စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, January 11, 2008

Rambo2008

ရုံတင်ရင်တော့ ရှေ့ဆုံးကနေ သွားကိုကြည့်ဦးမယ်…..


မကြာမှီ ရုံတင်ပြသတော့မည့် HE IS BACK ရမ်ဘိုဇာတ်ကားသည် မြန်မာနိုင်ငံအကြောင့်နှင့် မြန်မာစစ်တပ်နှင့် ရမ်းဘို တိုက်ခိုက်ခဲ့ပုံအကြောင်းကို ရမ်ဘိုကိုယ်တိုင် သရုပ်ဆောင်ဒါရိုက်တာလုပ်၍ ရိုက်ကူထားခြင်းဖြစ်သည်။

Rambo ရုပ်ရှင် ပြသ သည်နှင့် တပြိုင်နက်တည်း နိုင်ငံတကာတွင်ရောက်ရှီသော တိုင်းပြည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းသာယာရေးလိုလားသည့် တိုင်းချစ်ပြည်ချစ်မြန်မာလူမျိုးများအနေဖြင့် ရုပ်ရှင်ရုံတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံ ပါသော တီရှပ် သို့ မဟုတ် မည်သည့်မြင်သာထင်သာသည့် အင်္ကျီ လက်ပတ် အလံ ဖြင့်မဆို သွားရောက်ကာ ရုပ်ရှင်လာပရိသတ်များအားမိမိတို့ မြန်မာလူမျိုးများဖြစ်ကြောင်း မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား န.အ.ဖ စစ်အာဏာရှင်မှ ဓါတု အဆိပ်ဖြင့် တဖြေးဖြေး ဘ၀ဆုံးစေရန်လုပ်ကြံကြောင်းနှင့် မိမိတို့ မြန်မာပြည် ဒီမိုကရေစီရေးအတွက်လူသားချင်းစာနာမှုဖြင့် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံစာများ လက်ကမ်းစာစောင်များဝေငှကြပါ။.


Overview

Writers:
Sylvester Stallone (written by)
David Morrell (characters)
Release Date:
24 January 2008 (Singapore) more view trailer
Tagline:
Heroes never die.... They just reload.
Plot Outline:
In Thailand, John Rambo (Stallone) assembles a group of mercenaries and leads them up the Salween River to a Burmese village where a group of Christian aid workers allegedly went missing.














Plot summary for
Rambo (2008)


Vietnam veteran John Rambo has survived many harrowing ordeals in his lifetime and has since withdrawn into a simple and secluded existence in Bangkok, where he spends his time salvaging old PT boats and tanks for scrap metal. Even though he is looking to avoid trouble, trouble has a way of finding him. A group of Christian human rights missionaries, led by Michael Burnett and Sarah Miller, approach Rambo with the desire to rent his boat to travel up the river to Burma. For over fifty years, Burma has been like a war zone. The Karen people of the region, who consist of peasants and farmers, have endured brutally oppressive rule from the murderous Burmese military and have been struggling for survival every single day. This is the time when medical assistance and general support from the Christian missionaries is needed most. After some consideration, and due to insistence from his mentor, former military man Ed Baumgartner, Rambo accepts the offer and takes Michael, Sarah, and the rest of the missionaries up the river. When the missionaries finally arrive at the Karen village, they are ambushed by the sadistic Major Pa Tee Tint and a slew of Burmese army men. A portion of the villagers and missionaries are tortured and viciously murdered, while Tint and his men hold the remainder captive. News soon reaches the minister in charge of the mission and with the help of Ed Baumgartner he employs Rambo to lead a rescue effort. With five young and highly diverse mercenaries at his disposal, Rambo has to travel back up the river and liberate the survivors from the clutches of Major Tint in what may be one of his deadliest missions ever Written by stallonezone.com

The next chapter finds Rambo recruited by a group of Christian human rights missionaries to protect them against pirates, during a humanitarian aid deliver to the persecuted Karen people of Burma. After some of the missionaries are taken prisoner by sadistic Burmese soldiers, Rambo gets a second impossible job: to assemble a team of mercenaries to rescue the surviving relief workers. Written by aintitcool.com

အပြည့်အစုံဖတ်လိုလျှင်

ငြိမ်းချမ်းရေးလမ်းလျှောက်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သော၊ မြန်မာနိုင်ငံ ရဟန်းတော်များအား ၊ ပြည်ပရောက် မျိုးချစ်မြန်မာများ ( စင်္ကာပူ ) မှ၊ အပြ

ငြိမ်းချမ်းရေးလမ်းလျှောက်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သော၊ မြန်မာနိုင်ငံ ရဟန်းတော်များအား ၊ ပြည်ပရောက် မျိုးချစ်မြန်မာများ ( စင်္ကာပူ ) မှ၊ အပြည့်အ၀ ထောက်ခံအားပေး ဂုဏ်ယူပါကြောင်း ။
















































































အပြည့်အစုံဖတ်လိုလျှင်

Thursday, January 10, 2008

ဗမာပြည် ဒီမိုကရေစီ ရရှိရေးအတွက် လမ်းစလေလား

ဗမာပြည် ဒီမိုကရေစီ ရရှိရေးအတွက် လမ်းစလေလား??
DVB မှ သတင်းကောင်းတစ်ပုဒ်ကို ဖတ်ကြည့်ကြပါဦး ခင်ဗျာ




ဒီမိုကရေစီ အရေးလှုပ်ရှား နေသူများ အရှိန်အဟုန် မပျက်ပဲ ဆက်လက်လှုပ်ရှားကြပါ။ နိုင်ငံရေး ဒီရေ အပေါ်လိုက်၍ သူများတွေ အရှိန်ကျလို့ ကိုယ့်ကိုကိုယ် လိုက်မချလိုက်ပါနှင့်။ နိုင်ငံရေး အတက်အကျအပေါ်လိုက်၍ ပြောင်းလဲနေခြင်းသည် နိုင်ငံရေးကို ခုတုံးလုပ် အမြတ်ထုတ်လိုကြသူများ၏ စိတ်ကစားမှုသာ ဖြစ်သည်။

နိုင်ငံ့အရေးကို အမှန်တကယ် ဦးထိပ်ထား ဆောင်ရွက်နေသူများ၏ စိတ်ဓါတ်မှာ ဤသို့ မဖြစ်သင့်ပေ။ လုပ်သင့် လုပ်ထိုက် လုပ်စရာရှိသည် များကို တွေးတောကြံဆ၊ ရှာဖွေလုပ်ကိုင်နေ နေရမည်ဖြစ်သည်။

အားလုံး တကယ်လိုချင် တကယ်လုပ် အဟုတ်ရ၊ရမည်သာ ဖြစ်ပါသည်။



အပြည့်အစုံဖတ်လိုလျှင်

လွတ်လပ်ရေး နှစ် ၆၀ ပြည့် သြဘာစာ


လွတ်လပ်ရေး နှစ် ၆၀ ပြည့် သြဘာစာ
မဟာဒုတ်


သျှီ ...သျှီ... ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။
နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် (သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။
ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား “ဒုတိယ လွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်”ဟု လက်ဝါးကာပြ တားမြစ်အံ့။
ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည် အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။
ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် - ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။
ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။
တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊ မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။
မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။
သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။
ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။
လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။
စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။
တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။
ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။
ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိုင်သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။
လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။
ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။
x x x

ဟစ်တိုင် မှ ကောက်နုတ်ဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

Wednesday, January 9, 2008

မင်္ဂလာပါခင်ဗျာ

မင်္ဂလာပါဗျာ ပြည်ပရောက်မျိုးချစ်မြန်မာများ မှနေ၍ သွေးသစ်ခွပ်ဒေါင်း စာစောင်ကို လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဒီအပတ်အတွင်းထုတ်ဝေမည်လို့ သိရပါတယ်။ ဒီစာစောင်တွင် ကဗျာ၊ ကာတွန်း၊ ဆောင်းပါများနှင့် စင်္ကာပူ က မြန်မာများရဲ့ လှုပ်ရှားမှုဓာတ်ပုံများကိုဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။ စာစောင်ကို စင်္ကာပူ ဒေါ်လာ ၄ ဒေါ်လာဖြင့်ရောင်းချသွားမယ်လို့လည်းသိရပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့


ကိုမိုးသီးရဲ့ အရေးပေါ်ပန်ကြားချက် မှာု ကွန့်မန့်ရေးသွားတဲ့ ကိုလူပျင်းရဲ့အမြင်လေးကို လေ့လာကြည့်ကြပါဦး.....


luepyin said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့
---------------------------------------------------------

---------------------------------------------------------

မြန်မာနိုင်င်္ငံမှပြည်သူများ DEMOCRACY မရရှိသေး ရခြင်းအကြောင်းရင်းများ
----------------------------------------------------------------------------------

၁။ စစ်အစိုးရသည်ပြည်သူ့အတွင်းမှဖြစ်နေခြင်း[ကိုယ့်လူမျိုး] နှင့်ပြည်သူ့အားနဲချက်များကိုသိနေခြင်း၊

၂။ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း နှင့်အတွင်းဋ္ဌ်လည်း ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝမရှိသေးခြင်းနှင့်ထောက်ပံ့မှုအလုံအလောက်မရှိသေးခြင်း၊

၃။ ပြည်ပရောက် မြန်မာ့နိုင်င်္ငံရေးသမားများ၏ မြန်မာနိုင်င်္ငံကြီးနှင့်အလှမ်းကွာဝေးသည့်နှစ်ကြီးထွားလာခြင်း၊

၎။ စစ်အစိုးရ၏ အတွင်းပိုင်းပဂိုလ်ရေးဆိုင်ရာ[အတင်း]သတင်းများကိုသာ ရရှိပြီး စစ်တပ်၏ အားနဲချက်သတင်းအစစ်အမှန်ကိုအသေးစိတ်မရခြင်း၊

၅။ နိုင်င်္ငံရေးနှင့် စစ်တပ် အဖွဲ့အစည်းတိုင်းအတွင်းဋ္ဌ်ဆရာ၊တပည့်မွေးမှူများ ရှိနေသေးခြင်း၊

၆။ အခြေခံ ဆင်းရဲသားလူတန်းစား[လူများစု]၏ စားဝတ်နေရေးကိုအစိုးရကချုပ်ကိုင်ထားခြင်းဖြင့်ဌင်းတို့မိသားစုများ၏

သားသမီးများ[ပြည်တွင်း] ဘဝခိုင်မာရန်အကြောင်းပြလှည့်ကွက်ဖြင့် DSA,DSTA,DSMA ၊စစ်သူနာပြု၊ အစရှိသည့်စစ်ကျောင်းကြီးများကိုအောင်မြင်စွာ ဆက်လက်ဖွင့်နေနိုင်သေးခြင်း၊

၇။ စစ်အစိုးရ၏ နိုင်ငံရေး ကြိုးဆွဲ ကွက်များထဲတွင် တချို့နိုင်ငံရေးသမားများ ဆက်လက် ကနေဆဲများ ရှိနေသေးခြင်း၊

၈။ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းဋ္ဌ်လည်းသာတူညီမျှမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်း အပြည့်အဝယုံကြည်မှုများမရှိသေးခြင်း၊

၉။ တော်လှန်ရေးတိုင်း၏အားနည်းချက်/အားသာချက်များကိုပြန်လည်သုံးသပ်ပြီး ပြည်သူလူထုကိုအောင်ပွဲခံစေမည့်ထိရောက်သည့် နည်းဗျူဟာသစ်များချမှတ်ပေးနိုင်မှုမရှိသေးခြင်း၊

၁၀။နိုင်ငံရေးသမားများတချို့၏ ပြည်သူ့သစွာခံနှင့် နိုင်ငံရေး ပါး မ ဝသေး ခြင်း၊

အပြည့်အစုံဖတ်လိုလျှင်

။ အမေစု အတွက် အရမ်းကို စိုးရိမ်စရာပဲ


ကိုမိုးသီး ဘလော့ဂ်မှာ ဖတ်လိုက်ရတဲ့ ၇.၁.၂၀၀၈ တနင်္လာနေ့ ပါ၊ အထူးပန်ကြားချက် ဆိုတဲ့ ဆောင်းပါးဖတ်လိုက်ရတာ၊ ရင်ထိတ် စရာကြီးဗျာ။ အမေစု အတွက် အရမ်းကို စိုးရိမ်စရာပဲ။ အမေစု ကိုဟိုခွေးမျိုးတွေ လုပ်ကြံသတ်ဖြတ်လို့ မရအောင် ကာကွယ်ရမယ်။ ကာကွယ်ကြစို့။

ညီနောင်အပေါင်းတို့ သွေးစည်းကြပါ၊ ညီညွှတ်ကြပါ။ အရေးကြီးနေပြီ။

ကိုမိုးသီးရဲ့ အထူးပန်ကြားချက် သတင်းကို သူ့ဘလော့ဂ်မှ တဆင့် ကူးယူဖော်ပြလိုက်ပါတယ်။


Monday, 7 January 2008

အရေးပေါ်ပန်ကြားချက်


ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ် စိုးရိမ်စရာရှိနေပြီ

သူကို အစွမ်းကုန် ကာကွယ်ကြ

ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
သန်းရွေ ၊ဒေါ်ကြိုင်ကြိုင် နဲ့ အောင်သောင်းတို့  ပူးပေါင်း ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအဆိပ်ခတ်ထားလိုက်ပြီ။ သူမအိမ်ကိုသွားတဲ့ရေပိုက်ကနေတဆင့်အဆိတ်ခတ်တာဖြစ်တယ်။အဆိတ်ကရုတ်တရုက်သေဆုံးတာမျိုးမဖြစ်ပဲတဖြေးဖြေးဦးဏှောက်နဲ့အာရုံကြောတွေထိခိုက်ပျက်ပြားသွားအောင်လုပ်တာလို့ သိရပါတယ်။
ဒီသတင်းကို ပြည်တွင်းရှိဒီမိုကရေစီကွန်ယက်တခုမှပေးပို့ လာတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဖြစ်နိင်ချေရှိတယ်လို့ကျနော်ယုံကြပါတယ်။ဒီကိစ္စဟာဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးအတွက်အလွန်အရေးကြီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ကျမ္မာရေး ဆေးဝါး စစ်ဆေးမှု ပြုလုပ်ပေးဖို့  ကုလသမဂ္ဂ အတွင်းရေးမှုး ၊အမေရိကန်သမ္မတနဲ့သမ္မတကတော်နဲ့ဥရောပပါလီမာန်တို့ကိုတောင်းဆိုပေးကြဖို့အလေးအနက် မေတ္တာရပ်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ်ကို အစွမ်းကုန် ကယ်တင်ကြပါစို့  .......
မိုးသီးဇွန်
ရွေဝါရောင်လှုပ်ရှားမှု

အပြည့်အစုံဖတ်လိုလျှင်