စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ. Show all posts
Showing posts with label မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ. Show all posts

Friday, May 16, 2008

မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ

မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ NEJ/ ၁၅ မေ ၂၀၀၈

မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာပေးသည့် ကယ်ဆယ်ရေး အကူညီပစ္စည်းများကို ရောင်းချသူ၊ အလွဲသုံးစားလုပ်သူများကို အရေးယူမည်ဟု စစ်အစိုးရ ရေဒီယိုမှ ယနေ့ ကြေညာသော်လည်း ကယ်ဆယ်ရေးပစ္စည်းများကို စစ်တပ်အတွက် ဦးစားပေး သုံးနေဆဲ ဖြစ်သည်ဟု မြန်မာစစ်အရာရှိတဦးက ပြောသည်။
မှောင်ခိုဈေးကွက်တွင် နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းများ ရောင်းချခြင်း၊ မသမာသည့် နည်းဖြင့် သိုလှောင်ခြင်းများ တွေ့ရှိပါက အစိုးရထံ အကြောင်းကြားရန် အာဏာပိုင်များဘက်မှ နှိုးဆော်ထားသည်။
သို့သော် မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများကို ခိုးဝှက် သိုလှောင် ခြင်းများလုပ်နေသည်ဟု မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ စစ်အစိုးရ ငြိုငြင်မှာစိုးသည့်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံများက အမည်ထုတ်ဖော် မပြောသော်လည်း စစ်တပ်ကိုယ်တိုင်က နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများကို ခိုးဝှက် သိုလှောင်နေကြောင်း Adventist Development and Relief Agency ညွန်ကြားရေးမှူး Marcel Wagner က အတည်ပြု ပြောသည်။
ရန်ကုန် ပဲခူးကြားရှိ ခမရ (၁၀၁)၊ ခမရ (၁၀၄) ခမရ (၁၀၅) တပ်ရင်းများရှိ မုန်တိုင်းဒဏ်ထိ စစ်တန်းလျားများ ဦးစားပေး ပြန်ပြင်ရေးအတွက် နိုင်ငံတကာမှပေးသည့် သွပ်ပြားများကို သုံးနေရသည်။ ထို့ကြောင့် ဒုက္ခသည် ပြည်သူများအတွက် ဦးစားမပေးနိုင်သေးဟု အမည်မဖော် လိုသည့် စစ်အရာရှိတဦးက ပြောသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများဖြင့် စစ်တန်း လျားများ ပြုပြင်ရန်အတွက် ဦးစားပေးရမည်ဆိုသည့် ကိစ္စကို နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြား ထားသလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထိုအတောအတွင်း ရန်ကုန်မြောက်ဒဂုံအပါအ၀င် မြို့နယ်အတော်များများအား ဆန္ဒခံယူပွဲအတွက် ထောက်ခံမဲပေးလျှင် တအိမ်ထောင် သွပ်ပြား (၅) ချပ် ရောင်းပေးမည်ဟု ယယက ဥက္ကဋ္ဌများက လိုက်လံစည်းရုံးနေကြောင်း မြို့ခံများက ပြောသည်။ သို့သော် ပြည်သူအများစုက စစ်အစိုးရကို နေ့စဉ် ပြစ်တင်နေပြီး မေ (၂၄) ဆန္ဒခံယူပွဲတွင်လည်း ကန့်ကွက်မဲထည့်ကြမည်ဟု စုံစမ်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်