အယ်ဒီတာ့ထံပေးစာ
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 15:06 - မြန်မာစံတော်ချိန်
အယ်ဒီတာရှင့်
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်တွင် မှတ်ပုံတင်ထားခြင်း မရှိသော “ဝစ်သောက်” လိုင်စင်မဲ့ကားများကို မောင်းနှင် အသုံးပြုခွင့် တားမြစ်ထားသော်လည်း ယခင် ရန်ကုန်တိုင်း စစ်တိုင်းမှူး (ယခု တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်) ဗိုလ်ချုပ် လှဌေးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကျော်သူရဝင်းသည် ရန်ကုန်တွင် ပေါ်ပေါ်တင်တင်ပင် အသုံးပြု မောင်းနှင်နေခဲ့ပါသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထို့အပြင် ဗိုလ်ကြီး ကျော်သူရဝင်း၏ ဒဏ်ကို ခံရသူများကား ရန်ကုန်ရှိ ကေတီဗီ၊ အနှိပ်ခန်းများ၊ အိုလံပစ် ဟိုတယ်နှင့် ရွှေဂုံတိုင် ဟိုတယ်တို့ ဖြစ်ပါသည်။ ကျသင့်ငွေ ရှင်းပေးခြင်း မရှိဘဲ တောင်းဆိုသည်များ လိုက်လျောပေး နေခဲ့ရပါသည်။
ညဘက် အပျော်အပါးများ မက်လွန်းပြီး တပါးသူများကို ထိပါးလေ့ ရှိသူကို သက်ဆိုင်ရာက ထိန်းသိမ်းမှု ပြုလုပ်ပေးနိုင်စေရန် လူကြီးမင်းတို့ သတင်းဌာနမှတဆင့် တောင်းဆိုလိုက်ရပါသည်။
ဟိုတယ်လုပ်ငန်းရှင်တဦး
(ရန်ကုန်)
Rest of your post
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
Tuesday, July 1, 2008
ရမ်းကားလွန်းနေသူ စစ်ဘက်အရာရှိကို ထိန်းပေးပါရန် (ပေးစာ)
Posted by
54freedom
at
11:32 PM
0
comments
Labels: ပြည်တွင်းသတင်း
Subscribe to:
Posts (Atom)