စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 26, 2008

မြန်မာ ဆိုင်ကလုန်းအကူအညီများ လျော့နည်းလာ

Aljazeera/ ၂၅ ဇွန် ၂၀၀၈

နိုင်ငံတကာမှ အလှူငွေများ ထပ်မံမရရှိပါက (၃) ပတ်ကြာခန့်ကာလအတွင်း ဆိုင်ကလုန်းဒုက္ခ သည်များအား စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂက သတိပေးသည်။

မေလဆန်းပိုင်းကတည်းက မုန်တိုင်းဒုက္ခခံစားခဲ့ရသော သန်းချီသည့် ဒုက္ခသည်များသည် ယခု အချိန်အထိ အခြေခံရိက္ခာ ထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ သတိပေးချက်သည် ဆိုင်ကလုန်းဒုက္ခသည်များ၏ လိုအပ်ချက်များ ပြည့်စုံနေပြီဟု အင်္ဂါနေ့က ပြောကြားသွားသည့် အာဆီယံအဖွဲ့၏ အကောင်းမြင်သုံးသပ်ချက်နှင့် လုံးဝ ဆန့်ကျင် နေသည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များနှင့် ပတ်သက်၍ ဇူလိုင်လလယ်ခန့်တွင် အာဆီယံမှ အစီရင် ခံစာ တင်ရမည်ဖြစ်သော်လည်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ကမူ မုန်တိုင်းကွင်းဆင်း အဖွဲ့များအနေဖြင့် အထိနာသည့် ဒေသများအားလုံးသို့ အကန့်အသတ်မရှိ၊ အချုပ်အချယ်မရှိ သွားရောက်ခွင့် ရရှိနေသည်ဟု ရန်ကုန်မြို့တွင် အင်္ဂါနေ့က ပြောသည်။

“စောစောစီးစီး နာလန်ထူနိုင်ဖို့အတွက် ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ အဆင်ပြေ နေပါပြီ” ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် စူရင် ပစ်စ၀မ်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအစီအစဉ် (WFP) က ရရှိနိုင်မည့် ဆန်ထောက်ပံ့မှုများသည် ဇွန်လကုန် အထိသာ ခံမည်ဟု သိရသည်။

မုန်တိုင်းဖြစ်ပြီးစအချိန်တွင် မြန်မာစစ်အစိုးရသည် ကယ်ဆယ်ရေးအတွက် တုံ့နှေးမှုများရှိခဲ့ပြီး နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ၀င်ခွင့်ပြုရန် ခါးခါးသီးသီး ငြင်းဆန်ခဲ့သောကြောင့် ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကုလသမဂ္ဂက စစ်အစိုးရကို အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်းရှိ အဖွဲ့အစည်းများ၊ အာဏာပိုင်များထံမှ အရေးပေါ် အထောက် အပံ့ တောင်းဆိုမှုများ တစထက်တစ လျော့နည်းလာနေပြီဖြစ်ပြီး အစီရင်ခံစာများအရ အဆိုးဆုံး အခြေအနေကို ကျော်လွန်ပြီဟု မဆိုသာသော်လည်း အခြေတကျဖြစ်သွားပြီဟု မြန်မာနိုင်ငံခြား ရေး ဒု-၀န်ကြီး ဦးကျော်သူက မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။ ။
Rest of your post

No comments: