စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, May 11, 2008

စင်္ကာပူ နိုင်ငံမှ စေတနာရှင်များ ၀မ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေး ကြေငြာခြင်း

ရန်ကုန်မြို့ တစ်နေရာ မှ လေမုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသော ဒုက္ခသည်များအား ကျွေးမွေးလှု ဒါန်းနေစဉ်။

























၈-၅-၂၀၀၈ နေ့။ ရန်ကုန်မြို့ အနီးတစ်ဝိုက်ရှိ ဘုန်းကြီးကျောင်းများတွင် ရောက်ရှိနေသော လေဘေးဒုက္ခသည်များကို လိုအပ်သော အကူအညီများကို နေ့စဉ်နှင့်အမျှ ပေးနိုင်ရန်အတွက် S$23,810 တန်ဖိုးရှိ လိုအပ်သော ပစ္စည်းများနှင့်ငွေသားအား စင်္ကာပူနိုင်ငံမှ စေတနာရှင်များကိုယ်စား ပြည်ပရောက် မျိုးချစ်မြန်မာများမှ ပေးပို့လှုဒါန်းပြီးဖြစ်ကြောင်း ၀မ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေး ကြေငြာအပ်ပါသည်။








၁၀-၅-၂၀၀၈ နေ့။ ဧရာဝတီတိုင်း အတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ၀မ်းရောဂါအပါအ၀င် ရောဂါဝေဒနာ ခံစားနေရသော လေဘေးဒုက္ခသည်များအတွက် လိုအပ်သော ဆေးဝါးအကူအညီများအား ထောက်ပံ့နိုင်ရန် S$ 26190 တန်ဖိုးရှိ ဆေးဝါးများ ၀ယ်ယူနိုင်ရန် လွှဲအပ်လှုဒါန်းပြီးဖြစ်ပါ၍ စင်္ကာပူ နိုင်ငံမှ စေတနာရှင်များ
ဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေး ကြေငြာအပ်ပါသည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)







No comments: