စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label မြန်မာနိုင်ငံအရေးဆိုင်ရာ စင်္ကာပူမှသတင်းများ. Show all posts
Showing posts with label မြန်မာနိုင်ငံအရေးဆိုင်ရာ စင်္ကာပူမှသတင်းများ. Show all posts

Sunday, May 25, 2008

သီတဂူဆရာတော် အရှင်ဥာဏိဿရ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး တရားပွဲ


ဂျေမိုး၊ ၂၄မေလ ၂၀၀၈။
စင်္ကာပူ။

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားမည်ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

လေမုန်တိုင်းတိုက်ခိုက်ခံရသောဒေသ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးနှင့် ဘီဘီစီမြန်မာပိုင်း ရေဒီယိုမေးမြန်းခန်းတွင် "ဘုန်းကြီးရောက်တဲ့နယ်မြေတခွင်မှာ လူတွေဒုက္ခဖြစ်ပြီးတော့ မသေပဲနဲ့ကျန်နေတဲ့သူတွေက ရာခိုင်နှုန်း ၈၀-၉၀ လောက်အားလုံး ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြတာတွေ့ရတယ် ဘုန်းကြီးကျောင်းတွေကလဲပဲ အမိုးတွေမရှိတာကများတော့ စိုစိုစွတ်စွတ်နဲ့နေကြရတာကို တွေ့ရတယ် ပျက်သွားတဲ့ရွာတွေကို ပြန်ဆောက်ဖို့အနေအထားကတော့ ဒကာကြီး အတော်ကိုမျှော်လင့်ချက်ဝေးတဲ့အနေအထားရှိတယ်" "ရွာတွေကဆောက်တုန်းကလဲပဲ ဓနိလေးတွေ လမုပင်လေးတွေ၊ ဝါးလုံးလေးတွေ နဲ့ဆောက်တော့ ဒီလောက်ပြင်းထန်တဲ့လေကြားမှာ ဒီသစ်တိုသစ်စတွေဟာ အကုန်တစမကျန် ဝါးလေးတွေ၊ဓနိတွေ၊လမုပင်လေးတွေ အကုန်လွင့်ကုန်တာ မြင်ကွင်းက… တခါတည်း ငုပ်တုတ်ငုပ်တုတ်နဲ့ တိုင်ငုပ်တိုလေးတွေပဲကျန်တော့ ဒီနေရာမှာ ဒီလူတွေဟာ အိမ်ပြန်ဆောက်နိုင်ဖို့တော်တော်ခက်မယ်ဒကာကြီး" "ပြီးတော့လယ်ကွင်းတွေကလဲ အကုန်လုံး ဆားငံရေတွေဝင်သွားတော့ လယ်ပြန်လုပ်နိုင်ဖို့လဲပဲ တော်တော်ခက်မယ် နွားတွေကျွဲတွေကလဲပဲ မကျန်သလောက်ဖြစ်နေတယ် အကုန်လုံး လေထဲလွင့် ရေမြုပ်ပြီးတော့ သေကုန်ကျတော့ ကျွဲနွားမရှိတဲ့ခမျာမှာလဲပဲ လယ်ထွန်ဖို့ခက်မယ် မျိုး-တွေလဲရဖို့မလွယ်ဘူး အဲဒီတော့အခက်အခဲတွေကြားထဲက ပြည်လည်ထူထောင်ဖို့ဆိုတာ အများကြီးအများကြီးလိုသေးတယ် အကူအညီအထောက်အပံ့တွေလိုမှာပါ"

"နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များဝင်ခွင့်ပေးလိုက်တဲ့ကိစ္စနှင့်ပတ်သက်ပြီးမိန့်ကြားရာမှာ "ဘုန်းကြီးကတော့ အကောင်းမြင်တဲ့ဘက်ကနေကြည့်ပြီး ဒါဟာ အလွန်အလားအလာကောင်းတဲ့ လက္ခဏာပဲလို့ ဘုန်းကြီးကတော့ ဒီလိုတွက်ပါတယ် သို့သော်လည်းပဲ နိုင်ငံတကာဆိုတော့ နိုင်ငံပေါင်းဘယ်လောက်များများကလာပြီးတော့ ဘယ်လိုပစ္စည်းမျိုးတွေစပေးမလဲဆိုတာ ရှေးဦးစွာ Survey လုပ်တဲ့အနေနဲ့ ကွင်းဆင်းကြည့်ရှုဖို့ကိစ္စမှာ Transport တွေဘာတွေတော်တော်များများလိုလိမ့်မယ် ဒကာကြီး ရေယာဉ်တွေလိုမယ် ကောင်းကင်ကဖြတ်သွားကြည့်တာလောက်နဲ့ မလုံလောက်ဘူး အဲဒီအပျက်အစီးတွေကိုသွားကြည့်ဖို့ရာ လမ်းတွေဖေါက်ပေးဖို့လိုလိမ့်မယ်…. ဆိုတော့ ကြာမယ် ဒကာကြီး…. ကြာလိမ့်မယ်ထင်တယ်….ပြီးတော့ ဘယ်လောက်ပဲနိုင်ငံတကာကပေးပေး ဒီဧရိယာကြီးအနေအထားကကို အလွန်ခက်ခဲတဲ့ အနေအထားဖြစ်နေတယ် ထိထိရောက်ရောက် ရှိမှရှိပါ့မလားဆိုတာကို ဘုန်းကြီးလဲ စိတ်ထဲတွေးပြီးတော့ စိတ်ထဲသိပ်တော့မကောင်းဘူး စိတ်ပူတယ်ဒကာကြီး"။
အနာဂတ်မှာ လက်တွဲလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ဆရာတော်ကြီးမှာ "အကုန်လုံးက လက်တွဲဖို့တော့လိုနေပြီ ဒကာကြီး ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်လဲ ခရစ်ယာန်ရွာတွေကော အစ္စလမ်ရွာတွေကော ဗုဒ္ဓဘာသာရွာတွေ ခံရတာပဲ။ နိုင်ငံရေးနဲ့ကြည့်ရင်လဲပဲ လက်ရှိနိုင်ငံတော်အစိုးရကို အားပေးထောက်ခံတဲ့သူတွေကိုကော နိုင်ငံတော်အစိုးရကို ချချင်တဲ့သူတွေရောအကုန်လုံး ခံရတဲ့နေရာမှာ အတူတူပဲလေ၊ အရပ်သားလဲခံရသလို အဲဒီအရပ်မှာ စစ်သူစစ်သားတွေလဲ ခံကြရတာပဲ၊ ဘာသာရေးကင်းမဲ့တဲ့သူတွေခံရသလို ဘာသာရေးခေါင်းဆောင်တွေလဲခံရတာပဲ ဒုက္ခဆိုလို့ရှိရင် ခံစားရတာအကုန်လုံး တူညီနေတဲ့အတွက်မို့ ဒီအဖြေရှာတဲ့အခါမှာလဲ အကုန်လုံးတူဖို့လိုတယ် တူညီတဲ့ Common Platform တစ်ခုကို ဘုန်းကြီးတို့တည်ဆောက်ရမယ် ဘာသာရေးရှုဒေါင့် လူမှုရေးရှုဒေါင့် နိုင်ငံရေးရှုဒေါင့် အဲဒီရှုဒေါင့်တွေက ကြည့်တာတွေကို ခဏရပ်တန့်ပြီးတော့ အကုန်လုံးတစ်ခါတည်း ဂရုဏာစိတ်ဓါတ်နဲ့ "ဂရုဏာစိတ်ဓါတ် common Platform ပေါ့ဗျာ" အဲဒါလေးအပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်း သွားရင်တော့ အနာဂတ်မှာ အတော်ကောင်းတဲ့အလားအလာရှိတယ်လို့ ဘုန်းကြီးတော့ ဒီလိုပဲထင်တာပါပဲ" ဟုမိန့်ကြားသွားပါတယ်။
စင်္ကာပူတရားပွဲအပြီးတွင် ဆရာတော်ဘုရားကြီးဟာ မြန်မာပြည်ကိုပြန်လည်ကြွချီမည်လို့သိရသည်။

အပြည့်အစုံဖတ်လိုလျှင်