စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, April 17, 2008

Thay Chin Soe Gyi, Than Shwe 80


အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများမှ ကန့်ကွက်မဲပေးရန် စည်းရုံးရေးဆင်း လှုပ်ရှားမှုများ စတင်ပြုလုပ်




(၁၆.၄.၂၀၀၈)နေ့ည ၉နာရီမှ ၁၁နာရီ အထိ စင်္ကာပူနိုင်ငံရှိ ပြည်ပရောက်မျိုးချစ်မြန်မာများမှ Jurong East အပိုင်းရှိ Jurong Penjuru Dormitoryများရှိ၊ အလုပ်သမားထုများဆီသို့ အခြေခံဥပဒေကို ကန့်ကွက်မဲပေးကြရန် စည်းရုံးဆွေးနွေးခဲ့ကြပါသည်။ ပြည်ပရောက်မျိုးချစ်မြန်မာများမှ အလုပ်သမားအင်အားစုများအား စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လူထုဆန္ဒခံယူပွဲအကြောင်း၊ အဘယ့်ကြောင့် ကန့်ကွက်မဲ ပေးသင့်ကြောင်းကို အဖွဲ့ဝင် တဦးစီ အလည့်ကျ ရှင်းပြပြောဆိုခဲ့ကြပါသည်။ အလုပ်သမားအင်အားစုများ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍လေ့လာနိုင်ရန် စာရွက်စာတန်းများလည်း ဝေငှခဲ့ပါသည်။
အလုပ်သမားထုမှ လည်း Referendum နှင့် ပက်သက်၍ သိလိုသည်များကို ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့အား ပွင့်လင်းစွာမေးမြန်းခဲ့ပါသည်။ အဖွဲ့မှလည်း မေးမြန်းသည်များကို တိကျရှင်းလင်းစွာ ဖြေကြားခဲ့ပါသည်။ ထိုပွဲသို့ အလုပ်သမားအင်အားစု ၂၀၀နီးပါးခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်သမားထုမှလည်း သံရုံးသို့သွား၍ ကန့်ကွက်မဲပေးကြမည်ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ပါသည်။ ထိုပွဲသို့မလာဖြစ်သော ကျန်ရှိ မြန်မာအလုပ်သမားများအားလည်း အချင်းချင်းစည်းရုံး၍ ကန့်ကွက်မဲပေးဖြစ်အောင် လုပ်ကြမည့်အကြောင်း တက်ရောက်လာသောအလုပ်သမားများက၊ကတိပေးပြောကြားခဲ့ပါသည်။ ထိုစက်ရုံဝန်းများတွင် မြန်မာအလုပ်သမားစုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရပါသည်။ NO ကန့်ကွက်မဲ တစ်ထောင်ကျော်ရအောင် ပြည်ပရောက်မျိုးချစ်မြန်မာများမှ ပထမဆုံးခြေလှမ်း အဖြစ် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါသည်။



အပြည့်အစုံဖတ်လိုလျှင်

Wednesday, April 16, 2008

ပန်ကြားချက်



ပြည်ပရောက် မျိုးချစ်မြန်မာများ



ပန်ကြားချက်

မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုကြီးနှင့်တကွ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒီမိုကရေစီ လိုလားသော မျိုးချစ်စိတ်ရှိသည့် တပ်မတော်သားများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ၊ ဘာသာရေး အသင်းအဖွဲ့များ အားလုံးသို့ ပြည်ပရောက် မျိုးချစ်မြန်မာများ (OBP) မှ “ နှစ်သစ် ကူးပြောင်းရာ အခါသမယတွင် ဘေးရန် ကင်းငြိမ်းလျှက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ စိတ်တူကိုယ်တူ ပြောင်းလဲနိုင်ပါစေ ” ဟု ဆုမွန် ပြုအပ်ပါသည်။ ထိုသို့ ပြောင်းလဲရန်မှာလည်း မိမိတို့ အားလုံး၏ တာဝန်ပင် ဖြစ်သည်ဟု မှတ်ယူ၍ အားလုံး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါရန် နှင့် မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲအတွက် အောက်ပါအတိုင်း အထူး နှိုးဆော် ပန်ကြားအပ်ပါသည်။

မိမိတို့၏ ရင်ထဲမှ ဆန္ဒအမှန်တရားများကို လာမည့် မေလ (၁၀) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လူထုဆန္ဒခံယူပွဲ၌် ရဲဝင့် ပြတ်သားစွာ ကန့်ကွက် ဆန္ဒမဲပေး၍ ထုတ်ဖေါ်ကြရန်။

