စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, January 24, 2008

စပိန်နိုင်ငံက ဆုချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက် လှုပ်ရှားမှုအတွက် စပိန်နိုင်ငံက ဆုချီးမြှင့်
ပီတာအောင်/ ၂၃ ဇန်န၀ါရီ ၂၀၀၈

အကြမ်းမဖက်သည့် ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စပိန်နိုင်ငံရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အာဘို ဂါဒို ဒေ အာတိုချာ ဖောင်ဒေးရှင်းက အာတို ချာရှေ့ နေများဆု (Abogados de Atocha) ကို ဂုဏ်ပြု ချီးမြှင့်သည်။

ယင်းဆုကို ယမန်နေ့ ညနေက စပိန်နိုင်ငံ တိုလေ ဒိုးမြို့၌ ကတ်စတီရာလာလာမန်းချားပြည်နယ် သမ္မတ ဟိုဆေး မာရီရာဘာရတ်တာက အခမ်းအနားဖြင့် ပေးအပ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီး ဦးဘိုလှတင့်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုလက်ခံယူသည်။

ဦးဘိုလှတင့်က “ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်တဲ့နည်းနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိအောင် ဦးဆောင်ကြိုးပမ်းနေတဲ့ အမျိုးသမီးခေါင်းဆောင်ဖြစ် တယ်။ သူ့ရဲ့အတွေးအခေါ်ကလည်း အကြောက်တရား ကင်းဝေးဖို့အတွက် လူတွေကို ဦးဆောင် လမ်းညွှန်ပေးနေတယ်။ သူဟာ အကြမ်းမဖက်ဘဲ နှလုံးရည်နဲ့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ဖြစ် တယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် သူ့ရဲ့ကိုယ်ကျိုးစီးပွား အနစ်နာခံတယ်ဆိုတဲ့ အချက် တွေအပေါ်မှာ ပေးတာဖြစ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း(၂၅) နှစ်ခန့်က လူ့အခွင့်အရေးလှုပ်ရှားသူ စပိန်ရှေ့နေ (၉) ဦး အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်ကို အောက်မေ့သည့်အနေဖြင့် ယင်းဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး အကြမ်း မဖက်သည့်နည်းဖြင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရရှိအောင်ကြိုးပမ်းနေသူများကို ၂၀၀၂ ခုမှ စ၍ ရွေးချယ်ပေးအပ်သည်။

ယမန်နှစ်က မက္ကစီကိုနိုင်ငံမှ အမျိုးသမီး အခွင့်အရေး တိုက်ပွဲဝင်သူ အမျိုးသမီးခေါင်းဆောင်တဦး အဆိုပါဆုရရှိပြီး တရားမျှတမှုအတွက် ပေးအပ်သည့် နိုင်ငံတကာဆုအဖြစ် စပိန်နိုင်ငံသားတို့က တန်ဖိုးထား ဂုဏ်ယူကြသည်။

ဆုပေးအပ်သည့် အာဘိုဂါဒို ဒေ အာတိုချာဖောင်ဒေးရှင်းကို စပိန်နိုင်ငံရှိ နာမည်ကြီးကဗျာဆရာများ၊ ရှေ့နေများ အစိုးရ၀န်ကြီးများနှင့် လွတ်လပ်မှုကို မြတ်နိုးသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အပါ
အ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမြှင့်သည့် ဆုပေါင်း (၈၂) ခု ရရှိထားပြီးဖြစ်သည်။ ။



No comments: