာရှင်၊ စာပေ၀ါသနာရှင်များ မိမိတို့ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော မျိုးချစ်စိတ်ဓါတ် ထက်သန်စေသော ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ပန်းချီများ ပေးပို့နိုင်သကဲ့သို့ စာပေချစ်မြတ်နိုးသူများမှလညှ်း မိမိတို့ ဖတ်ရှု့ မှတ်သားဖူးသည်များမှ အလားတူ ကောင်းနိုးရာရာ စာပေ အနုပညာများကို ပေးပို့နိုင်ပါသည်။ ထိုစာပေ အနုပညာများထဲမှ သင့်တော်သော စာပေ အနုပညာ မှန်သမျှကို မျှော်လင့်ခြင်းခန်းမ ပတ်ပတ်လည်တွင် ပြသထားမည် ဖြစ်ပါသည်။

စာပေ အနုပညာ (softcopy) များကို email ဖြင့်လည်း ပေးပို့နိုင်ပြီး စာပေ အနုပညာ (hardcopy) များကိုမူ လမ်းပြကြယ် စာကြည့်တိုက်သို့ ပေးပို့နိုင်ပါသည်။

ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော စာပေ အနုပညာများထဲမှ စိစစ်ရွေးချယ်ပြီး ဆုရရှိသော စာပေ အနုပညာရှင်များအား ဆုချီးမြှင့်ရန် စီစဉ်ထားပါသဖြင့် မည်သူမဆို လွတ်လပ်စွာ ရေးသား၊ ခြယ်မှုန်း ပေးပို့ရန် ခင်မင်လေးစားစွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။

စာပေ အနုပညာများ ပို့ရန် နေရာ လမ်းပြကြယ် စာကြည့်တိုက်
စာပေ အနုပညာများ ပို့ရန် Email Add: obp@overseasburmesepatriots.org
စာပေ အနုပညာများ ပို့ရန် နောက်ဆုံးရက်၊ အချိန် ၅ ဒီဇင်ဘာလ ၂၀၀၇၊ ဗုဒ္ဓဟူးနေ့၊ ည ၉း၀၀ နာရီ

မှတ်ချက်။ ပြိုင်ပွဲဝင် စာပေ အနုပညာများရှင်များ မိမိတို့ ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော စာပေ အနုပညာများ ဖြစ်ကြောင်း မှတ်တမ်းလွှာကို ရေးသားရန် လမ်းပြကြယ် စာကြည့်တိုက်တွင် ရရှိနိုင်ပါသည်။




ပြည်ပရောက် မျိုးချစ်မြန်မာများ
http://www.overseasburmesepatriots.org/









အပြည့်အစုံဖတ်လိုလျှင်