အကြောက်တရားများ ဖုံးလွှမ်းနေသောစိတ၊် လက်ရှိ ရရှိထားသော ရာထူး၊ စည်းစိမ်များ ဆုံးရှုံးမည့် စိုးရိမ်စိတ်ဖြင့် ထောက်ခံမဲ (Yes) ပေးရန် စဉ်းစားနေကြသော တပ်မတော်သားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အဖွဲ့အစည်းပေါင်းစုံမှ လူမျိုးစုများသည် သာသနာ့ဥသျှောင် ပဓာနာစေရ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဦးကောဝိဒါ ဘိဝံသ ဟောကြားချက်အတိုင်း “ စစ်အစိုးရ ရေးဆွဲသော ဥပဒေကို ထောက်ခံမဲ ထည့်လျှင် ထိုစစ်အစိုးရ လွန်ကျူးခဲ့သော အကုသိုလ် အပြစ်အတိုင်း ထောက်ခံမဲ ထည့်သူတိုင်းလည်း ပြန်လည် အပြစ် ခံစားရမည် ” ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပဲ မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြမည့်အရေး မိမိကိုမိမိ ဆင်ခြင်ကာ ထောက်ခံမဲ (Yes) ပေးမည့်အကြံကို ဖျက်၍ ကန့်ကွက်မဲ (No) ပေးရန် နှင့် လုံးဝ မဖြစ်နိုင်ပါက သွားရောက် ထောက်ခံမဲ မပေးကြရန်။

မဲပေးမည့်သူအားလုံးသည် ကန့်ကွက်မဲ (No) သာလျှင် ဖြစ်စေရန်။

စစ်အစိုးရ တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသည် မြန်မာပြည်သူ တစ်ရပ်လုံးအား တရားဝင် စစ်ကျွန် (ဖက်ဆစ်ကျွန်) ဖြစ်မြောက်ရေးအတွက် ရေးဆွဲထားသော ဥပဒေဖြစ်၍ အတည်ပြုပြီးပါက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရန်မှာ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်မှ လွတ်မြောက်ရန် ကြိုးစားအားထုတ်မူထက် ပိုမို ခက်ခဲမည် ဖြစ်၍ ဤလူထုဆန္ဒခံယူပွဲကို ကန့်ကွက်မဲ (No) ပေးပြီး ဖျက်ဆီးပစ်ရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။

No ပေးမည့်သူများ ……………. မျိုးချစ်ပြည်သူများ
Yes ပေးမည့်သူများ ……………. မိစ္ဆာဒိဋ္ဌိများ

