စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, February 14, 2008

အထူးဝမ်းနည်းကြေကွဲခြင်း

အထူးဝမ်းနည်းကြေကွဲခြင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ တော်လှန်ရေးတိုက်ပွဲကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကျဆုံးသွားခြင်းအား အထူးကြေကွဲဝမ်းနည်းရပါကြောင်း၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါကြောင်းနှင့် ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှခံစားရပါကြောင်း ကြေညာအပ်ပါသည်။

အစအဆုံး..ကြည့်ချင် ရင်...

အနှစ်ချုပ်..သာ.....

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စစ်အာဏာရှင်ကို အပြီးသတ်ဖြုတ်ချတိုက်ပွဲဝင်ကြ




ကျွန်တော်တို့အားလုံးသည် တနေ့တွင် ခေါင်းဆောင်သူ၊ ခေါင်းဆောင်မှု စသည်တို့ကို မမျှော်ကိုးရသည့် အခြေအနေရောက်ခါ ကျွန် တော်တို့အားလုံးလိုပင် သူရဲကောင်းများ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြရပေလိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်း

ပြည်သူလူထု တရပ်လုံးနှင့် ရဲ ဘော်ရဲဘက် အပေါင်းတို့ 

၂၀၀၈ ခု ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့၉၃ နှစ်မြောက်မွေး နေ့  ကျရောက်ပြီ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်က လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် က ဗိုလ်ချုပ်မျှော်လင့် ခဲ့တဲ့ လူ့ ဘောင်လူ့ လောက ကို ဒီနေ့ ဒီအချိန်အထိ ကျနော်တို့  မတည် ဆောက် နိုင်သေးပါဘူး။ လက်ရှိအနေ အထားမှာ စစ်အုပ်စု ကလဲ ရွေးကောက်ပွဲ ဆိုတဲ့တောဆင်ကြီးကို နောက်တစ်ကြိမ် လက်ညိုးထိုးပြပြီး အပိုင်ပေးမယ်ပြော လိုက်ပြန်ပါပြီ။ လာမဲ့ မေလမှာ ဆန္ဒခံယူပွဲလုပ်မှာ ဖြစ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်တဲ့ အကြောင်း တရာဝင် ကြေငြာလိုက်တာဟာ ၄င်းတို့ရဲ့အာဏာလက်မလွတ်ရေး လမ်းကြောင်းကု ဆက်လက်ဆွဲကိုင်ထား မှာဖြစ်ကြောင်း ပြည်သူလူထုကို တရားဝင်အသိ ပေး စိန်ခေါ်လိုက် တာဖြစ်တယ်။ စစ်အုပ်စုရဲ့မစားရဝခမန်း ကတိအမျိုးမျိးအောက်မှာ ကောင်းသော မျှော်လင့်ချက် တွေနဲ့  ပြည်သူတစ်ရပ်လုံး နေထိုင်ခဲ့တာ လာမယ့် စက်တင်ဘာ ဆိုရင် နှစ်ပေါင်း (၂၀) တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဆီက တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် ယူမယ်လို့ဗိုလ်ချုပ်ဟာ တိုင်းပြည်ကို ကတိပေးပြီးတဲ့အခါ မှာ “အကောင်းဆုံးကို မျှော်လင့်ရင် အဆိုးဆုံးကို ပြင်ဆင်ထားကြပါ” ဆိုတဲ့ကတိစကား ကို ပြည်သူ ထံပါးခဲ့ပါတယ်။ အခုဒီစကားကို ကျွန်ုပ်တို့ နောက်တစ်ခါပြန်ကြားရပြန်ပါပြီ။ အဓိပ္ပါယ် ကတော့ ကျွန်ုပ်တို့ ဟာ မကြာခင်မှာ နောက်ဆုံးတိုက်ပွဲ တစ်ခုကို မလွဲမသွေ ရင်ဆိုင်ရတော့ မယ် ဆိုတာပါပဲ။ ဒါကြောင့် ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ဗိုလ်ချုပ်ရဲ့မွေးနေ့ အခါမှာ ဗိုလ်ချုပ်ဖြစ်စေ့ချင်တဲ့လူ့ဘောင်ကို ကျွန်ုပ်တို့ လက်တွေနဲ့  တည်ဆောက်ဖို့  သွားလေသူ ဗိုလ်ချုပ်ကို ကတိပေးကြရင်း၊ စစ်အာဏာရှင်ကို အပြီးသတ်ဖြုတ်ချတိုက်ပွဲ ဝင်ဖို့အသီးသီး ပြင်ဆင်နိုင်ရန် တိုက်တွန်းလိုက်ပါတယ်။

OBP ပြည်ပရောက် မျိုးချစ်မြန်မာများ(စင်္ကာပူ)


အပြည့်အစုံဖတ်လိုလျှင်

ကျွန်တော်၏ သဘောထား

၉.၂.၂၀၀၈ တွင် စစ်အစိုးရ ထုတ်ပြန်ကြေငြာချက် ဖြစ်သည့် ယခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မည် ဆို သည်နှင့် ပက်သက်၍ ကျွန်တော်၏ သဘောထားကို ယခုပင် ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ(၇)ချက်ကို လုံးဝကန့်ကွက် ဆန့်ကျင် ရှုံ့ချ ကြောင်း ရဲဝန့်စွာ တုံ့ပြန်လိုက်သည်။

၂၀၁၀ ခုနှစ်တွင် လုပ်မည့် ရွေးကောက်ပွဲ ကို စိတ်လည်းမ၀င်စား၊ ၂၀၀၈ အတွင်း လွတ်မြောက်ရေးကိုသာ ဦးထိပ်ထားသည်။

ပုံ-

54freedom

အပြည့်အစုံဖတ်လိုလျှင်

Saturday, February 9, 2008

လူထုအပေါ် မောက်မာသည့် ပြည်ခိုင်ဖြိုးတဦး ခေါင်းဖြတ်ခံရတယ်တဲ့…….


လူထုအပေါ် မောက်မာသည့် ပြည်ခိုင်ဖြိုးတဦး ခေါင်းဖြတ်ခံရတယ်တဲ့…….
ကောင်းလိုက်တဲ့ သတင်း…..ဖြစ်သင့်တာ ကြာပြီ…..
အပြစ်မဲ့ လူထုကို ဒုက္ခပေးနေတဲ့ကောင်တွေ ဒီလိုပဲ ဒဏ်ပေးရမယ် ဖြစ်နိုင်ရင် အဲ့ဒီလို လုပ်တဲ့သူကို ဆုငွေတောင် ပေးသင့်တယ်။ အဲ့ဒီလို မတထောင် တကောင်ဘွား၊ ကျား ဆိုမှ ကျား တွေ များများ
ထွက်ပေါ်လာပါစေဗျာ….


အပြည့်အစုံဖတ်လိုလျှင်

ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ အထိမ်းအမှတ် စာအုပ်များ

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျနော်တို့၏ မြန်မာနိုင်ငံအား တိုင်းတပါးကျွန်အဖြစ်မှကယ်တင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဟု ဖြစ်လာမည့် မောင်ထိန်လင်းအား ရှေ့နေ ဦးဖ၊ အမိဒေါ်စု တို့မှ ဖွားမြင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးကသာမက ကမ္ဘာကပင် လေးစားဂုဏ်ယူခဲ့ကြပါသည်။ယခုလာမည်ဖေဖော်ဝါရီလ ၁၃ ရက်နေတွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေတွင် ဗိုလ်ချုပ်အောင်ဆန်းအား တမ်းတ သောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များအား လေ့လာလိုသူတို့ လေ့လာနိုင်ရန် ဗိုလ်ချုပ်နှင့် ပတ်သတ်၍ ကျွန်ုပ်တို့ ဆုဆောင်ရရှိသမျှလေးအား ဝေငှလိုက်ပါသည်။ ထို့နည်းတူ မြန်မာသမိုင်းတွင်သာမက၊ အာရှသမိုင်းတွင်ပါ မော်ကွန်းတင်နိုင်ခဲ့သော ဦးသန့် အကြောင်းနှင့် ကျောင်းသားအရေးတော်ပုံ သမိုင်းများကိုပါ တပြိုင်တည်း တင်ပြ လိုက်ပါသည်။


ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ အထိမ်းအမှတ် အဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များကို http://myomyintaungmm.blogspot.com/2007/11/blog-post_15.html တွင် စုစည်း ဖော်ပြထားပါသည်။
အထက်ဖော်ပြပါ ဘလော့ဂ် လင့်ခ် ကို နှိပ်၍ စာအုပ်များကို Download လုပ်၍ ဖတ်ရှု့ကြပါ ခင်ဗျာ….



အပြည့်အစုံဖတ်လိုလျှင်

Friday, February 8, 2008

နေဘုန်းလတ်သို့ ( FREE NAY PHONE LATT)

နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။Summary

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။ ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်