စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 25, 2008

ကဒုံကနိ သစ်တောကြိုးဝိုင်းအတွင်း နေထိုင်သူများကို ဖယ်ရှားပေးရန် စာထုတ်ပြန်

အေးချမ်းမြေ့ ဇွန် ၂၄၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဘိုကလေးမြို့နယ်အပိုင် ကဒုံကနိ သစ်တော ကြိုးဝိုင်း အတွင်း နေထိုင်လျှက် ရှိသူများအနေနှင့် အမြန်ဆုံး ဖယ်ရှားပေးရန် သစ်တောဝန်ကြီးဌာနက စာထုတ်ထားကြောင်း ကျေးရွာ အုပ်ချုပ်သူများနှင့် နီးစပ်သည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကဒုံကနိ သစ်တောကြိုးဝိုင်းကို ယခင်က ဧက ၃၃၃၄၀ သာ သတ်မှတ်ထားသော်လည်း ယခုအခါ ၅၈၄၄၃ ဧက သို့ တိုးမြှင့် သတ်မှတ်ပြီး ၎င်းနယ်မြေအတွင်း နေထိုင်သည့် ဒေသခံများကို အမြန်ဆုံးဖယ်ရှားပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

“သစ်တောဦးစီးဌာနက စာထုတ်တာပါ။ သက်ဆိုင်ရာ ကျေးရွာ ရယက လူကြီးတွေအနေနဲ့ ဒေသခံတွေကို ပြောပေးဖို့ ညွှန်ကြားထားပါတယ်” ထိုသူက ဆက်ပြောသည်။

၎င်းစာတွင် ကဒုံကနိ သစ်တောကြိုးဝိုင်းအတွင်း လုံးဝထိန်းသိမ်းကာကွယ်ထားသည့် သစ်တောနယ်မြေ အတွင်းမှ အိမ်ရာ များ အမြန်ဆုံး ဖယ်ရှားပေးပါရန် ဟု ရေးသားထားပြီး မိတ္တူကို သစ်တောဝန်ကြီးဌာန ညွန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး အပါအဝင် ၅ နေရာသို့ ပို့ထားကြောင်း စာကို မျက်မြင်ဖတ်ရှုလိုက်ရသူက ပြောပြသည်။

သစ်တောဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာ ရယက များသို့ ဇွန် ၁၇ ရက် နေ့က ၎င်းစာ ရောက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီနေရာမှာ နေကြတဲ့ ရွာပေါင်း ၃၀ ကျော်ရှိမယ်။ လူဦးရေ သောင်းနဲ့ချီပြီး ရှိနိုင်ပါတယ်။ ဒုက္ခသည် တော်တော်များများက လယ်ပြန်လုပ်မယ်ဆိုပြီး အဲဒီဒေသတွေကို ပြန်သွားကြတာပဲ” ဟု ဒေသခံ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက ပြောသည်။

သစ်တောဦးစီးဌာနက စာထုတ်ထားသော်လည်း မည်သည့်ရက် မည်သည့်အချိန်တွင် နောက်ဆုံးထား ပြောင်းရွှေ့ရမည် ဆိုခြင်းနှင့် မည်သည့် ဒေသများသို့ ပြောင်းရွှေ့ရမည် စသည်ဖြင့် အတိအကျ မပါရှိကြောင်း စာကို မျက်မြင်တွေ့ရှိလိုက် သူက ပြောပြသည်။

“ကျေးရွာ ရယက တွေဆီ စာရောက်နေပြီ ဆိုပေမယ့် အချိန်တွေ နေရာတွေ ဘာမှမပြောထားတော့ ဒေသခံတွေကို မပြော ရသေးဘူး။ ဒေသခံတွေထဲက ဘယ်သူမှလည်းမသိကြသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းဒေသတွင် နေထိုင်သူတို့မှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြ သူများဖြစ်ကြပြီး ယခုအခါ ဒုက္ခသည် စခန်းများမှ အနှင်ခံရသူတို့ ပြန်လည် နေထိုင်လျှက်ရှိကာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရန် စတင်ကြိုးစားနေပြီဖြစ်ကြောင်း သူက ပြောသည်။
Rest of your post

No comments: