စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 24, 2008

မုန်တိုင်းကြောင့် သေဆုံးစာရင်း စစ်အစိုးရထပ်တိုး

Agencies/ ၂၄ ဇွန် ၂၀၀၈

မေလဆန်းက မြန်မာနိုင်ငံ၌ တိုက်ခတ်သွားသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံး သွားသူအရေအတွက်မှာ (၈၄,၅၀၀) ဦးကျော် ရှိသွားပြီဟု စစ်အစိုးရ ထိပ်တန်းဝန်ကြီးတဦးက ယနေ့ပြောကြားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက တရားဝင်စာရင်းအရ သေဆုံးသူအရေအတွက် စုစု ပေါင်းမှာ (၈၄,၅၃၇) ဦးဖြစ်ပြီး (၅၃, ၈၃၆) ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ဒဏ်ရာရသူ (၂၀,၀၀၀) ဦးခန့်ရှိသည်ဟု ရန်ကုန်တွင်ကျင်းပသော မြန်မာအစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ပါဝင်သည့် ပူးတွဲလေ့လာအကဲဖြတ်အဖွဲ့ အစည်းအဝေးပွဲ၌ ပြောကြားသည်။

ယခင်က သေဆုံးသူအရေအတွက် စုစုပေါင်း (၇၇,၇၃၈) ဦး၊ ပျောက်ဆုံးသူ (၅၅,၉၁၇) ဦးနှင့် ဒဏ်ရာရရှိသူပေါင်း (၁၉,၃၅၉) ဦးရှိသည်ဟု နအဖစစ်အစိုးရက မေ (၁၆) ရက်၌ နောက်ဆုံး သတင်းထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် လူပေါင်း (၂.၄) သန်းလေဘေးဒဏ်ခံရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ။

Rest of your post

No comments: