စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with labelြ်မန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ. Show all posts
Showing posts with labelြ်မန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ. Show all posts

Saturday, July 12, 2008

မစ္စတာ ဂန်ဘာရီ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ နှင့် တွေ့ဆုံ

ဧရာဝတီ ဇူလိုင် ၁၁၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ နှင့် အထွေထွေညီလာခံ ဥက္ကဌ မစ္စတာ ဆာဂျန် ကာရမ် (Srgjan Kerim) နှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေ အနေနှင့် နာဂစ်မုန်တိုင်း ကူညီထောက်ပံ့ရေး အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရ၏ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုအခြေအနေနှင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်အစိုးရ၊ ကုလ သမဂ္ဂနှင့် အာဆီယံများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ကယ်ဆယ်ရေး အခြေအနေ များကိုလည်း ဆွေးနွေးခဲ့ကြသည်။
မစ္စတာ ဂန်ဘာရီသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိပြီး နေ့ရက်အတိအကျ မသတ်မှတ်ရသေးပေ။
မစ္စတာ ဆာဂျန် ကာရမ် က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များ အကောင် အထည်ပေါ်စေရေးအတွက် စစ်အစိုးရအား မစ္စတာ ဂန်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန် အပြင်းအထန် တိုက်တွန်းလိုက် ကြောင်း ပြောဆိုသည်။
မစ္စတာ ဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်။
၂၀၀၇ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းခရီးစဉ်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

အပြည့်အစုံဖတ်လိုလျှင်