မြန်မာစစ်အစိုးရဟာ ရဟန်းသံဃာတော်တွေကို ဆက်လက် ပြီး အနှောက်အယှက်ပေးနေတဲ့အပြင်၊ ဒီမိုကရေစီလှုပ်ရှားသူတွေကိုလည်း ဆက်ပြီး ဖမ်းဆီးနေတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ပစ်တင်ရှုံ့ချလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက နိုံဝင်ဘာလ ၁၉ ရက် နေ့ စနေနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ၊၊
ဘုန်းတော်ကြီးကျောင်းကို ပိတ်ပစ်လိုက်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့လုပ်ရပ်ဟာ အတော်လေးကို ဆိုးဝါးေုကာင်း၊ ဒီဖိနှိပ်မှုတွေကိုကြည့်ရင် နိုံင်ငံရေးလှုပ်ရှားသူတွေ အကျဉ်းကျခံနေရမှု အဆုံးသတ် သွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့နဲ့ အပြည့်အဝပူးပေါင်းနေပါတယ်ဆိုတဲ့ စစ်အစိုးရရဲ့ ပြောဆိုချက်ဟာ လက်ခံယြုကညနိုံင်စရာ မရှိေုကာင်း ဖော်ူပထားပါတယ်၊၊
ဒါ့အပြင် အခုလို ဆက်လက်ဖမ်းဆီးနေမှုတွေကြောင့် စစ်မှန်တဲ့ တွေဆုံဆွေးမှုကနေ ဒီမိုကရေစီ အတွက်ူပြူပင်ေူပာင်းလဲရေးတွေ လုပ်ဆောင်သွားမယ်ဆိုတဲူ့မန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ပြောဆိုထားချက်ကို အလေးအနက် မေးခွန်းထုတ်ရမှာဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစြုကည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တခြားမရေတွက်နိုင်တဲ့ ဖမ်းဆီးခံထိန်းသိမ်းခံထားရသူတွေကို ပြန်လွတ်ပေးဖို ထပ်မံတောင်းဆိုလိုက်ေုကာင်း၊ ဒီမိုကရေစီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး မြန်မာနိုံင်ငံမှာ ဒီမိုကရေစီအရပ်သားတရပ် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားဖို့လိုကြောင်း စသဖြင့် အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
From RFA News



