စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 26, 2008

မောင်တောမြို့တွင် နစက ဒေါက်တိုင် တဦး သတ်ဖြတ်ခံရ

6/26/2008
မင်းအောင် (နိရဉ္စရာ)

ရခိုင်ပြည်နယ် မောင်တောမြို့တွင် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးနှင့် ပူးပေါင်း စီးပွားရေး လုပ်ကိုင်နေသူ တဦးကို အမည်မသိသူ လူတစုက သူနေအိမ်အတွင်း ၀င်ရောက်ပြီး ဓါးနှင့် ခုတ်သတ်သွားကြောင်း သတင်းရရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဓါးနှင့် ခုတ်သတ်ခံရသူမှာ ဦးဇော်မင်းခေါ် မော်တာဇာ (၄၂) နှစ်ဖြစ်ပြီး နစကဌာနချုပ်မှ အိမ်သို့ မော်တော်ဆိုင်ကယ်နှင့် ပြန်လာစဉ် အိမ်ထဲအရောက်တွင် အသင့်စောင့်ဆိုင်းနေသော အမည်မသိသူ လူလေးဦးမှ ဓါးနှင့် ခုတ်သတ်သွားခြင်း ဖြစ်သည်။

အဆိုပါ ဓါးခုတ်မှုမှာ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဦးဇော်မင်းမှာ အဆိုပါ နေအိမ်အတွင်းတွင်ပင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သားတဦးမှ ဦးဇော်မင်းမှာ မောင်တောမြို့နယ် မောင်နှမကျေးရွာမှဖြစ်ပြီး မောင်တောမြို့အမှတ် ၅ ရပ်ကွက်ရှိ သူ့ယောက္ခမနေအိမ်၌ နေထိုင်စဉ် ယခုကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။

သူ့မှာ နစက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေသူတဦးဖြစ်ပြီး နစကအားကိုးဖြင့် ဒေသခံ ပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျ နေသူတဦး ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မောင်တောရဲမှ လူသတ် တရားခံအား အပူတပြင်းလိုက်လံရှာဖွေနေပြီး သူနှင့် ရန်ဘက်ဖြစ်သူ အဆိုပါ ကျေးရွာမှ ရ၀တ လူကြီးဟောင်း တဦးအား ရဲကဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။




Rest of your post

No comments: