စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label Article from my friend. Show all posts
Showing posts with label Article from my friend. Show all posts

Wednesday, December 5, 2007

မိတ်ဆွေတစ်ဦးမှ ပေးပို့လာသော ဆောင်းပါးတစ်ပုဒ်

မိတ်ဆွေတစ်ယောက်က ပေးပို့လာတဲ့ သူ့ခံစားချက်၊ သူ့အာဘော်လေး ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်.....ကိုဟ၀ါရေ.....

အမေသတ်သော အကုသိုလ်ကံ
အဖေသတ်သော အကုသိုလ်ကံ
ရဟန္တာ သတ်သော အကုသိုလ်ကံ
ဘုရားရှင်ကို သွေးတည်အောင်လုပ်သောအကုသိုလ်ကံ
သံဃာသင်းခွဲသော အကုသိုလ်ကံ
ဒါနပြု ခြင်း၊သီလဆောက်တည်ခြင်းဆိုတဲ့ ကုသိုလ်ဆိုတာမရှိဘူး။သူ့အသက်ကိုသတ်တဲ့အတွက်၊ခိုးတဲ့အတွက်၊အကုသိုလ်ဆိုတာမဖြစ်
ဘူး။ထိုကုသိုလ် အကုသိုလ် တို့ရဲ့ ကောင်းကျိုး၊ဆိုးကျိုး ဆိုတာမရှိဘူးလို့အယူမှားတဲ့ နိယတမိစ္ဆာဒိဌိ အကုသိုလ်ကံ။
ဒီကံခြောက်ပါး တစ်ပါးပါးရှိနေရင်တော့ အ၀ီစိငရဲထဲသို့မလွတ်တန်းကျရပါတယ်။ဒီကံကြီးခြောက်ပါးကိုတော့လေးလံအားကောင်း
လွန်းတဲ့အတွက်ဂရုကံလို့ခေါ်ပါတယ်။ကျန်တဲ့အကုသိုလ်ကံတွေကိုတော့ ပေါ့ ပါးတဲ့အတွက်လဟုကံ လို့ခေါ်ပါတယ်။
အကုသိုလ် လဟုကံလေးတွေကိုတော့ လောကီကုသိုလ်နဲ့တောင်တားဆီးလို့ရနိုင်ပါတယ်။ဒါ့ကြောင့်မသေခင်စပ်ကြားမှာကုသိုလ်
တွေကိုများများပြုလုပ်ရမယ်။ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့အတိုင်းကုသိုလ်တွေကိုများများလုပ်နိုင်ရင်အကုသိုလ်တွေက အကျိုးပေး
ခွင့်မသာဘဲ နောက်ဆုတ်သွားမှာပါလို့ဆရာတော်တစ်ပါးကဟောကြားပါတယ်။
ဒီလိုဆိုရင် အောက်တိုဘာ မှာဖြစ်သွားတဲ့ရွှေဝါရောင် လှုပ်ရှားမှုမှာ ကျွန်တော်တို့ဘက်ကတရားသဘောနဲ့ဖြေရမှာလား။ကျွန်တော်တို့ ၁၉ နှစ်တိတိ တရားသဘောနဲ့ဖြေခဲ့ ပြီးပြီပဲ။ယ္ခု လက်ရှိအုပ်ချူပ်နေတဲ့ မြန်မာပြည် Donkey အစိုးရဟာတိုင်းပြည်တိုးတက်မှုမရှိတဲ့အပြင် တိုင်းသူပြည်သားတွေကို တိုင်းပြည်မဲ့ဖြစ်အောင် ဖန်တီးနေတဲ့ ယုတ်မာမှုတွေကို ကျူပ်တို့တွေအားလုံး စည်းစည်းလုံးလုံး တိုက်ထုတ်ဖို့အချိုန်တန်ပါပြီ။မြန်မာပြည်ကြီးကို မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သားအားလုံး(လူမျိုးမရွေး ၊ ဘာသာမရွေး)စည်းလုံးစွာနဲ့ ဥမကွဲသိုက်မပျက် တွန်းလှန်တိုက်ခိုက်ဖို့ အချိုန်တန်ပြီလို့ပြောချင်ပါတယ်။
အောက်တိုဘာလမှာဖြစ်သွားခဲ့တဲ့ရွှေဝါရောင်သံဃာအရေးအခင်းမှာ အသက်ပေးသွားသော သံဃာလူပြည်သူများကိုကျေးဇူးဆပ်
သောအားဖြင့် ရောက်တဲ့နေရာ ရှိတဲ့နေရာမှာ လက်ရှိ Donkey တွေကိုတွန်းလှန်နိုင်ဖို့ ကြိုးစားကြရမယ်။ဒီ Donkey တွေရဲ့လက်နက်
ကိုဘဲကြောက်ရင်ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။အားလုံးသော ရဟန်းသံဃာ၊ ပြည်သူများကလည်း မိမိတို့တတ်နိုင်သလောက်ကြိုးစားအားထုတ်ဖို့ ၊ကိုယ်နှင့်မသက်ဆိုင်ပါဘူးဆိုတဲ့တစ်ကိုယ်ကောင်းစိတ် ၊ကိုယ်ရှိတဲ့နေရာမှာဘဲ၊ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့သူတွေရဲ့အတ္တစိတ် ၊ကိုယ်ရတဲ့လစာ ဒေါ်လာစားတွေ ပြုတ်မှာစိုးတဲ့ကြောက်ရွံ့စိတ် ၊Donkey တို့ ၏လက်နက်ကိုဘဲကြောက်နေတဲ့ အကြောက်
သမားတွေရဲ့ စိတ် စသောစိတ်ဓါတ်များကိုဖယ်ရှားပြီး စည်းလုံးစွာဖြင့်ပါဝင်ရန်တိုက်တွန်းလိုပါတယ်။
လူဆိုတာတစ်ခါဘဲသေရမယ် ၊နှစ်ခါသေတဲ့လူမရှိပါဘူး။တစ်ခါသေရမဲ့အတူတူ တိုင်းပြည်နဲ့လူမျိုး ၊ဘာသာရေးအတွက်အသက်ကို
ပေးခြင်းသည်သာ၍မွန်မြတ်တယ်လို့ကျူပ်ထင်ပါတယ်။ကျူပ်တို့တွေညီညွတ်မှုမရှိတဲ့အတွက်စက်တင်ဘာအရေးအခင်းကိုအသေးအ
မွှားဟူ၍ Donkey ကျော်ဆန်းကသတင်းစာရှင်းလင်းပွဲမှာပြောသွားတာအားလုံးအသိဘဲ။ဒါ့ကြောင့်ကျူပ်တို့အားလုံးစိတ်အေးရဖို့ဆို
တာက ကိုယ့်ရင်ထဲမှာတကယ်မှန်ကန်တဲ့ ၊တိကျတဲ့ တန်ဖိုးထားစရာအချက်ရှိရမယ်။ကျူပ်တို့တွေအားလုံးတကယ်လွတ်လပ်တဲ့သူတွေ
ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့မကျေနပ်မှုတွေ ၊ကိုယ့်ရဲ့ကြောက်ရွံ့မှုတွေပြင်ပြီး ၊ သိပြီးတော့လက်ချင်းချိတ်ပြီးစည်းလုံးရမဲ့အချိန်ရောက်
နေပါပြီ။ဒါ့ကြောင့်ကျူပ်တို့ တိုင်းသူပြည်သားတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့ ဒီ Donkey တွေကိုတစ်နည်းအားဖြင့်ရတဲ့နည်းနဲ့ပြန်ပြီး
အနိုင်ယူရမှာဘဲ။ကျူပ်တို့အားလုံးရဲ့လွတ်လပ်မှုတွေကိုအဆုံးရှုံးခံရမယ်ဆိုရင် လောကမှာမြန်မာလူမျိုးဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဟာကိုယ့်ကိုဖန်တီးတာဘဲ။ကျူပ်တို့မြန်မာပြည်ကြီးတိုးတက်အောင်မြင်တဲ့နိုင်ငံဖြစ်လာအောင်လုပ်ဖို့က၊
ကျူပ်တို့ရဲ့မဟာတာဝန် ၊ အကယ်၍အဆိုးတွေဖြစ်လာခဲ့ရင်လဲ ဒီ Donkey ကောင်တွေနဲ့ရင်ဆိုင်ပြီးဖြေရှင်းရမှာ ကျူပ်တို့အားလုံးရဲ့တာဝန်တွေဘဲ။လွတ်လပ်မှုဆိုတာသူ့အလိုလိုရောက်လာတာမဟုတ်ပါဘူး။ကိုယ်ရအောင်လုပ်ယူရတယ်ဆိုတာ
မမေ့ဖို့တိုက်တွန်းချင်ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ အားလုံး ညီညွှတ်ကြဖို့ သွေးစည်းကြဖို့ ပါပဲ၊ အားလုံး ညီညွှတ်ကြပြီဆိုရင် ဘာမဟုတ်တဲ့ စောက်ရူးလက်တစ်ဆုပ်စာ Donkey တွေကို အချိန်ခဏလေး အတွင်းမှာ ချေမှူန်းနိုင်မှာဖြစ်ပါတယ်။
ကဲ ကျွန်တော်တို့ အားလုံး နိုင်ရာ တာဝန်လေးတွေထမ်းလို့ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲကြပါစို့……..




အပြည့်အစုံဖတ်လိုလျှင်