



သစ္စာတော်လှန်ရေးမဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၀၇ ထုတ်၊ တွင်ပါရှိသော ရင်ကိုထိခိုက်ဆို့နင့်စေသည့် ဆောင်းပါး တစ်ပုဒ် ကို တင်ဆက် လိုက်ပါတယ်။
Saturday, December 15, 2007
လင်မျှော်ကုန်း
Posted by
54freedom
at
10:19 PM
0
comments
Labels: မေအိခင်( လယ်ဝေး )
ဒေါင်းအိုးဝေ စာစဉ် အတွဲ-၁၊အမှတ်-၃၊ဇူလိုင်-သြဂုတ်-စက်တင်ဘာ၊၂၀၀၇



မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဗဟိုစည်းရုံးရေးနှင့်ပြန်ကြားရေးဌါနမှ ထုတ်ဝေသည့် ဒေါင်းအိုးဝေ စာစဉ် အတွဲ-၁၊အမှတ်-၃၊ဇူလိုင်-သြဂုတ်-စက်တင်ဘာ၊၂၀၀၇ မှ ကိုရင်ဒေါင်း၏ ဆောင်းပါးကို ကူးယူတင်ဆက်လိုက်ပါသည်။
Posted by
54freedom
at
5:59 PM
0
comments
ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ
ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ
စပါးဈေးတွေ အခုရက်ပိုင်းနှစ်ဆနီးပါး တက်လာတယ်လို့ DVB News မှဖေါ်ပြ
ထားပါတယ်။စပါးတင်း(၁၀၀)ကို ကျပ်နှစ်သိန်းကျော်ကနေ ဒီနေ့ ၄သိန်းအထိ
တက်လာပြီး ဆန်ဈေးတွေလည်းလိုက်တက်နေပါတယ်။
မနောသုခဆန်သစ်က ကျပ်တစ်သောင်းကနေ ခုရက်ပိုင်းအတွင်း(၁၂,၀၀၀)ကျော်
အထိတက်သွားပါတယ်။ထိပ်တန်းဆန်အကောင်းစား (ဆန်ဟောင်း)အရင်ဈေး
(၁၉, ၀၀၀-၂၀ ,၀၀၀)ကနေ အခုရက်ပိုင်းမှာ(၃၀, ၀၀၀)ကျော်တက်လာတယ်လို့
သိရပါတယ်။
ဆင်ဖြူကျွန်းဘက်မှာ စပါးဈေး (၃၈၄, ၀၀၀)ဖြစ်နေပြီး စပါးဈေးတက်တာဟာအ
စိုးရက နိုင်ငံခြားဆန်တင်ပို့ခွင့်ဖွင့်ပေးလိုက်တာနဲ့ဆက်စပ်နေတယ်လို့ဒေသခံတ
ဦးကပြောပါတယ်။ဒီလိုလမ်းနည်းနည်းဖွင့်လိုက်တာနဲ့ စပါးဈေးကမမျှော်လင့်ဘဲ
ခုန်တက်လာတဲ့အခါကြတော့ လယ်သမား ၊ပြည်သူတွေအတွက်အခက်ကြုံနေ
ပါတယ်။
ဆန်စပါးဈေးတက်လို့ လယ်သမားတွေမှာ အကျိုးမရှိဘဲ အာဏာပိုင်တွေနဲ့ပေါင်း
သင်းလုပ်ကိုင်တဲ့ ကုန်သည်ပွဲစားတွေကသာ အကျိုးအမြတ်ရှိသွားတယ်လို့သာ
ယာဝတီကလယ်သမားတစ်ဦးကပြောသွားပါတယ်။
စပါးဈေးတက်လာတော့ ကုန်သည်တွေက အကုန်ဆွဲပြီးတော့ဝယ်ထားကြတော့
လယ်သမားတွေလက်ထဲမှာစပါးကမကျန်၊အကြွေးဆပ်ချင်ပြန်တော့ လယ်သမား
တွေလက်ထဲမှာဘာမှမရှိ၊အရောင်းအ၀ယ်သမားတွေကလောလောဆယ်တော့အ
မြတ်အစွန်းတွေရကြတာပေါ့။ကုန်သည်ပွဲစားတွေနဲ့(တပ်ရင်းမှူး ၊ တကစမှူး)တို့
ပေါင်းပြီးရိုက်စားလုပ်ကြပါတယ်။ဒီလိုစပါးဈေးတက်လာတာဟာ ဘင်္ဂလားဒေ့ရှ်
နိုင်ငံကို အရောင်းအ၀ယ်အတွက်ဖွင့်ပေးလိုက်တယ်လို့ အစိုးရအာဏာပိုင်တစ်ဦးကပြောပါတယ်။
ဆန်ဈေးတက်လာတာကြောင့် အခက်ကြုံရတယ်လို့ အိမ်ရှင်မအများကပြောပါ
တယ်။အခက်အခဲကတော့လူတိုင်းတွေ့နေရတာပြောစရာတောင်မလိုတော့ပါဘူး
ဒီလိုစားဝတ်နေရေး ကြပ်တည်းရတာဟာ အသုံးမကျတဲ့ နအဖ စစ်အစိုးရကြောင့်
ဖြစ်တယ်လို့ပြည်သူတွေကပြောဆိုလာပါတယ်။အချို့ပြည်သူတွေရဲ့ထွက်ဆိုချက်
အရ ကုန်ဈေးနုန်းတွေအဆမတန် တက်ခြင်းကြောင့် အချို့သောမိသားစုတွေမှာ
ဆန်ပြုတ်စားရခြင်း ၊ ထမင်းနပ်မှန်မစားရခြင်း ၊သူခိုးသူဝှက်များ ပေါများလာခြင်း၊
အချို့သောမိန်းကလေး များ စားဝတ်နေရေးကြောင့် ပျက်စီးရခြင်း စသောအခက်
အခဲများစွာ ကြုံတွေ့နေရပါတယ်လို့လည်းပြောပါတယ်။ဆက်လက်ပြီး မြန်မာပြည်၏
ကုန်ဈေးနုန်းကြောင့် ရှေးဆက်ကြုံလာရမည့် အခက်အခဲတွေကို
မတွေးဝံ့ပါကြောင်း ပြည်သူတွေ ထွက်ဆိုပါတယ်။
DVB News မှကိုးကားတင်ပြပါသည်။
Posted by
54freedom
at
5:12 PM
0
comments
Labels: DVB News 15 December 2007
ဆူးကြားဘူးသီးများ (၂)
ဆူးကြားဘူးသီးများ (၂)
အယ်ဒီတာ့ရွာ (၆)
စစ်အာဏာကို အမြဲစိမ်းသစ်တောထင်ရင်...
ဟစ်တလာကို ခင်ဗျားတို့ နတ်ကွန်းမှာ တင်ထား ကိုးကွယ်ပါ။ အဖ ဂျာမန်တွေ မေ့ဖို့ ကြိုးစားနေတဲ့ အနေနဲ့ပေါ့။ ဒီနေ့ ဆူးကြားဘူးသီးများ အနေနဲ့ကတော့ စင်္ကာပူက မြန်မာတွေရဲ့ လှုပ်ရှားမှုလေးတွေကို ချပ်ဝတ်တန်ဆာ အပြည့်ဆင် စစ်မြေပြင်ကို ဆွဲတင်ပြီး ဘင်ခရာ တီးပြလိုက်ဖို့ အစီအစဉ်ရှိပါတယ်။
ပထမဆုံးအနေနဲ့ အင်ဒရူးဆိုတဲ့ကောင် တောင်မရောက် မြောက်မရောက် စာရေးဆရာရဲ့ ရွှေခြည်လင်းလက် ပဟေဠိ (Saffron Con???drum) ဆောင်းပါးနဲ့ ပတ်သက်လို့ပါ။ သူ့ဆောင်းပါက သမိုင်းရှုထောင့်က ကြည့်ကြည့်၊ သဘာဝဘေဒရှုထောင့်က ကြည့်ကြည့်၊ ဘာသာရေး ကျမ်းစာအမြင် ရှုထောင့်ကပဲ ကြည့်ကြည့် ကြည့်ချင်ရာက ကြည့် ချည့်နဲ့ ခွေ့လျော့ လွန်းလှတယ်။
ထားပါတော့။ ကျွန်တော်ပြောချင်တာက ဒီဆောင်းပါးနဲ့ ပတ်သက်လို့ စာဖတ်သူတွေ (အဓိက မြန်မာတွေပေါ့)ဖက်က ထောက်ပြ ဝေဖန်လာကြတယ်။ ဒီကိစ္စမျိုးကို ကျွန်တော်တို့လည်း လက်မနှေးခဲ့ပါဘူး။ ဒါပေမယ့်...။
ကျွန်တော်တို့ဖက်က ပြန်လှန်ချေပချက်တွေကို (Historically, literally, logically) ပြန်လည်ဖော်ပြဖို့ အထင်ကရ သတင်းစာကြီးက ငြင်းဆိုခဲ့တယ်။ “sorry, too late” တွေနဲ့ ယပ်ခပ်ပေးလိုက်တယ်။ ပြီး... သိုသိုသိပ်သိပ်လေး လက်သိပ်ထိုး တောင်းပန်လိုက်တယ်။ သူတို့တောင်းပန်တဲ့ အကြောင်းကို ဘယ်သူမှ မသိပါစေနဲ့ပေါ့။ ဒါပါပဲ။ ဒီထက်လုံးဝ မပိုပါဘူး။ ဒီထက်လုံးဝ မပိုပါဘူး။
ဘာတတ်နိုင်မှာလဲလေ။ ဒါက သူတို့ နိုင်ငံနဲ့ သူတို့ လုပ်ပိုင်ခွင့်ပဲ။ ရုတ်တရက်ကြီး ကုန်းကုန်းကွကွနဲ့ တိုးတက်လာနေတဲ့ မီးခြစ်ပုံးလို တိုက်တွေကလွဲရင် စင်္ကာပူရဲ့ လူ့အခွင့် အရေး (အထူးသဖြင့် လွတ်လပ်စွာ ပြောဆို ရေးသားရေး)ဟာ ကျွန်တော်တို့ ငှက်ရုပ်လေးထက်
နှာတဖျား အသာလေးနဲ့သာ ပန်းဝင်နိုင်တာပါ။
သဘောတူခွင့် ကွဲလွဲခွင့်ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွန်တော် ဒီလို မြင်ပါတယ်။
- စင်္ကာပူ
- မြန်မာ
- အပါယ်လေးဘုံ။ (ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)
ခင်ဗျားတို့ ရှုပ်နေမှာစိုးလို့ ထပ်ပြောပါရစေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စင်္ကာပူက မြန်မာထက် နှာတဖျား သာပါတယ်။ မြန်မာကတော့ အပါယ်လေးဘုံထက် နှာတဖျား သာပါတယ်။ (ကျွန်တော့်
အထင်နော်။ မသာပါဘူးကွာလို့ ခင်ဗျားတို့ စောဒက တက်လာရင် ကျွန်တော် ပြန်မငြင်းဘူး။ ခင်ဗျားတို့
ကံနဲ့ ခင်ဗျားတို့ပဲ။)
ဘယ်မှာလဲ အမှားကို ပြန်လည်ချေပခွင့်။ တကယ်ဆူးကြားဘူးသီးပါဗျာ။ နောက်ပြီးတော့ အထင်ကရ ဘူးသီးနုနုလေးတွေ။ (စစ်အစိုးရကတော့ ဆီပွက်ပွက်ထဲထည့်ပြီး ကြော်စားချင် နေမှာပဲ။)
* ဘက်ထရီ မရှိလှတဲ့ အာစီယံ မီတင်၊
* နားကွဲမတတ် တောင်ပံရိုက်ခတ်သံတွေနဲ့ ပျံသန်းလာတဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဘရာဇီးက
သိန်းငှက်ကြီး၊
* သိန်းငှက်ကြီးရှိရင် ငါပြန်လှည့်သွားမှာ ဆိုတဲ့ ငှက်ယုတ်၊ ငှက်ဆိုး၊ တီးတေတူး၊
* ငှက်ဆိုးထိုးသံကို ဗီသိုဗင်ရဲ့ ဂီတလို နားဆင်လိုက်တဲ့ နားရွက်ထောင်ထောင်နဲ့ သဘာပတိ ယုန်မင်း၊
ဘက်ထရီသိပ်မပြည့်တဲ့ မီတင်မှာ သိန်းငှက်ကြီးတက်စရာမလိုတဲ့။ ပျံသန်းလာခဲ့ရတဲ့ အတောင်ပံတစ်စုံကိုမှ အားနာခြင်းမရှိ ရိုက်ချိုးရက်ကြတယ်။ ကဲ မစၥတာဂမ္ဘာရီ ခင္ဗ်ား ဘာလဲ ဘယ္လဲ။
ဒါကို မကျေနပ်ကြတဲ့ ဘူးသီးလေးတွေ၊ ရှော့ပင်း စင်တာကြီးတွေ ကြီးစိုးတဲ့ အောချက်လွင်ပြင်က အနီရင့်ရင့် ဘူးသီးလေးတွေ၊ သုံးလုံးစီ အညှာခြင်း ချည်ကြလို့လေ။ ဘူးတစ်ပင်မှာ လေးလုံးမသီးရဘူးတဲ့။ ဒါအကြောင်းလား။ သုံးလုံးစီ သီးပြခဲ့ကြတယ်။
သူတို့ ရဲဝန့်လှပါလား။ သူတို့လက်ထဲမှာ သူတို့ယုံကြည်တဲ့၊ သူတို့အားထားတဲ့၊ သူတို့ရဲ့ အနာဂတ်ကောင်းကင်ပြာလို့ ယုံကြည်တဲ့ သူတို့အမေရဲ့ ဓါတ်ပုံကို ထွေးပွေ့ရင်း၊ သူတို့ရဲ့ ဖြူစင်တဲ့ ဆန္ဒတွေကို သူတို့အမေရဲ့ ရင်ဘတ်မှာ ကော်နဲ့ကပ်လိုက်ရင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ဖယောင်းမီးလေးတွေ မငြိမ်းဖို့ ကာကွယ်ရင်း ဆူးတွေကို ရင်ဆိုင်ခဲ့ကြတယ်။
စင်္ကာပူရဲ့ ဥပဒေအတွင်းကနေ စင်္ကာပူရဲ့ ဥပဒေကို ဒူးနဲ့တိုက်ပြီး ကွေးခဲ့ကြတာ သူတို့ပါပဲ။ ဒီအတွက် ထာဝရ ဂုဏ်ယူနေမိမှာပါ, ဘူးသီးလေးတို့ရေ။ မင်းတို့အထဲမှာသာ ဂဠုန်စော မပါပါစေနဲ့။ ဒါဆိုရင် တို့ငှက်ကလေးရဲ့ အနာဂတ်ဟာ မင်းတို့ရင်ခွင်ထဲမှာ ငြိမ်းချမ်း၊ ကြွယ်ဝ လွတ်လပ်စွာ နားခိုခွင့် ရလာရမှာပါ။
ဒီတော့မှ မင်းတို့ ချစ်သူရဲ့ ဆံစလေးတွေကို ဖွရင်း မင်းတို့ သမိုင်းလေးတွေကို ပြန်ပြီး ရင်ခုံကြပါ။ အခုတော့.... ဘူးသီးတို့ရေ.... !
ဇင်ဝေသော်
(အေ၊ အို၊ အေ၊ ဘီ)
Posted by
54freedom
at
7:00 AM
0
comments
Labels: zin wai thaw's article
Friday, December 14, 2007
Invitation of Articles, cartoons and poems for Burma Independent Day
OBP (Overseas Burmese Patriots, Singapore) အဖွဲ.မှ ဦးစီး၍ လာမည့် 4th January 2008 နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရန် အစီအစဉ်ရှိပါသည်။ သို့ပါ၍ နိုင်ငံတကာရှိ စာပေအနုပညာရှင်များမှနေ၍ ကိုယ်စီကိုယ်စီထက်သန်ရာ ဆောင်းပါး၊ကဗျာ၊ကာတွန်း များကို ပေးပို့ အားဖြည့်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
Softcopy များကိုပေးပို့ရန် လိပ်စာမှာ publication@overseasburmesepatriots.org ဖြစ်ပါတယ်။
Hardcopy လက်ရေးမှုကြမ်းများကို Penisular Plaza ငါးထပ်ရှိ လမ်းပြကြယ်စာကြည့်တိုက် သို့ပေးပို့နိုင်ပါ သည်။
Posted by
54freedom
at
10:34 PM
0
comments
Interested Picture that showed in Arts & Literature Exhibition in Singapore
Bonding ဟု နာမည်ပေးထားတဲ့ ပန်းချီကားလေး ကို ခံစားကြည့်ကြပါဦး.......Singapore မှာပြုလုပ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့အမှတ်တရ Arts & Literature Exhibtion မှာ ခင်းကျင်းပြသခဲ့တာပါ....
Posted by
54freedom
at
10:10 PM
0
comments
Labels: Bonding picture
Myanmar….child soldiers;10 yr olds
Forced into military
ရန်ကုန်မြို့မှာရှိတဲ့ သီရိမင်္ဂလာဈေး ၊စံပြငါးဈေး ၊ ကြည့်မြင့်တိုင်ငါးဈေးဘက်တွေမှာအသက်မပြည့်သေးတဲ့ကလေးတွေကို
ိညဘက်ရောက်ရင်ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ၊ အခြားသောမြို့များတွင်လည်း
လမ်းပေါ်မှာတွေ့သောအသက်မပြည့်ကလေးများကိုအတင်းအဓမ္မ လိမ်လည်ခေါ်ဆောင်ပြီးစစ်သားစုဆောင်းရေးတပ်ကိုပို့လိုက်ပါတယ်။
ဒါ့ကြောင့်မြန်မာနိုင်ငံမှာမိသားစုတိုင်း ကြီးမားသောပြသနာနှင့်ရင်ဆိုင်ရပြီး
ကလေးစစ်သားဘယ်တော့ပပျောက်မှာလဲလို့မျှော်လင့်နေတဲ့သူတွေများပြားလာပါတယ်။
From RFA News
Posted by
54freedom
at
10:01 PM
0
comments
Labels: Myanmar child soldiers
