စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 2, 2008

ဒီပဲယင်းတွင် ဦးတင်ဦးကားမောင်းခဲ့သူ ကွယ်လွန်

အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

ဒီပဲယင်းအရေးအခင်းတွင် ဦးတင်ဦး၏ ကားမောင်းခဲ့သူ၊ မန္တလေးတိုင်း အန်အယ်လ်ဒီစည်းရုံးရေးအဖွဲ့ဝင် အသက် ၆၁ နှစ်ရှိ ဦးအောင်စိုးသည် ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင်ကွယ်လွန်သွားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဦးအောင်စိုးသည်မကွယ်လွန်မီတွင် နှလုံးရောဂါဝေဒနာခံစားခဲ့ရပြီး ၎င်းဝေဒနာဖြင့် မန္တလေးမြို့ရှိ နေအိမ်တွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အန်အယ်လ်ဒီ စည်းရုံးရေးမှုးဦးမျိုးနိုင်က “ဦးအောင်စိုးက ဈေးချိုထဲမှာ ဆိုင်ခန်းနဲ့ အတော်ကို စီးပွားရေး တောင့်တင်းခဲ့သူတယောက်ပါ၊ နောက်ပိုင်းမှာတော့သူ့ နိုင်ငံရေးယုံကြည်ချက်အရ နိုင်ငံရေးကိုဝင်ခဲ့ပါတယ်၊ အခု အသက် ၆၀ ကျော်လည်း လူငယ်တယောက်လို ထက်ထက်မြက်မြက်နဲ့ ဖြစ်ပါတယ်၊ ကျနော်တို့ အဖွဲ့ချူပ်အနေနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေကပါ ဆုံးရှုံးရပါတယ်”ဟု ပြောသည်။

ဦးအောင်စိုးသည် ၁၉၉၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းအတွင်း လူရွှင်တော် ဦးပါပါလေး နှင့် ဦးလူဇော်တို့၏ အငြိမ့်ပွဲကို စီစဉ်ညွန်ကြားခဲ့သောကြောင့် အာဏာပိုင်းများက ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ထောင် ၇ နှစ် ချမှတ်ခဲ့သည်။

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်းတွင် အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး၏ ကားမောင်းတာဝန် ယူခဲ့သူ အဆိုပါ ဦးအောင်စိုးသည် ယင်း မေ ၃၀ မှ စပြီး ၉ လကြာ ရွှေဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။

ဦးအောင်စိုး ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်ရီနှင့် သားသမီးသုံးဦး ကျန်ရစ်သည်။ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို မန္တလေးတောင်မြင့် သုသာန်တွင် မီးသင်္ဂြီုဟ်မည် ဖြစ်သည်ဟု အန်အယ်လ်ဒီက ပြောသည်။
Rest of your post

No comments: