စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, July 7, 2008

လာမည့်ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်က ပါတီထောင်မည်ဟု ကချင်လက်နက်ကိုင်အဖွဲ့ပြော

NEJ/ ၇ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်က ပါတီထောင်မည်ဖြစ်ပြီး စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပါတီများနှင့် မဟာမိတ်အဖြစ် ပူးပေါင်းသွားမှာဖြစ်ကြောင်း NDAK ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့က ယနေ့ ထုတ်ဖော်ပြောဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ဗိုလ်မှူးချုပ်စိုးဝင်းနှင့် မကြာခင်က တွေ့ဆုံခဲ့သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ကို ခေတ်ပြိုင်က တယ်လီဖုန်းဖြင့် မေးမြန်းရာ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်က ပါတီထောင် ၀င်ရောက်ယှဉ်ပြိုင်ရေးအစီအစဉ်ကို ထောက်ခံသည့်အဖွဲ့အစည်း အတော်များများရှိသည်ဟု ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။ စစ်အစိုးရကျင်းပရန် ရည်မှန်းထားသည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တစညပါတီက
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိ ကြံ့ဖွံ့အဖွဲ့ကိုလည်း နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲမည်ဟု တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးဝင်းနှင့်တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေးအဖွဲ့များ လက်နက်ချရေးအတွက် ဖိအားပေးခဲ့ခြင်းရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ဖိအား ပေးခဲ့ခြင်း မရှိကြောင်း ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။

ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့သည် ၁၉၈၉ ခု ဒီဇင်ဘာတွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ် အထူးဒေသ (၁)
ပန်ဝါနယ်မြေကို အုပ်ချုပ်ခွင့်ရထားသည့် အဖွဲ့ဖြစ်သည်။ ၁၉၉၃ အမျိုးသားညီလာခံကို NDAK ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိဘဲ ၂၀၀၄ ခု အမျိုးသားညီလာခံကျမှ NDAK ကိုယ်စားလှယ် (၅) ဦး စတင်တက်ခဲ့သည်။ ။

No comments: