စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း. Show all posts
Showing posts with label သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း. Show all posts

Thursday, May 22, 2008

သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

ဟောင်ကောင်မှစေတနာရှင်များကအောက်ဖော်ပြပါဆေးဝါးပစည်းများကို ဘိုကလေး၊ကွမ်းခြံကုန်း၊ကော့မှုး၊ခလုပ်၊ ဟိုင်းကြီးကျွန်း များရှိ မုန်တိုင်းဒုက္ခသည်များသုံးစွဲနိုင်ရန် ရွှေတိဂုန် စေတီတော် အသင်းနာယက ဓါတ်တော်တိုက် ဆရာတော်မှ တဆင့် လှုဒါန်းပြီးဖြစ်ပါကြောင်း သာဓုအနုမောဒနာ ခေါ်နိုင်ရန် အသိပေးအပ်ပါသည်။


အပြည့်အစုံဖတ်လိုလျှင်

Monday, May 19, 2008

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း(၆)

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း(၆)

ပြည်ပရောက် မျိုးချစ်မြန်မာများ မှ စင်္ကာပူမှ စေတနာရှင်များကိုယ်စား မြန်မာနိုင်ငံအတွင်း လေမုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည့် ဘိုကလေးမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀) ကို ၁၆.၅.၂၀၀၈ နေ့ တွင်၎င်း၊ လပွတ္တာမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၁၀၀) ကို ၁၇.၅.၂၀၀၈ နေ့ တွင်၎င်း၊ ထပ်မံလှူဒါန်းပြီးပြီ ဖြစ်ကြောင်း၊ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်