No ပေးမည့်သူ ……………. ဒို့ပြည်သူ
Yes ပေးမည့်သူ ……………. ဒို့ရန်သူ





ပြည်ပရောက် မျိုးချစ်မြန်မာများ
စင်္ကာပူနိုင်ငံ

အပြည့်အစုံဖတ်လိုလျှင်

စစ်ကျွန်ဘ၀ မရောက်ချင်သူမှန်သမျှ သံရုံးမှာ ကန့်ကွက်မဲကို သွားထည့်ကြ


စစ်ကျွန်ဘ၀ မရောက်ချင်သူမှန်သမျှ သံရုံးမှာ

ကန့်ကွက်မဲကို သွားထည့်ကြ


စင်္ကာပူရှိ မြန်မာသံရုံးမှ ၁၀.၄.၂၀၀၈ ရက်စွဲဖြင့် သံမှူးလက်မှတ်ရေးထိုးထားသော၊ အခြေခံဥပဒေမှုကြမ်းအတည်ပြုရေးအတွက် ဆန္ဒမဲပေးရန်ဖိတ်ကြားခြင်း ဆိုသော မိတ္တူစာများကို စင်္ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာလူမျိုးများ၏ အိမ်သို့ စာတိုက်မှ တဆင့်ပေးပို့ထားသည်ကို ၁၄.၄.၂၀၀၈ နေ့က လက်ခံရရှိကြောင်း မိတ်ဆွေများမှတဆင့်ကြားသိရပါသည်။ ထို သံရုံးမှပို့လိုက်သော ဖိတ်ကြားစာမှာ စင်္ကာပူရှိ မြန်မာလူမျိုးတချို့ လက်ခံရရှိခြင်း မရှိပါ။ အဘယ်ကြောင့် မြန်မာလူမျိုးတရပ်လုံးနှင့်သက်ဆိုင်သော ကိစ္စကို ၊ လူနည်းစု သာ သိရှိနိုင်ငံ လုပ်ထားခြင်းမှာ သဘာဝ သိပ်မကျဟု မြင်သည်။ စစ်အစိုးရဘက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံကို ထောက်ခံမဲရရှိအောင် ကန့်ကွက်မဲပေးရန် မလွန်ဆန်ဝံ့သည့် လူများဆီသို့သာ ၄င်းဖိတ်ကြားစာများ ပေးပို့ခြင်းပေလော…။ တွေးစရာများက အများအပြား။ ဒီလောက်အရေးကြီးသည့် ကိစ္စမျိုးကို သံရုံးမှ ပြီး၊ပြီးရောမလုပ်သင့်ပေ။ သူတို့လုပ်လျှင်လည်း ကျွန်တော်တို့ဘက်မှ ငြိမ်ခ၊ံလက်ပိုက်ကြည့်မနေသင့်ပေ။ စုံစမ်းရမည်၊မေးမြန်းရမည်။

မည်သို့ပင်ဖြစ်စေ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးအားလုံး အလုပ်သမား၊ကျောင်းသား၊ရဟန်းသံဃာ လူတန်းစားအားလုံး အသက်၁၈နှစ်ပြည့်ပြီးသူမှန်သမျှ သံရုံးတွင် တရားဝင်မဲပေးခွင့်ရှိကြောင်း သိအောင်လုပ်ပေးရမည်မှာ ကျွန်တော်တို့၏ တာဝန်တခုဖြစ်သည်။ ဖိတ်ကြားစာထဲတွင် ဧပြီ ၂၅၊၂၆။၂၇၊၂၈ နှင့် ၂၉ရက်များတွင် လာရောက်၍ မဲပေးနိုင်ကြောင်း ကြေငြာထားသော်လည်း၊ ကျွန်တော့်အနေနှင့် အကြံပေးလိုသည်မှာ ၂၅၊၂၆၊၂၈၊၂၉ နေ့များတွင် လုံးဝမဲသွားမပေးဘဲ၊ လူအများစုသွားနိုင်မည့် တနင်္ဂနွေနေ့ ၂၇.၀၄.၂၀၀၈ ကို Polling Day အဖြစ်သတ်မှတ်၍ စင်္ကာပူရှိ၊ မြန်မာလူမျိုးအားလုံး စုစုစည်းစည်း သွားရောက် မဲပေးကြစေလိုပါသည်။ မဲပေးရမည့် အချိန်မှာ နံနက် ၉နာရီ မှ ညနေ ၅နာရီ အထိ ဖြစ်သဖြင့်၊ ထိုအချိန်ကာလအတွင်း မည်သည့်အချိန်မဆို သွားရောက်မဲပေးနိုင်ပါသည်။

ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ကယ်တင်ချင်သူမှန်သမျှ၊ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ချစ်မြတ်နိုးသူမှန်သမျှ၊ စစ်ကျွန်ဘ၀မရောက်ချင်သူမှန်သမျှ ၂၇.၄.၂၀၀၈နေ့တွင်၊ သံရုံးမှာ ကန့်ကွက်မဲကို သွားထည့်ကြပါ။ စင်္ကာပူနိုင်ငံရှိ အလုပ်သမားအင်အားစုများကိုလည်း မေတ္တာရပ်ခံပန်ကြားလိုသည်မှာ “ငါသွားထည့်လို့ရော ဘာဖြစ်လာမှာမို့လည်း” ဆိုသော အတွေးများကို ဖယ်ရှားပြီး၊ ယခုလိုအချိန်မျိုးမှာ ကိုယ့်ဆန္ဒအမှန်ကိုထုတ်ဖော်ပြီး မြန်မာပြည်သူပြည်သားများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရေးအတွက် ကန့်ကွက်မဲလေးတချပ်ဖြင့် ၀ိုင်းဝန်းကူညီအားဖြည့်စေလိုပါသည်။ ဒီမိုကရေစီအင်အားစုများမှလည်း စင်္ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားထု၊ကျောင်သားထုအားလုံးအား၊ စစ်အစိုးရရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ဆိုးကျိုးများကို သိနားလည်အောင်ရှင်းပြ၍ ဤသို့ကြောင့် ကန့်ကွက်မဲပေးရမည်ဖြစ်ကြောင်း ဆွေးနွေးစည်းရုံးလုပ်ရှားမှုများ အလျင်အမြန်လုပ်သင့်ကြပေပြီ။

နိဂုံးချုပ်အဖြစ်ပြောလို သည်မှာ ရှေ့လာမည့် တနင်္ဂနွေ ၂၇.၄.၂၀၀၈ ကို စင်္ကာပူရှိမြန်မာလူမျိုးများ၏ မဲဆန္ဒပေးသည့်နေ့ ဟု သတ်မှတ်၍ စည်းစည်းလုံးလုံး တညီတညွှတ်တည်း သံရုံးသို့ ကန့်ကွက်မဲသွားထည့်ကြပါ၊ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ရောက်တဲ့နေရာမှာ ရတဲ့အခွင့်အရေးနဲ့ ကယ်တင်ကြပါ။ မြန်မာနိုင်ငံ အမြန်ဆုံး လွတ်မြောက်ရန် ရည်သန်လျှက်……….

ရဲဘော်ဇေ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

Saturday, April 12, 2008

စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးသို့ တိုက်တွန်းနိုးဆော်ခြင်း

စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့ (၁၁.၄.၂၀၀၈) နေ့မှစ၍ (၂၀.၄.၂၀၀၈)နေ့ အထိ၊ (၁၀)ရက်တိတိ ဒီနှစ်မှာ ပိတ်တယ်လို့ ကြားသိရပါတယ်။ မည်သည့် အရေးတကြီး ကိစ္စများရှိသည်ကို မည်သူမျှမသိရပါ။
မည်သို့ပင်ဖြစ်စေ အထူးစိတ်ဝင်စားစရာကောင်းသည့် အချက်မှာ၊ ယနေ့ထက်တိုင် မြန်မာသံရုံးမှ နေ၍၊ စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးအား လာမည့် မေလ(၁၀)ရက်နေ့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု၏ သဘောထားဆန္ဒခံယူပွဲနှင့်ပက်သက်၍ တစွန်းတပါဒမျှ ထုတ်ပြောခြင်း၊ကြေငြာချက်ထုတ်ခြင်းများ၊မလုပ်သေးခြင်းပင်ဖြစ်သည်။
ဆိုလိုသည်မှာ အခြားပြည်ပနိုင်ငံများရှိ သံရုံးများတွင် မေလ (၁၀) ရက်နေ့ ဆန္ဒခံယူပွဲအတွက် မြန်မာနိုင်ငံသား တရားဝင်ဖြစ်နေသူမှန်သမျှ မဲပေးခွင့်ရှိကြောင်း၊ မဲပေးမည့်သူများသည် သက်ဆိုင်ရာသံရုံးသို့ Register လာလုပ်ကြရန် ကြေငြာထားခဲ့ပြီးဖြစ်သော်လည်း စင်္ကာပူရှိမြန်မာသံရုံးမှာ ဤကဲ့သို့မဟုတ် လုံးဝတိတ်ဆိတ်စွာနေ၊နေခြင်းပင်ဖြစ်သည်။
ဤသို့ သံရုံးမှနေ၍ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဲပေးရမည်၊မပေးရမည်ကို စင်္ကာပူရှိမြန်မာလူထုအား အသိမပေးဘဲ နေနေသည်မှာ စင်္ကာပူရှိ မြန်မာလူထုအား မည်သို့၊မည်ပုံ အကောက်ကြံ၊မလိမ့်တပါတ်လုပ်ရန် ကြံစည်နေခြင်းလော ဟု၊တွေးစရာဖြစ်လာပါသည်။
ကျွန်တော်တို့မြန်မာပြည်ဖွား မြန်မာနိုင်ငံသူ၊နိုင်ငံသား အားလုံးတွင်၊ စင်္ကာပူနိုင်ငံ၌ ရောက်ရှိနေသော်ငြားလည်း ကျွန်တော်တို့ ရသင့်ရထိုက်သော အခွင့်အရေးကို ရယူတတ်ရန် လိုအပ်ပါသည်။ သံရုံးဖက်မှ KEEP QUIETနေ နေ၍၊ ကျွန်တော်တို့ဖက်ကလည်း KEEP QUIET မနေသင့်ပါ။ ထိုသို့နေ နေပါက၊ ကျွန်တော်တို့၏ ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးမည့်အပြင်၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် နစ်နာစရာများစွာဖြစ်လာနိုင်ပါသည်။ အချိန်လွန်မှ နောင်တရ ရခြင်းများ မဖြစ်စေလိုပါ။ သို့ပါ၍ စင်္ကပူရောက် မြန်မာလူမျိုးများမှနေ၍ သံရုံးသို့ လူကိုယ်တိုင်သွား၍၎င်း၊ စာတိုက်မှတဆင့် စာရေးမေးမြန်း၍သော်၎င်း လူထုဆန္ဒခံယူပွဲအတွက် မည်သို့မည်ပုံ မဲပေးကြရမည်ကို မေးမြန်းစုံစမ်းသင့်ကြပါပြီ ဟု ကျွန်တော်အနေနှင့်တိုက်တွန်းလိုပါသည်။


- ကိုဇေယျာထွန်း

အပြည့်အစုံဖတ်လိုလျှင်

Monday, March 31, 2008

မစားပဲ စွန့်သွားသော အာဇာနည် ဦးမြင့်သိန်း၏ နောက်ဆုံးခရီး….


































































အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ မန်ဒိုင်း Mandai သုဿာန်မှာ မတ် လ ၃၀ ရက်နေ့ ညနေ ၇ နာရီ ၃၀မိနစ် မိသားစုဝင်များ ဖြစ်တဲ့ ဇနီးဖြစ်သူနဲ့  သားဖြစ်သူတို့ အပါအ၀င် စင်ကာပူရှိ မြန်မာ့ဒီမိုကရေစီလိုလားသူများ နှင့် မိတ်ဆွေ အပေါင်း အပါများ လိုက်လံ ပို့ ဆောင်ခဲ့ပါတယ်။ ညနေ (၇)နာရီ (၁၅) မိနစ်ခန့် မှာ ဦးမြင့် သိန်းရဲ့ ရုပ်ကလပ်ကို ရေခဲတိုက် မှ သယ်ဆောင် လာပြီး ဈာပနအခန်းအနားကို စတင်ခဲ့ပါတယ်။

ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ သံဃာတော်များမှ သရဏဂုံတင်ပေးပြီး ပရိတ် တရား တော် များကို ကြားနာခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူရှိသံဃာတစ်ပါးမှ ဦးမြင့်သိန်းရဲ့  ဒီမိုကရေစီ ရေးအ တွက် စိတ်ဓါတ်နဲ့ ခံယူချက်ကို လေးစားဂုဏ်ယူကြောင်း ယခုကဲ့သို့ အသက်ဆုံးရှုံးသွားသည့် အချိန်အထိ မြန် မာ့ ဒီမိုကရေစီ အရေးအတွက် ပြည်သူ့ တွေအပေါ်မှာနဲ့  မဲဆန္ဒရှင်များအပေါ်မှာ သစ္စာရှိရှိအသက်နဲ့  ခန္ဓာကိုယ် ကို စတေးခဲ့တဲ့အထိ တာဝန်ကျေပွန်ခဲ့တဲ့အတွက် အထူးပဲလေးစားဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ ထိုသို့ ပြောကြားရာမှာ ဦးမြင့်သိန်းကဲ့သို့  နောင်လာနောက်သားများဟာလဲ မြန်မာ့ဒီမိုကရေစီ အရေး အတွက် ဆက် လက် တိုက်ပွဲဝင်သွားဖို့ ကို ဆရာတော်မှမှာကြားသွားပါတယ်၊ ဆရာတော် ဟောကြားသွားတဲ့အထဲမှာ ကွယ်လွန်သူ ဦးမြင့်သိန်း အား ကောင်းရာ သုဂတိရောက်ပါစေ လို့ ဆုတောင်း ပေးလိုပါကြောင်း နဲ့ ၊

အကယ်၍ များ နောင်ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိ တဲ့ နိုင်ငံမှာသာ လူ့ ဘ၀အဖြစ် ပြန်လည် အသက်ရှင်နိုင်ပါစေလို့  အထူးဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်းဆိုပြီး ထဲ့သွင်း ပြော ကြားသွားပါတယ်၊ ၄င်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ မွန်ပြည် နယ် အတွင်းရေးမှုး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (ကျိုက်မရောမြို့ နယ်)မှ ကွယ်လွန်သူ ဦးမြင့်သိန်း အား လေးစား ဂုဏ်ပြုသောအားဖြင့် ဈာပန အခန်းအနားကို တစ်မိနစ်ငြိမ်သက်၍ ၀မ်းနည်းစွာဖြင့် ဂုဏ်ပြုကြပါတယ်။ ဆက်လက်ပြီး ဈာပနအခန်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် မှ အမိန့် ပြန်တမ်းကို စင်ကာပူရှိ ပြည်ပရောက်မျိုးချစ်မြန်မာ လူငယ်များ အဖွဲ့ မှ ဦးဆောင် ဖတ်ကြားခဲ့ပါတယ်။

