NEJ/ ၂၅ ဇူလိုင် ၂၀၀၈
တကမ္ဘာလုံးရှိ မြန်မာသံရုံးအသီးသီးမှ လစဉ် နိုင်ငံခြားငွေ ဒေါ်လာ သိန်း (၂၀) ကျော် ရှာပေးနေ သည့်တိုင် စစ်ဗိုလ်သံအမတ်ကြီးများသာ ထိုငွေထဲမှ အကျိုးအမြတ်ရပြီး အရပ်ဘက်သံတမန် အများစုမှာ မလောက်မင သုံးစွဲနေရသည်ဟု သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဝင်ငွေရှာပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံးကြီးတခုမှ အနည်းဆုံး ဒေါ်လာ (၁) သိန်း အထက် ရှာပေးနိုင်သော်လည်း ထိုငွေများ စစ်အစိုးရ၏ မည်သည့်ငွေစာရင်း ခေါင်းစဉ်အောက်မှာ ရောက် သွားသည်ကို မသိရသဖြင့် ၀န်ထမ်းများ မကျေမနပ် ဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် သံရုံးဝန်ထမ်းများအတွက် လစာစရိတ်မှာ လစဉ် ဒေါ်လာ(၅) သောင်းအောက်မှာသာရပြီး သံရုံးဝန်ထမ်းအများစု၏ လူမှုရေးအသုံးစရိတ်ကိုမူ စစ်အစိုးရက ဥပေက္ခာပြုထားသည်ဟု နေပြည်တော် သံတမန်တဦးက ပြောသည်။ အချို့ အရပ်ဘက် အကြီးတန်း သံတမန်များဆိုလျှင် ရသည့်ဒေါ်လာ ပြန်ရောင်းပြီး စရိတ်ကာမိအောင် လုပ်ရသည်ဟုပါ ဆက်ပြောသည်။
ကုမ္ပဏီများပေးသွင်းငွေ၊ တိုးရစ်ဗီဇာမှ ရငွေ၊ ပတ်စ်ပို့ သက်တမ်းတိုးငွေ စသည့်ဝင်ငွေ အများဆုံး ရှာပေးနိုင်သည့် သရုံးများမှာ ဂျပန်မြန်မာသံရုံး၊ ဂျာမနီမြန်မာသံရုံး၊ စင်ကာပူ မြန်မာသံရုံး၊ ကိုရီးယား မြန်မာသရုံး၊ ထိုင်းမြန်မာသရုံး၊ မလေးရှား မြန်မာသံရုံးစသည့် သံရုံးကြီးများ ဖြစ်သည်ဟု စုံစမ်း သိရသည်။
ဝင်ငွေရှားပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံး စစ်ဗိုလ်သံအမတ်ကြီး အတော်များများဆိုလျှင် သံရုံး
ဝင်ငွေအားလုံးကို စစ်အစိုးရလက်သို့ အပ်လေ့မရှိဘဲ ငွေစာရင်းကိုင်နှင့်ပေါင်း၍ အလွဲသုံးစား လုပ်သည်က များသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နိုင်ငံခြား မြန်မာသံရုံးအသီးသီးတွင် လခြုံရေးအစောင့်၊ ယာဉ်မောင်း၊ ဧည်ကြိုစာရေး စသည့် ရာထူးများကို ဒေသခံများ၊ ၀န်ထမ်းများ ငှားရမ်းခန့်ထားလေ့ရှိရာ ထိုဝန်ထမ်းများနှင့် သံရုံး အရာရှိအချို့ပေါင်းပြီး အဂတိလိုက်စားမှုမျိုးစုံ လုပ်သည်များလည်းရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက် လုံခြုံရေးဝန်ထမ်းတဦးဆိုလျှင် မြန်မာသံမန်အရာရှိများနှင့် တွေ့လိုသူများ ထံမှ ငွေတောာင်းခဲ့သည့် သာဓကများရှိသည်ဟု ပေးကမ်းဖူးသူအချို့က ပြောသည်။ ထိုဒေသခံ
ဝန်ထမ်းများနှင့် သံရုံးဝန်ထမ်းများကြား ပြဿနာမျိုးစုံမဖြစ်သည့် မြန်မာသံရုံး အတော်ရှားသည်ဟု ပါ စုံစမ်းသိရသည်။ ။
Saturday, July 26, 2008
နိုင်ငံခြားမြန်မာသံရုံးတွေက လစဉ် ဒေါ်လာ သိန်းဆယ်ဂဏန်းအထက်ရှာပေး၊ သံရုံးဝန်ထမ်းတွေ လစာငွေ မလုံမလောက်သာရ
Posted by
54freedom
at
1:23 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
သံသယတွေ ဘေးဖယ်၍ မြန်မာကယ်ဆယ်ရေးလုပ်ငန်းကို အားပေး အာဆီယံ အတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ
ပီတာအောင်/ ၂၅ ဇူလိုင် ၂၀၀၈
သံသယတွေ ဘေးဖယ်၍ စစ်မှန်သည့် လူသားချင်းစာနာသည့်အကူများ ပေးအပ်ကြရန် အာဆီယံ အတွင်းရေမှူးချုပ် ဆူရင်ပစ်ဆူဝန်က ယနေ့ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မေတ္တာရပ်ခံလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါက်တာ ဆူရင်ပစ်ဆူဝန်က “ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလှူရှင်တွေ ကတိက၀တ်ပြုတဲ့ အစည်း
အဝေးပွဲမှာလည်း သံသယတွေ ဘေးမှာဖယ်ထားကြပါ။ ခင်ဗျားတို့အားလုံး ဒီကိုလာတာ ရည်ရွယ် ချက်တခုတည်းအတွက်ပါ။ ဒါကတော့ သေရေးနဲ့ ရှင်ရေးကြားမှာ ဗျာများနေတဲ့ သန်းနဲ့ချီတဲ့ လူတွေအတွက် လူသားခြင်းစာနာမှုဆိုင်ရာ ကိစ္စပဲဖြစ်တယ်။ တခြားကိစ္စတွေ ဘေးဖယ်ထားဖို့ ပြောခဲ့ပါတယ်။ အဲဒါတွေအတွက် အချိန်ကျလာမှာပါ။ ဒီမှာရှိတဲ့ လူတွေအနေနဲ့ တခြားကိစ္စတွေ အတွက် စိုးရိမ်ပူပန်မှုရှိနေမယ်လို့ ကျနော် အသေအချာ ပြောနိုင်ပါတယ်။ ခုချိန်ထိလဲ ဒီကိစ္စ အတွက်ပဲ အာရုံစိုက်နေတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက် ကျနော်တို့ရဲ့လုပ်ပိုင်ခွင့်က လူသားချင်း စာနာမှုအကူ အညီတွေပေးရေးကိစ္စ သာဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် (၉၂) ရာခိုင်နှုန်း အနိုင်ရသည်ဟု နအဖ စစ်အစိုးရက ကြေညာခဲ့မှုနှင့် လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်အပေါ် အာဆီယံ၏ သဘောထားကို ခေတ်ပြိုင်က မေးမြန်းရာ “ပြည်တွင်းရေးသာဖြစ်တယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ်က ပြန်လည်ဖြေကြားသည်။
မုန်တိုင်းကြောင့် အပျက်အစီးသည် ကြီးမားလွန်းလှသဖြင့် အချိန်ယူ၍ ပြန်လည်တည်ဆောက်ရ မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် မုန်တိုင်းအကူညီပေးရေး ဆောင်ရွက် နေသည့် ကုလသမဂ္ဂ အေဂျင်စီမျာနှင့် အန်ဂျီအိုများကို ပံ့ပိုးပေးကြရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒန်နီရယ် ဘေကာ က ပြောသည်။
Posted by
54freedom
at
1:18 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မုန်တိုင်းကြောင့် ဘတ်ဂျက်လိုငွေပြမှု တိုးမည်
PONJA/ ၂၅ ဇူလိုင် ၂၀၀၈
မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း ရန်ကုန်တိုင်း စီးပွားရေးဆုံးရှုံးမှု ပမာဏမှာ ထိုနှစ်ပေါင်း စီးပွားရေး၏ (၁၁) ရာနှုန်းရှိကြောင်း ကုလသမဂ္ဂ အာဆီယံနှင့် မြန်မာစစ်အစိုးရ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ အစီရင်ခံစာ (PONJA) တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘတ်ဂျက်လိုငွေပြမှုကို စစ်အစိုးရက ငွေထပ်ရိုက်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့်အလျောက် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘတ်ဂျက်လိုငွေပြမှုမှာလည်း သိသိသာသာ ဂယက်ရိုက်မည့် အလားအလာရှိသည်ဟုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မုန်တိုင်းပြန်လည်ထူထောင်ရေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးစရိတ်များ ရှိလာသည့် အတွက် ဘတ်ဂျက်လိုငွေပြမှုအပိုင်းမှာ တိုးလာမည်ဟု PONJA အစီရင်ခံစာက မှန်းထားသည်။ ၂၀၀၇ ခုနှစ်က ဘတ်ဂျက်လိုငွေပြမှု (၃) ရာနှုန်းရှိရာကနေ မုန်တိုင်းကြောင့် အသုံးစရိတ်နှင့် ပြန်လည်နေရာချထားရေး စရိတ်များ တိုးလာသည့်အတွက် ၂၀၀၈ ခုတွင် (၄) ရာနှုန်းထိ တိုးလာမည်ဟု မှန်းသည်။
မြန်မာစစ်အစိုးရက ဘတ်ဂျက်လိုငွေပြမှုကို ကာမိစေရန် ငွေထပ်ရိုက်သည့်နည်း ကျင့်သုံးသည့် အတွက် ငွေဖောင်းပွမှုကို တိုးစေခဲ့သည်ဟု PONJA အစီရင်ခံစာက ထောက်ပြထားသည်။
PONJA အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မတ်ခရိုစီးပွားရေးဆိုင်ရာ ကိန်ဂဏန်းများကို သုံးသပ်ချက် နှင့်တကွ ဖော်ပြထားသည့်အတွက် မတ်ခရိုစီးပွားရေးအစီရင်ခံစာ ထုတ်ပြန်ရန် ၀န်လေးသည့် မြန်မာစစ်အစိုးရအနေဖြင့် ကြိုက်မည်မဟုတ်ဟု စီးပွားရေးပညာရှင် အချို့က ယူဆသည်။
ဧရာဝတီတိုင်း ရန်ကုန်တိုင်းမှာ မုန်တိုင်းဒဏ်ထိထားသည့်အတွက် အစိုးရအခွန်ကောက်ခံငွေ လျော့ကျသွားနိုင်သည်ဟုလည်း မှန်းထားသည်။ ။
Posted by
54freedom
at
1:06 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
ကုလနှင့်မပူးပေါင်းလျှင် မြန်မာကို အမေရိကန် ဖိအားပေးမည်
Agencies/ ၂၅ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရအနေနှင့် ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းလုပ် ဆောင်သင့်ကြောင်း ပြောကြားလိုက်ပြီး အကယ်၍ ပူးပေါင်းလုပ်ဆောင်မှုမရှိပါက လုံခြုံရေး ကောင်စီမှ ဖိအားပေးမှု ပိုများလာမည်ဟု အမေရိကန်က သတိပေးလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံအနေနှင့် နောက်လတွင်မြန်မာနိုင်ငံသို့ ဂမ်ဘာရီ သွားရောက် လည်ပတ်မည့် ခရီးမှ ခိုင်မာသည့် ရလဒ်များ ရလာမည်ဟု မျှော်လင့်ကြောင်း ဂမ်ဘာရီနှင့် တံခါး ပိတ်ဆွေးနွေးပွဲအပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇယ်လ်မေ ခါလီဇက်က ပြောသည်။
“ကျနော် စစ်အစိုးရကို သတင်းပါးချင်တာကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို အခွင့်ကောင်း ယူဖို့ပါပဲ။ နိုင်ငံရေး ပြောင်းလဲမှု ရှိမနေတဲ့အတွက် နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုတွေ ဖြစ်ပွားနိုင်မယ့် အလားအလာကို တွေ့နေရတယ်။ ဖြစ်လာရင်တော့ ကျနော်တို့အနေနဲ့ အရေးမစိုက်ဘဲ နေမှာ မဟုတ်ပါဘူး” ဟု ခါလီဇက်က ပြောသည်။
စစ်အစိုးရအနေနှင့် စာမျက်နှာသစ်ဖွင့်လှစ်ပြီး (၂၀၁၀) ပြည့်နှစ် ရွေးကောက်ပွဲများအတွက် နိုင်ငံရေးလမ်းပြမြေပုံကို သဘောတူညီပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးသင့်ကြောင်းလည်း ဇယ်လ်မေ ခါလီဇက်က ပြောသည်။
“ဒီကိစ္စရပ်တွေမှာ တိုးတက်မှု ရှိမလာဘူးဆိုရင် ကျနော်တို့ လုပ်စရာရှိတာတွေကို ကြည့်ရပါမယ်။ စစ်အစိုးရအပေါ် ပိုပြီး ဖိအားပေးတာမျိုးတွေ လုပ်ရပါမယ်” ဟု ခါလီဇက်က ပြောသည်။
“ပြီးခဲ့တဲ့ (၆) လကျော်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက နောက် ကြောင်း ပြန်သွားနေပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက တုံ့ပြန်မှု မရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်” ဟု ဗြိတိသျှသံအမတ် ဂျွန်ဆောရားစ်က လုံခြုံရေးကောင်စီစည်းဝေးပွဲမတိုင်မီ ပြောသည်။
သြဂုတ်လလယ်တွင် မြန်မာနိုင်ငံသို့ ဂမ်ဘာရီသွားရောက်မည့် ခရီးစဉ်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက ထောက်ခံကြောင်းနှင့် ခရီးစဉ် အောင်မြင်ရန် ဆန္ဒပြုကြကြောင်း ယခုလ လုံခြုံရေးကောင်စီ သဘာပတိဖြစ်သူ ဗီယက်နမ်နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်ကြီး လီလောင်း မင်းက ထပ်လောင်း အတည်ပြုသည်။ ။
Posted by
54freedom
at
12:56 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မြန်မာကိစ္စ လုံခြုံရေးကောင်စီမှာ သဘောထားကွဲ
Agencies/ ၂၅ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်ကောင်းမွန်လာစေရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့်ပြင် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှ ခိုင်မာသည့်ရလဒ် ထွက်ပေါ်ရန် အမေရိကန်က ဖိအားပေးနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ မကြာမီသွားရောက်ရန် ပြင်ဆင်နေစဉ် အဖွဲ့ဝင် (၁၅) နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီက နိုင်ငံရေးပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာစစ်အစိုးရအပေါ် ဖိအားပေးရန် ပြန်လည်အာရုံစိုက်လာ ခြင်းဖြစ်သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်မှ “ခိုင်မာသည့် ရလဒ်” တခု လိုလားကြောင်း၊ သို့မ ဟုတ်ပါက စစ်အစိုးရအနေဖြင့် “ပိုမိုပြင်းထန်သော ဖိအားပေးမှု” ကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇာမေး ခါလီဇဒ်က “စစ်အစိုးရကို ကျနော်အသိပေးလို တာကတော့ မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်ကို အခွင့်ကောင်းတခုအဖြစ် အရယူပါ။ စာမျက်နှာအသစ် တခုကို ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ ပိုပြီးဖိအားပေးခံရ မယ်ဆိုတာပါပဲ” ဟု သတင်းထောက် များကို ပြောသည်။
မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အောင်မြင်မှုအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များအပေါ် မြန်မာစစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမှုတို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဂျွန်ဆ၀ါးက မြန်မာနိုင်ငံအပေါ် ဖိအားပေးမည့် အတိုင်းအတာ ကို သဘောတူရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား အခက်အခဲများ ရှိနေသည်ကို အသိ မှတ်ပြုသော်လည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများအပေါ် ဆက်လက်အာရုံစိုက်သင့်ကြောင်း ပြောသည်။
မစ္စတာဂျွန်ဆ၀ါးက “မြန်မာစစ်အစိုးရက နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်တာ မရှိတဲ့ အတွက် ကျနော်တို့မှာ အကျပ်အတည်းဖြစ်နေတဲ့ အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့ ခြောက်လ လောက်ကဆို မြန်မာနိုင်ငံဟာ ဟိုးအရင်တုန်းက အနေအထား ပြန်ရောက်သွားတာပဲ” ဟု သတင်းထောက်များကို ပြောသည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ၀န်ဂွမ်ကျားကမူ မြန်မာနိုင်ငံအရေးသည် လုံခြုံရေး ကောင်စီ၏ အရေးယူမှု မလိုအပ်ပဲ စိတ်ရှည်သည်းခံရန်သာ လိုအပ်သည်ဟုပြောသည်။ ကုလ သမဂ္ဂဆိုင်ရာ ဗီယင်နမ်အမတ် လီလောင်မင်းကမူ မြန်မာ့ပြဿနာသည် ကျယ်ပြန့်သဖြင့် ဖြစ်ပေါ် လာမည့် မည်သည့်ဖြေရှင်းချက်မဆိုလည်း ကျယ်ပြန့်ရမည်ဟု ပြောသည်။
မစ္စတာဂမ်ဘာရီ ခရီးစဉ်ကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ကလည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအပါအ၀င် မြန်မာ့မိတ်ဆွေနိုင်ငံများအစု ဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်တို့နှင့် ဆွေးနွေးခဲ့ပြီးနောက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် “နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ကိုက်ညီနိုင်သော တိုးတက် မှုတစုံတရာ ဖော်ဆောင်ပေးရန်” လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မရသဖြင့် သိသာသည့် အောင်မြင်မှု မရရှိခဲ့ကြောင်း ၎င်းက ထုတ်ဖော်ခဲ့သည်။ ။
Posted by
54freedom
at
12:46 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
Friday, July 25, 2008
ရန်ကုန် ဈေးကွက် အသားဈေး ဆက်လက်မြင့်မားလျက်ရှိ
ကြည်ဝေ ဇူလိုင် ၂၄၊ ၂၀၀၈
ရန်ကုန်ဈေးကွက်တွင်းသို့ ကြက်သား၊ ဘဲသားဝင်ရောက်မှုမှာ ပုံမှန်ဈေးကွက်လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်သာဝင်ရောက် လျက်ရှိသောကြောင့် ဈေးနှုန်းများ မြင့်မားလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်ဈေးကွက်အတွင်းရှိ အသားဈေးနှုန်းများမှာ အသားတိုးကြက် တပိဿာ ၈၅၀၀ ကျပ်၊ တိုင်းရင်းကြက် တပိဿာ ၉၀၀၀ ကျပ်၊ ဘဲသား တပိဿာ ၈၀၀၀ ကျပ်ဈေး ပေါက်လျက်ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“နောက်လာမယ့် လတွေမှာ ဒီထက်ပိုပြီး ဈေးမာနေဦးမယ့် အနေအထားရှိနေတယ်၊ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကြက် ခြံတွေ၊ ဘဲခြံတွေ နေရာကို ခုချိန်ထိ အစားမထိုးနိုင်သေးဘူး၊ အဲဒါက ဈေးတက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ”ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ မွေးမြူရေးလုပ်ငန်းရှင်တဦး၏ ပြောပြချက်အရ သိရှိရသည်။
မေလ ၂ ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ အသားတိုး ကြက်မွေးမြူရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းမှ ပျက်စီးခဲ့ကြောင်းနှင့် ကြက်ကောင်ရေ ၁.၆ သန်း ကျော်နှင့် ဘဲကောင်ရေ ၆ သိန်းကျော် သေဆုံးခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ စာရင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ကြက်ခြံများဆုံးရှုံးသွားသည့်အတွက် ရန်ကုန်ဈေးကွက်လိုအပ်သည့် ကြက်သား၊ ဘဲသား နှင့် ဥများကို ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် အထက်မြန်မာပြည်တို့မှ တင်သွင်းမှာယူနေရကြောင်း သိရှိရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများ ပျက်စီးမှုရှိ ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်ဈေးကွက်အတွင်း ကြက်သားဝင်ရောက်မှုမှာ ဈေးကွက်လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်၏ စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိ ရန်ကုန်မြို့သို့နေ့စဉ် ကြက်သားဝင်ရောက်မှုမှာ ပျမ်းမျှအားဖြင့် တိုင်းရင်းကြက် ပိဿာချိန်ပေါင်း ၇၀၀၀ ကျော်ခန့်၊ အသားတိုးကြက် ပိဿာချိန်ပေါင်း ၁၀၀၀၀ ကျော်ခန့်သာရှိသည်ဟု ရန်ကုန် မင်္ဂလာတောင်ညွှန့် ကြက်၊ ဘဲ ဒိုင်မှ စာရင်းများ အရ သိရှိရသည်။ မုန်တိုင်းမတိုက်မီက ပုံမှန်အားဖြင့် ပိဿာချိန်ပေါင်း ၃၀၀၀၀ ကျော် မှ ၄၀၀၀၀ ၀န်းကျင်ခန့် ၀င်ရောက် ခဲ့သည်။
ထို့ပြင် ကြက်ဥ၊ ဘဲဥများမှာလည်း ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်တင်ပို့ နိုင်ခြင်းမရှိသေးကြောင်း သိရှိ ရသည်။
ဈေးနှုန်းများမှာလည်း ကြက်ဥ တလုံး ကျပ် ၁၃၀၊ ဘဲဥ တလုံး ကျပ် ၁၅၀ နှုန်းရှိသည်။
ယခင်မုန်တိုင်းမတိုက်မီက ကြက်ဥတလုံး ကျပ် ၁၀၀၊ ဘဲဥ တလုံး ကျပ် ၁၂၀ ဈေးရှိခဲ့ပြီး မုန်တိုင်းတိုက်ပြီးစ ကာလများတွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ ၃ လုံး ၁၀၀၀ ကျပ် နှုန်းအထိ မြင့်တက်သွားခဲ့သည်။
ဘဲဥ၀င်ရောက်မှုမှာ ဈေးကွက်လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းရှိ အလုံးရေ ၄ သိန်းခန့် ၀င်ရောက်ပြီး ကြက်ဥ ၀င်ရောက်မှုမှာမူ ဈေးကွက်လိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်း အလုံးရေ ၃ သိန်းခန့် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း ဒိုင်အ၀င် စာရင်းများအရ သိရှိရသည်။
နာဂစ်မုန်တိုင်းမတိုင်မီက ကြက်သား တိုင်းရင်းကြက် တပိဿာ ၇၀၀၀ ကျပ်ဈေး၊ အသားတိုး ကြက် တပိဿာ ၆၅၀၀ ကျပ်၊ ဘဲသားမှာလည်း တပိဿာ ၆၀၀၀ ကျပ်ဈေး ရှိသည်။
“အခြေခံလူတန်းစား အနေနဲ့ကတော့ ကြက်သားမစားနိုင်တာ ကြာပြီ၊ အခု ဒီဈေးနှုန်းကြောင့် လူလတ်တန်းစားတွေကပါ ကြက်သားစားဖို့ တော်တော့်ကို စဉ်းစားလာကြတာတွေ့ရတယ်၊ အခုရောင်းနေရတာက ဒံပေါက် လုပ်ငန်းတွေနဲ့ စားသောက် ဆိုင် လုပ်ငန်းတွေပဲ”ဟု မင်္ဂလာ တောင်ညွှန့် ကြက်အရောင်းဒိုင် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
ကြက်သားဈေး ကြီးမြင့်မှုကြောင့် လူနေရပ်ကွက်များအတွင်းရှိ ပုံမှန်ကြက်သားရောင်းအား၏ ထက်ဝက်ခန့် ကျဆင်းလျက် ရှိပြီး စားသောက်ဆိုင်လုပ်ငန်းများတွင်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ဆင်ခြေဖုံးမြို့နယ်အများစုတွင် ကြက်သားဈေးနှုန်းများမှာ မြင့်မားလျက်ရှိသောကြောင့် ကြက်သား အရောင်းဆိုင် များမှာ ဈေးဦးမပေါက်သော နေ့များပင်ရှိနေကြောင်း ရွှေပြည်သာမြို့ နယ်မှ ကြက်သားရောင်းသူ တဦးက ပြောသည်။
“ဒီဘက်မှာရောင်းရတာက ဘဲဥကြက်ဥဆိုရင်လည်း အကွဲတွေ၊ သိပ်မလတ်တော့တဲ့ ပုတ်ခါနီးတွေပဲရောင်းရတာ၊ ကြက်သား ကတော့ ၀ယ်စားတဲ့သူ အတော့်ကိုနည်းသွားပြီ၊ ကြက်ခေါင်းတို့ ခြေထောက်တို့ပဲ ရောင်းရတယ်” ဟု အထက်ပါ ကြက်သား ရောင်းသူ က ဆိုသည်။
ဆင်ခြေဖုံးမြို့နယ်များရှိ ဈေးများတွင် ရောင်းရသည်ဟုဆိုသော ကြက်ခြေထောက် ကြက်ခေါင်းများ၏ ဈေးနှုန်းမှာလည်း တပိဿာလျှင် ၅၀၀၀ ကျပ် ဈေးရှိကြောင်း သိရှိရသည်။
“အိမ်မှာ ကြက်သားချက်တဲ့နေ့ဆိုရင် သားနဲ့သမီးရယ် အိမ်က အသက် ၆၀ ကျော်အဖေနဲ့ အမေရယ်ကိုပဲ ဦးစားပေးပြီးကျွေး တော့တယ်၊ ကျန်တဲ့သူတွေကတော့ ကြက်ခေါင်းနဲ့ ခြေထောက်ကိုပါ အစိတ်သားလောက်ဝယ် ကျွေးတယ်”ဟု လစဉ်ဝင်ငွေ ၃ သိန်းခန့်ရှိသော မိသားစု တစုမှ အိမ်ရှင်မတဦးက ပြောဆိုသည်။
ရန်ကုန်မြို့၏ အသားစားသုံးမှုမှာ ငါးစားသုံးမှုပမာဏ အများဆုံးဖြစ်ပြီး ကြက်ဥ၊ ကြက်သား စားသုံးမှုမှာ ဒုတိယ အများဆုံး ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
Posted by
54freedom
at
9:37 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
US calls Myanmar's promise of democracy a 'mockery'; Asia-Pacific nations flay junta
The Associated Press Published: July 24, 2008
SINGAPORE: The United States blasted the Myanmar junta's oft-repeated promise to democratize as a "kind of mockery" Thursday, while Asia-Pacific countries urged the generals to take bolder steps to meet international demands.
U.S. Secretary of State Condoleezza Rice delivered a stinging rebuke to Myanmar, also known as Burma, before attending a security conference hosted by the Association of Southeast Asian Nations. ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Myanmar is a member of the 10-nation ASEAN, whose foreign ministers meet every year with counterparts from 17 Asia-Pacific countries for the ASEAN Regional Forum.
In comments to reporters before the meeting, Rice noted the ASEAN charter aspires to the rule of law, human rights and the development of more pluralistic political systems.
"Burma is out of step, badly out of step," she said.
The foreign ministers attending the forum were to express their exasperation over the junta's unfulfilled promise to reform under a "roadmap to democracy" and free Nobel peace laureate Aung San Suu Kyi.
Myanmar should "take bolder steps toward a peaceful transition to democracy in the near future," the ministers said in statement, a final draft of which was obtained by The Associated Press.
The statement also urged the ruling generals to ensure general elections in 2010 are free and fair.
Rice renewed criticism of Myanmar for initially refusing international help in the aftermath of Cyclone Nargis in May, when several countries including the United States were "sitting literally offshore" with ships loaded with aid.
"When you have a situation (with) the junta refusing to let people in need be helped, you wonder how can the international community stand by and allow that to happen," she said.
She praised ASEAN for persuading Myanmar to accept help eventually.
ASEAN should find a way to move the country toward political reforms that would "make something of what is right now a kind of mockery, which is this roadmap to democracy which is going nowhere," she said.
ASEAN, which has been taken to task for not doing enough to pressure Myanmar's junta, held back its criticism after Nargis struck, fearing it would complicate efforts to convince the ruling generals to allow the entry of outside aid.
ASEAN consists of Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
The junta in Myanmar came to power in 1988 after crushing a pro-democracy movement. It called elections in 1990 but refused to honor the results when Suu Kyi's party won overwhelmingly.
Posted by
54freedom
at
7:42 PM
0
comments
Labels: News of Burma in English