NEJ/ ၃၀ ဇွန် ၂၀၀၈
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) စခန်းအား ယနေ့နံနက်
(၄) နာရီမှ စတင်ကာ ဒီကေဘီအေနှင့် နအဖတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံး များရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးတဦးက "ဒီမနက် (၄) နာရီကနေ စပြီးတော့ တပ်ရင်း (၂၀၁) ရှိတဲ့ ဝေါ်လေခီးဂွင်ကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် လာတိုက်တာဖြစ်တယ်။ အခုအချိန်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ဒီညပိုင်းမှာတော့ အခြေအနေ ဘယ်လိုလာအုံးမလဲ မသိ သေးဘူး" ဟု ပြောသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) တို့ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ မသန်မစွမ်း စစ်သည် နှစ်ဦး ဖမ်းဆီးခံရကာ တဦးမှာ လက်နက်ကြီးကျည်စ မှန်၍ ကျဆုံးသွားသည်။ ဒီကေဘီအေနှင့် မြန်မာစစ်တပ်ဘက်မှ အသေအပျောက်စာရင်း မသိရှိရသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စခန်းများသည် ခံစစ်ရှင်ပြောက်ကျားစနစ်အား အသုံးပြုလျှက်ရှိပြီး တပ်ရင်း (၂၀၁) ဝေါ်လေခီးစခန်းအား ဒီကေဘီအေနှင့် မြန်မာစစ်တပ်များ ယခင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့ တပ်ရင်း (၉၀၇) သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။
Rest of your post
Monday, June 30, 2008
ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်
Posted by
54freedom
at
10:40 PM
Labels: ပြည်တွင်းသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment