စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြော. Show all posts
Showing posts with label နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြော. Show all posts

Friday, May 16, 2008

မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး

မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြောNEJ/ ၁၅ မေ ၂၀၀၈

ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဖြန့်ဖြူးရေးနှင့် ထိရောက်သည့် အကူအညီများ ပေးနိုင်ရန် နိုင်ငံတကာမှ ကယ်ဆယ်ရေး လုပ်သားများကို နာဂစ်လေမုန်တိုင်း ကျရောက်ရာ ဒေသများသို့ ၀င်ခွင့်ပေးရန် မြန်မာစစ်အစိုးရအား ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်သည်။
မုန်တိုင်းသင့် အချို့ဒေသများတွင် အကူအညီပေးရေးလုပ်ငန်း အနည်းငယ်မျှကို လုပ်ဆောင်လာ နိုင်သော်လည်း စစ်အစိုးရ၏ အကန့်အသတ်များကြားမှ လုပ်ဆောင်ရသည့် ကယ်ဆယ်ရေး လုပ်ငန်းများသည် မည်သို့မျှ ပြည့်ပြည့်၀၀ အကူအညီပေးနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ ဂျွန်ဟုမ်းစ်က ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေးတွင် သတင်းထောက်များကို ပြောသည်။
ပြည်တွင်းရှိ လုပ်သားများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များက ဒုက္ခသည် များအား ကူညီလုပ်ဆောင်ပေးနေကြသော်လည်း စစ်အစိုးရက အကူအညီများကို အချိန်ဆွဲ ထားမှုမှာ လွန်ကဲနေကြောင်း၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကူအညီနှင့် ဦးဆောင်မှုများ လိုအပ်နေကြောင်း ဂျွန်ဟုမ်းစ်က ပြောသည်။
မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၃၈,၄၉၁) ဦးနှင့် ပျောက်ဆုံးသူ (၂၇,၈၃၈) ရှိကြောင်း မြန်မာ အာဏာပိုင်များက ကြေညာထားသော်လည်း ကုလသမဂ္ဂက မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရ သူပေါင်း (၁.၆) သန်းမှ (၂.၅) သန်းအကြား ရှိမည်ဟု လောလောဆယ် ခန့်မှန်းထားပြီး နောက် ထပ် မိုးသည်းထန်စွာ ရွာသွန်းမည်ဟုလည်း သတိပေး ကြေညာထားသည်။
ကုလသမဂ္ဂ ဧဂျင်စီများ၊ ကမ္ဘာ့ကြက်ခြေနီ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံအချို့မှ လှူဒါန်းသည့် အစားအစာ၊ ရေ၊ ဆေးဝါးအထောက်အကူနှင့် နေရာထိုင်ခင်းအတွက် ပစ္စည်းများ မြန်မာနိုင်ငံသို့ အရေအတွက် မြောက်မြားစွာ ရောက်ရှိနေသော်လည်း ထိုကယ်ဆယ်ရေး အထောက်အပံ့များ မုန်တိုင်းသင့် ဒေသများနှင့် ဒုက္ခသည်များထံ မည်မျှ ရောက်ရှိနေသလဲဆိုသည့်အချက်မှာ အဓိက မေးခွန်းထုတ်စရာ ဖြစ်သည်ဟုလည်း ဂျွန်ဟုမ်းစ်က ထောက်ပြသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တန် (၇၀၀) ရှိသည့် လူ(၁) သိန်း စားသုံးနိုင်သည့် ဆန်၊ အာဟာရ ပြည့်ဘီစကွတ်များနှင့်ပဲ စသည့်စားနပ်ရိက္ခာများကို လေမုန်တိုင်းဒုက္ခသည်များအတွက် မြန်မာ နိုင်ငံသို့ ပေးပို့ပေးထားပြီးဖြစ်သည်။
မြန်မာစစ်အစိုးရက ယခုအချိန်အထိ သာမန်အရပ်သားများ အပါအ၀င် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း များ၊ ရဟတ်ယာဉ်နှင့် အင်ဂျင်နီယာအဖွဲ့ စသည်တို့၏ အကူအညီ ကမ်းလှမ်းမှု မှန်သမျှကို လက်မခံသေးသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း၊ မုန်တိုင်းကျရောက်ခဲ့သည့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးရာတွင် ထောက်ပံ့ပို့ဆောင်ရေးသည် အဓိက အရေးကြီးကြောင်း ဂျွန်ဟုမ်းစ်က ပြောကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်