အဖွဲ့ ချုပ် ဗဟို ရဲ့ အမိန့် ပြန်တမ်း ဖတ်အပြီးမှာပဲ တက်ရောက်လာသူ အပေါင်းမှ မြန်မာနိုင်ငံတော်သီချင်းဖြစ်တဲ့ ကမ္ဘာမကြေသီချင်းကို ၀မ်းနည်း ကြောင်း အထိမ်းအမှတ် အဖြစ် သံပြိုင် သီဆိုခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူမြန်မာမျိုးချစ်လူငယ်တစ်ဦးမှ ဦးမြင့်သိန်းရဲ့ နောက်ဆုံးခရီးမှာ စင်ကာပူရောက် ဒီမိုကရေစီ လိုလားသူများမှ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုက ရေစီပေါ်ပေါက်လာတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့  ဈာပနအခန်းအနား တက်ရောက်လာသူများကို တိုက်တွန်း သွားပါတယ်၊ နောက်ဆုံးအနေနဲ့ သားဖြစ်သူ ကိုအောင်သူရ မှ ဖခင်ဖြစ်သူအတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုးလုပ်ဆောင်ပေးခဲ့သူအပေါင်းနဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာသော ဒီမိုကရေစီ ဘက်တော်သား များအားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်၊

နောက်ဆုံးအနေနဲ့  ကွယ်လွန်သူဦးမြင့်သိန်းရဲ့ ရုပ်ကလပ်ကို လွမ်းခြုံထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အ လံကို စင်ကာပူ မျိုးချစ်မြန်မာများ အဖွဲ့ သားများမှ သားဖြစ်သူ ကိုအောင်သူရကိုပေးအပ်လိုက်ပြီး ဦးမြင့် သိန်း ၏ ရုပ်ကလပ်ကို မီးသင်္ဂြိုလ်စက်သို့ သယ်ဆောင်သွားခဲ့ပါတယ်။ ဦးမြင့်သိန်း ရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုလ် နေချိန်မှာ ကမ္ဘာမကြေဘူး ဆိုတဲ့ ၈၈ အရေးအခင်းမှာ နာမည်ကြီးခဲ့တဲ့ သီချင်းကို သံပြိုင်သီဆိုပြီး ၀မ်း နည်း မျက်ရည်များဖြင့် တက်ရောက်လာသူများ ငိုကြွေးရင်းသီဆိုခဲ့ကြပါတယ်။ ဈာပနတက်ရောက်လာသူများကို ယပ် တောင်များနှင့် အရှင်ဆန္ဒာဓိက ရေးသားတဲ့ တကယ်မသေခင် အစမ်း သေကြည့်ကြရအောင် ဆိုတဲ့စာအုပ်နဲ့ အနှိုင်းမဲ့အဖေါ် စာအုပ်တို့ ကို ဓမ္မလက်ဆောင် အဖြစ်ဖြန့် ဝေခဲ့ပါတယ်။ လာမည့် ဧပြီလ (၃)ရက်နေ့  ကြာ သာ ပတေးနေ့  နေ့ လည် (၁၁)နာရီမှာတော့ တိုပါးရိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ရက်လည် ဆွမ်း ကပ်တရား နာ ပြုလုပ်မယ်ဆိုတာကိုလည်း ကျန်ရစ်သူမိသားစုမှ ဖိတ်ကြားထားကြောင်း သတင်း ရရှိပါ တယ်။

Nicknayman blog မှ…..




















အပြည့်အစုံဖတ်လိုလျှင်

Sunday, March 30, 2008

ဝမ်းနည်း ကြေကွဲကြောင်း သ၀ဏ်လွှာ




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းဟာ အစာအိမ်ကင်ဆာ ရောဂါနဲ့  စင်ကာပူမှာ သွားရောက်ဆေးဝါးကုသနေရင်း မတ်လ ၂၈ ရက်နေ့ ည (8 နာရီ 15 မိနစ်) အချိန်မှာ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။

အပြည့်အစုံဖတ်လိုလျှင်