စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 3, 2008

လမ်းပြမြေပုံသည် အပြစ်အနာအဆာ ပြည့်နေဟု အတိုက်အခံများက ပြော


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:34 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး လမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆန့်ကျင်လျက်ပင် ရှိကြောင်းဖြင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောကြားလိုက်ပါသည်။ အတင်းအကြပ် ရေးဆွဲ အတည်ပြုထားသော 'ဖွဲ့စည်းပုံ ဥပဒေ' ကို သူတို့ ထောက်ခံမည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"ဒီဖွဲ့စည်းပုံက ဒီမိုကရေစီစနစ်ကို သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးဗျ၊ တလျှောက်လုံး တရားဝင်မှုမှ မရှိဘဲ" ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တခဲနက်ထောက်ခံမဲရရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဒီချုပ်ကအတင်းတွယ်ကပ် ဆုပ်ကိုင်ထားည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူများကလက်မခံတော့ကြောင်း ပြလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရကပြောနေချိန်မှာပင် ဤသို့ (NLD) ၏ ကြေညာချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆန္ဒခံယူပွဲတွင် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံခဲ့ခြင်း က မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကြိုဆိုနေကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရ၏ တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က ရေးသားထားပါသည်။ "ဒီချုပ်က ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူများက ဆက်လက်အသိအမှတ် မပြုတော့ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။ ဤရလဒ်မှာ ခေတ်မမီတော့သောကြောင့် ပြည်သူများကသင်္ချိုင်းတွင် စွန့်ပစ်ခဲ့ကြပြီဖြစ်သည်" ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင်ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၉၈.၁၂% လာရောက်မဲပေးခဲ့ကြ ပြီး ၉၂.၄၈% က ဖွဲ့စည်းပုံအခြခံဥပဒေကို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်ဟု စစ်အစိုးရက သောကြာနေ့ကကြေညာခဲ့သည်။ စစ်အစိုးရကကြေညာထားသော အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံအရ နောက်အဆင့်သည် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။ ဆန္ဒခံယူပွဲတွင်ပြည်သူများကထောက်ခံခဲ့ခြင်းသည် "၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမည့် အစိုးရသစ်ကိုသာ ပြည်သူများက လိုလားကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်" ဟု အဆိုပါ သတင်းစာဆောင်းပါးက ဆိုထားပါသည်။ သို့သော် (NLD) ကမူ ဤသို့စစ်အစိုးရက မိမိတို့၏အုပ်စိုးမှုပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇွတ်အတင်းအကြပ် အတည်ပြုလိုက်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားပါသည်။"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းလဲမရှိဘူး၊ စစ်အစိုးရက သူလိုချင်သလိုလုပ်သွားတာဘဲ" ဟု ဦးဥာဏ်ဝင်းကဆိုပါသည်။ ဤသို့ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ ဆန္ဒခံယူပွဲတွင် မဲလိမ်မဲခိုးခြင်းဖြင့် အနိုင်ရရှိခြင်းသည်လည်း ဂုဏ်ယူစရာမဟုတ်ပါဟု သူကဆက်လက် ပြောဆိုသွားပါသည်။ အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် (NLD) ပါတီသည် စစ်အစိုးရက ကျင်းပရန်စီစဉ်ထားသည့် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကော်ပွဲနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးရန်ကိုမူ ငြင်းဆန်သွားပါ သည်။ ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP)ကလည်း စစ်အစိုးရ၏ဖွဲ့စည်းပုံဥပဒေကို သူတို့မထောက်ခံကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားခဲ့ပါ သည်။ (CRPP) နှင့်သူတို့၏မဟာမိတ်အဖွဲ့များအနေနှင့် စစ်အစိုးရက အနာဂါတ်အစိုးရအဖွဲ့တွင် မိမိတို့၏အခန်းကဏ္ဍကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးအေးသာအောင်က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။ "စစ်အစိုးရက သူတို့လိုချင်တာအကုန်လုံးရထားပြီး အားလုံကိုချုပ်ကိုင်ထားမှတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်လဲ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ" ဟု (CRPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြောသွားပါသည်။ စစ်အစိုးရကကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအနည်းငယ်ကို ပေါ်ထွက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သော်လည်း အကန့် အသတ်များနှင့်သာ ဖြစ်လိမ့်မည်ဟု သတင်းရပ်ကွက်များကပြောကြားကြပါသည်။ စစ်အစိုးရ၏အစီအစဉ်အရ စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (USDA) သည် အင်အား အကြီးဆုံးပါတီ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ရဲသတင်းရပ်ကွက်တခုက ဆိုပါသည်။ "ဗိုလ်ချုပ်တွေကိုယ်တိုင် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွန်မှုပေးနေတာဗျ" ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ရ၍ အမည်မဖေါ်လိုသည့် အဆိုပါ သတင်းရပ်ကွက်က ပြောသွားပါသည်။ ဤဖြစ်စဉ်တရပ်လုံးသည် အပြစ်အနာအဆာများနှင့်ပြည့်နှက်နေပြီး မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမရောက်ရှိနိုင်ကြောင်းဖြင့် ဦးအေးသာအောင်က ဆိုလိုက်ပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အကန့်အသတ်များက ကယ်ဆယ်ရေးတွင် အဟန့်အတားဖြစ်နေဟု စားနပ်ရိက္ခာအဖွဲ့ပြော


ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 02 2008 22:43 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဝေးလံသော ဒေသများသို့ အကူအညီ ပစ္စည်းများ သယ်ပို့ပေးရေး အတွက် သူတို့၏ ရဟတ်ယာဉ် တစီးကို အသုံးပြုခွင့်ရရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရသေးဟု ကမ္ဘာ့အဖွဲ့အစည်း တရပ်ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောကြားလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့ ရဟတ်ယာဉ်တစီး အခု ရန်ကုန်မှာ ပစ္စည်းတွေ သယ်ဘို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါပေမဲ့ ခုအချိန်အထိ သုံးလို့ မရသေးဘူးဗျာ” ဟု ဘန်ကောက် (WFP) ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ Paul Risley က ပြောကြား သွားပါသည်။ “ဘာဘဲဖြစ်ဖြစ် ဒီရဟတ်ယာဉ်က သုံးဘို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု သူက ဆက်လက် ပြောဆိုလိုက်ပါသည်။သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မြစ်ဝကျွန်းပေါ် ဒေသရှိ ဝေးလံသော ကျေးရွာ အများအပြားသို့ ပစ္စည်းများ သယ်ပို့ပေးရန် ရဟတ်ယဉ်များ အသုံးပြုခွင့် ရရေးမှာ အလွန်အရေးကြီးသည်ဟု ရစ်စလေက ပြောဆိုပါသည်။“ထိုင်းနိုင်ငံမှာလည်း နောက်ထပ် ကျနော်တို့ ရဟတ်ယာဉ် ၉ စီး အဆင်သင့် ရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဘန်ကောက်ကနေ မြန်မာပြည်ကို ယူလာဘို့ အသင့် ဖြစ်နေမှာပါ” ဟု ရစ်စလေက ပြောဆိုပါသည်။ WFP သည် ယခုအထိ ခန့်မှန်းခြေ ဆိုင်ကလုံး လေဘေးဒုက္ခသည် ၅၇၅ဝဝဝ ဦးထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် အစိုးရ၏ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ၏ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရသည်ဟု ဆိုလိုက်ပါသည်။ ယခု လောလောဆယ် အဆိုပါ ကယ်ဆယ်ရေး လုပ်သားများမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် နေနေရသည်ဟု ဆိုသည်။“ကျနော်တို့ ဝန်ထမ်းတွေကို မြစ်ဝကျွန်းပေါ် ဒေသမှာ နေပြီး အလုပ် လုပ်နေစေချင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခွင့်ပြုချက်က မရသေးဘူး။ ဒါ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ လုပ်နေတဲ့ အလုပ်တွေအတွက် တကယ့် စိန်ခေါ်မှုတရပ်ပါဘဲ” ဟု ရစ်စလေ က ပြောဆိုသွားပါသည်။ဤအတောအတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရရှိသဖြင့် လွန်ခဲ့သော ၂ ပတ်လုံးလုံး ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးပစ္စည်း အမြောက်အမြား၊ ရဟတ်ယာဉ် အများအပြား တင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့သည့် မိမိတို့၏ ရေတပ် သင်္ဘော ၄ စီးကို ပြန်လည်ထွက်ခွါရန် အမိန့်ပေးတော့မည် ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဌာန အရာရှိများက ပြောဆိုသွားပါသည်။“စစ်အစိုးရက ကျနော်တို့ကို ကူညီခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ဒီအချိန်မှာ အတော်ကို ရှင်းလင်းနေပါပြီ။ ကျနော်တို့ ခုအချိန်အထိတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သင်္ဘောတွေ အဲဒီနေရာမှာ ပတ်ချာလည် လှည့်ပြီး စောင့်နေရတာ အတော်ကို ကြာနေပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် Robert M. Gates က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ကွန်ဖရင့်တွင် တနင်္ဂနွေနေ့က ပြောဆိုသွားပါသည်။ယခင်အပတ်ကလည်း အလားတူ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ရေပိုင်နက် အပြင်တွင် စောင့်ဆိုင်းနေခဲ့သည့် ပြင်သစ် ရေတပ်သင်္ဘော 'Mistral' ကလည်း စစ်အစိုးရထံမှ ခွင့်ပြုချက် မရသဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားကာ မုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ချထားပေးခဲ့သည်။မြန်မာနိုင်ငံအတွင်းရှိ ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် WFP အမှုဆောင် ညွှန်ကြားရေးမှူး ဂျိုးဆက်ရှီးရန်း (Josette Sheeran) က မြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေး လုပ်သားများ ချထားရေးကို နှောင့်နှေး ကြန့်ကြာစေသည့် ကြိုးနီစနစ်များ လျှော့ချပေးပါရန် စစ်အစိုးရကို တိုက်တွန်းသွားသည်။ကယ်ဆယ်ရေး လုပ်သားများ စေလွှတ်ရေးအတွက် အစိုးရက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများသည် အနှောင့်အယှက် ဖြစ်မြဲဖြစ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်း၏ ထိရောက်မှုကို ထိခိုက်စေသည် ဟု မြန်မာနိုင်ငံ ခရီးစဉ်မှအပြန် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ သူမက ပြောဆိုသွားပါသည်။ လူပေါင်း ၆၆၃ဝဝဝ ဦးကို ပထမအသုတ် ဆန်ရိက္ခာများ ပေးအပ်နိုင်ရန် ရည်မှန်း လုပ်ဆောင်ခဲ့ရာ ယခုအထိ လူပေါင်း ၅၇၅ဝဝဝ ဦးကို အဆိုပါဆန်များ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု (WFP) က ပြောပါသည်။ ဒါပေမဲ့ လူအတော်များများ အဲဒီ ရိက္ခာကို မရသေးဘူးဟုလည်း ဆက်လက် ပြောဆိုသွားပါသည်။ ယခုအခါ အဆိုပါ ဒုက္ခသည်များကို ဒုတိယအသုတ် ဆန်များဝေရန် အချိန်ရောက်နေပြီဟု ဆိုသည်။မြို့များပေါ်ရှိ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များထံ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပြီး ဖြစ်သော်လည်း သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျေးရွာ အများအပြားထံ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဘဲ ကျန်နေသေးသည်ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်မှ ပြန်လာခဲ့သူ ရန်ကုန်မြို့မှ အကူအညီပေးရေး လုပ်သားတဦးက ပြောသွားပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကွမ်းခြံကုန်းရှိ ကျေးရွာအများစုမှ ကလေးများ ကျောင်းဖွင့်သော်လည်း မတက်ရောက်နိုင်သေး


ဝိုင်းပီး၊ ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 02 2008 18:45 - မြန်မာစံတော်ချိန်
ချင်းမိုင်-နယူးဒေလီ။ ။ မြန်မာနိုင်ငံရှိ ကျောင်းများ ယနေ့တွင် စတင် ဖွင့်လှစ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ကလေးများ ကျောင်းတက်ရောက်နိုင်ခြင်း မရှိသေးပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကွမ်းခြံကုန်းမြို့နယ်နှင့် ၆ မိုင်လောက် ဝေးသည့် အင်းကွတ်၊ ကျိုက်ပတ်၊ ဘီလင်း၊ စမ်းကောက် စသည့် ကျေးရွာများရှိ လူအများစုသည် စားသောက်ရန်ပင် အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက် ကလေးငယ်များ ကျောင်းမတက်နိုင်သေးခြင်း ဖြစ်သည်။“ကျောင်းအပ်ဖို့ ငွေပေးနိုင်မယ်ဆိုရင်တောင် ကျောင်းသွားဖို့ အဝတ်အစား မရှိဘူး။ ကျောင်းမှာ စားဖို့ ဘာမှမရှိဘူး” ဟု လေဘေး ဒုက္ခသည်များကို ကူညီနေသည့် အလှူရှင်များကို လိုက်လံ ပို့ဆောင်ပေးနေသူ ကွမ်းခြံကုန်း ဒေသခံတဦးက ပြောသည်။ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒုက္ခသည်များ ယာယီနေထိုင်သည့် အထက ၁၊ အလက ၂ နှင့် ဆရာတော် ဦးဘောဇ ဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို အာဏာပိုင်များက မည်သည့် အကူအညီ၊ အထောက်အပံ့မှ မပေးသည့်အပြင် ပြီးခဲ့သည့်လ ၂၂ ရက်မှ စတင်ပြီး ၃ ရက်အချိန်ပေးကာ နေရပ် ဒေသများသို့ ရွှေ့ပြောင်းခိုင်းနေသည်။ ရပ်ရွာဒေသသို့ မပြန်နိုင်သည့် သူများကို ယာယီတဲများတွင် နေခိုင်းသည်။ အခြေခံပညာကျောင်းများ ပြန်ဖွင့်နေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ကြေး အပြင် ကျောင်းပြင်ဆင်ရန်ဟု ဆိုကာ အလှူငွေ ကျပ် ၂ သောင်း တောင်းခံနေသည်။ ဗိုလ်တထောင် အထက ၅ ကျောင်းတွင် ကျောင်းသွားအပ်ခဲ့သည့် မိဘတဦးက အထက်တန်း ကျောင်းသားတဦးလျှင် ကျပ် ၄၅ဝဝဝ ပေးရကာ ကျောင်းပြင်ဆင်ရေးအတွက် ထပ်မံ ပေးဆောင်ရမည်ဟု ဆိုသည်။ “ကျောင်းက အမိုးတွေ ပြင်ဖို့ဆိုပြီးတော့ ကျောင်းသားတယောက်ကို ၂ သောင်း တောင်းနေတယ်၊ နောက်တော့ ပေးရမယ်ပြောတယ်။ အခုတော့ မကောက်သေးဘူး။ တကယ်တမ်းတော့ အမိုးတွေက အဲဒီလောက်ကြီး ပျက်တာ မဟုတ်ဘူး။ ကျမ သား ၉ တန်း အပ်တာ ၄၅ဝဝဝ ကျော် ကုန်သွားတယ်။ စာအုပ်ဖိုး၊ ကျောင်းလခတွေ အပါအဝင် မနှစ်ကတော့ ဒီလောက်မကုန်ဘူး” ဟု သူက ပြောသည်။ ထို့အပြင် ရန်ကုန်တိုင်း သန်လျင်မြို့တွင်လည်း ကျောင်းများ စတင်ဖွင့်နေပြီ ဖြစ်ရာ ၅ တန်း ကျောင်းသားတဦး ကျောင်းအပ်ကြေးငွေမှာ ၃၅ဝဝ ကျပ် ထည့်ပြီးသော်လည် စာအုပ်ဖိုးအဖြစ် ထပ်မံ ပေးဆောင်ရမည်ဟု ဟု သံလျင် မြို့ခံတဦးက ပြောသည်။ သို့သော် ကျောင်းအပ်ကြေးငွေ မပေးရသည့် ကျောင်းလည်း ရှိနေသည်။ ရန်ကုန်မြို့ပေါ်ရှိ ပုဇွန်တောင် အထက ၄ ကျောင်းတွင်မူ ကျောင်းအပ်ရာ၌ လျှောက်လွာကြေး ၅ဝဝ ကျပ်သာ ပေးဆောင်ရသည်ဟု ပုဇွန်တောင် ကျောင်းတွင် ကျောင်းအပ်ခဲ့သူ မိဘတဦးက ပြောသည်။ “တပြားမှ မပေးရဘူး။ ရခိုင်ဘက်က အသစ် အသစ်တွေကအစ မပေးရဘူး။ ဘယ်သူ့ကိုမှ မပေးဘူး။ ပုဇွန်တောင် အထက ၄ ကျောင်းအပ်တာ ဖေါင်တစောင် ၅ဝဝ ပဲ ပေးရမှာ။ နယ်ကလာတဲ့ လူတွေကအစပေါ့နော်။ အစတော့ ပေးရမယ် အောက်မေ့လို့ လုပ်တာ မပေးရဘူး။ ဒါပေမဲ့ တခြား နာမည်ကြီးကျောင်းတွေကတော့ မသိဘူး။ နာမည်ကြီး ဗိုလ်တထောင်ကျောင်းဆိုရင် ကျောင်းသားသစ်ဆို ၁ သိန်းအထိ ပေးရတယ်လေ” ဟု သူက ပြောသည်။ မုန်တိုင်းသင့်ဒဏ်ခံနေရသည့် ကော့မှူးမြို့နယ်ရှိ မျက်စံနီကျေးရွာတွင် ကျောင်းများ ပြင်ဆင်မှုမရှိသေးသဖြင့် ကျောင်းသားများ အပ်နှံပြီးသော်လည်း ကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ကျေးရွာ ဒေသခံတဦးက ပြောသည်။ “ဒီရွာမှာတော့ မဖွင့်သေးဘူး။ ဒလဘက်မှာတော့ ဒီနေ့ ဖွင့်မယ်လို့ ပြောတယ်။ မျက်စံနီ ကျေးရွာမှာတော့ မဖွင့်သေးဘူး။ ကျနော်တို့ ကျောင်းဝင်ကြေးတော့ ဘာမှ မပေးရသေးဘူး။ နောက်မှ ပြန်တောင်းလာမလားတော့ မသိသေးဘူး။ ကျောင်းဝင်းကြေးကို ၈ လပိုင်းမှ ပေးပါလို့ ပြောနေတယ်။ ဘယ်လောက် ကျမလဲတော့မသိဘူး” ဟု ပြောသည်။ မြောင်းမြမြို့တွင်လည်း ကျောင်းများ ဖွင့်နေသော်လည်း ယခင်နစ်လိုသာ ကျောင်းဝင်ကြေး ပေးဆောင်ရကာ အလှူငွေများ ကောက်ခံမည်ဟု ကျောင်းအပ်ခဲ့စဉ်က ပြောပြခဲ့သည်ကို ကျောင်းသားမိဘ တဦးက ပြောသည်။“မြောင်းမြမှာ ဒီနေ့ စဖွင့်ပြီ။ ကျောင်းအပ်ခတော့ ခါတိုင်းလိုပဲ။ အလယ်တန်းက ၃ဝဝဝ လောက်ပဲ ကျတယ်။ အမိုးပျက်တဲ့ ကျောင်းတွေလည်း ပြင်ပြီးသွားပြီ။ အလှူငွေတွေ ဘာတွေတော့ အခု မကောက်သေးဘူး။ နောက် ဘယ်တော့ ကောက်မလဲ မသိဘူး” ဟု မြောင်းမြမြို့ ဒေသခံက ပြောသည်။ စစ်အစိုးရက ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေးသဖြင့် ဧရာဝတီတိုင်း လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များ အတွင်းက အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်း လိုက်သည်။ ပညာရေးဝန်ကြီးဌာနမှ ၂ဝဝ၇ ခုနှစ် မေလ ၂၈ ရက်တွင် ကျောင်းအပ် လက်ခံချိန်တွင် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါက တိုင်းကြား နိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “ဝန်ကြီးဌာနက အလှူငွေမကောက်ရဘူးဆိုတာ မနှစ်ကတည်းက ကြေညာထားတော့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက မကောက်ကြဘူး။ အလှူငွေကောက်လို့ တိုင်တယ်ဆိုတာတော့ မကြားမိသေးဘူး။ နောက်ပြီး ကျောင်းမအပ်နိုင်တာလည်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပုဇွန်တောင်မှာက ကျောင်းအပ်ရင် ဘာမှ မကုန်သေးဘူးဆိုတော့လေ” ဟု ပုဇွန်တောင်မှ ကျောင်းသားမိဘတဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အကူအညီ ဇူလိုင်လလယ်တွင် ပြတ်လပ်မည်ဟု ကုလ ပြောကြား


နေသွင်
တနင်္လာနေ့၊ ဇွန်လ 02 2008 17:24 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးထားသော အကူအညီသည် ဇူလိုင်လလယ်တွင် ပြတ်လပ်သွားမည် ဖြစ်ရာ ရေရှည် အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အေဂျင်စီ၏ အကြီးအကဲက သူတို့အဖွဲ့သည် ယခုအချိန်အထိ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသတွင် လူပေါင်း ၅၇၅ဝဝဝ ကို ရိက္ခာများ ဖြန့်ဝေနိုင်ခဲ့သော်လည်း အများစုမှာ ရိက္ခာ အထောက်အပံ့ မရကြသေးသလို ဇူလိုင် လလယ်နောက်ပိုင်း ရေရှည်အတွက် ဆက်လက် လိုအပ်ချက် ရှိနေသည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ကုလ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲ Josette Sheeran က “နိုင်ငံတကာက ရေရှည် အကူအညီတွေရဖို့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အထောက်အပံ့တွေနဲ့ ဆိုရင် ဇူလိုင်လလယ်မှာ အားလုံး ပြတ်လပ် ကုန်ပါလိမ့်မယ်” ဟု ပြောသည်။ကုလ အေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဆုံးခဲ့ရသော ဒေသတွင် ဒုက္ခသည် ၆၆၃ဝဝဝ ကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားသည်။မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူပေါင်း ၂ သန်းခွဲသည် အစားအစာ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေ အရေးတကြီး လိုအပ်ပြီး ၎င်းတို့အနက် ၆ဝ ရာခိုင်နှုန်းသည် အကူအညီ မရကြသေးဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ခန့်မှန်းထားသည်။ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲသည် ကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်ရေးအတွက် အသစ်ဖွဲ့ထားသော သုံးပွင့်ဆိုင် ကြီးကြပ်ရေးအဖွဲ့၏ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် စနေနေ့က တွေ့ဆုံခဲ့သည်။ဆွေးနွေးပွဲတွင် Josette Sheeran က အကူအညီပေးရေး အဖွဲ့များကို ဗီဇာထုတ်ပေးသည့် အစိုးရ၏ လုပ်ရပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများကို နှောင့်နှေးစေသော ဗျူရိုကရေစီ ယန္တယားများကို ရုပ်သိမ်းပေးရန်လည်း တိုက်တွန်းခဲ့သေးသည်။ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများမှ ဒုက္ခသည်များသည် ရိက္ခာရရှိရေးကို ပထမဦးစားပေးအဖြစ် တောင်းဆိုနေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဝန်ထမ်းများက ပြောကြောင်း Josette Sheeran က ပြောသည်။“တိုးတက်မှုတွေ ရှိနေပါပြီ။ ဒါပေမဲ့ အရေးတကြီး ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် နောက်ဆုံးခြေလှမ်းကို မလှမ်းရသေးပါဘူး” ဟု သူက ပြောသည်။မုန်တိုင်းကျရောက်ပြီး တလကျော်လာသည့်အထိ နိုင်ငံတကာ အကူအညီ ပေးရေးတွင် စစ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ လက်ခံနေသည်။ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြင့် မြန်မာ့ရေပိုင်နက် အနီးတွင် ၂ ပတ်ကျော်ကြာ စောင့်ဆိုင်းနေသော အမေရိကန်မှ USS Essex အပါအဝင် စစ်သင်္ဘော ၃ စင်းသည် မကြာမီတွင် နောက်ကြောင်း လှည့်ပြန်တော့မည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က စစ်အစိုးရဘက်က လက်ရှိပေါ်လစီကို အပြောင်းအလဲ မလုပ်လျှင် နောက်ထပ် လူပေါင်းများစွာ သေဆုံးမည်ဟု ယမန်နေ့က သတိပေးသည်။အမေရိကန် စစ်သင်္ဘောများ၏ နောက်ကြောင်းပြန်မည့် အစီအစဉ်သည် ပြင်သစ်သင်္ဘော၏ နောက်ကြောင်းပြန် ခရီးနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်သည်။ပြင်သစ်သဘောင်္သည် မြန်မာပြည်သို့ ဝင်ရောက်ခွင့် မရသဖြင့် ထိုင်းကမ်းခြေသို့ လမ်းကြောင်းပြောင်းကာ မုန်တိုင်းဒုက္ခသည်များအတွက် ရည်ရွယ်သော ကယ်ဆယ်ရေးပစ္စည်း တန်ချိန် တသောင်းကို ကုလ စားနပ်ရိက္ခာ အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက မုန်တိုင်း ဒုက္ခသည်များအား အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝ လိုအပ်လျက်ရှိရာ ယခုအချိန်အထိ အမှန်တကယ် လိုအပ်သော ပမာဏ၏ သုံးပုံတပုံသာ ရရှိ သေးသည်ဟု ဆိုသည်။မေလ ၂-၃ ရက်နေ့များတွင် လူပေါင်း တသန်းကျော် အသေအပျောက် ရှိခဲ့သော မုန်တိုင်းအလွန် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာသန်း ၂ဝဝ တောင်းခံထားရာ ယခုအချိန်အထိ သန်း ၁၅ဝ ကျော်တန်ဖိုး ကတိကဝတ် ရရှိထားသည်ဟု ကုလသမဂ္ဂက ဆိုသည်။စစ်အစိုးရက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိသည်ဟု ဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Sunday, June 1, 2008

မသုတ်သင်ရသေးသည့် အသေကောင်များကြောင့် ကူးစက်ရောဂါဖြစ်မည့် အခြေဆိုက်


ဒီစာကို Select ပေးပြီးရေးပါ...
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကရင်ခရစ်ယာန် လေဘေးဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့ပြီ


ကရင်ခရစ်ယာန် လေဘေးဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့ပြီ
DVB News

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဂန်ဘာရီနဲ့  ဘန်ကီမွန်း နာမ်နှိမ်ခံရခြင်း







ဂန်နဲ့ ဘန် နာမ်နှိမ်ခံရခြင်း (ဂန်ဘာရီနဲ့  ဘန်ကီမွန်း နာမ်နှိမ်ခံရခြင်း) ဆိုတော့ ဘာများဖြစ်လို့ လည်းဆိုပြိး ထူးဆန်းကောင်း ထူးဆန်းသွားပေမယ့်၊ ဒါမျိုးတွေကို လုပ်ရိုးလုပ်နေကျအတိုင်း လုပ်လေ့ရှိတဲ့ နအဖတွေအကြောင်း သိထားသူတွေကတော့ နာမ်နှိမ်တယ်၊ ယတြာခြေတယ်ဆိုတာ ခဏခဏကြားနေကြမို့ လို့  မြန်မာပြည်သူတွေအတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒါပေမယ့်လည်း အခုဟာက ကိုယ့်ရဲ့ မြန်မာပြည်ဖွား ပြည်သူများအပေါ်မှာ နာမ်နှိမ်တာမဟုတ်ဘဲ နိုင်ငံခြားသားတွေအပေါ်မှာပါ လုပ်လာတာတွေ့ ရတော့၊ အထူးသဖြင့် ကမ္ဘာကြီးကို အုပ်ချူပ်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအပေါ်မှာပါ အစီအစဉ်တကျနဲ့  အကွက်ဆင်လုပ်လာတာတွေ့ ရတော့ ထူးတော့ထူးဆန်းပါတယ်။ဂန်ဘာရီနဲ့  ဘန်ကီမွန်းနှစ်ဦးစလုံး ဘယ်လို နာမ်နှိမ်ခံရလည်းဆိုတာ မပြောခင် အာဏာရှင်တွေရဲ့  အောက်တန်းကျကျ အောက်လမ်းနည်းတွေနဲ့  ဘယ်လို နာမ်နှိမ်လေ့ ယတြာခြေလေ့ရှိကြလည်းဆိုတာ ပြန်ကြည့်ကြရေအောင်။အာဏာရာထူးကနေ အနေကြာပြီး အာဏာမြဲဖို့ အတွက် “နေကြာ” ပန်းတွေ စိုက်ခိုင်းတာတွေလုပ်ခဲ့တဲ့အပြင်၊ မဆလခောတ်တုန်းကလည်း အာဏာလက်လွတ်ဖြစ်ပြီး အပြောင်းအလဲတွေဖြစ်မှာ ပြောင်းပြေးရမှာကြောက်လို့  မပြောင်းဖူးလို့  အယူရအောင် “ပြောင်းဖူး” ပင်တွေ စိုက်ခိုင်းခဲ့ကြတယ်။“စုကြည်” (ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဆန်းနာမည်ဖျောက်ပြီး နအဖတွေ ခေါ်ဝေါ်လေ့ရှိရတဲ့အမည်) ကို ဓါတ်ရိုက်ဓါတ်ဆင်နဲ့  နာမ်နှိမ်ဖို့ အတွက် “ကြက်ဆူ” ပင်တွေ စိုက်ခိုင်းခဲ့တာတွေ လုပ်ခဲ့ကြတယ်။ ဒါကို ပြည်သူအချို့ က သဘောပေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်လို့ မရအောင် “ဇီးကွက်” ရုပ်ကလေးတွေ ပြန်ဆောင်ထားပေးကြတယ်။ သန်းရွှေရဲ့  ဆရာကြီးများလက်ထက် မဆလခောတ်ကလည်း ငွေစက္ကူတွေမှာလည်း ဗိုလ်ချူပ်အောင်ဆန်း၊ သခင်ဖိုးလှကြီး၊ ဆရာစံ အစရှိတဲ့ တိုင်းပြည်ရဲ့  ခေါင်းဆောင်တွေရုပ်ပုံနေရာမှာ တိုးနယားလို တိရစ္ဆာန်အကောင်ပုံတွေနဲ့  အစားထိုးပြီး အဆိုပါ လူထုခေါင်းဆောင်ကြီးတွေရဲ့  သမိုင်းဂုဏ်ရောင်ကို မှေးမှိန်ပြောက်ပျက်စေဖို့  နာမ်နှိမ်တာတွေ လုပ်ခဲ့ကြတယ်။ဒီအပြင် မဆလခေါင်းဆောင်ကြီးတွေ န၀တ နအဖခေါင်းဆောင်ကြီးတွေက သူတို့ ကိုယ်သူတို့  ပဒေသရာဇ်မင်းသဖွယ်သဘောထားပြီး မင်းနိုင်ငံတော်ဖြစ်ဖို့ အတွက် မင်းဧကရာဇ်တစ်ပါးပေါ်တာမျိုးလို မင်းလောင်းကြိုဆိုဖို့ အတွက် သစ်ပင်တွေ တံတားတွေ အဆောက်အဦးတွေကို ထုံးအဖြူ လိုက်သုတ်ခိုင်းခဲ့တယ်။ပျဉ်းမနား (စကားပြောင်းပြန် - ပျားမနင်း) ကြပ်ပြေးရွာကို နေပြည်တော်ဆိုပြီးအမည်တပ်ကာ နအတွေ ပြောင်းပြေးကြတာလည်း အားကိုအားထားအတိုင်ပင်ခံ ဘိုးတော်အတုအယောင် အောက်လမ်းဆရာတွေရဲ့  အကြံပေးလမ်းညွုန်ချက်ကြောင့် ဖြစ်တယ်။ အကြပ်အတည်းဖြစ်ရင် ပြေးလို့ ကောင်းတဲ့ ကြပ်ပြေးလိုနေရာဟာ တောတောင်အလယ်မှာဖြစ်တဲ့အတွက် ရန်သူလေယာဉ် မပြောနဲ့  ပျားတောင်လာမနင်းနိုင်လို့  အဲ့ဒီနေရာ ပျဉ်းမနား ကြပ်ပြေးကိုပြောင်းပါ။ အဲ့ဒီမှာ နေပြည်တော်ဆိုပြီး မြို့ တော်တည်ပါဆိုပြီး ခပ်ကြောင်ကြောင် အကြံပေးတွေကြောင့် နအဖတို့  အခြေစိုက်ရာဒေသ ဖြစ်သွားတာ။ အများသိကြတဲ့အတိုင်း နအဖတွေ ကြောက်တတ်လွန်းတဲ့ တဘောင်တွေ နမိတ်တွေပေါ်လာလို့ ရှိရင် သူတို့ ရဲ့ အကြံပေးဘိုးတော်တုတွေကို ကမန်းကတန်း အပြေးအလွှားတိုင်ပင်လေ့ရှိကြတာ သန်းရွှေရဲ့  ကြင်ယာတော်ကြီး ကြိုင်ကြိုင်တစ်ယောက်က ထိပ်ဆုံးကဆိုရင် မမှားပါဖူး။ မင်းပြောင်းမင်းလွဲဖြစ်မယ် မင်းလောင်းပေါ်မယ်လို့  တိုင်းပြည်အတွင်းမှာ တဘောင်နမိတ်ထွက်လာတော့ ကြိုင်ကြိုင်ကြီးခမျာ သူရဲ့ မောင်တော်အိုကြီး အသက်ကြီးကမှ အာဏာပြုတ်ပြီး ပြည်သူလက်ချက်နဲ့  မရှူမလှဖြစ်မှာ စိုးရိမ်ပြီး၊ ဘိုးတော်အတုတွေဆီကနေ အကြံတွေ အတင်းပေးခိုင်းတော့ စားဖို့ ဝါးဖို့  မျက်နှာသာရဖို့  အကွက်ဝင်တဲ့ ဘိုးတော်တုက ပေါ်မယ့်မင်းလောင်း မပေါ်ရလေအောင် ယတြာခြေ နာမ်နှိမ်ထားဖို့  လိုပါတယ်ဆိုပြီး သကြားမင်း ဗြမ္မာမင်းတော့ မရနိုင်ူဖူး လူမင်းတစ်ဦးဦးကိုတော့ နာမ်နှိမ်မှ ဖြစ်မယ်ဆိုတော့ အခြားနိုင်ငံ (ထိုင်း၊ ဘရူနိုင်း စသဖြင့်) က ဘုရင်စနစ်နဲ့ အုပ်ချူပ်နေတဲ့ ဘုရင်မင်းတွေကို သွးလုပ်လို့ မရ အဖြစ်ဆိုတော့၊ ပြည်တွင်းဖြစ် နာမည်ရှိတဲ့ ရုပ်ရုင်မင်းသားချော ကိုလူမင်းကို ယတြာခြေတဲ့အနေနဲ့  လက်ထပ်ပါဆိုပြီး အကြံပေးတာကြောင့် မင်းသားကိုလူမင်းကို ကြိုင်ကြိုင်တစ်ယောက် ယတြာခြေ နမ်နှိမ်တဲ့အနေနဲ့  လက်ထပ်ပြ၊ ပျားရည်ဆမ်းခရီးတွေ ထွက်ပြနဲ့  လုပ်လိုက်ရပါသေးတယ်။ရွှေတိဂုံစေတီ ငှက်မြတ်နားနဲ့ ထီးတော် စိန်ဖူးတော်အနားမှလည်း ရွှေနဲ့  ပြုလုပ်ထားတဲ့“ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် မိသားစုမှ လှူဒါန်းသည်” စာတန်းဆိုင်းဘုတ်ကို တက်ချိတ်ထားတာလည်း ပေါ်တင်ကြီးပါဘဲ။ သမိုင်းအစဉ်အလာအဆက်ဆက်ကနေ သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီတစ်ဆူအပေါ်မှာ ဘုရားတည်ခဲ့သူတွေ စောင့်ရှောက်ခဲ့ကြတဲ့သူတွေ ပြုပြင်ထိန်းသိမ်းခဲ့ကြတဲ့ နတ်လူပုဂ္ဂိုလ်တွေ အမည်နာမ တစ်ခုမှ မှတ်တမ်းတင်တက်ချိန်ထားတာ မရှိခဲ့ပါဖူး။ သန်းရွှေကောင်းမှုကို ဘုရားထီတော်အနားမှာ စာတန်းတက်ချိန်တားတာဟာ ဘုရားဖူးလာကြတဲ့ တော်ရုံတန်ရုံသူတွေ မမြင်ရပါဖူး။ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထုံးစံအတိုင်း အာဏာရူးကြီး သန်းရွှေ ဘုန်းတန်ခိုးတက်ရအောင် ဘုရားနဲ့ အပြိုင် ယှဉ်ပြိုင်လုပ်ပြီး ဘုရားဖူးလာသူတွေ ရှိခိုးတိုင်း သူ့ ရဲ့ အမည်နာမကိုပါ ရှိခိုးပြီးသား ဖြစ်နေအောင် မကြံကောင်း မကြံစည်ရာကို ဆင်ခြင်ဥာဏ်ကင်းမဲ့စွာနဲ့  လုပ်လိုက်တာပါ။မဆလခောတ် သန်းရွှေရဲ့  ဆရာကြီး နေ၀င်းကလည်းဘဲ ရွှေတိဂုံဘုရားနဲ့ အပြိုင် အနီးအနားမှာ မဟာဝိဇယစေတီတော်ကို တည်ခဲ့ပါတယ်။ မဆလအာဏာရှင်ကို ဆန့် ကျင်တော်လှန်တဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူတွေဟာ ထင်ပေါ်ကျော်ကြားတန်ခိုးကြီးတဲ့ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်တက်ကာ အောင်မြေနင်းရာအရပ်ဌာနအဖြစ် အောင်မြေနင်းပြီး အဓိဌာန်ပြုကြ တိုင်တည်ကြ ဆုတောင်းကြ သစ္စာဆိုကြနဲ့  ပြုလုပ်လေ့ရှိတာမို့ ၊ ဒါနဲ့ အပြိုင်ဖြစ်ရအောင် မဆလအာဏာရှင်တွေကလည်း အောင်မြေနင်းတာတွေ ယတြာခြေတာတွေလုပ်ဖို့ ဆိုပြီး ရွှေတိဂုံဘုရားနဲ့ အနီးကပ် မဟာဝိဇယစေတီတော်ကို ဘုရားစေတီအပြိုင်တည်ခဲ့တာပါ။နအဖတွေဟာ သူတို့ ကိုယ်သူတို့  တန်ခိုးကြီးထွားတဲ့ စစ်ဘုရင်တွေလို သဘောထားပြီး သူတို့ သွားလာလှည့်လည်တဲ့အခါ ပြည်သူတွေကို လက်အုပ်ချီခိုင်းပြီး ဆက်ဆံစေတာလည်း ပြည်သူတွေရဲ့  အရှိန်အ၀ါကို တမင်သက်သက် ချိုးနှိမ်ထားတာဘဲဖြစ်တယ်။ ကျွန်တော်တို့ ရဲ့  ရိုးရာယဉ်ကျေးမှုအရ လက်အုပ်ချီကန်တော့ရတာ အနန္တောအနန္ဒဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာဘဲရှိတယ်။ ဒီတော့ နအဖတွေက သူတို့ ကိုယ် သူတို့  ဒီအနန္တောအနန္ဒဂိုဏ်းဝင်တွေနဲ့ ဘဲ တန်းတူသဘောထားနေကြတယ်။ ပြည်သူတွေကို ကျွန်ခောတ်က ကျွန်တွေလိုလည်းသဘောထားနေကြတယ်ဆိုတာ သိသာထင်ရှားတယ်။တစ်လောကလည်း သန်းရွှေနဲ့  ကြိုင်ကြိုင်တို့  ညသန်းခေါင်ယံအချိန်မှာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တက်ပြီး ခွေးနဲ့ ဝက်ကိုလက်တစ်ဘက်ဆီကဆွဲပြီး လက်ဝဲရစ် ပြောင်းပြန်ပတ်ပြီး ပါးစပ်ကလည်း ခွေးလိုအူပြရတယ်။ သူတို့ ရဲ့ လက်ရုံးကြီးတွေဖြစ်တဲ့ ဘိုးတော်တုတွေရဲ့  အကြံပေးချက်အရ အာဏာပလ္လင်ထက်ကနေ ခွေးကျကျပြီး ခွေးမဖြစ်ရလေအောင် ယတြာခြေလိုက်တာ။ကြိုင်ကြိုင်ဟာ နေပြည်တော်က သူတို့ နေအိမ်မှာ သူတို့ မိသားစုလောက်ဘဲခေါ်ပြီး မင်းဝတ်မင်းစားတွေ ၀တ်၊ မင်းအခမ်းအနားပူံစံပြုလုပ်ပြီး မယ်မယ်ကြီးဘုရားခေါ်ခိုင်းတာတွေဟာလည်း သူတို့ ဖာသာ ရူးနေကြပြီး ဘုရင်စိတ်ပေါက်နေကြတာ။အာဏာရူးစိတ်တွေ၊ ဘုရင်ရူးစိတ်တွေလောက်တင်မကဘဲ ဒီထက်တောင်ပိုပြီး မြေလျှိုးလို့ မိုးပျံချင်စိတ်တွေကပါ ထကြွလာတော့ မကြံစည်အပ်တာတွေပါ ကြံစည်လာတယ်။ ဇော်ဂျီဖိုဝင်သားစားရင်တော့ ကျိန်းသေပေါက် မြေလျှိုးမိုးပျံလို့ ရမယ်ဆိုပြီး၊ သာမညတောင်ဆရာတော်ဘုရားကြီးရဲ့  ရုပ်ကလပ်တော်ကို ခိုးယူခိုင်းခဲ့တယ်။ လက်ပါးစေ ဘိုးတော်တုတွေရဲ့  အကြံပြုချက်အရ ဖိုဝင်သားမို့ လို့ ဆိုပြီး နေပြည်တော်မှာ သာမညတောင်ဆရာတော်ဘုရားကြီးရဲ့  ရုပ်ကလပ်တော်ကို သန်းရွှေတို့  ကြိုင်ကြိုင်တို့ က ဦးဆောင်ပြီး မီးဖုတ်စားကြပါသတဲ့.။သန်းရွှေနဲ့ ကြိုင်ကြိုင်တို့  နအဖခေါင်းဆောင်အရူးတွေဟာ ကိုယ်တိုင်းပြည်အတွင်းမှာ အရူးထလုပ်ချင်ရာလုပ်နေရုံတင်မကဖူး၊ အခုဆိုရင် ကုလသမဂ္ဂနဲ့  နိုင်ငံတကာက နာဂစ်မုန်တိုင်းဘေးဒုက္ခအပေါ်အခြေခံပြီး မြန်မာပြည်အရေးကို ၀င်ရောက်ဖြေရှင်းမယ့် အခြေအနေရောက်လာတော့ ကြောက်ဒူးတုန်ပြီး အားကိုးရာမဲ့ဖြစ်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ လုပ်ခဲ့သမျှနာမ်နှိမ်တာတွေ ယတြာခြေတာတွေကလည်း ကမ်းကုန်နေပြီဆိုတော့ အတော့်ကို အကြံခက်နေပြီ။နောက်ဆုံး ထုံးစံအတိုင်း လက်ရုံးကြီးတွေဖြစ်တဲ့ ဘိုးတော်တုတွေ အောက်လမ်းသမားတွေ မှော်ဆရာယောင်ယောင်တွေကို ကမန်းကတန်း ကယ်ပါဦး အကြံပေးပါဦးဆိုပြီး မေးမြန်းကြရတယ်။ဒီတော့ ရလာတဲ့အကြံကတော့ အရင်တုန်းက ယတြာခြေတဲ့အနေနဲ့ ရော၊ သန်းရွှေ ဘုန်းတန်ခိုးကြီးဖို့  