စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာ. Show all posts
Showing posts with label သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာ. Show all posts

Monday, May 12, 2008

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း (၂)

လပွတ္တာ မြို့ပေါ်တွင် ဒုက္ခသည် စခန်းပေါင်း (၅၀) ခန့် ရှိကြောင်း ၊ဒုက္ခသည် စခန်း (၁)ခု လျှင် လူဦးရေပေါင်း ၁၀၀၀ ကျော်ခန့်ရှိကြောင်း၊
လေးထပ်ကျောင်း တစ်ခုတည်းပင် လူဦးရေ (၈၀၀၀) ကျော် ရှိကြောင်း၊
လူတစ်ချို့မှာ ၀မ်းရောဂါဝေဒနာ များ စတင် ခံစားလာရပြီ ဖြစ်ကြောင်း၊ လူအများစု မှာ လေမုန်တိုင်းတိုက် စဉ်ကာလ က ထိခိုက် ကျိုးပဲ့ သောဝေဒနာများ ခံစားခဲ့ရကြောင်း၊
ကွမ်းခြံကုန်း မှာလည်းအဆိုးဆုန်းဖြစ်ကြောင်း၊ မစိုးရိမ်ကျောင်း တိုက်ဆိုလျှင် ရင်ခေါင်းအထိရေ နစ်မြုပ်နေကြောင်း၊
မြို့ပေါ်လမ်းတွင် အလှုရှင်များပြီး တောဖက်ကျသော ရွာများတွင် လှုမည့်သူများ အများအပြားလိုအပ်ကြောင်း၊
စင်္ကာပူ မှ စေတနာရှင် များ ကိုယ်စား ပြည်ပရောက် မျိုးချစ်မြန်မာများမှ
လပွတ္တ မြို့ ရှိ ဘုန်းကြီးကျောင်း (၄)ကျောင်း သို့
ဆန်အိတ် (၂၈၀)
ကုန်ခြောက်
ခေါက်ဆွဲခြောက်
အချိုရည်
အ၀တ်အစားများ နှင် ငွေသား (၁၂) သိန်းခန့် စုစုပေါင်း မြန်မာငွေ ကျပ်သိန်း (၁၀၀) ခန့် လှုဒါန်းပေးပြီးဖြစ်ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာ အပ်ပါသည်။

အပြည့်အစုံဖတ်လိုလျှင်