စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, May 5, 2008

မုန်တိုင်းဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)မှ ယနေ့ (၅.၅.၂၀၀၈) ၌ ကောက်ခံရရှိသော အလှူငွေစာရင်း




မြန်မာနိုင်ငံရှိ ၊ Nargis မုန်တိုင်းဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)မှ City Hall, Peninsular Plaza နှင့် အခြားနေရာများတွင် ယနေ့ (၅.၅.၂၀၀၈) ၌ ကောက်ခံရရှိသော အလှူငွေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။







လင်းလက် အလှူခံဌါနမှ- S$ ၁၈၈၆
စင်းမြန်မာ အလှူခံဌါနမှ- S$ ၆၄၆၇
သပြေနု အလှူခံဌါနမှ- S$ ၇၉၂
ဓါတ်တော်တိုက် အလှူခံဌါနမှ- S$ ၂၇၅







ယနေ့ စုစုပေါင်းကောက်ခံ ရရှိငွေမှာ စင်္ကာပူဒေါ်လာ ၉၄၂၀ တိတိ ဖြစ်ပါသည်။
တမြန်မနေ့ က ကောက်ခံရရှိသော စုစုပေါင်းငွေမှာ စင်္ကာပူဒေါ်လာ ၁၆၀၀ တိတိ ဖြစ်ပါသည်။
ထိုကြောင့် မုန်တိုင်းဘေးကယ်ဆယ်ရေး အလှူခံငွေမှာ၊ နှစ်ရက်ပေါင်း စင်္ကာပူဒေါ်လာ ၁၁၀၂၀ တိတိ ရရှိနေပြီ ဖြစ်ပါသည်။
ယခုကဲ့သို့ မြန်မာပြည်အရေးတွင် တကယ်လိုအပ်သောအချိန်၌ သဒ္ဓါတရားထက်သန်စွာ ဒါနအရေး၊လက်မနှေး ကူညီလှူဒါန်းကြသော စင်္ကာပူရောက် မျိုးချစ်ရွှေမြန်မာများအား မြန်မာပြည်တွင်းရှိ ဘေးဒုက္ခသည်များ ကိုယ်စား ပြည်ပရောက်မျိုးချစ်မြန်မာများမှ လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်။
နောက်ရက်များတွင်လည်း သတ်မှတ်ထားသော အလှူခံဌါနများ ဆက်လက်ဖွင့်လှစ်ပြီး အလှူငွေများ ကောက်ခံမည့် အကြောင်း ရွှေမြန်မာများအား အသိပေးအပ်ပါသည်။




သတ်မှတ်ထားသော အလှူခံဌါနများ (Peninsular Plaza)



နှစ်ထပ်တွင် လင်းလက်ဆိုင်
သုံးထပ်တွင် စင်းမြန်မာဆိုင်
ငါးထပ်တွင် သပြေနုဆိုင်



အခြားနေရာများ

Eunos ဓါတ်တော်တိုက်ကျောင်း

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်(Nargis)မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူပြည်သားများအတွက် ကူညီကြရန် တိုက်တွန်းနှိုးဆော်ခြင်း


နာဂစ်(Nargis)မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူပြည်သားများအတွက် ကူညီကြရန် တိုက်တွန်းနှိုးဆော်ခြင်း

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညပိုင်းမှ စ၍ တစ်နာရီ မိုင် ၁၀၀ မှ ၁၅၀ အတွင်း ပြင်းအားရှိတဲ့ နာဂစ်(Nargis)မုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် စတင်တိုက်ခတ်ခဲ့ပါသည်။

နောက်ဆုံးရရှိထားသော MRTV သတင်းများအရ အနည်းဆုံး လူပေါင်း ၃၅၁ ဦး သေဆုံးပြီး တစ်သိန်း နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ မြန်မာပြည်သူများသည် ဘဝတစ်လျှောက်တွင် တစ်ခါမှ မကြုံစဖူး ဆိုးရွားသည့် သဘာဝဘေုးဒဏ်ကို ခံစားနေရပါသည်။ ရန်ကုန် လေဆိပ်ကို ပိတ်ထားရပြီး၊ လျှပ်စစ်မီးများ ပျက်တောက်နေပါသည်။ ဖုန်းလိုင်း အချို့သာ အဆက်အသွယ်ရပြီး၊ အင်တာနက် အဆက်အသွယ် လုံးဝမရပါ။ ရန်ကုန်မြို့အပါအဝင် အခြားမြို့များတွင် ရေကြီးနေပြီး၊ သစ်ပင်များ လဲနေပြိုနေပါသည်။ အိမ်အချို့လည်း ပြိုကျပျက်စီးနေသည်ဟု သိရပါသည်။ မုန်တိုင်းပြီးသွားသည့် အချိန်တွင် ဆက်လက်၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ လူမှုဒုက္ခများကို မြန်မာပြည်သူများ၊ ဆက်လက် ခံစားကြရဦးမည် ဖြစ်ပါသည်။

ထိုကြောင့် စင်္ကာပူနိုင်ငံရှိ ပြည်ပရောက် မျိုးချစ်မြန်မာများမှ ဦးစီးပြီး၊ မြန်မာပြည်တွင်းရှိ ဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်ရန် ရံပုံငွေများကို စတင် စုဆောင်းနေပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့် အတိဒုက္ခရောက်နေသော မြန်မာပြည်တွင်းရှိ ညီအကိုမောင်နှမသားချင်းတို့အား တတ်စွမ်းသမျှ ပါဝင်ကူညီ ထောက်ပံ့ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနိုးဆော်အပ်ပါသည်။

ကူညီလှူဒါန်းလိုလျှင် အောက်ပါ Contact Person များထံ ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ပါသည်။

ကိုအေးကိုကို ၉၆၃၅၂၀၆၄ ကိုညီ ၉၇၄၂၀၉၀၅
ကိုဝင်းကျော် ၈၁၈၉၈၄၂၀ ကိုသူရိန်ဝင်း ၈၁၈၆၈၁၅၆
ကိုစိုးထွန်း ၉၄၈၇၄၄၁၃ မလဲ့လဲ့ ၉၂၇၂၆၇၄၄
ကိုမင်းသိန်း ၈၁၈၆၀၀၄၂

နေ့စဉ်ရရှိသော ရံပုံငွေ စာရင်းများကို အောက်ပါ Blogs တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

http://aungsayarpyi.blogspot.com/
http://54freedom.blogspot.com/

အပြည့်အစုံဖတ်လိုလျှင်

အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာချက်

အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာချက်


မေလ ၂ ရက်နှင့် ၃ရက်တွင် မြန်မာနိုင်ငံအတွင်း (ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်)သို့ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းဖြင့် ၀င်ရောက်တိုက်ခတ်သွားသည့် Nargis ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများ အသက်အိုးအိမ်ဆုံးရှုံးမှုများ ဆိုးဝါးစွာ ဖြစ်ပေါ်လျှက်ရှိနေပြီး အရေးပေါ်အကူအညီများ အမြန်ဆုံးလိုအပ်လျှက် ရှိနေပါသည်။
သို့ဖြစ်ပါ၍ ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှဦးစီး၍ စင်္ကာပူနိုင်ငံ ပင်နီစူးလားပလာဇာ တွင် ညနေ ၅း၃၀ မှ ည ၈း၃၀ အထိ မြန်မာနိုင်ငံရှိ ဒုက္ခသည်များ အတွက် အလှုငွေများအရေးပေါ် ကောက်ခံခဲ့ရာ စင်္ကာပူဒေါ်လာ ၁၆၀၀ တိတိ ကောက်ခံရရှိခဲ့ပါသည်။
ထို့ကြောင့် လူသားခြင်းစာနာထောက်ထားသော အားဖြင့် အောက်ဖော်ပြပါ ပြည်ပရောက်မျိုးချစ်မြန်မာများ သို့ ဆက်သွယ်၍ လှုဒါန်းနိုင်ကြပါပြီ။

လှုဒါန်းငွေများကို စာရင်းအတိအကျ ထုတ်ပြန်ကြေငြာပေးမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ဒုက္ခသည်များသို့ အချိန်မှီ ပေးအပ်ကူညီမည် ဖြစ်ကြောင်းလေးစားစွာ တိုက်တွန်းအသိပေးအပ်ပါသည်။


၁။ကိုအေးကိုကို (+၆၅ ၉၆၃၅၂၀၆၄)

၂။ကိုဝင်းကျော် (+၆၅ ၈၁၁၈၀၃၁၅)

၃။ကိုစိုးထွန်း (+၆၅ ၉၄၈၇၄၄၁၃)

၎။ကိုမင်းသိမ်း (+၆၅ ၈၁၈၆၀၀၄၂)

၅။ကိုသူရိန် (+၆၅ ၈၁၈၆၈၁၅၆)

၆။ကိုညီညီအောင် (+၆၅ ၉၇၄၂၀၉၀၅)

၇။မလဲ့လဲ့ (+၆၅ ၉၂၇၂၆၇၄၄)

အပြည့်အစုံဖတ်လိုလျှင်

Saturday, May 3, 2008

မြန်မာနိုင်ငံရုပ်ရှင်ဂီတအစည်းအရုံးဝင်များသိစေရန်။


New Generation Movement For Justice

မြန်မာနိုင်ငံရုပ်ရှင်ဂီတအစည်းအရုံးဝင်များသိစေရန်။

ဦးကျော်ဟိန်းက မန္တလေး ရှိုးပွဲမှာပြောသွားခဲ့ဘူးပါတယ်။ သူတို့မိသားစုကြွယ်ဝချမ်းသာခြင်းနဲ့
သူ့သားသမီးတွေနိုင်ငံခြားမှာကျောင်းသွားနေနိုင်တာပြည်သူတွေကြောင့်ပါတဲ့။ မြန်မာပြည်သူ တွေရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါနဲ့လို့သူ့သားသမီးတွေကို မှာထားပါတယ်တဲ့။

ရင်ထဲကတကယ်ပြောတာလား စားကောင်းအောင် ပြောတာလားဆိုတာဒီချိန်မှာပြတ်ပြတ်သား
သား မေးရတော့မဲ့အချိန်ဖြင့်ပါတယ်..ဒါကြောင့် အနုပညာရှင်တွေဆိုတာလည်းဦးကျော်ဟိန်း
ပြောသလိုပြည်သူတွေရဲ့ ငွေကျေးနဲ့ကြွယ်ဝချမ်းသာလာတယ် ၊ ပြည်သူတွေဟာ ခင်ဗျားတို့ရဲ့ ကျေးဇူးရှင် ဆိုရင် ဒီချိန်မှာပြည်သူတွေဒုက္ခရောက်နေကြပြီဖြင့်ပါသည်။

အနုပညာရှင်များအပေါင်းတို့.. အခုကျွန်ုပ်တို့ ပြည်သူတွေဟာစစ်အာဏာရှင် စနစ် ကြောင့် ပညာရေး၊လူမှုရေး၊ကျမ်းမာရေး၊ စီးပွားရေးမှာတကယ့ိကိုချွတ်ခြုံကျနေကြပါပြီ၊ကျွန်ုပ်တို့ရဲ့ အနာဂတ်အတွက် ဒီမိုကရေစီရရှိဘို့် ထောင်ထဲမှာနှိပ် စက်ခံနေရကြတဲ့သူတွေ၊ အသက် ပေးခဲ့ရသူတွေ၊မိဘ၊ မိသားစုနဲ့ဝေးရာကို ထွက်ခွာသွားတဲ့သူ တွေအများကြီး ရှိကြ သည်ကို သိကြမည်ဖြစ်ပါတယ်။ သူတို့တွေဟာလည်း သင်တို့ရဲ့ပရိသတ် တွေဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ၀မ်းနည်းကြေကွဲမှုတွေကို ၀မ်းမြောက်ပျော် ရွှင်စရာဖြစ်အောင် လုပ်ပေးဘို့အချိန်ရောက်ပါပြီ။ စစ်အာဏာရှင်စနစ်ကြီးကို တိုက်ဖျက်ဘို့အတွက် ပြည်သူတို့ရှေ့မှ ဦးဆောင်ပေးဘို့ကျွန်ုပ်တို့မှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မိမိတို့ရဲ့ ထင်ပေါ်ကျော်ကြားမှု၊ ဓနငွေကြေးချမ်းသာမှုများကို ခေတ္တစွန့်ထားပြီး စစ်အာဏာရှင် စံနစ်ကို ရဲရဲဝံ့ဝံ့ ပြည်သူလူထုရှေ့မှဦးဆောင် တိုက်ပွဲဝင်ကြရန်နှင့် လာမည့်ဆန္ဒခံယူပွဲတွင် လည်း ပြတ်ပြတ်သားသား ငြင်းဆိုကြပါရန်ကျွန်ုပ်တို့ New Generation Movement for Justice အဖွဲ့မှ လေးစားစွာတိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