အတွက်ရော စီမံထားထားတဲ့ သန်းရွှေမျက်နှာနဲ့ ထုလုပ်ထားတဲ့ ကျောက်စိမ်းဘုရားဆင်းတုတော်တစ်ဆူ ရွှေတိဂုံဘုရားမှာ ရှိနေတာကို သတိရလာကြတယ်။ ဒီ သန်းရွှေမျက်နှာတော်နဲ့  ဘုရားဆင်းတုတော်ထုလုပ်ထားတာ လူတွေက မယုံကြည်ကြသေးဖူး။ သန်းရွှေမျက်နှာနဲ့ ဆင်တူတာပါ၊ ဘုရားဘဲ ဘယ်ဘုရားဘဲ ရှိခိုး ရှိခိုးပေါ့ဆိုတာတွေကို ပြည်သူတွေက ရိုးရိုးသားသားတွေးမိကြပေမယ့်၊ သန်းရွှေတို့ က တမင်ရည်ရွယ်ပြီး အကြံနဲ့ စီမံပြုလုပ်ခဲ့တာကိုတော့ သိဖို့ လိုပါတယ်။ရွှေတိဂုံဘုရားထီးတော်အနားမှာ သန်းရွှေနှင့် မိသားစုကောင်းမှု ဆိုင်းဘုတ်ချိတ်တာတို့ ၊ ဘုရားဆင်းတုတော်မျက်နှာတော်ကို သန်းရွှေမျက်နှာနဲ့  ထုလုပ်တာတို့ ဟာ မြတ်စွာဘုရားကို ဦးတည်ရည်မှန်းရှိခိုးတိုင်း သန်းရွှေကို ရှိခိုးနေရတာမျိုး လုပ်ထားတာ ဖြစ်တယ်။စောစောကပြောသလို မြန်မာပြည်အရေး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့  ကုလသမဂ္ဂကပါ လက်တွေ့  ဖြေရှင်းဖို့  အင်အားပြပြီး မြန်မာနိုင်ငံအတွင်း ၀င်လာတော့မယ့် အခြေအနေကနေ လွတ်ကင်းအောင်၊ သန်းရွှေတို့  နအဖအာဏာရူးတွေရဲ့ အသက်အန္တရာယ်ထိခိုက်လာတော့မယ်ဆိုတာ တွေးပြီး ကြောက်ရွ့ံထိတ်လန့် နေကြတာ။ဒါနဲ့  ဘိုးတော်တုတွေရဲ့ အကြံပေးချက်အရ မြန်မာပြည်ကို လာရောက်ပြောဆိုတဲ့ ဂန်ဘာရီကြီးကို သန်းရွှေမျက်နှာနဲ့ ဘုရားဆင်းတုတော်ရှိရာကို ခေါ်သွားပြီး တရိုတသေလုပ်ခိုင်းတယ်။ တစ်ဘက်လှည့်နဲ့ ဆွဲဆောင်ပြီး လက်နှစ်ဘက်အစုံနဲ့  တောင်းပန်ခယတဲ့ပုံစံနဲ့  ဖြစ်အောင် လုပ်ခိုင်းတယ်။ဂန်ဘာရီကြီးတင်မကဖူး မကြာသေးခင်က ရောက်လာခဲ့တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်ကြီး ဘန်ကီမွန်းကြီးကိုလည်း ဒီလိုတစ်ပုံစံထဲလုပ်ခိုင်းခဲ့တယ်။ မတူညီတဲ့အချိန်ကရောက်လာခဲ့ကြတဲ့ ဂန်ဘာရီရော ဘန်ကီမွန်းကိုပါ နာမ်နှိမ်တဲ့အနေနဲ့  သန်းရွှေမျက်နှာနဲ့ ဘုရားဆင်းတုတော်ကို ခခယယ အရိုအသေပေးခိုင်းခြင်းအားဖြင့် သန်းရွှေကို ဘုန်းတန်ခိုးမြှင့်ပေးစေတာမျိုးဖြစ်အောင်၊ ဂန်နဲ့ ဘန်တို့ ကို သန်းရွှေရဲ့  လက်အောက်ငယ်သားသဖွယ်အနေအထားမျိုးနဲ ဆက်ဆံနေတဲ့ပုံစံဖြစ်အောင် တမင်နာမ်နိမ်ခဲ့တယ်ဆိုတာ အားလုံးသုံးသပ်ကြည့်ရင် သိသာထင်ရှားပါတယ်။ ဘုရားဆင်းတုတော်ကိုလည်း ဒီလို သန်းရွှေမျက်နှာနဲ့  တမင်ထုလုပ်ထားတဲ့ရည်ရွယ်ချက်ဟာလည်း အစီအစဉ်ရှိရှိနဲ့ ဖန်တီးခဲ့တာဆိုတာလည်း ပေါ်လွင်ထင်ရှာပါးတယ်။ ဂန်ဘာရီနဲ့  ဘန်ကီမွန်းရဲ့  အဖြစ်အပျက်ဟာ တစ်ပုံစံထဲ ထပ်တူထပ်မျှကြနေတာ တွေ့ မြင်ရပါတယ်။ဒီတော့ဗျာ မြန်မာပြည်ကို မလာရောက်ခင်တုန်းကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့  လေကြီးမိုးကြီးတွေနဲ့  ပြောပြောပြီ လာခဲ့တဲ့ ဂန်ဘာရီရော ဘန်ကီမွန်းရော နအဖသန်းရွှေရဲ့  အောက်တန်းကျကျ အောက်လမ်းနည်းတွေနဲ့ သုံးပြီး ယတြာခြေနာမ်နှိမ်တဲ့ လက်နက်ကြီးနဲ့ တွေ့ သွားတော့ အခုခောတ်မှီလပ်နက်ပစ္စည်းတွေတောင် မသုံးနိုင်တော့လောက်အောင် သဘောထားတွေပြော့ပြောင်းပြီး နေရပ်ကိုပြန်သွားကြလေရဲ့ ဗျာ။ဂန်ကြီးနဲ့  ဘန်ကြီးတို့ တော့ ဒီလိုနာမ်နှိမ်ခံလိုက်ရတာ သိတောင် သိပါ့မလား မသိဖူး။

(နစ်နေမန်း)။

Nicknayman blog မှ....
Rest of your post

အပြည့်အစုံဖတ်လိုလျှင်