စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 23, 2008

ရန်ကုန်ရှိ ဒုက္ခသည်များကို အာဏာပိုင်များက နေရာရွှေ့ပြောင်းခိုင်း

ဝိုင်းပီး
သောကြာနေ့၊ မေလ 23 2008 09:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ တံတွေး-ဘိုကလေး အဝေးပြေးလမ်းမပေါ်တွင် ကူညီမည့်သူများကို စောင့်မျှော်နေသည့် လေဘေးဒုက္ခ သည်များကို ဒေသအာဏာပိုင်များက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မောင်းထုတ်နေသည်။

ကယ်ဆယ်ရေး အကူအညီများကို စောင့်မျှော်နေကြသည့် တံတွေး၊ ကော့မှူး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးစသည့်ရပ်ရွာများမှ အုပ်စုလိုက်၊ အဖွဲ့လိုက် ရှိသည့် ဒုက္ခသည် ၁ သောင်းနီးပါးကို ရပ်ကွက်အာဏာပိုင်များနှင့် ကြံ့ဖွံ့များမှ မောင်းထုတ်နေခြင်း ဖြစ်သည်။

"လူကြီးလာမယ်။ လမ်းမမှာ မနေရဘူးတဲ့" ဟု ရန်ကုန်မြို့ဒေသခံတဦး အဆိုအရ သိရသည်။

ရန်ကုန်မြို့အစွန် ကွမ်းခြံကုန်းဆင်ခြေဖုံးရွာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင်မနေဘဲ ရပ်ကွက်လမ်းမတွင် ဒုက္ခသည်များပြန့်ကျဲ နေရာ ဒေသအာဏာပိုင်များက နေရင်းစခန်းသို့ ပြန်ပို့နေသည်။

တောင်ဒဂုံမှ ဒုက္ခသည်များကိုလည်း ၁၇ ရပ်ကွက်အနီးရှိ သတ်မှတ်ထားသည့် ယာယီစခန်းများတွင်သာ သွားရောက်နေထိုင်ခိုင်းပြီး လက်ရှိနေ ထိုင်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ဆက်လက်နေထိုင်ခွင့် မပြုဘဲ ရှင်းလင်းနေသည်။

ဒုက္ခသည်များအတွက် အာဏာပိုင်များ ဆောက်လုပ်ပေးထားသည့် ယာယီစခန်းများတွင် အစားအသောက် ကူညီမည့်သူများအနေနှင့် ဝေးလံ၍ မလာရောက်နိုင်သောကြောင့် လမ်းမပေါ်ထွက်ကာ ကူညီမည့်သူများကို ယခုလို စောင့်မျှော်နေရခြင်းဖြစ်သည်။

"ယာယီစခန်းက အရမ်းဝေးတယ်။ အစားအသောက်တွေ ကူညီမယ့်လူတွေ မလာဘူး။ အဲဒါကြောင့် ဒုက္ခသည်တွေက မသွားချင်ကြတာပါ" ဟု တောင်ဒဂုံဒေသခံက ပြောသည်။

ယခုလို ဖြစ်ရပ်သည် ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရောက်ရှိလာခြင်းနှင့်လည်း ပတ်သက်နိုင်သည်ဟု သူက သုံးသပ် သည်။

"ဘန်ကီမွန်းလာလို့ ပြန့်နေတဲ့လူတွေကို စုစည်းတာပေါ့။ နောက် သူတို့ အိမ်ရှိခဲ့တဲ့ နေရာတွေ ပြန်ခိုင်းတာတွေလည်း ရှိတယ်။ အိမ်မရှိတော့လို့ လည်း နီးစပ်တဲ့ နေရာတွေမှာ နေကြပါဆိုပြီး ဘုန်းကြီးကျောင်းတွေကလည်း မောင်းထုတ်တာ။ ဒုက္ခသည်နည်းအောင် ပြချင်တဲ့ သဘောပေါ့" ဟု သူက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် ဝါရင့်အဖွဲ့ ပြော

နေသွင်
ကြာသပတေးနေ့၊ မေလ 22 2008 16:21 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်ရေး လုပ်ရာတွင် အင်ဒိုနီးရှား နိုင်ငံ၏ ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် ပြည်တွင်းမှ ဝါရင့် နိုင်ငံရေးသမားကြီးများက စစ်အစိုးရကို ယနေ့ တိုက်တွန်း လိုက်သည်။

၂ဝဝ၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆူနာမီရေလှိုင်း ကျရောက်စဉ်က ပြည်တွင်းနိုင်ငံရေး ပြဿနာများ ရှိနေသော်လည်း နိုင်ငံတကာမှ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည့် နမူနာကို လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်းများက နမူနာပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ အကူအညီများကို ပိုမို ဖွင့်ပေးရေးအတွက် စစ်အစိုးရကို လာရောက် တိုက်တွန်းသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစဉ်နှင့် အချိန်ကိုက် ထွက်ပေါ်လာသော ဝါရင့်များ၏ တိုက်တွန်းချက်တွင် “ဆူနာမီ ငလျင်ဘေးဖြစ်စဉ်က အင်ဒိုနီးရှား၊ အာချေးပြည်နယ်၌ ပြည်တွင်း နိုင်ငံရေးလုပ်ငန်း၊ အရှုပ်အထွေး မသင့်မတင့် ဖြစ်နေလင့်ကစား နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတကာ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည်ဟို နမူနာယူ၍ ဆောင်ရွက်သင့်ပါကြောင်း” ဖော်ပြထားသည်။

စစ်အစိုးရ အနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့၏ အကူအညီ သာမက ချမ်းသာသော နိုင်ငံများမှ ငွေကြေးနှင့် နည်းပညာ အကူအညီကို အလျင်အမြန် တောင်းခံပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော မြို့ရွာ ပြန်လည် ထူထောင်ရေးသာမက ရေလုပ်သားများ၊ လယ်သမားများ လုပ်ငန်းခွင် အချိန်မီ ဝင်ရောက်ရေးအတွက်လည်း “လယ်ယာ အမတော်ကြေး (စိုက်ပျိုးရေးချေးငွေ)၊ အခြားထုတ်လုပ်မှု ချေးငွေများကို စနစ်တကျ ပံ့ပိုးကူညီပေးရန်၊ မိမိတို့အနေဖြင့် လုံလောက်အောင် မပံ့ပိုးနိုင်ပါကလည်း ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး အထူးသဖြင့် ချမ်းသာ ကြွယ်ဝသော နိုင်ငံကြီးများထံမှ အကူအညီ တောင်းခံ၍ အဆောတလျင် ဆောင်ရွက်ပါရန်” လည်း တိုက်တွန်းထားသေးသည်။

စစ်အစိုးရက မုန်တိုင်း ကျရောက်ပြီး ရက်သတ္တပတ် ၂ ပတ်အကြာတွင် ပြုလုပ်သော အာဆီယံ နိုင်ငံများ၏ အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတကာ အကူအညီများကို အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ လမ်းကြောင်းမှတဆင့် ခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

အာဆီယံကလည်း သူတို့၏ ကြေညာချက်တွင် မြန်မာပြည်၏ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆူနာမီ အတွေ့အကြုံများအပေါ် အခြေခံကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ် ဆူနာမီကြောင့် အင်ဒိုနီးရှား နိုင်ငံတွင် လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးကာ ၃ သောင်း ၇ ထောင်ကျော် ပျောက်ဆုံးခဲ့သည်ဟု အင်ဒိုနီးရှား အစိုးရက ထုတ်ဖော် ပြောဆိုခဲ့သည်။ လူဦးရေ ၆ သိန်းခွဲခန့်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့သည်။

ဆူနာမီဒဏ် အဆိုးဆုံး ခံခဲ့ရသော အာချေးဒေသတွင် ဆူနာမီအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အာချေး ခွဲထွက်ရေး သူပုန်များနှင့် အစိုးရ အကြားတွင် ငြိမ်းချမ်းရေး ရသည်အထိ နားလည်မှု တည်ဆောက်နိုင်ခဲ့သည်။

မေလ ၂-၃ ရက်နေ့များတွင် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းကြောင့် မြန်မာပြည်တွင် သေဆုံးသူနှင့် ပျောက်ဆုံးသူ ၁ သိန်း ၃ သောင်းကျော်ရှိဟု နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ယခုအချိန်အထိ မုန်တိုင်းကြောင့် ဒုက္ခရောက်သူ လူပေါင်း ၂ သန်းခွဲအနက် ၄ ပုံ ၁ ပုံသာ အကူအညီ ရရှိနေသည်ဟု ကုလသမဂ္ဂက ပြောဆိုနေသည်။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုအခြေအနေ ဆိုးရွားလာ

ရိုးမ ၃။ မေ ၂၂၊ ၂၀၀၈

ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေမှာ ဆိုးရွားလာလျှက်ရှိသည်။

နိုင်ငံတကာအကူအညီများ မရရှိသည့် လေဘေးဒုက္ခသည်များမှာ အလွန်းများပြားမှုကြောင့် အလှူရှင်များပေးဝေသည့် ရိက္ခာမှာ လုံလောက်မှုမရှိတော့ကြောင်း ကိုယ်တိုင် ရိက္ခာပေးဝေနေ သည့် (HRDP)အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့အဖွဲ့က သိန်း (၇၀) လောက်ကုန်သွားပြီ၊ နာရေးကူညီမှုအသင်း ကိုကျော်သူတို့က သိန်း (၁၂၀) ပေးတယ်၊ အကူညီတောင်းခံနေတဲ့ ဘုန်ကြီးတွေနဲ့ ရွာသားတွေကို ခွဲပေးနေတာ ဒီညနေ ကျနော်မှာ ရိက္ခာဘာမှမရှိတော့ဘူး၊ အမာမြို့နယ်ထဲက ကဒုံကိုတော့ ဆန်ခြောက် အိတ်ပဲ ပို့လိုက်နိုင်တယ်”ဟု ပြောသည်။

နာရေးကူညီမှုအသင်းက လှူဒါန်းသည့် ရိက္ခာများကို ဒုက္ခသည်စခန်း အောင်ချမ်းသာ (၁)ရပ်ကွက်တွင် လှူဒါန်းပြီးနောက် (၁၉) ရက်နေ့တွင် ကြိမ်ချောင်းကြီး၊ ကွမ်းသီးချောင်းရွာများသို့ ကိုယ်တိုင် သွားရောက်ဝေငှခဲ့ပြီး ရန်ကုန်သို့ပြန်လာခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်အစိုးရအာဏာပိုင်များက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လာမည်ဆိုသောကြောင့် ဘိုကလေးမှ လေဘေးသင့်ဒုက္ခသည်များကို ကျေးရွာများသို့ ပြန်လည်ပို့ဆောင်နေရာ (၁၉) ရက်နေ့တွင် တနာရီမိုင် (၅၀) နှုန်းဖြင့် တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဒုက္ခသည်များ တင်ဆောင်လာသည့် သင်္ဘောတစင်း ကိုင်းတောဝရွာအနီးတွင် နစ်မြုပ်သွားသည်ဟု ၎င်းက အတည်ပြုပြောဆိုသည်။

ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ဗြူးဒုက္ခ သည်စခန်းက သားဖွားဆရာမတယောက် ပြောတာကတော့ လူသုံးဆယ်လောက် ၀မ်းလျှော ၀မ်းပျက်ဖြစ်နေတယ်လို့ ပြောတယ်၊ ယူနီဆက်က ၀င်လာတာနဲ့ ကုသလိုက်တော့ နည်းနည်း သက်သာသွားပေမဲ့ ရေမရရင် ထပ်ဖြစ်နိုင်တာကြောင့် ရေလိုအပ်နေတယ်လို့ ရှင်းပြတယ်”ဟု အဆိုပါ (HRDP)အဖွဲ့ဝင်က ဆက်လက်ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဒိုင်နယ် (၇၈) ခုမှ ကျေးရွာပေါင်း (၅၂၈) ရွာ အားလုံးနီးပါးပျက်စီးသွားခဲ့ပြီး အာဏာပိုင်များဘက်မှ ကယ်ဆယ်ရေးလုပ်ငန်းများကို ဟန်ပြသာ လုပ်ဆောင်နေခြင်းကြောင့် ဒုက္ခသည်များအတွက် ပြန်လည်တည်ဆောက်ရေးနှင့် စားဝတ်နေရေးအတွက် မည်သို့မျှ ဖြေရှင်းနိုင်တော့မည်မဟုတ်ကြောင်း မြို့ခံတဦးက ဆက်လက်ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

UN head tours Myanmar disaster area

YANGON (AFP) - UN Secretary General Ban Ki-moon on Thursday toured the Myanmar cyclone disaster area, as he began talks with the junta on opening up to a massive relief effort that could save countless lives.


The country's military leaders have shocked the world by refusing a full-scale emergency operation despite the scope of the destruction, and Ban said he would try to persuade them to welcome offers of help with open arms.


"The whole world is trying to help Myanmar," Ban said as he visited a camp of survivors from the May 2-3 storm, which has left around 134,000 people dead or missing and another 2.5 million people in need of immediate aid.


"Don't lose your hope," he told one woman in the devastated Irrawaddy Delta, the rice bowl region which bore the brunt of the worst natural disaster in the country's history. "The United Nations is here to help you."


Ban said there were recent signs of "flexibility" from the regime, which in the past few days has consented to UN helicopters flying to remote villages to help speed up a relief effort criticised by the international community.

But the UN chief could not get the head of the junta, Senior General Than Shwe, to take his calls or answer his letters in the aftermath of the disaster, and the regime has a long history of thumbing its nose at world opinion.

Ban is to meet Than Shwe on Friday in the remote capital of Naypyidaw, hoping to stress the urgency of the crisis as well as the international fury that has led to allegations of crimes against humanity over the disaster.

The United Nations believes only 25 percent of those in immediate need of food, water, shelter and medicines have been reached by international aid three weeks after the disaster struck.

အပြည့်အစုံဖတ်လိုလျှင်

မာရာဒိုနာက ဒေါ်စု လွတ်မြောက်ရေးအတွက် တောင်းဆို


ဧရာဝတီ | မေ ၂၂၊ ၂၀၀၈
ကမ္ဘာကျော် ဘောလုံးသမားဟောင်း မာရာဒိုနာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးအတွက် အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အဖွဲ့ (USCB) မှတဆင့် တောင်းဆိုလိုက်သည်။ ၎င်း၏ တောင်းဆိုချက်ကို USCB က လွှင့်တင်ထားသော ရက် ၃၀ လှုပ်ရှားမှု ဝက်ဘ်ဆိုက်တွင် လည်းကောင်း You Tube ဝက်ဘ်ဆိုက်တွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။ မာရာဒိုနာ၏ တောင်းဆိုချက်ကို ကြည့်ရှုနားဆင်လိုလျင် ဤနေရာကိုနှိပ်ပါ။

အပြည့်အစုံဖတ်လိုလျှင်

ကုလအတွင်းရေးမှုးချုပ် ဒေးဒရဲနှင့် မော်ကျွန်းသို့ ရောက်ခဲ့၊ မနက်ဖြန် နေပြည်တော် သွားမည်

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဘေးသင့် မြန်မာနိုင်ငံသို့ ကုလအတွင်းရေးမှုးချုပ် ရောက်ရှိနေ

အပြည့်အစုံဖတ်လိုလျှင်