Thay Chinsoe Than Shwe 104


အပြည့်အစုံဖတ်လိုလျှင်

ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဖိနှိပ်
မှုတွေ ခံစားနေရတာတွေကို ကမ္ဘာအနှံ့ကသူတွေ သိရှိ
နိုင်ဖို့အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတရပ် ကို အမေ ရိကန်ပြည်ထောင်စုအခြေစိုက် US Campaign for
Burma အဖွဲ့က ဖော်ဆောင်လိုက်ပါတယ်။ အကြောင်း
စုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံ ဟောလီးဝုဒ်က နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဝေးလ် ဖာရဲလ် (Will
Ferrell) နဲ့ ဆေလ်ဗက်စ်တာ စတားလုံး (Sylvester
Stallone) အပါအ၀င် တခြားသရုပ်ဆောင်တွေပါ
ပူးပေါင်းပါဝင်ထားတဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ
အားပေးတဲ့ ဗွီဒီယိုကမ်ပိန်း ကို တလကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မနေ့ကစတင်
လိုက်တဲ့ ဒီလှုပ်ရှားမှုမှာ ဟာသသရုပ်ဆောင် ဖာရဲလ်နဲ့ စတင်ဖွင့်လှစ်လိုက်တာပါ။

“ဒီကနေ့ ကျနော်တို့ ရက် ၃၀ လှုပ်ရှားမှုကမ်ပိန်းကို စတင်လိုက်ပါပြီ။ နောက်ရက်တွေ
မှာဆို တေးဂီတပညာရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ မျက်လှည့်ပညာရှင်တွေ၊ လက်လှည့်ပညာရှင်တွေ စတဲ့
သူတွေဆီက မြန်မာနိုင်ငံလွတ်မြောက်ရေးနဲ့ပတ်သက်တဲ့ စကားတွေကို ကြားကြရ
မှာပါ” လို့ ပြောဆိုသွားတာပါ။ တဆက်တည်းမှာပဲ သူက …

“ကျနော်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အားလုံး သိဖို့လိုအပ်ပါ
တယ်။ သူမဟာ အကြမ်းမဖက်တဲ့နည်းတဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် တိုက်ပွဲ
ဝင်နေတာပါ။ ဒီရက် ၃၀ လှုပ်ရှားမှုမှာ ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကြပါ။
စာသင်ကျောင်းတွေမှာ၊ ဘုရားကျောင်းတွေမှာ၊ နောက်ဆုံး လမ်းမပေါ်က လူစိမ်းတွေ
ကိုပါ မြန်မာပြည်အကြောင်းသိအောင် ပြောပြကြပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အရှေ့တောင်အာရှက နိုင်ငံတခု
ဖြစ်ပါတယ်။” ဆိုပြီး တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရက် ၃၀ ကြာပြုလုပ်မယ့် ဒီလှုပ်ရှားမှုအတွင်း မေလ ၂၇ ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ပါဝင်
နေတာမို့ ထိန်းသိမ်းရက်ထပ်မတိုးဘဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်
ရေးအတွက်လည်း မျှော်လင့်နေကြပါတယ်။



Click Here! ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ
အားပေးတဲ့ ဗွီဒီယိုကမ်ပိန်း

အပြည့်အစုံဖတ်လိုလျှင်

Friday, May 2, 2008

တို့ကတော့ စလုံး က မြန်မာသံရုံးမှာ ဟော့ဒီ့လို ပြတ်ပြတ်သားသား ကန့်ကွက်မဲပေးခဲ့တာ

တို့ကတော့ စလုံး က မြန်မာသံရုံးမှာ ဟော့ဒီ့လို ပြတ်ပြတ်သားသား ကန့်ကွက်မဲပေးခဲ့တာ…

မြန်မာပြည်က သွေးချင်းညီအကိုအားလုံး လည်း ကျွန်တော်တို့လို ပြတ်ပြတ်သားသား ကန့်ကွက်မဲ ပေးကြပါ။



အပြည့်အစုံဖတ်လိုလျှင်