ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 05 2008 12:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နာဂစ်ဘေး ဒုက္ခသည်များ ကယ်ဆယ် ထောက်ပံ့ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေသော နာမည်ကျော် သရုပ်ဆောင် ကိုဇာဂနာအား ရဲများက ယမန်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ၉ ဦးက နေအိမ်အတွင်း ရှာဖွေမှုများ ပိုက်စိတ်တိုက် လုပ်ခဲ့ပြီး ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “အဝတ်ထည့်ပါ၊ ခေါ်သွားမယ် တဲ့။ ကျမက “ဦးတို့က ဘယ်လို ဖြစ်တာလဲ၊ ရှာဖွေရေးပဲ လုပ်မယ် ပြောပြီးတော့ ဘယ်လိုဖြစ်လို့ ခေါ်သွားမှာလဲ” ဆိုတော့၊ နှစ်ရက်လောက်ပါပဲတဲ့” ဟု ညီမဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရှာဖွေရန် အတွက်ဟု ဆိုကာ အာဏာပိုင်များ နေအိမ်အတွင်း ဝင်ရောက်လာပြီး ကိုဇာဂနာ အိပ်ခန်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုခွေ ၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည အစရှိသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်၊ FEC ၃ဝ ၊ ဒေါ်လာ ၁ဝဝဝ နှင့် ကွန်ပြူတာ အစိတ်အပိုင်းတခု တို့ကိုပါ သိမ်းဆည်းသွားကြသည်။ မငြိမ်းက “စက်တင်ဘာတုန်းက လာဆွဲတုန်းကလည်း သူပဲ၊ ခရိုင်မှူး ဆိုသူပါပဲ။ စကားပြောတာလည်း မိုက်ရိုင်းတယ်။ နိုင်ငံရေးနဲ့ နာဂစ် အတွက်တော့၊ ကယ်ဆယ်ရေး လုပ်နေလို့တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိ၊ မရှိ အဲဒါလေးကို ရှာချင်ပါတယ်တဲ့” ဟု ပြောသည်။ ၁၉၈၈ ခုနှစ်မှ စတင်ကာ ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၅ကြိမ်မြောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရပြီး ၂ဝဝ၆ ခုနှစ် မေလမှ စတင်ကာ အနုပညာ လုပ်ငန်းများတွင် သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်ကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားသည်။
Rest of your post
Thursday, June 5, 2008
ဇာဂနာ အဖမ်းခံရပြန်
Posted by 54freedom at 6:57 PM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment