စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း
၂၇ရက် ဧပြီလ ၂၀၀၈၊ တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ မျိုးချစ်မြန်မာများမှ နိုင်ငံကြီးသားပီသစွာ စည်းကမ်းသေဝပ်မှု၊ ညီညွတ်မှု နှင့် မကြောက်မရွံ့ ရဲဝင့်စွာ အခြေခံ ဥပဒေ မူကြမ်းအရ မြန်မာနိုင်ငံသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သော အသက်(၁၈)နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားတိုင်း ဆန္ဒမဲ ပေးခွင့် ရရှိနိုင်ရန် တောင်းဆိုမှု နှင့် စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးအား စစ်ကျွန်ဘ၀ရောက်အောင် ပြုလုပ်မည့် အခြေခံ ဥပဒေ မူကြမ်းအား ပြတ်ပြတ်သားသား ကန့်ကွက်မှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအား ထင်ရှားစွာ ထုတ်ဖေါ်ပြသနိုင်ခဲ့ပါသည်။
ဤအောင်ပွဲ၏ ရလာဒ်မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ဧပြီလ(၃၀)ရက်၊ မေလ(၁)ရက် နှင့် မေလ(၂)ရက် သုံးရက်တိုင်တိုင် ဆန္ဒမဲပေးရက်များအဖြစ် တရားဝင် တိုးမြင့် သတ်မှတ် ပေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ မေလ(၁)ရက်နေ့၊ ကမ္ဘာ့အလုပ်သမားနေ့အား ဒုတိယအကြိမ် Polling Day အဖြစ် သတ်မှတ် ထားပါသဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသော စင်္ကာပူနိုင်ငံရှိ အလုပ်သမားများ၊ ကျောင်းသားများ အပါအ၀င် မြန်မာနိုင်ငံသားအားလုံး အတူတကွ ပူးပေါင်းပါဝင် ဆန္ဒမဲ ပေးကြနိုင်ရန် Peninsula Plaza, City Hall သို့ နေ့လည် ၁၂း၃၀ နာရီ နောက်ဆုံးထားပြီး လာရောက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်၊
Showing posts with label စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း. Show all posts
Showing posts with label စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း. Show all posts
Wednesday, April 30, 2008
စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း
Posted by
54freedom
at
10:34 PM
0
comments
Subscribe to:
Posts (Atom)