လေးစားရပါသောမိဘပြည်သူအပေါင်းတို့ရှင်....
ကျွန်မတို့မြန်မာပြည်ကြီးမှာတွေ့ကြုံရင်ဆိုင်နေကြရသောပြသနာအရပ်ရပ်တို့အားအထူးတလည်
တင်ပြရန်လိုအပ်မည် မထင်ပါ။ကျွန်မတို့မြန်မာပြည်သူတွေဟ အနှစ်(၄၀)ကျော်ကြာကြာစနစ်
တကျဖျက်စီးခြင်းခံခဲ့ရသလို ယခုချိန်ထိလဲအဆုံးမသတ်နိုင်သေးတာကိုမိဘပြည်သူများတွေ့
မြင်နေကြရပါတယ်....မြန်မာပြည်သူတွေကိုခေါင်းမထောင်ရဲအောင် ဖိနှိပ်ချုပ်ချယ်ထားတဲ့
စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုတွေကို ကိုယ်တိုင်တွေ့ကြုံနေကြရပါတယ်။ယခုအချိန်မှာလဲ
န.အ.ဖ အစိုးရဟာ အဓိပ္ပာယ်မဲ့တစ်ဖက်သက်ဆန်တဲ့ ဆန္ဒခံယူပွဲကြီးကို ကျင်းပဖို့စီစဉ်
နေပါတယ်။ကျွန်မတို့နဲ့ကျွန်မတို့ရဲ့မျိုးဆက်တစ်ခုလုံးကို စစ်ဖိနပ်အောက် သွတ်သွင်းဖို့
စီစဉ်နေခြင်းဖြစ်ပါတယ်..ဒီလိုမျိုးဆက်ကြီးတစ်ခုလုံး အညွန့်တုံးမဲ့ဘ၀ ကို မိဘပြည်သူအပေါင်း
လိုလားကြပါသလားရှင်...ဒီစစ်အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်ဖို့လိုလားနေကြပါ
သလားရှင်......ဒီဆန္ဒခံယူပွဲကြီးကိုသဘောတူကြပါသလားရှင်...
လူဆိုတာ ကိုယ့်အသားထိမှနာတတ်တယ်တဲ့..အဲဒါဆိုရင်တော့ဖြင့် ကျွန်မတစ်ခုမေးပါရစေ..
စစ်အစိုးရရဲ့လူမဆန်တဲ့လုပ်ရပ်တွေကြောင့် လက်ရှိအခြေအနေမှာ ကျွန်မတို့မြန်မာပြည်သူ
တွေဟာ စီးပွားရေးအခက်အခဲကိုပြင်းထန်စွာရင်ဆိုင်နေကြရပါတယ်...စီးပွားရေးဆိုတာဟာ..
နိုင်ငံတစ်ခုမှာအချက်အချာကြသလို မိသားစုတစ်ခုမှာလဲအရေးကြီးဆုံးဖြစ်ပါတယ်...
ဒီတော့မိဘပြည်သူများဟာနိုင်ငံရေးဟာ ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ဘယ်လိုမှမပတ်သက်ဘူးလို့
ပြောလို့မရပါဘူး..စီးပွားရေးဆိုတာဟာလူတိုင်းလူတိုင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါ..ဒါကြောင့်မို့
စစ်အစိုးရရဲ့လုပ်ရပ်တွေဟာလဲ မိဘပြည်သူများကိုလဲ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို
အသိပေးလိုပါတယ်...အခုချိန်ထိ ဒီတော်လှန်ရေးဆိုတာဟာ ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတဲ့
စိတ်ဓာတ်မျိုးကို ဆက်လက်မွေးမြူနေကြအုံးမယ်ဆိုရင်တော့ ကျွန်မတို့မြန်မာပြည်ဟာ
စစ်ဖိနပ်အောက်မှာစုံးစုံးမြုပ်ရမဲ့အဖြစ်ဆိုတာကို မိဘပြည်သူများကို သတိပေးချင်ပါတယ်..
ဒီတော်လှန်းရေးကြီးဟာငြိမ်းချမ်းရေးလိုလားသော တိုင်းသူပြည်သားတိုင်းနဲ့ သက်ဆိုင်နေပါတယ်။စက်တင်ဘာတော်လှန်ရေးအကင်းမသေသေးချိန်မှာပဲ န.အ.ဖ အစိုးရဟာ နိုင်ငံတကာနဲ့လူထုကတောင်းဆိုထားတဲ့တွေ့ဆုံဆွေးနွေးရေးဆိုတာတွေကို
လျစ်လျူရှုပြီး ရွေးကောက်ပွဲ(ပြိုင်ဖက်မထားပဲ) နှင့်ဆန္ဒခံယူပွဲဆိုတာတွေဆီသို့ရှုးသွပ်စွာ
ဦးတည်ခြေလှမ်းနေခြင်းဖြစ်ပါတယ်..မိဘပြည်သူများအနေနဲ့ စစ်အစိုးရရဲ့ ရူးသွပ်မှုတွေကို
အားပေးရာသက်ရောက်တဲ့ ဆန္ဒခံယူပွဲတွေကို မတက်ရောက်ကြဖို့နဲ့ကန့်ကွက်ကြဖို့ပန်ကြား
ပါတယ်..မဖြစ်မနေတက်ရောက်ရမယ်ဆိုရင်လဲ ခဏအတွက်မကြည့် တစ်ဘ၀အတွက်ကြည့်
ကာကန့်ကွက်မဲကိုရဲဝံ့စွာ ထဲ့ကြဖို့တိုက်တွန်းပါတယ်..
ကျွန်မပြောချင်တာက မိဘပြည်သူတို့ဟာစစ်ဖိနပ်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့နေမလား။
ဒါမှမဟုတ်ရင်တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးမလား။
လူဆိုတာတော့သေမျိုးပါပဲ..လူတိုင်းဟာတစ်နေ့မှတော့သေကြရမှာပါ်။
ဒီတော့ဘ၀မှာသေရမှာခြင်းအတူတူ ကြုံကြိုက်တုန်း တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်ရင်း
သေဆုံးခြင်းက သာပိုကောင်းတယ်လို့ ယူဆပါတယ်..
မိဘပြည်သူအပေါင်းတို့ရှင်...
တိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊သွေး၊ချွေး မနှေးပေးဆပ်ကြဖို့လေးစားစွာဖြင့်တိုက်တွန်း
နှိုးဆော်ပန်ကြားအပ်ပါတယ်ရှင်.....
Showing posts with label တာဝန်သိ မျိုးချစ်ပြည်သူ တစ်ဦးမှ နှိုးဆော်ချက်. Show all posts
Showing posts with label တာဝန်သိ မျိုးချစ်ပြည်သူ တစ်ဦးမှ နှိုးဆော်ချက်. Show all posts
Friday, March 7, 2008
တာဝန်သိ မျိုးချစ်ပြည်သူ တစ်ဦးမှ နှိုးဆော်ချက်
Posted by
54freedom
at
7:52 PM
0
comments
Subscribe to:
Posts (Atom)