စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်. Show all posts
Showing posts with label အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်. Show all posts

Wednesday, April 30, 2008

အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်


သံဃာ့ဥသျှောင် အဖွဲ့ ကြီး၏ နာယကဆရာတော်ကြီး ဖြစ်သော မစိုးရိမ်တိုက်ကျောင်းဆရာတော်ကြီး ဦးကောဝိဒသည် ယနေ့  ဧပြီလ ၂၉ ရက် ၂၀၀၈ ခုနစ် နယူးယောက်မြို့ စံတော်ချိန် မွန်းလွဲ တစ်နာရီ လေးဆယ့်ငါး မိနစ်တွင်ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ပါသည်။ဆရာတော်ကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်းသည် သတ္တ၀ါ တို့ ၏ မလွှဲမရှောင်သာသည့် ဇာတိ ဇရာ ဗျာဒိ မရဏ ဖြစ်စဉ်အရ ဖြစ်သော်ငြား မိမိတို့ ပြည်သူလူထုတရပ်လုံးနှင့် ဗုဒ္ဓသာသနာတော်အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်ဖြစ်ပါသည်။ဆရာတော်ကြီးသည် လောကုတ္တရာနယ်တွင် စွမ်းစွမ်းတမံ သာသနာ့တာဝန်ကို ထမ်းဆောင် ရင်း တဖက်တလမ်းတွင် လောကီလူ့ ဘောင်မှ ဒါယိကာ ဒါယိကာမ တို့၏ဆင်းရဲဒုက္ခ ငရဲ ကိုလဲ ဥပေက္ခာပြု ကျောခိုင်းမနေခဲ့ပဲ တတ်စွမ်းသမျှအကျိုးဆောင်တာဝန်သယ်ပိုးခဲ့သော ရဟန်းအာဇာနည်သူတော်စင်တပါးပင်ဖြစ်ပါသည်။ထို့ကြောင့် ယခုကဲ့သို့ ဆရာတော်ကြီး ရုတ်တရက် ဘ၀နတ်ထံပျံလွန်တော်မူခြင်းအတွက် ကောင်းရာသုဂတိ နိဗ္ဗာန်မဂ်ဖိုရ် သို့ မလွဲဧကန် ရောက်မည်မှန်သော်လည်းမြန်မာပြည်သူလူထုကြီးတရပ်လုံးနှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးစွာသောဝမ်းနည်းပူဆွေး မှု ကို ပြည်သူနှင့်ထပ်တူထပ်မျှခံစားရပါသည်။ထို့ပြင် ဆရာတော်ဘုရားကြီး မြင်လို မျက်မှောက်ပြုလိုခဲ့သော အေးချမ်း သာယာဝပြော ပြီး စစ်မှန်သော ဒီမိုကရေစီထွန်းကားသည့် အမိမြန်မာနိုင်ငံတော်ဖြစ်ရေးအတွက် ပြည်သူလူထုကြီးတရပ်လုံး အကြောက်တရား အားငယ်မှုများ သိမ်ငယ်မှုများ ကင်းဖျောက်ကာမိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ ကိုယ်တိုင်ပြတ်ပြတ်သားသားတက်ညီလက်ညီတိုက်ပွဲဝင်ကြဖို့ လိုအပ်သည် ဖြစ်ကြောင်း တိုက်တွန်း ရင်း ဆရာတော် ဘုရားကြီး လိုလားသော စစ်အာဏာရှင် ချုပ်ငြိမ်းကာ ဒီမိုကရေစီထွန်းကား ပြီး သာယာဝပြောသည့် နိုင်ငံတော်သစ်အား ၀ိုင်းဝန်းတည်ဆောက်ကြမည် ဟု သံဓိဌာန်ပြုအပ်ပါသည်။



မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု (ဗဟို)


ပြည်ပရောက်မျိုးချစ်မြန်မာများအဖွ


ဲ့ဒီမိုကရေစီမဟာမိတ်များအဖွဲ့ ချုပ်

အပြည့်အစုံဖတ်လိုလျှင်