စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 26, 2008

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း တိုက်ပွဲတွင် စစ်သား ၆၀ ကျဆုံး

6/26/2008

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် ကျဆုံးသူ စစ်သား အရေအတွက် ၆၀ ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ကျဆုံးသွားသူ စစ်သားများမှာ စကခ ၁၅ လက်အောက်ခံ စစ်တပ် တပ်ရင်း ၁၀ ရင်းမှ ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ကရင်နှင့် ရှမ်း ရှေ့တန်းနယ်မြေများတွင် ကျဆုံးသွားခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
များမကြာမှီက စကခ ၁၅ မှ ထုတ်ပြန်သော အစီရင်ခံစာ တစောင် အရ စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရိုးရိုးသေဆုံးသွားသူ စစ်သား အရေအတွက်မှာ ၆ ဦးရှိပြီး တိုက်ပွဲတွင် ခြေနှစ်ဖက် ပြတ်သွားသူမှာ ၂ ဦး ရှိကြောင်း သိရှိရသည်။

၎င်းပြင် ခြေတဖက် ပြတ်သွားသူမှာ ၆၆ ယောက်ရှိပြီး မျက်လုံး တဖက် ကန်းသွားသူမှာ ၅ ဦးရှိသည်။ တိုက်ပွဲများ အတွင်း ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားသူမှာ ၄၄ ဦးရှိပြီး ရိုးရိုး ထိခိုက်ဒဏ်ရာ ရသွားသူမှာ ၈၃ ဦးရှိကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြသည်။

အဆိုပါ စကခ ၁၅ အား ဗိုလ်မှူးချုပ် အောင်နိုင်မှ ဦးစီးကွပ်ကဲပြီး ယခုအခါ စကခ ၁၅ တပ်မှူးမှာ ကရင်ရှေ့တန်းသို့ရောက်နေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၅၂၊ ၃၄၅၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ ၅၃၆ နှင့် ၅၃၇ တို့ဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးမှာ စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသော ဘူးသီတောင် မြို့နယ်တွင် အခြေစိုက်ကြသည်။


No comments: